နာမည်ကြီး ထိုင်းငါးပိထမင်းပူပူကြာ်နည်း
ပါဝင်ပစ္စည်းများ
ချက်ပြုတ်နည်း
[ Unicode ]
ရိုးရိုးထမင်းကြော်လို မဟုတ်ဘဲ စားပြီးရင်း စားချင်နေမဲ့ ထိုင်းစတိုင် နာမည်ကြီး ငါးပိထမင်းကြော်ပူပူလေးကို Trend ပရိသတ်ကြီးအတွက် ဝေမျှလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်းများ
ချက်ပြီးသား ထမင်း – ၂လုံး
ငပိ – စားပွဲတင်ဇွန်း ၂ဇွန်း
ဆား – လက်ဖက်ရည်ဇွန်း တဝက်
ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တဝက်
သကြား – လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ
ပဲငံပြာရည်(အကြည်) – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ငရုတ်ကောင်းမှုန့် – အနည်းငယ်
ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၃ဇွန်း
နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
တွဲဖက် ပါဝင်ပစ္စည်းများ
ပုဇွန်ခြောက် – စားပွဲတင်ဇွန်း ၃ဇွန်းစာ
ပုဇွန်ခြောက်မှုန့် – စားပွဲတင်ဇွန်း ၂ဇွန်း
ပဲသီး – စားပွဲတင်ဇွန်း ၂ဇွန်း (ပါးပါးလှီးပါ)
ကြက်သွန်နီ – ၂လုံး (ပါးပါးလှီးပါ)
သရက်သီး – ၁လုံး (ပေါက်ပေးပါ)
သံပရာသီး – ၁လုံး ( ပါးပါးလှီးပါ)
ကြက်ဥ – ၂လုံး (ခလောက်ပြီ အပြားကြော်ပြီ ပါးပါးလှီးပါ)
ငရုတ်သီးစိမ်း – စားပွဲတင်ဇွန်း ၁ဇွန်း (ပါးပါးလှီးပါ)
ကြက်သွန်မြိတ် – စားပွဲတင်ဇွန်း ၁ဇွန်း (ပါးပါးလှီးပါ)
ကြက်ရင်ဗုံသား – ၁ခု (အတုံးသေးတုံးပေးပြီ ဆားနည်းကာ အညှိရောင်သန်းသည်အထိ ကြော်ပေးထားပါ)
***နှစ်သက်ရာ အတွဲအဖက်လေးနဲ့ စားသုံးနိုင်ပါတယ်***
ချက်ပြုတ်နည်း
၁။ အရင်ဆုံး ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း) ထည့်ပြီ ငပိကို ထည့်ပြီ ၁မိနစ်ခန့်မွှေပေးပါ။
၂။ ပြီလျှင် ထမင်းထည့်ပြီ ငပိနဲ့ ထမင်းများကို ရောမွှေလိုက်ပါ။
၃။ ထို့နောက် အရသာအတွက် ဆား၊ ကြက်သားမှုန့်၊ သကြား၊ ပဲငံပြာရည်၊ ငရုတ်ကောင်းမှုန့်တို့ကို ထည့်ပေးပြီ အပေါ်မှ နှမ်းဆီ ဖြူးပေးပါ။
၄။ ပြီးလျှင် ပန်းကန်လုံး ထဲသို့ ငပိထမင်းကြော်များကို ထည့်ပြီ ပန်းကန်ပြားတစ်ခုထဲသို့ မှောက်ထည့်လိုက်ပါ။
၅။ ပြီးမှ ငပိထမင်းကြော် ဘေးတွင် တွဲဖက်ပါဝင်ပစ္စည်းများ ဖြစ်သော (ပုဇွန်ခြောက်၊ ပုဇွန်ခြောက်မှုန့်၊ ကြက်သားကြော်၊ ပဲသီး၊ ကြက်သွန်နီ၊ သရက်သီး၊ သံပရာသီး၊ ကြက်ဥကြော်၊ ငရုတ်သီးစိမ်း) တို့ကို စီပေးထားပါ။
၆။ ထို့နောက် အားလုံးကို ရောမွှေလိုက်ပြီ အပေါ်မှ သံပရာသီးလေး ညှစ်လိုက်ပါ။
ခုဆိုရင်တော့ အရသာအရမ်းရှိတဲ့ ထိုင်းစတိုင် ငါးပိထမင်းကြော်ပူပူလေးကို သုံးဆောင်နိုင်ပါပြီနော်။
Ref; asianfood
2K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.