အမ်ိဳးသားတို႔အတြက္ ႏုပ်ိဳက်န္းမာ နည္းလမ္းအျဖာျဖာ

အမ်ိဳးသားတို႔အတြက္ အသက္ႀကီးလည္း မပ်က္စီးဘဲ ႏုပ်ိဳေစတဲ့၊ အမ်ဳိးသားတိုင္း သိထားသင့္တဲ့ ႏုပ်ဳိက်န္းမာေရး နည္းလမ္းေတြကို ေဝမၽွလိုက္ပါတယ္။

၁။ ႏုပ်ဳိေစမည့္ ေနထိုင္နည္း
အမ်ဳိးသားေတြက မၾကာခဏ မ်က္ေမွာင္ၾကဳတ္ေလ့ ရွိတာေၾကာင့္ မ်က္ခံုးႏွစ္ခုၾကား အေရးေၾကာင္းက ပိုသိသာတတ္ပါတယ္။ လတ္တေလာ ေလ့လာမႈတစ္ခုအရ လူငယ္ ၄၇ ဦးကို မ်က္ေမွာင္ၾကဳတ္ၿပီး ဓာတ္ပံု႐ိုက္တဲ့အခါ ပိုရင့္ေရာ္တဲ့ အသြင္ ျဖစ္ေပၚေနေၾကာင္း သိရပါတယ္။ ဒါေၾကာင့္ မ်က္ေမွာင္ မၾကဳတ္မိေအာင္ အထူးသတိထားပါ။ ဒါ့အျပင္ ေနေရာင္ေအာက္ သြားတဲ့အခါ မ်က္ေမွာင္ မၾကဳတ္မိေစဖို႔ ေနကာႏိုင္စြမ္း SPF အဆ ၃၀ ပါဝင္တဲ့ ေနကာခရင္မ္ကို လိမ္းသင့္ပါတယ္။

၂။ အသက္ႀကီးလာလွ်င္ ပိုဂ႐ုစိုက္နည္း
အသက္ႀကီးလာတဲ့အခါ ဆဲလ္အသစ္ ျဖစ္ေပၚႏႈန္းက ေႏွးလာပါတယ္။ အသက္ ၂၀ အရြယ္မွာ ႏွစ္ပတ္ၾကာတိုင္း အေရျပား အေပၚယံလႊာက ကြာက်ေလ့ရွိၿပီး အသက္ ၅၀ အရြယ္မွာ ႏွစ္ဆေလာက္ အခ်ိန္ၾကာတတ္ပါတယ္။ အေရျပားက ေကာ္လာဂ်င္ ဓာတ္ဆံုး႐ႈံးမႈလည္း ျဖစ္လာတာေၾကာင့္ အေရးေၾကာင္း၊ အထူးသျဖင့္ မ်က္ဝန္းတစ္ဝိုက္မွာ ျဖစ္ေပၚလာတတ္ပါတယ္။ အေရးေၾကာင္း ထင္တဲ့အခါ သင့္ကို ပိုမိုအိုမင္း ရင့္ေရာ္ေစပါတယ္။ ဒါေၾကာင့္ အိုမင္းမႈ တားေပးတဲ့ အစိုဓာတ္ထိန္း ခရင္မ္ကို မွန္မွန္ လိမ္းသင့္ပါတယ္။

၃။ အေမြးမွန္မွန္ ရိတ္ၿပီး ႏုပ်ဳိေစေသာ နည္း
နံနက္တိုင္း အေမြးရိတ္ပါ။ အေမြး ရိတ္တာေၾကာင့္ ပြတ္သပ္မႈဟာ ေကာ္လာဂ်င္ ထြက္ႏႈန္းကို လႈံ႕ေဆာ္ေပးၿပီး အသားအေရ ေခ်ာေမြ႕ေစပါတယ္။ အမ်ဳိးသားေတြက ပံုမွန္အေမြးရိတ္ေလ့ ရွိတဲ့အတြက္ အမ်ဳိးသမီးေတြထက္ အေရးေၾကာင္း ေလ်ာ့ပါးေနတာ ျဖစ္ပါတယ္။

၄။ ဆံပင္ပံုမွန္ ညႇပ္ၿပီး ႏုပ်ဳိေစသည့္နည္း
ႏုပ်ဳိခ်င္ရင္ ဆံသဆရာနဲ႔ မိတ္ေဆြ ဖြဲ႕ထားပါ။ ဆံပင္စကၽြတ္တဲ့ အရြယ္မွာ ဆံပင္တိုတို ညႇပ္တာေၾကာင့္ ေခါင္းမွာ ဆံပင္အျပည့္ရွိသလို ထင္ရေစပါတယ္။ ဆံပင္တိုတိုကို ေထာင္ထားတဲ့ ပံုစံက ထူထဲတယ္လို႔ ထင္ရေစပါတယ္။

၅။ ႏုပ်ဳိေစမည့္ အိပ္စက္နည္း
အိပ္ေရးပ်က္တာ ၾကာလာရင္ မ်က္ႏွာက ရင့္ေရာ္လာပါတယ္။ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေမာက်ေနခ်ိန္မွာ မ်က္စိျပင္ပ ႂကြက္သားေတြ အလုပ္လုပ္ၿပီး တင္းရင္း ေစပါတယ္။ အိပ္ေရးပ်က္တဲ့အခါ မ်က္ကြင္း ညိဳတတ္ပါတယ္။ အိပ္မေပ်ာ္ရင္ ညဘက္မွာ ကာဗိုဟိုက္ဒရိတ္မ်ားတဲ့ ညစာ စားပါ။ အိပ္ရာမဝင္ခင္ ကာဗိုဟိုက္ဒရိတ္ မ်ားမ်ားစားတဲ့ အမ်ဳိးသားေတြက ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ ၾကာရွည္ အိပ္ေပ်ာ္ေစတယ္လို႔ ေလ့လာမႈအရ သိရပါတယ္။

၆။ ကယ္လိုရီ ေလွ်ာ့စားျခင္းျဖင့္ ႏုပ်ဳိေစေသာနည္း
အစာကို နည္းနည္းပဲ စားတာက ကိုယ္တြင္း ေရာင္ရမ္းမႈကို ေလ်ာ့က်ေစၿပီး အသက္ႀကီးတဲ့အထိ ေတြးေခၚ ေျမာ္ျမင္ႏိုင္စြမ္းကို ေကာင္းမြန္ေစတယ္လို႔ သိရပါတယ္။

၇။ အူလႈိက္သည္းလႈိက္ ရယ္ေမာျခင္းျဖင့္ ႏုပ်ဳိေစေသာနည္း
ကေလးေတြနဲ႔ လူႀကီးေတြအၾကား သိသာတဲ့ ျခားနားခ်က္တစ္ခုက ကေလးေတြက အပူအပင္ကင္းတာပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ စိတ္ဖိစီးမႈ မ်ားေနခ်ိန္မွာ ရယ္ေမာတဲ့နည္းနဲ႔ ႏုပ်ဳိမႈကို အရယူလိုက္ပါ။ အူလႈိက္သည္းလႈိက္ ရယ္ေမာတာေၾကာင့္ စိတ္ဖိစီးမႈ ျဖစ္ေစတဲ့ ေကာ္တီေစာ ေဟာ္မုန္းကို ၃၉-၇၀ ရာခိုင္ႏႈန္း အထိ ေလ်ာ့က်ေစတယ္လုိ႔ လိုမာလင္ဒါတကၠသိုလ္ ေလ့လာသူေတြက ဆိုပါတယ္။ ရယ္ေမာတာက ႏွလံုးကိုလည္း က်န္းမာေစပါတယ္။

၈။ ေလ့က်င့္ခန္း လုပ္ျခင္းျဖင့္ ႏုပ်ဳိေစေသာနည္း
အသက္ႀကီးလာခ်ိန္မွာ ေသြးခဲဖတ္ ပိတ္ဆို႔မႈေၾကာင့္ အမ်ဳိးသား လိင္တံရွိ ေသြးေၾကာငယ္ေတြထဲမွာ ေသြးစီးဆင္းမႈကို ထိခိုက္ ေစႏိုင္ပါတယ္။ ဒါေၾကာင့္ အသက္ ၄၅ ႏွစ္ အရြယ္မွာ အမ်ဳိးသားေတြရဲ႕ စြမ္းေဆာင္ႏိုင္စြမ္းက ေလ်ာ့က် လာပါတယ္။ ဒီလို မျဖစ္ေစဖို႔ ငယ္စဥ္ကတည္းက ေလ့က်င့္ခန္း မွန္မွန္ လုပ္ေဆာင္ေပးသင့္ပါတယ္။

၉။ အရက္ ေလွ်ာ့ေသာက္ျခင္းျဖင့္ ႏုပ်ဳိေစေသာနည္း
သင့္အသက္ ၈၅ ႏွစ္ျပည့္ ေမြးေန႔ကို ဆင္ႏႊဲခ်င္တယ္ဆိုရင္ တစ္ေန႔ အယ္လ္ကိုေဟာ ႏွစ္ပက္ထက္ ပိုမေသာက္ပါနဲ႔။ အရက္မေသာက္တတ္ရင္ အေကာင္းဆံုးပါ။ တကယ္လုိ႔ ေသာက္တတ္ရင္ ဝိုင္နီကို ေရြးခ်ယ္သင့္ပါတယ္။ ဝိုင္နီမွာ ပါတဲ့ ရက္စ္ဗာရထေရာဟာ နာတာရွည္ေရာဂါ မျဖစ္ေအာင္ ကာကြယ္ႏိုင္ပါတယ္။

၁၀။ နံနက္စာစားၿပီး ဝမ္းဗိုက္ ခ်ပ္ရပ္ေစေသာနည္း
ဗိုက္ပူတာက ၾကည့္ရဆိုးေစ႐ံု သာမက အမ်ဳိးသား ပီသမႈကိုလည္း ထိခိုက္ေစပါတယ္။ ေဟာ္မုန္းေဗဒ ေလ့လာမႈတစ္ခုအရ အမ်ဳိးသားေတြ ကိုယ္အေလးခ်ိန္ ေပါင္ ၃၀ ခန္႔ ပိုမ်ားရင္ ပံုမွန္ ကိုယ္အေလးခ်ိန္ ရွိသူေတြထက္ တက္စတိုစတီ႐ုန္းအဆင့္ သိသိသာသာ ေလ်ာ့နည္းေၾကာင္း သိရပါတယ္။ နံနက္စာကို ပ႐ိုတင္း မ်ားမ်ားရရွိေအာင္ စားၿပီး ေန႔လယ္စာနဲ႔ ညစာကို ေလွ်ာ့စားတာေၾကာင့္ ဝမ္းဗိုက္ ခ်ပ္ရပ္ေစပါတယ္။

၁၁။ ၾကြက္သား သန္စြမ္းေစျခင္းျဖင့္ ႏုပ်ဳိေစေသာနည္း
ႂကြက္သားေတြကို မသံုးရင္ ဆံုး႐ႈံးရပါလိမ့္မယ္။ ေလ့က်င့္ခန္းလုပ္ၿပီး ႂကြက္သား တည္ေဆာက္မႈ မလုပ္ရင္ အဆီနဲ႔ အစားထိုးၿပီး ၾကာလာတဲ့အခါ ခါးနဲ႔ဗိုက္က ပူေဖာင္းတစ္လံုးလို ျဖစ္လာပါလိမ့္မယ္။ ႂကြက္သား သန္စြမ္းေစဖို႔ အေလးမတာအျပင္ ဟင္းႏုနယ္ရြက္ကို မ်ားမ်ားစားပါ။ ဟင္းႏုနယ္ရြက္မွာ ဗီတာမင္ေက၊ ပိုတက္စီယမ္နဲ႔ ကယ္လ္စီယမ္ေတြ ပါဝင္တာေၾကာင့္ အ႐ိုးပါးေရာဂါ မျဖစ္ေအာင္လည္း ကာကြယ္ႏိုင္ပါတယ္။

၁၂။ ႏွလံုးက်န္းမာေစရန္ လႈပ္ရွားျခင္းျဖင့္ ႏုပ်ဳိေစေသာနည္း
ႏုပ်ဳိခ်င္ရင္ ႏွလံုးကို သန္စြမ္းေအာင္ ေျပးတာ၊ စက္ဘီးစီးတာ တို႔လို ေလ့က်င့္ခန္းေတြကို လုပ္သင့္ပါတယ္။ ဒီေလ့က်င့္ခန္းေတြေၾကာင့္ ႏွလံုးက ပံုမွန္ အလုပ္လုပ္ႏိုင္ၿပီး ခႏၶာကိုယ္က ေအာက္ဆီဂ်င္ကို ေကာင္းေကာင္း ရယူၿပီး အသံုးျပဳႏိုင္ပါလိမ့္မယ္။

[ Unicode ]

အမျိုးသားတို့အတွက် အသက်ကြီးလည်း မပျက်စီးဘဲ နုပျိုစေတဲ့၊ အမျိုးသားတိုင်း သိထားသင့်တဲ့ နုပျိုကျန်းမာရေး နည်းလမ်းတွေကို ဝေမျှလိုက်ပါတယ်။

၁။ နုပျိုစေမည့် နေထိုင်နည်း
အမျိုးသားတွေက မကြာခဏ မျက်မှောင်ကြုတ်လေ့ ရှိတာကြောင့် မျက်ခုံးနှစ်ခုကြား အရေးကြောင်းက ပိုသိသာတတ်ပါတယ်။ လတ်တလော လေ့လာမှုတစ်ခုအရ လူငယ် ၄၇ ဦးကို မျက်မှောင်ကြုတ်ပြီး ဓာတ်ပုံရိုက်တဲ့အခါ ပိုရင့်ရော်တဲ့ အသွင် ဖြစ်ပေါ်နေကြောင်း သိရပါတယ်။ ဒါကြောင့် မျက်မှောင် မကြုတ်မိအောင် အထူးသတိထားပါ။ ဒါ့အပြင် နေရောင်အောက် သွားတဲ့အခါ မျက်မှောင် မကြုတ်မိစေဖို့ နေကာနိုင်စွမ်း SPF အဆ ၃၀ ပါဝင်တဲ့ နေကာခရင်မ်ကို လိမ်းသင့်ပါတယ်။

၂။ အသက်ကြီးလာလျှင် ပိုဂရုစိုက်နည်း
အသက်ကြီးလာတဲ့အခါ ဆဲလ်အသစ် ဖြစ်ပေါ်နှုန်းက နှေးလာပါတယ်။ အသက် ၂၀ အရွယ်မှာ နှစ်ပတ်ကြာတိုင်း အရေပြား အပေါ်ယံလွှာက ကွာကျလေ့ရှိပြီး အသက် ၅၀ အရွယ်မှာ နှစ်ဆလောက် အချိန်ကြာတတ်ပါတယ်။ အရေပြားက ကော်လာဂျင် ဓာတ်ဆုံးရှုံးမှုလည်း ဖြစ်လာတာကြောင့် အရေးကြောင်း၊ အထူးသဖြင့် မျက်ဝန်းတစ်ဝိုက်မှာ ဖြစ်ပေါ်လာတတ်ပါတယ်။ အရေးကြောင်း ထင်တဲ့အခါ သင့်ကို ပိုမိုအိုမင်း ရင့်ရော်စေပါတယ်။ ဒါကြောင့် အိုမင်းမှု တားပေးတဲ့ အစိုဓာတ်ထိန်း ခရင်မ်ကို မှန်မှန် လိမ်းသင့်ပါတယ်။

၃။ အမွေးမှန်မှန် ရိတ်ပြီး နုပျိုစေသော နည်း
နံနက်တိုင်း အမွေးရိတ်ပါ။ အမွေး ရိတ်တာကြောင့် ပွတ်သပ်မှုဟာ ကော်လာဂျင် ထွက်နှုန်းကို လှုံ့ဆော်ပေးပြီး အသားအရေ ချောမွေ့စေပါတယ်။ အမျိုးသားတွေက ပုံမှန်အမွေးရိတ်လေ့ ရှိတဲ့အတွက် အမျိုးသမီးတွေထက် အရေးကြောင်း လျော့ပါးနေတာ ဖြစ်ပါတယ်။

၄။ ဆံပင်ပုံမှန် ညှပ်ပြီး နုပျိုစေသည့်နည်း
နုပျိုချင်ရင် ဆံသဆရာနဲ့ မိတ်ဆွေ ဖွဲ့ထားပါ။ ဆံပင်စကျွတ်တဲ့ အရွယ်မှာ ဆံပင်တိုတို ညှပ်တာကြောင့် ခေါင်းမှာ ဆံပင်အပြည့်ရှိသလို ထင်ရစေပါတယ်။ ဆံပင်တိုတိုကို ထောင်ထားတဲ့ ပုံစံက ထူထဲတယ်လို့ ထင်ရစေပါတယ်။

၅။ နုပျိုစေမည့် အိပ်စက်နည်း
အိပ်ရေးပျက်တာ ကြာလာရင် မျက်နှာက ရင့်ရော်လာပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေချိန်မှာ မျက်စိပြင်ပ ကြွက်သားတွေ အလုပ်လုပ်ပြီး တင်းရင်း စေပါတယ်။ အိပ်ရေးပျက်တဲ့အခါ မျက်ကွင်း ညိုတတ်ပါတယ်။ အိပ်မပျော်ရင် ညဘက်မှာ ကာဗိုဟိုက်ဒရိတ်များတဲ့ ညစာ စားပါ။ အိပ်ရာမဝင်ခင် ကာဗိုဟိုက်ဒရိတ် များများစားတဲ့ အမျိုးသားတွေက နှစ်နှစ်ခြိုက်ခြိုက် ကြာရှည် အိပ်ပျော်စေတယ်လို့ လေ့လာမှုအရ သိရပါတယ်။

၆။ ကယ်လိုရီ လျှော့စားခြင်းဖြင့် နုပျိုစေသောနည်း
အစာကို နည်းနည်းပဲ စားတာက ကိုယ်တွင်း ရောင်ရမ်းမှုကို လျော့ကျစေပြီး အသက်ကြီးတဲ့အထိ တွေးခေါ် မြော်မြင်နိုင်စွမ်းကို ကောင်းမွန်စေတယ်လို့ သိရပါတယ်။

၇။ အူလှိုက်သည်းလှိုက် ရယ်မောခြင်းဖြင့် နုပျိုစေသောနည်း
ကလေးတွေနဲ့ လူကြီးတွေအကြား သိသာတဲ့ ခြားနားချက်တစ်ခုက ကလေးတွေက အပူအပင်ကင်းတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှု များနေချိန်မှာ ရယ်မောတဲ့နည်းနဲ့ နုပျိုမှုကို အရယူလိုက်ပါ။ အူလှိုက်သည်းလှိုက် ရယ်မောတာကြောင့် စိတ်ဖိစီးမှု ဖြစ်စေတဲ့ ကော်တီစော ဟော်မုန်းကို ၃၉-၇၀ ရာခိုင်နှုန်း အထိ လျော့ကျစေတယ်လို့ လိုမာလင်ဒါတက္ကသိုလ် လေ့လာသူတွေက ဆိုပါတယ်။ ရယ်မောတာက နှလုံးကိုလည်း ကျန်းမာစေပါတယ်။

၈။ လေ့ကျင့်ခန်း လုပ်ခြင်းဖြင့် နုပျိုစေသောနည်း
အသက်ကြီးလာချိန်မှာ သွေးခဲဖတ် ပိတ်ဆို့မှုကြောင့် အမျိုးသား လိင်တံရှိ သွေးကြောငယ်တွေထဲမှာ သွေးစီးဆင်းမှုကို ထိခိုက် စေနိုင်ပါတယ်။ ဒါကြောင့် အသက် ၄၅ နှစ် အရွယ်မှာ အမျိုးသားတွေရဲ့ စွမ်းဆောင်နိုင်စွမ်းက လျော့ကျ လာပါတယ်။ ဒီလို မဖြစ်စေဖို့ ငယ်စဉ်ကတည်းက လေ့ကျင့်ခန်း မှန်မှန် လုပ်ဆောင်ပေးသင့်ပါတယ်။

၉။ အရက် လျှော့သောက်ခြင်းဖြင့် နုပျိုစေသောနည်း
သင့်အသက် ၈၅ နှစ်ပြည့် မွေးနေ့ကို ဆင်နွှဲချင်တယ်ဆိုရင် တစ်နေ့ အယ်လ်ကိုဟော နှစ်ပက်ထက် ပိုမသောက်ပါနဲ့။ အရက်မသောက်တတ်ရင် အကောင်းဆုံးပါ။ တကယ်လို့ သောက်တတ်ရင် ဝိုင်နီကို ရွေးချယ်သင့်ပါတယ်။ ဝိုင်နီမှာ ပါတဲ့ ရက်စ်ဗာရထရောဟာ နာတာရှည်ရောဂါ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

၁၀။ နံနက်စာစားပြီး ဝမ်းဗိုက် ချပ်ရပ်စေသောနည်း
ဗိုက်ပူတာက ကြည့်ရဆိုးစေရုံ သာမက အမျိုးသား ပီသမှုကိုလည်း ထိခိုက်စေပါတယ်။ ဟော်မုန်းဗေဒ လေ့လာမှုတစ်ခုအရ အမျိုးသားတွေ ကိုယ်အလေးချိန် ပေါင် ၃၀ ခန့် ပိုများရင် ပုံမှန် ကိုယ်အလေးချိန် ရှိသူတွေထက် တက်စတိုစတီရုန်းအဆင့် သိသိသာသာ လျော့နည်းကြောင်း သိရပါတယ်။ နံနက်စာကို ပရိုတင်း များများရရှိအောင် စားပြီး နေ့လယ်စာနဲ့ ညစာကို လျှော့စားတာကြောင့် ဝမ်းဗိုက် ချပ်ရပ်စေပါတယ်။

၁၁။ ကြွက်သား သန်စွမ်းစေခြင်းဖြင့် နုပျိုစေသောနည်း
ကြွက်သားတွေကို မသုံးရင် ဆုံးရှုံးရပါလိမ့်မယ်။ လေ့ကျင့်ခန်းလုပ်ပြီး ကြွက်သား တည်ဆောက်မှု မလုပ်ရင် အဆီနဲ့ အစားထိုးပြီး ကြာလာတဲ့အခါ ခါးနဲ့ဗိုက်က ပူဖောင်းတစ်လုံးလို ဖြစ်လာပါလိမ့်မယ်။ ကြွက်သား သန်စွမ်းစေဖို့ အလေးမတာအပြင် ဟင်းနုနယ်ရွက်ကို များများစားပါ။ ဟင်းနုနယ်ရွက်မှာ ဗီတာမင်ကေ၊ ပိုတက်စီယမ်နဲ့ ကယ်လ်စီယမ်တွေ ပါဝင်တာကြောင့် အရိုးပါးရောဂါ မဖြစ်အောင်လည်း ကာကွယ်နိုင်ပါတယ်။

၁၂။ နှလုံးကျန်းမာစေရန် လှုပ်ရှားခြင်းဖြင့် နုပျိုစေသောနည်း
နုပျိုချင်ရင် နှလုံးကို သန်စွမ်းအောင် ပြေးတာ၊ စက်ဘီးစီးတာ တို့လို လေ့ကျင့်ခန်းတွေကို လုပ်သင့်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေကြောင့် နှလုံးက ပုံမှန် အလုပ်လုပ်နိုင်ပြီး ခန္ဓာကိုယ်က အောက်ဆီဂျင်ကို ကောင်းကောင်း ရယူပြီး အသုံးပြုနိုင်ပါလိမ့်မယ်။

Ref; goodhealth

 

373 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.