အခ်စ္က ေျပာတဲ့ ဆိုမိန္႔စကားမ်ား

အခ်စ္နဲ႔ မကင္းတဲ့ လူသားတိုင္းအတြက္ အခ်စ္အေပၚ ထင္ျမင္ယူဆၾကတဲ့ ဆိုရိုးစကားေလးေတြကို Trend ပရိသတ္ႀကီးအတြက္ တင္ဆက္ေပးလို္က္ပါတယ္။ ပရိသတ္ႀကီးရဲ႕ အျမင္ကိုေကာ ေျပာခဲ့ၾကပါဦး။

(၁) အခ်စ္ရွိတဲ့ေနရာတိုင္းမွာ ထူးျခားဆန္းၾကယ္မႈေတြရွိတယ္။
(၂) အခ်စ္ဆိုတာ လိပ္ျပာတစ္ေကာင္ပါ။ ပ်ံသန္းရာေနရာတိုင္းကို ေပ်ာ္ရႊင္ျခင္းေတြ သယ္ေဆာင္ေပးတယ္။
(၃) တကယ္လို႔ မင္းကိုလြမ္းတိုင္း ပန္းတစ္ပြင့္ပြင့္မယ္ဆိုရင္ ငါဟာ ပန္းခင္းထဲ အၿမဲလမ္းေလွ်ာက္ေနသူျဖစ္မယ္။
(၄) အခ်စ္ျမစ္ထဲ ေမွ်ာပါေနသူတိုင္းဟာ ကဗ်ာဆရာျဖစ္တယ္။
(၅) အကြာအေဝးက ႏွလံုးသားႏွစ္ခုကို ပိုနီးကပ္ေစတယ္။
(၆) တကယ္လုိ႔ ညီမွ်တဲ့အခ်စ္ မရွိႏိုင္ဘူးဆိုရင္ ငါ့ဖက္က ပိုတုိးၿပီး ခ်စ္ပါရေစ။
(၇) အခ်စ္ဆိုတာ ကၽြန္ေတာ္တို႔ရင္ထဲမွာ ရွင္သန္ေနတဲ့ႏႊယ္ပင္ျဖစ္တယ္။
(၈) အခ်စ္ဆိုတာ ဘဝကို အားသစ္တိုးေစတဲ့ အေကာင္းဆံုးေဆးျဖစ္တယ္။
(၉) တကယ္လို႔ ကၽြန္ေတာ္တို႔ကို ခ်စ္တဲ့လူမရွိခဲ့ရင္ ကၽြန္ေတာ္တို႔က ကိုယ့္ကိုယ္ကိုခ်စ္တတ္လိမ့္မွာ မဟုတ္ဘူး။
(၁ဝ) အခ်စ္ေၾကာင့္ရလာတဲ့ ဒဏ္ရာကိုကုသတဲ့ တစ္ခုတည္းေသာနည္းက လူေတြကို ဆတိုးၿပီးခ်စ္တာပါပဲ။
(၁၁) တကယ္လို႔ ရူးရူးမိုက္မိုက္မခ်စ္ရင္ အခ်စ္က အခ်စ္မမည္ဘူး။
(၁၂) အခ်စ္ရွိတဲ့ ႏွလံုးသားက အၿမဲႏုပ်ဳိလန္းဆန္းတယ္။
(၁၃) စိတ္ဝိညာဥ္က အခ်စ္မရွိဘဲ မရွင္သန္ႏိုင္ဘူး။
(၁၄) ဘဝက တိုေတာင္းတယ္ဆိုေပမယ့္ အခ်စ္က အဓြန္႔ရွည္တယ္။
(၁၅) ခ်စ္သူေတြရဲ႕အၾကည့္ထဲမွာ မိုင္(၁ဝဝဝ)ဆိုတဲ့ခရီးက နီးနီးေလးပါ။
(၁၆) အခ်စ္က အေႏြးထည္ေတြထက္ အေအးဓာတ္ကို ပိုလံုေစတယ္။
(၁၇) အခ်စ္မရွိေတာ့ရင္ ကမာၻႀကီးက သုႆန္ျဖစ္သြားတယ္။
(၁၈) ဒီေလာကႀကီးမွာ ေယာက္်ားေလးအတြက္ အဖိုးတန္ဆံုးပစၥည္းဥစၥာက မိန္းကေလးတစ္ေယာက္ရဲ႕ ႏွလံုးသားျဖစ္တယ္။
(၁၉) ကၽြန္ေတာ္တို႔ရဲ႕ဘဝထဲက နာက်င္မႈနဲ႔ ေလးလံတဲ့ဝန္ေတြကို ပထုတ္ေပးတဲ့ စကားလံုးတစ္လံုးရွိတယ္။ အဲဒီစကားလံုးက “အခ်စ္” လို႔ အမည္တြင္တယ္။
(၂ဝ) မင္းမရွိတဲ့ေန႔ရက္ေတြက စာမ်က္ႏွာမရွိတဲ့ စာအုပ္နဲ႔တူတယ္။
(၂၁) အခ်စ္ဆိုတာ ဘယ္ေတာ့မွမၿငိမ္းတဲ့ မီးအိမ္တစ္လံုးပါ။
(၂၂) တကယ္လို႔ ဘဝဟာ ပန္းတစ္ပြင့္ဆိုရင္ အခ်စ္က ပ်ားတစ္ေကာင္ျဖစ္တယ္။
(၂၃) တစ္သက္မွာ တစ္ခါေလာက္မခ်စ္ဖူးသူဟာ ဘဝမွာ မရွင္သန္ဖူးသူျဖစ္တယ္။
(၂၄) အခ်င္းခ်င္းခ်စ္ေနၾကတဲ့ ႏွလံုးသားႏွစ္ခုမွာ စကားလံုးေတြ မ်ားမ်ားမလိုပါဘူး။
(၂၅) အခ်စ္ရွိရာကိုသြားတဲ့လမ္းက ဘယ္ေတာ့မွ မရွည္လ်ားဘူး။
(၂၆) အခ်စ္ကိုခ်စ္ဖို႔ အခ်ိန္ေႏွာင္းတယ္ဆိုတာ မရွိပါဘူး။
(၂၇) အခ်စ္ရွိတဲ့ေနရာတိုင္းမွာ ေမွ်ာ္လင့္ခ်က္ဆိုတာရွိတယ္။
(၂၈) လွတဲ့မိန္းကေလးတစ္ေယာက္ကို သင္ခ်စ္မိခ်င္မွ ခ်စ္မိမယ္။ ဒါေပမဲ့ သင့္အခ်စ္ေၾကာင့္ မိန္းကေလးဟာ လွပသြားတတ္တယ္။
(၂၉) အခ်စ္က ထာဝရပါ။ သြင္ျပင္လကၡဏာ ေျပာင္းရင္ေျပာင္းသြားမယ္။ အႏွစ္သာရကေတာ့ ဘယ္ေတာ့မွ မေျပာင္းလဲဘူး။
(၃ဝ) အခ်စ္ဆိုတာ ေန႔ရက္ေတြကို ေရတြက္ျဖတ္ေက်ာ္တာ မဟုတ္ဘူး။ ေန႔ရက္တိုင္းကို အဓိပၸာယ္ရွိရွိ ျဖတ္သန္းေစတာျဖစ္တယ္။
(၃၁) အခ်စ္ဆိုတာ ရက္ထည္တစ္ခုျဖစ္တယ္။ စိတ္ကူးနဲ႔တန္ဆာဆင္ၿပီး သဘာဝတရားအတိုင္း ရက္လုပ္တယ္။
(၃၂) ခ်စ္ေနခ်ိန္အတြင္းမွာ မိုက္မဲတဲ့အျပဳအမူကလည္း ခ်စ္စရာေကာင္းေနတတ္တယ္။
(၃၃) အခ်စ္ေတာင္းဆိုတဲ့ တစ္ခုတည္းေသာလက္ေဆာင္က အခ်စ္ပဲျဖစ္တယ္။
(၃၄) တစ္ႀကိမ္တစ္ခါ စစ္စစ္မွန္မွန္ခ်စ္ခဲ့တဲ့ ႏွလံုးသားက ဘယ္ေတာ့မွ မေမ့တတ္ေတာ့ဘူး။ (၃၅) အခ်စ္ရဲ႕အေႏြးဓာတ္က မီးအပံုတစ္ေထာင္ထက္ေတာင္ ပိုပါသတဲ့။
(၃၆) အခ်စ္ကို ခ်စ္မိဖို႔ခက္တယ္။ ဒါေပမဲ့ ခ်စ္မိၿပီဆိုရင္ ေမ့ဖို႔ ပိုခက္တယ္။

[ Unicode ]

အချစ်နဲ့ မကင်းတဲ့ လူသားတိုင်းအတွက် အချစ်အပေါ် ထင်မြင်ယူဆကြတဲ့ ဆိုရိုးစကားလေးတွေကို Trend ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ ပရိသတ်ကြီးရဲ့ အမြင်ကိုကော ပြောခဲ့ကြပါဦး။

(၁) အချစ်ရှိတဲ့နေရာတိုင်းမှာ ထူးခြားဆန်းကြယ်မှုတွေရှိတယ်။
(၂) အချစ်ဆိုတာ လိပ်ပြာတစ်ကောင်ပါ။ ပျံသန်းရာနေရာတိုင်းကို ပျော်ရွှင်ခြင်းတွေ သယ်ဆောင်ပေးတယ်။
(၃) တကယ်လို့ မင်းကိုလွမ်းတိုင်း ပန်းတစ်ပွင့်ပွင့်မယ်ဆိုရင် ငါဟာ ပန်းခင်းထဲ အမြဲလမ်းလျှောက်နေသူဖြစ်မယ်။
(၄) အချစ်မြစ်ထဲ မျှောပါနေသူတိုင်းဟာ ကဗျာဆရာဖြစ်တယ်။
(၅) အကွာအဝေးက နှလုံးသားနှစ်ခုကို ပိုနီးကပ်စေတယ်။
(၆) တကယ်လို့ ညီမျှတဲ့အချစ် မရှိနိုင်ဘူးဆိုရင် ငါ့ဖက်က ပိုတိုးပြီး ချစ်ပါရစေ။
(၇) အချစ်ဆိုတာ ကျွန်တော်တို့ရင်ထဲမှာ ရှင်သန်နေတဲ့နွှယ်ပင်ဖြစ်တယ်။
(၈) အချစ်ဆိုတာ ဘဝကို အားသစ်တိုးစေတဲ့ အကောင်းဆုံးဆေးဖြစ်တယ်။
(၉) တကယ်လို့ ကျွန်တော်တို့ကို ချစ်တဲ့လူမရှိခဲ့ရင် ကျွန်တော်တို့က ကိုယ့်ကိုယ်ကိုချစ်တတ်လိမ့်မှာ မဟုတ်ဘူး။
(၁ဝ) အချစ်ကြောင့်ရလာတဲ့ ဒဏ်ရာကိုကုသတဲ့ တစ်ခုတည်းသောနည်းက လူတွေကို ဆတိုးပြီးချစ်တာပါပဲ။
(၁၁) တကယ်လို့ ရူးရူးမိုက်မိုက်မချစ်ရင် အချစ်က အချစ်မမည်ဘူး။
(၁၂) အချစ်ရှိတဲ့ နှလုံးသားက အမြဲနုပျိုလန်းဆန်းတယ်။
(၁၃) စိတ်ဝိညာဉ်က အချစ်မရှိဘဲ မရှင်သန်နိုင်ဘူး။
(၁၄) ဘဝက တိုတောင်းတယ်ဆိုပေမယ့် အချစ်က အဓွန့်ရှည်တယ်။
(၁၅) ချစ်သူတွေရဲ့အကြည့်ထဲမှာ မိုင်(၁ဝဝဝ)ဆိုတဲ့ခရီးက နီးနီးလေးပါ။
(၁၆) အချစ်က အနွေးထည်တွေထက် အအေးဓာတ်ကို ပိုလုံစေတယ်။
(၁၇) အချစ်မရှိတော့ရင် ကမ္ဘာကြီးက သုဿန်ဖြစ်သွားတယ်။
(၁၈) ဒီလောကကြီးမှာ ယောက်ျားလေးအတွက် အဖိုးတန်ဆုံးပစ္စည်းဥစ္စာက မိန်းကလေးတစ်ယောက်ရဲ့ နှလုံးသားဖြစ်တယ်။
(၁၉) ကျွန်တော်တို့ရဲ့ဘဝထဲက နာကျင်မှုနဲ့ လေးလံတဲ့ဝန်တွေကို ပထုတ်ပေးတဲ့ စကားလုံးတစ်လုံးရှိတယ်။ အဲဒီစကားလုံးက “အချစ်” လို့ အမည်တွင်တယ်။
(၂ဝ) မင်းမရှိတဲ့နေ့ရက်တွေက စာမျက်နှာမရှိတဲ့ စာအုပ်နဲ့တူတယ်။
(၂၁) အချစ်ဆိုတာ ဘယ်တော့မှမငြိမ်းတဲ့ မီးအိမ်တစ်လုံးပါ။
(၂၂) တကယ်လို့ ဘဝဟာ ပန်းတစ်ပွင့်ဆိုရင် အချစ်က ပျားတစ်ကောင်ဖြစ်တယ်။
(၂၃) တစ်သက်မှာ တစ်ခါလောက်မချစ်ဖူးသူဟာ ဘဝမှာ မရှင်သန်ဖူးသူဖြစ်တယ်။
(၂၄) အချင်းချင်းချစ်နေကြတဲ့ နှလုံးသားနှစ်ခုမှာ စကားလုံးတွေ များများမလိုပါဘူး။
(၂၅) အချစ်ရှိရာကိုသွားတဲ့လမ်းက ဘယ်တော့မှ မရှည်လျားဘူး။
(၂၆) အချစ်ကိုချစ်ဖို့ အချိန်နှောင်းတယ်ဆိုတာ မရှိပါဘူး။
(၂၇) အချစ်ရှိတဲ့နေရာတိုင်းမှာ မျှော်လင့်ချက်ဆိုတာရှိတယ်။
(၂၈) လှတဲ့မိန်းကလေးတစ်ယောက်ကို သင်ချစ်မိချင်မှ ချစ်မိမယ်။ ဒါပေမဲ့ သင့်အချစ်ကြောင့် မိန်းကလေးဟာ လှပသွားတတ်တယ်။
(၂၉) အချစ်က ထာဝရပါ။ သွင်ပြင်လက္ခဏာ ပြောင်းရင်ပြောင်းသွားမယ်။ အနှစ်သာရကတော့ ဘယ်တော့မှ မပြောင်းလဲဘူး။
(၃ဝ) အချစ်ဆိုတာ နေ့ရက်တွေကို ရေတွက်ဖြတ်ကျော်တာ မဟုတ်ဘူး။ နေ့ရက်တိုင်းကို အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းစေတာဖြစ်တယ်။
(၃၁) အချစ်ဆိုတာ ရက်ထည်တစ်ခုဖြစ်တယ်။ စိတ်ကူးနဲ့တန်ဆာဆင်ပြီး သဘာဝတရားအတိုင်း ရက်လုပ်တယ်။
(၃၂) ချစ်နေချိန်အတွင်းမှာ မိုက်မဲတဲ့အပြုအမူကလည်း ချစ်စရာကောင်းနေတတ်တယ်။
(၃၃) အချစ်တောင်းဆိုတဲ့ တစ်ခုတည်းသောလက်ဆောင်က အချစ်ပဲဖြစ်တယ်။
(၃၄) တစ်ကြိမ်တစ်ခါ စစ်စစ်မှန်မှန်ချစ်ခဲ့တဲ့ နှလုံးသားက ဘယ်တော့မှ မမေ့တတ်တော့ဘူး။ (၃၅) အချစ်ရဲ့အနွေးဓာတ်က မီးအပုံတစ်ထောင်ထက်တောင် ပိုပါသတဲ့။
(၃၆) အချစ်ကို ချစ်မိဖို့ခက်တယ်။ ဒါပေမဲ့ ချစ်မိပြီဆိုရင် မေ့ဖို့ ပိုခက်တယ်။

Ref; rsgaols

 

181 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.