မုန္႔အုန္းႏို႔လင္မယားပူပူေလး ျပဳလုပ္နည္း

အုန္းႏုိ႔န႔ံေလး ေမႊးေနတဲ့ မုန္႔လင္မယားပူပူေလးကို ေပ်ာ္ေပ်ာ္ပါးပါး လုပ္စားဖုိ႔ Trend ပရိသတ္ႀကီးအတြက္ ေဝမၽွလိုက္ပါတယ္။ လုပ္စားၾကည့္ရေအာင္ေနာ္။

ပါ၀င္ေသာပစၥည္းမ်ား

၁။ ဆန္မွုန္႔ – စားပြဲတင္ဇြန္း ၈ဇြန္း
၂။ ကုလားပဲ(အစိမ္းမွုန္႔) – စားပြဲတင္ဇြန္း ၁ဇြန္းခြဲ
၃။ ေရ – လက္ဖက္ရည္ပန္းကန္လံုး ၅လံုးစာ (မွတ္ခ်က္။ ။ ဆန္႔မွုန္႔ ထည္႔သည္႔ ပမာဏထပ္ ေရကို ၂ဆထည္႔ေပးရင္ ရသည္)
၄။ ဆား – လက္ဖက္ရည္ဇြန္း ၁ဇြန္းခြဲ
၅။ သၾကား – လက္ဖက္ရည္ဇြန္း ၁ဇြန္း
၆။ ဆိုဒါ – လက္ဖက္ရည္ဇြန္း ၃ပံု၁ပံု
၇။ ပဲျပဳတ္ – အနည္းငယ္
၈။ ၾကက္သြန္ျမိတ္ – ၁စည္း (ပါးပါးလွီးထားပါ)
၉။ ၾကက္ဥ(သို႔)ငုန္းဥ – ခေလာက္ျပီ (ၾကိဳက္နွစ္သက္လွ်င္ ထည္႔နုိင္သည္)
၁၀။ နွမ္းေထာင္း (နွမ္းနွင္႔ ဆားအနည္းငယ္ေရာေထာင္းထားေပးပါ)
၁၁။ အုန္းႏို႔ – တစ္ဘူး

ခ်က္ျပဳတ္နည္း
၁။ ဇလံုတစ္ခုထဲသို႔ ဆန္႔မွုန္႔၊ ကုလားပဲမွုန္႔တုိ႔ကို ေရာေမႊလိုက္ျပီ ေရအနည္းငယ္ထည္႔၍ ကုလားမွုန္႔မ်ား ေပ်ာ္သည္အထိ ေရာနယ္ေပးပါ။
၂။ ျပီးလွ်င္ ခပ္က်ဲက်ဲရေအာင္ ေရ(လက္ဖက္ရည္ ပန္းကန္လံုး၅လံုးစာ)ထည္႔ျပီ ေရာေမႊလိုက္ပါ။
၃။ ေနာက္မွ ဆား၊သၾကား၊ အုန္းႏုိ႔၊ ဆုိဒါမ်ားထည္႔ျပီ မုန္႔နွစ္ရည္ အေပါ႔အငံတစ္ခ်က္ျမည္းၾကည္႔လိုက္ပါ။
၄။ မုန္႔ရည္သည္ ပ်စ္ေနလွ်င္ ေရအနည္းငယ္ ထပ္ထည္႔ေပးပါ။
၅။ ျပီးလွ်င္ ၁နာရီေလာက္ၾကာေအာင္ မုန္႔နွစ္ကို နုပ္ထားေပးပါ။
၆။ ျပီလွ်င္ မုန္႔လင္မယားဗန္း ခြက္ေလးေတြမွာ ဆီအနည္းငယ္ထည္႔ျပီ မီးကို အသင္႔တင္႔ရုံသာ ထားထားပါ။ မီးေသြးဖိုနဲ႔လုပ္လွ်င္ ပိုေကာင္းသည္။ မီးမွ်ေနရန္ လုိအပ္သည္႔အတြက္ မီးကို အသင္႔တင္႔သာ ထားပါ။
၇။ ဆီပူလာလွ်င္ မုန္႔နွစ္ရည္မ်ားကို ထည္႔ မုန္႔လင္မယားဗန္း ခြက္ေလးေတြထဲသို႔ မုန္႔နွစ္ရည္ စားပြဲတင္ဇြန္း ၁ဇြန္းစာေလးမ်ားလိုက္ထည္႔ေပးပါ။
၈။ ေနာက္မွ ၾကက္ဥ(သိဳ႔) ငုန္းဥ၊ ပဲျပဳတ္၊ ၾကက္သြန္ျမိတ္မ်ားကို ထည္႔ေပးပါ။
၉။ မုန္႔လင္မယား တစ္ဖက္က်က္သြားလွ်င္ ေနာက္တစ္ဖက္ေပၚသို႔ သြားေပါင္းတင္ေပးပါ။ အညိွေရာင္အနည္းငယ္ သန္းသည္အထိ မုန္႔လင္မယားကို ဘက္ေျပာင္းလွည္႔ ေၾကာ္ေပးပါ။
၁၀။ နွစ္ဖက္လံုး အေရာင္ညီသြားလွ်င္ ပန္းကန္ထဲသို႔ ျပန္ဆယ္ထားပါ။ ထုိ႔အတုိင္း တျခား မုန္႔လင္မယားမ်ားကို ထည္႔ခ်က္သြားပါ။

ခုဆိုရင္ေတာ့ နွမ္းေထာင္းေလးကို ျဖဴးၿပီး မုန္႔အုန္းႏို႔လင္မယားပူပူေလးကို အရသာရွိရွိ သံုးေဆာင္နုိင္ပါျပီေနာ္။

[ Unicode ]

အုန်းနို့နံ့လေး မွှေးနေတဲ့ မုန့်လင်မယားပူပူလေးကို ပျော်ပျော်ပါးပါး လုပ်စားဖို့ Trend ပရိသတ်ကြီးအတွက် ဝေမျှလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်သောပစ္စည်းများ

၁။ ဆန်မှုန့် – စားပွဲတင်ဇွန်း ၈ဇွန်း
၂။ ကုလားပဲ(အစိမ်းမှုန့်) – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
၃။ ရေ – လက်ဖက်ရည်ပန်းကန်လုံး ၅လုံးစာ (မှတ်ချက်။ ။ ဆန့်မှုန့် ထည့်သည့် ပမာဏထပ် ရေကို ၂ဆထည့်ပေးရင် ရသည်)
၄။ ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်းခွဲ
၅။ သကြား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
၆။ ဆိုဒါ – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
၇။ ပဲပြုတ် – အနည်းငယ်
၈။ ကြက်သွန်မြိတ် – ၁စည်း (ပါးပါးလှီးထားပါ)
၉။ ကြက်ဥ(သို့)ငုန်းဥ – ခလောက်ပြီ (ကြိုက်နှစ်သက်လျှင် ထည့်နိုင်သည်)
၁၀။ နှမ်းထောင်း (နှမ်းနှင့် ဆားအနည်းငယ်ရောထောင်းထားပေးပါ)
၁၁။ အုန်းနို့ – တစ်ဘူး

ချက်ပြုတ်နည်း
၁။ ဇလုံတစ်ခုထဲသို့ ဆန့်မှုန့်၊ ကုလားပဲမှုန့်တို့ကို ရောမွှေလိုက်ပြီ ရေအနည်းငယ်ထည့်၍ ကုလားမှုန့်များ ပျော်သည်အထိ ရောနယ်ပေးပါ။
၂။ ပြီးလျှင် ခပ်ကျဲကျဲရအောင် ရေ(လက်ဖက်ရည် ပန်းကန်လုံး၅လုံးစာ)ထည့်ပြီ ရောမွှေလိုက်ပါ။
၃။ နောက်မှ ဆား၊သကြား၊ အုန်းနို့၊ ဆိုဒါများထည့်ပြီ မုန့်နှစ်ရည် အပေါ့အငံတစ်ချက်မြည်းကြည့်လိုက်ပါ။
၄။ မုန့်ရည်သည် ပျစ်နေလျှင် ရေအနည်းငယ် ထပ်ထည့်ပေးပါ။
၅။ ပြီးလျှင် ၁နာရီလောက်ကြာအောင် မုန့်နှစ်ကို နုပ်ထားပေးပါ။
၆။ ပြီလျှင် မုန့်လင်မယားဗန်း ခွက်လေးတွေမှာ ဆီအနည်းငယ်ထည့်ပြီ မီးကို အသင့်တင့်ရုံသာ ထားထားပါ။ မီးသွေးဖိုနဲ့လုပ်လျှင် ပိုကောင်းသည်။ မီးမျှနေရန် လိုအပ်သည့်အတွက် မီးကို အသင့်တင့်သာ ထားပါ။
၇။ ဆီပူလာလျှင် မုန့်နှစ်ရည်များကို ထည့် မုန့်လင်မယားဗန်း ခွက်လေးတွေထဲသို့ မုန့်နှစ်ရည် စားပွဲတင်ဇွန်း ၁ဇွန်းစာလေးများလိုက်ထည့်ပေးပါ။
၈။ နောက်မှ ကြက်ဥ(သို့) ငုန်းဥ၊ ပဲပြုတ်၊ ကြက်သွန်မြိတ်များကို ထည့်ပေးပါ။
၉။ မုန့်လင်မယား တစ်ဖက်ကျက်သွားလျှင် နောက်တစ်ဖက်ပေါ်သို့ သွားပေါင်းတင်ပေးပါ။ အညှိရောင်အနည်းငယ် သန်းသည်အထိ မုန့်လင်မယားကို ဘက်ပြောင်းလှည့် ကြော်ပေးပါ။
၁၀။ နှစ်ဖက်လုံး အရောင်ညီသွားလျှင် ပန်းကန်ထဲသို့ ပြန်ဆယ်ထားပါ။ ထို့အတိုင်း တခြား မုန့်လင်မယားများကို ထည့်ချက်သွားပါ။

ခုဆိုရင်တော့ နှမ်းထောင်းလေးကို ဖြူးပြီး မုန့်အုန်းနို့လင်မယားပူပူလေးကို အရသာရှိရှိ သုံးဆောင်နိုင်ပါပြီနော်။

Ref; asianfood

 

1K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.