ေခၽြးေပါက္က်ဥ္းၿပီး တင္းရင္းတဲ့ အသားအေရပိုင္ဆိုင္ဖုိ႔

သင့္ေခၽြးေပါက္ေတြဟာ မွန္ဘီလူးေအာက္ေရာက္ေနသလို က်ယ္ေနလို႔ စိတ္ညစ္ေနလား။ စိတ္မညစ္ပါနဲ႔။ ေခၽြးေပါက္က်ဥ္းေစတဲ့ လြယ္ကူတဲ့နည္းေလးေတြရွိပါတယ္။ ေခၽြးေပါက္ေလးေတြ ျပန္က်ဥ္းေအာင္က အေပၚက ေခၽြးေပါက္က်ယ္ေစတဲ့အေၾကာင္းေတြကိုလည္း သတိထားရပါမယ္။ ၿပီးေတာ့ ေခၽြးေပါက္ေလးေတြ က်ဥ္းသြားေအာင္ လုပ္ေဆာင္ရမွာေတြြကို ေျပာျပေပးမယ္ေနာ္။
၁။ အသားအေရထိန္းသိမ္းမယ္
– အဆီပိုေတြနဲ႔ ဆဲလ္ေသေတြေၾကာင့္ ေခၽြးေပါက္ေတြပိုက်ယ္လာေစၿပီး ၀က္ျခံေတြလည္း ျဖစ္ေစေတာ့ အသားအေရကို ေသခ်ာသန္႔စင္ေပးဖို႔ အေရးၾကီးတယ္ေနာ္။
– တစ္ရက္ကို ၂ ၾကိမ္ ကိုယ့္အသားအေရနဲ႔ အဆင္ေျပတဲ့ Facial Cleanser နဲ႔ မ်က္ႏွာသစ္ေပးပါ။
– ညဘက္ ဘယ္ေလာက္ပဲအိပ္ခ်င္ေနပါေစ မိတ္ကပ္ေတြဖ်က္ၿပီးမွ အိပ္ပါ။ – မ်က္ႏွာသစ္ၿပီးတိုင္း Toner သံုးေပးရမယ္ေနာ္။
– ဗီတာမင္စီပါတဲ့ ခရမ္ေတြကို လိမ္းေပးရင္လည္း အသားအေရကို သန္႔စင္ေစသလို အသားအေရကို တင္းရင္းေစတဲ့ ေကာ္လာဂ်င္ ထုတ္လုပ္မွုကိ္ု အားေပးလို႔ ေခၽြးေပါက္ေတြက်ဥ္းေစဖို႔ အေထာက္အကူ ေပးပါတယ္။
– ဆဲလ္အေသေတြကို ေသခ်ာဖယ္ရွားႏိုင္ဖို႔ တစ္ပတ္ကို အနည္းဆံုးတစ္ၾကိမ္ Scrud နဲ႔ မ်က္ႏွာေခ်းခၽြတ္ပါ။
– တစ္ပတ္ကိုတစ္ၾကိမ္ မ်က္ႏွာေပါင္းတင္ေပးဖို႔လည္း မေမ့ပါနဲ႔။ ေခၽြးေပါက္ေတြကို သန္႔စင္ေစတဲ့ မ်က္ႏွာေပါင္းတင္ကပ္ခြာ (Pore refining mark) ကို သံုးေပးတာပိုေကာင္းပါတယ္ေနာ္။ – Alpha Hydroxy Acid (AHA) 10% ပါတဲ့ လိမ္းေဆးေတြကို သံုးေပးႏိုင္ရင္ေတာ့ အေကာင္းဆံုးပါပဲ။

၂။ ေနေရာင္ျခည္ဒဏ္က ကာကြယ္မယ္
– ေနေရာင္ျခည္က အသားအေရရဲ႕ တကယ့္ရန္သူပဲေနာ္။
– ေခၽြးေပါက္ေတြက်ယ္ေစတဲ့ အဓိကအခ်က္လည္း ျဖစ္ေနေတာ့ ဒီဆိုးက်ဳိးအရမ္းေပးတဲ့ ေနေရာင္ျခည္ဒဏ္ကို ကာကြယ္မယ္။
– ေနေရာင္ကာကြယ္ေဆးေတြ လိမ္းမယ္။
– ေနကာမ်က္မွန္၊ ထီး၊ ဦးထုပ္ပါမွ အျပင္ထြက္ၾကမယ္ေလ။

၃။ မိတ္ကပ္ကို အားမကိုးပါနဲ႔
– ေခၽြးေပါက္ေတြကို ဖံုးေအာင္ဆိုၿပီး မိတ္ကပ္ေတြကို အထူၾကီးလိမ္းမလို႔လား။ မလုပ္လိုက္နဲ႔ေနာ္။
– သင့္အေရျပားေလး ေကာင္းေကာင္းအသက္ရွုပါေစလား။
– မိတ္ကပ္ကို အထူၾကီးလိမ္းေလေလ ေခၽြးေပါက္ေတြကို ပိတ္ဆို႔ေစၿပီး အသားအေရကို ပိုထိခိုက္ေလေလပဲေလ။
– မ်က္ႏွာေျပာင္ျဖစ္ေနမွာဆိုးရင္ေတာ့ ေပါင္ဒါမွုန္႔ေတြ၊ ေပါင္ဒါခဲ (Powder Cake) ေတြ လိမ္းရင္ကို OK တယ္ေနာ္။
– Oil Control အမ်ဳိးအစားကိုပဲ ေရြးခ်ယ္ဖို႔ေတာ့ မေမ့ပါနဲ႔။ – မိတ္ကပ္လိမ္းတာ နဲေလ ေကာင္းေလပါေနာ္။
– မိတ္ကပ္လိမ္းရင္ အသံုးျပဳတဲ့ ေရျမဳပ္၊ ဘရွပ္ စတာေတြကိုလည္း အျမဲသန္႔ရွင္းေအာင္ထားပါ။
– ေရျမဳပ္၊ ဘရွပ္ေတြေပၚမွာရွိေနတဲ့ အဆီေတြ ဘက္တီးရီးယားေတြဟာ သင့္ေခၽြးေပါက္ေတြထဲကို ၀င္ၿပီး ေကာင္းေကာင္းဒုကၡေပးႏိုင္တယ္ေလ။
– အဲဒီေတာ့ ေရျမဳပ္၊ ဘရွပ္ေတြကို အျမဲသန္႔ရွင္းေနေအာင္ ဂရုစိုက္ရမယ္ေနာ္။

၄။ က်န္းမာေရးနဲ႔ ညီညႊတ္တဲ့ စားေသာက္မွုပံုစံေျပာင္းမယ္
– ေရကို မ်ားမ်ားေသာက္ပါ။ ဒါမွ ခႏၶာကိုယ္ထဲက အညစ္အေၾကး အဆိပ္အေတာက္ေတြကို ဖယ္ရွားႏိုင္မွာေလ။
– အသီးအရြက္၊ အဆီနည္းတဲ့အသား၊ ငါး မ်ားမ်ားစားပါ။
– ရယ္ဒီမိတ္စားစရာေတြ၊ အခ်ဳိေတြ၊ အဆီအဆိမ့္ေတြ၊ ေကာ္ဖီေတြက အေရျပားက အဆီထုတ္လုပ္မွုကို မ်ားေစလို႔ ေခၽြးေပါက္ထဲမွာ အဆီေတြေၾကာင့္ ေခၽြးေပါက္ပိုက်ယ္လာေစသလို ေခၽြးေပါက္ပိတ္ၿပီး ၀က္ျခံေတြပါ ျဖစ္ေစႏိုင္လို႔ ေ၀းေ၀းက ေရွာင္ရမယ္ေနာ္။

၅။ ေခၽြးေပါက္ေလးေတြ ျပန္က်ဥ္းေစမယ့္ သဘာ၀ရဲ႕စြမ္းအားမ်ား
ဆဲလ္အေသေတြကို ပံုမွန္ဖယ္ရွားျခင္းဟာ ေခၽြးေပါက္ေတြကို ျပန္က်ဥ္းေစမယ့္ အေကာင္းဆံုးနည္းပါပဲ။ ဆဲလ္အေသေတြကို ဖယ္ရွားတာကို အိမ္မွာပဲ သဘာ၀ပစၥည္းေတြနဲ႔ လုပ္လို႔ရတယ္ေနာ္။
– အရင္ဆံုး မ်က္ႏွာသစ္ပါ။
– ၿပီးေတာ့ မ်က္ႏွာသုတ္ပု၀ါကို ေရေႏြးဆြတ္ အေရညွစ္ၿပီး မ်က္ႏွာေပၚခဏတင္ထားပါ။
– ဒါမွ ေခၽြးေပါက္ေတြကို ပြင့္ေစၿပီး ဆဲလ္ေသေတြကို ထိထိေရာက္ေရာက္ ဖယ္ရွားေပးႏိုင္ေစပါတယ္။
– ဂ်ဳံ (သို႔) မုန္႔ဖုတ္ေဆာ္ဒါနဲ႔ ေရကို ဆတူေရာၿပီး မ်က္ႏွာေပၚလိမ္းပါ။
– ခဏေနရင္ ေရေဆးခ်လိုက္ရံုပါပဲ။
– တစ္ပတ္မွာ တစ္ခါထက္ေတာ့ ပိုၿပီး မလုပ္မိေစနဲ႔ေနာ္.. အလြန္အကၽြံလုပ္ရင္ အသားအေရကို ထိခိုက္သြားႏိုင္တယ္ေလ။

ကဲ…ၿပီးရင္ ေခၽြးေပါက္ေလးေတြက်ဥ္းေစတဲ့ အကုန္အက်လည္းမမ်ား လြယ္ကူအစြမ္းထက္တဲ့ သဘာ၀ပစၥည္းေတြနဲ႔ ေပါင္းတင္နည္းေတြကိုလည္း ေလ့လာၾကည့္ရေအာင္..။

၁။ သခြားသီးနဲ႔ ေထာပတ္သီး မ်က္ႏွာေပါင္းတင္ေဆး
– ပါးပါးလီွးထားတဲ့ သခြားသီး လၻက္ရည္ပန္းကန္လံုးတစ္၀က္၊ ေထာပတ္သီး လၻက္ရည္ပန္းကန္လံုးတစ္၀က္၊ ၾကက္ဥအကာ တစ္လံုး၊ ႏို႔မွုန္႔ လၻက္ရည္ဇြန္း ၂ ဇြန္းအားလံုးကို ေသခ်ာသမၿပီး ပ်စ္ပ်စ္ေလးျဖစ္သြားေအာင္ Blender နဲ႔ ေရာေမႊလိုက္ေနာ္။ – ရရွိလာတဲ့ အႏွစ္ကို မ်က္ႏွာနဲ႔ လည္ပင္းမွာ ႏွံ႔စပ္ေအာင္လိမ္းေပးပါ။ – ၃၀ မိနစ္ (သို႔) ေျခာက္သြားတဲ့အခါ ေရေႏြးေႏြးေလးနဲ႔ အရင္ေဆးခ်ၿပီး ေရေအးနဲ႔ ျပန္ေဆးလိုက္ပါ။ – မ်က္ႏွာနဲ႔ လည္ပင္းကို ေျခာက္ေသြ႔ေအာင္ သုတ္ၿပီးတဲ့အခါ သင့္ေခၽြးေပါက္ေလးေတြက်ဥ္းၿပီး ႏူးညံ့ေခ်ာေမြ႔ေနတဲ့ မ်က္ႏွာေလးကို ေတြ႔ၿပီး သင္လည္း အရမ္းကို ေပ်ာ္ရႊင္သြားမွာေနာ္။

၂။ ၾကက္ဥနဲ႔ သံပုရာသီး မ်က္ႏွာေပါင္းတင္ေဆး
– သံပုရာသီးတစ္ျခမ္းကို အရည္ညွစ္ၿပီး ၾကက္ဥအကာတစ္လံုးနဲ႔ ၃ မိနစ္ခန္႔ၾကာေအာင္ ေခါက္ေမႊပါ။ – ၿပီးေတာ့ မ်က္လံုးတ၀ွိက္ကို ခ်န္ထားၿပီး မ်က္ႏွာအႏွံ႔လိမ္းလိုက္ပါ။ – ၃၀ မိနစ္ၾကာတဲ့အခါ ေရေႏြးေလးနဲ႔ ေဆးခ်ၿပီး အစိုဓာတ္ထိန္းခရမ္တစ္ခုခု လိမ္းေပးလိုက္ရင္ ေခၽြးေပါက္ေလးေတြက်ဥ္းၿပီး လန္းဆန္းေခ်ာေမြ႔ေနတဲ့ မ်က္ႏွာေလးကို ရရွိပါလိမ့္မယ္ေနာ္။

၃။ ငွက္ေပ်ာသီးနဲ႔ ပ်ားရည္ မ်က္ႏွာေပါင္းတင္ေဆး
– ဒါကေတာ့ အလြယ္ဆံုးနည္းေလးပါပဲ။ – ေခ်ထားတဲ့ ငွက္ေပ်ာသီးနဲ႔ ပ်ားရည္ကိုေရာ သမေအာင္ေမႊၿပီး အႏွစ္ပ်စ္ပ်စ္ေလးရလာတဲ့အခါ မ်က္ႏွာေပၚမွာ လိမ္းပါ။ – ၁၀ မိနစ္ေနရင္ ေရေႏြးေလးနဲ႔ ေဆးခ်လိုက္ရုံပါပဲ။ အရမ္းလြယ္တယ္ေနာ္.. ဒါေပမယ့္ အရမ္းလည္း အစြမ္းထက္ပါတယ္။ – ငွက္ေပ်ာသီးမွာပါတဲ့ သဘာ၀အက္စစ္က ဆဲလ္ေဟာင္းေတြကို ဖယ္ရွားေပးၿပီး ပ်ားရည္က အသားအေရကို ႏူးညံ့ေခ်ာေမြ႔ေစတယ္ေလ။ – ဒီနည္းနဲ႔ပဲ ေခၽြးေပါက္ေလးေတြကို က်ဥ္းေစတာပါ။ – ငွက္ေပ်ာသီးအစား ေခ်ထားတဲ့ စပ်စ္သီး (သို႔) စေတာ္ဘယ္ရီသီးနဲ႔ ပ်ားရည္ကို ေရာၿပီးေတာ့လည္း လုပ္လို႔ရတယ္ေနာ္။

၄။ ခ်က္ခ်င္းလက္ငင္း ေခၽြးေပါက္က်ဥ္းေစနည္း – ခ်က္ခ်င္းလက္ငင္း ေခၽြးေပါက္က်ဥ္းေစဆိုေတာ့ စိတ္၀င္စားသြားၿပီ ဟုတ္။ – ေခၽြးေပါက္ေတြ ခ်က္ခ်င္းက်ဥ္းေစဖို႔အတြက္ အေအးဓာတ္ကို သံုးရမွာပါ။ – ႏို႔ထဲမွာပါတဲ့ လက္တစ္အက္စစ္လို႔ေခၚတဲ့ Alpha Hydroxy Acid ဟာ အသားအေရကို ႏူးညံ့ေခ်ာေမြ႔ေစသလို ဆဲလ္အသစ္ပြားတာကိုလည္း အားေပးတယ္ေလ။ – အဲဒီေတာ့ အေအးဓာတ္နဲ႔ ႏို႔ရဲ႕ အစြမ္းေတြကို အသံုးခ်ၿပီး ေခၽြးေပါက္ေတြက်ဥ္းေအာင္ လုပ္ၾကစို႔ေနာ္။
– အ၀တ္သန္႔သန္႔တစ္ခုကို အေအးခံထားတဲ့ႏို႔ထဲ ႏွစ္လိုက္ပါ။
– အ၀တ္မွာ ပိုေနတဲ့ႏို႔ေတြကို ညွစ္လိုက္ၿပီး အ၀တ္ကိုမ်က္ႏွာေပၚ ကပ္ထားပါ။
– ၅-၁၀ မိနစ္ၾကာတဲ့အခါ အ၀တ္ကိုဖယ္ၿပီး ေရေအးေအးေလးနဲ႔ မ်က္ႏွာသစ္လိုက္ရုံပါပဲ။ – ဒီနည္းေလးဟာ ေခၽြးေပါက္ေတြကို ယာယီက်ဥ္းသြားေစၿပီး အသားအေရကို ေခ်ာေမြ႔သြားေစသလို ေခၽြးေပါက္ေတြထဲကို မိတ္ကပ္ေတြ မ၀င္ေအာင္လည္း ကာကြယ္ေပးပါတယ္။

အေပၚမွာ ေျပာျပခဲ့တာေလးေတြကို ေသခ်ာလိုက္လုပ္ေပးရင္ ေခၽြးေပါက္ေလးေတြ တျဖည္းျဖည္းက်ဥ္းလာမယ့္အျပင္ အသားအေရလည္း တကယ္ကို လွလာမွာေနာ္။ ေခၽြးေပါက္ေတြက်ဥ္းၿပီး တင္းရင္းေခ်ာေမြ႔လွပတဲ့ မ်က္ႏွာေလးကို ျမန္ျမန္ပိုင္ဆိုင္ႏိုင္ၾကပါေစ။

[ Unicode ]

သင့်ချွေးပေါက်တွေဟာ မှန်ဘီလူးအောက်ရောက်နေသလို ကျယ်နေလို့ စိတ်ညစ်နေလား။ စိတ်မညစ်ပါနဲ့။ ချွေးပေါက်ကျဉ်းစေတဲ့ လွယ်ကူတဲ့နည်းလေးတွေရှိပါတယ်။ ချွေးပေါက်လေးတွေ ပြန်ကျဉ်းအောင်က အပေါ်က ချွေးပေါက်ကျယ်စေတဲ့အကြောင်းတွေကိုလည်း သတိထားရပါမယ်။ ပြီးတော့ ချွေးပေါက်လေးတွေ ကျဉ်းသွားအောင် လုပ်ဆောင်ရမှာတွေကို ပြောပြပေးမယ်နော်။
၁။ အသားအရေထိန်းသိမ်းမယ်
– အဆီပိုတွေနဲ့ ဆဲလ်သေတွေကြောင့် ချွေးပေါက်တွေပိုကျယ်လာစေပြီး ဝက်ခြံတွေလည်း ဖြစ်စေတော့ အသားအရေကို သေချာသန့်စင်ပေးဖို့ အရေးကြီးတယ်နော်။
– တစ်ရက်ကို ၂ ကြိမ် ကိုယ့်အသားအရေနဲ့ အဆင်ပြေတဲ့ Facial Cleanser နဲ့ မျက်နှာသစ်ပေးပါ။
– ညဘက် ဘယ်လောက်ပဲအိပ်ချင်နေပါစေ မိတ်ကပ်တွေဖျက်ပြီးမှ အိပ်ပါ။ – မျက်နှာသစ်ပြီးတိုင်း Toner သုံးပေးရမယ်နော်။
– ဗီတာမင်စီပါတဲ့ ခရမ်တွေကို လိမ်းပေးရင်လည်း အသားအရေကို သန့်စင်စေသလို အသားအရေကို တင်းရင်းစေတဲ့ ကော်လာဂျင် ထုတ်လုပ်မှုကို အားပေးလို့ ချွေးပေါက်တွေကျဉ်းစေဖို့ အထောက်အကူ ပေးပါတယ်။
– ဆဲလ်အသေတွေကို သေချာဖယ်ရှားနိုင်ဖို့ တစ်ပတ်ကို အနည်းဆုံးတစ်ကြိမ် Scrud နဲ့ မျက်နှာချေးချွတ်ပါ။
– တစ်ပတ်ကိုတစ်ကြိမ် မျက်နှာပေါင်းတင်ပေးဖို့လည်း မမေ့ပါနဲ့။ ချွေးပေါက်တွေကို သန့်စင်စေတဲ့ မျက်နှာပေါင်းတင်ကပ်ခွာ (Pore refining mark) ကို သုံးပေးတာပိုကောင်းပါတယ်နော်။ – Alpha Hydroxy Acid (AHA) 10% ပါတဲ့ လိမ်းဆေးတွေကို သုံးပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။

၂။ နေရောင်ခြည်ဒဏ်က ကာကွယ်မယ်
– နေရောင်ခြည်က အသားအရေရဲ့ တကယ့်ရန်သူပဲနော်။
– ချွေးပေါက်တွေကျယ်စေတဲ့ အဓိကအချက်လည်း ဖြစ်နေတော့ ဒီဆိုးကျိုးအရမ်းပေးတဲ့ နေရောင်ခြည်ဒဏ်ကို ကာကွယ်မယ်။
– နေရောင်ကာကွယ်ဆေးတွေ လိမ်းမယ်။
– နေကာမျက်မှန်၊ ထီး၊ ဦးထုပ်ပါမှ အပြင်ထွက်ကြမယ်လေ။

၃။ မိတ်ကပ်ကို အားမကိုးပါနဲ့
– ချွေးပေါက်တွေကို ဖုံးအောင်ဆိုပြီး မိတ်ကပ်တွေကို အထူကြီးလိမ်းမလို့လား။ မလုပ်လိုက်နဲ့နော်။
– သင့်အရေပြားလေး ကောင်းကောင်းအသက်ရှုပါစေလား။
– မိတ်ကပ်ကို အထူကြီးလိမ်းလေလေ ချွေးပေါက်တွေကို ပိတ်ဆို့စေပြီး အသားအရေကို ပိုထိခိုက်လေလေပဲလေ။
– မျက်နှာပြောင်ဖြစ်နေမှာဆိုးရင်တော့ ပေါင်ဒါမှုန့်တွေ၊ ပေါင်ဒါခဲ (Powder Cake) တွေ လိမ်းရင်ကို OK တယ်နော်။
– Oil Control အမျိုးအစားကိုပဲ ရွေးချယ်ဖို့တော့ မမေ့ပါနဲ့။ – မိတ်ကပ်လိမ်းတာ နဲလေ ကောင်းလေပါနော်။
– မိတ်ကပ်လိမ်းရင် အသုံးပြုတဲ့ ရေမြုပ်၊ ဘရှပ် စတာတွေကိုလည်း အမြဲသန့်ရှင်းအောင်ထားပါ။
– ရေမြုပ်၊ ဘရှပ်တွေပေါ်မှာရှိနေတဲ့ အဆီတွေ ဘက်တီးရီးယားတွေဟာ သင့်ချွေးပေါက်တွေထဲကို ဝင်ပြီး ကောင်းကောင်းဒုက္ခပေးနိုင်တယ်လေ။
– အဲဒီတော့ ရေမြုပ်၊ ဘရှပ်တွေကို အမြဲသန့်ရှင်းနေအောင် ဂရုစိုက်ရမယ်နော်။

၄။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ စားသောက်မှုပုံစံပြောင်းမယ်
– ရေကို များများသောက်ပါ။ ဒါမှ ခန္ဓာကိုယ်ထဲက အညစ်အကြေး အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်မှာလေ။
– အသီးအရွက်၊ အဆီနည်းတဲ့အသား၊ ငါး များများစားပါ။
– ရယ်ဒီမိတ်စားစရာတွေ၊ အချိုတွေ၊ အဆီအဆိမ့်တွေ၊ ကော်ဖီတွေက အရေပြားက အဆီထုတ်လုပ်မှုကို များစေလို့ ချွေးပေါက်ထဲမှာ အဆီတွေကြောင့် ချွေးပေါက်ပိုကျယ်လာစေသလို ချွေးပေါက်ပိတ်ပြီး ဝက်ခြံတွေပါ ဖြစ်စေနိုင်လို့ ဝေးဝေးက ရှောင်ရမယ်နော်။

၅။ ချွေးပေါက်လေးတွေ ပြန်ကျဉ်းစေမယ့် သဘာဝရဲ့စွမ်းအားများ
ဆဲလ်အသေတွေကို ပုံမှန်ဖယ်ရှားခြင်းဟာ ချွေးပေါက်တွေကို ပြန်ကျဉ်းစေမယ့် အကောင်းဆုံးနည်းပါပဲ။ ဆဲလ်အသေတွေကို ဖယ်ရှားတာကို အိမ်မှာပဲ သဘာဝပစ္စည်းတွေနဲ့ လုပ်လို့ရတယ်နော်။
– အရင်ဆုံး မျက်နှာသစ်ပါ။
– ပြီးတော့ မျက်နှာသုတ်ပုဝါကို ရေနွေးဆွတ် အရေညှစ်ပြီး မျက်နှာပေါ်ခဏတင်ထားပါ။
– ဒါမှ ချွေးပေါက်တွေကို ပွင့်စေပြီး ဆဲလ်သေတွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်စေပါတယ်။
– ဂျုံ (သို့) မုန့်ဖုတ်ဆော်ဒါနဲ့ ရေကို ဆတူရောပြီး မျက်နှာပေါ်လိမ်းပါ။
– ခဏနေရင် ရေဆေးချလိုက်ရုံပါပဲ။
– တစ်ပတ်မှာ တစ်ခါထက်တော့ ပိုပြီး မလုပ်မိစေနဲ့နော်.. အလွန်အကျွံလုပ်ရင် အသားအရေကို ထိခိုက်သွားနိုင်တယ်လေ။

ကဲ…ပြီးရင် ချွေးပေါက်လေးတွေကျဉ်းစေတဲ့ အကုန်အကျလည်းမများ လွယ်ကူအစွမ်းထက်တဲ့ သဘာဝပစ္စည်းတွေနဲ့ ပေါင်းတင်နည်းတွေကိုလည်း လေ့လာကြည့်ရအောင်..။
၁။ သခွားသီးနဲ့ ထောပတ်သီး မျက်နှာပေါင်းတင်ဆေး
– ပါးပါးလှီးထားတဲ့ သခွားသီး လ္ဘက်ရည်ပန်းကန်လုံးတစ်ဝက်၊ ထောပတ်သီး လ္ဘက်ရည်ပန်းကန်လုံးတစ်ဝက်၊ ကြက်ဥအကာ တစ်လုံး၊ နို့မှုန့် လ္ဘက်ရည်ဇွန်း ၂ ဇွန်းအားလုံးကို သေချာသမပြီး ပျစ်ပျစ်လေးဖြစ်သွားအောင် Blender နဲ့ ရောမွှေလိုက်နော်။ – ရရှိလာတဲ့ အနှစ်ကို မျက်နှာနဲ့ လည်ပင်းမှာ နှံ့စပ်အောင်လိမ်းပေးပါ။ – ၃၀ မိနစ် (သို့) ခြောက်သွားတဲ့အခါ ရေနွေးနွေးလေးနဲ့ အရင်ဆေးချပြီး ရေအေးနဲ့ ပြန်ဆေးလိုက်ပါ။ – မျက်နှာနဲ့ လည်ပင်းကို ခြောက်သွေ့အောင် သုတ်ပြီးတဲ့အခါ သင့်ချွေးပေါက်လေးတွေကျဉ်းပြီး နူးညံ့ချောမွေ့နေတဲ့ မျက်နှာလေးကို တွေ့ပြီး သင်လည်း အရမ်းကို ပျော်ရွှင်သွားမှာနော်။

၂။ ကြက်ဥနဲ့ သံပုရာသီး မျက်နှာပေါင်းတင်ဆေး
– သံပုရာသီးတစ်ခြမ်းကို အရည်ညှစ်ပြီး ကြက်ဥအကာတစ်လုံးနဲ့ ၃ မိနစ်ခန့်ကြာအောင် ခေါက်မွှေပါ။ – ပြီးတော့ မျက်လုံးတဝှိက်ကို ချန်ထားပြီး မျက်နှာအနှံ့လိမ်းလိုက်ပါ။ – ၃၀ မိနစ်ကြာတဲ့အခါ ရေနွေးလေးနဲ့ ဆေးချပြီး အစိုဓာတ်ထိန်းခရမ်တစ်ခုခု လိမ်းပေးလိုက်ရင် ချွေးပေါက်လေးတွေကျဉ်းပြီး လန်းဆန်းချောမွေ့နေတဲ့ မျက်နှာလေးကို ရရှိပါလိမ့်မယ်နော်။

၃။ ငှက်ပျောသီးနဲ့ ပျားရည် မျက်နှာပေါင်းတင်ဆေး
– ဒါကတော့ အလွယ်ဆုံးနည်းလေးပါပဲ။ – ချေထားတဲ့ ငှက်ပျောသီးနဲ့ ပျားရည်ကိုရော သမအောင်မွှေပြီး အနှစ်ပျစ်ပျစ်လေးရလာတဲ့အခါ မျက်နှာပေါ်မှာ လိမ်းပါ။ – ၁၀ မိနစ်နေရင် ရေနွေးလေးနဲ့ ဆေးချလိုက်ရုံပါပဲ။ – အရမ်းလွယ်တယ်နော်.. ဒါပေမယ့် အရမ်းလည်း အစွမ်းထက်ပါတယ်။ – ငှက်ပျောသီးမှာပါတဲ့ သဘာဝအက်စစ်က ဆဲလ်ဟောင်းတွေကို ဖယ်ရှားပေးပြီး ပျားရည်က အသားအရေကို နူးညံ့ချောမွေ့စေတယ်လေ။ – ဒီနည်းနဲ့ပဲ ချွေးပေါက်လေးတွေကို ကျဉ်းစေတာပါ။ – ငှက်ပျောသီးအစား ချေထားတဲ့ စပျစ်သီး (သို့) စတော်ဘယ်ရီသီးနဲ့ ပျားရည်ကို ရောပြီးတော့လည်း လုပ်လို့ရတယ်နော်။

၄။ ချက်ချင်းလက်ငင်း ချွေးပေါက်ကျဉ်းစေနည်း – ချက်ချင်းလက်ငင်း ချွေးပေါက်ကျဉ်းစေဆိုတော့ စိတ်ဝင်စားသွားပြီ ဟုတ်။ – ချွေးပေါက်တွေ ချက်ချင်းကျဉ်းစေဖို့အတွက် အအေးဓာတ်ကို သုံးရမှာပါ။ – နို့ထဲမှာပါတဲ့ လက်တစ်အက်စစ်လို့ခေါ်တဲ့ Alpha Hydroxy Acid ဟာ အသားအရေကို နူးညံ့ချောမွေ့စေသလို ဆဲလ်အသစ်ပွားတာကိုလည်း အားပေးတယ်လေ။ – အဲဒီတော့ အအေးဓာတ်နဲ့ နို့ရဲ့ အစွမ်းတွေကို အသုံးချပြီး ချွေးပေါက်တွေကျဉ်းအောင် လုပ်ကြစို့နော်။
– အဝတ်သန့်သန့်တစ်ခုကို အအေးခံထားတဲ့နို့ထဲ နှစ်လိုက်ပါ။
– အဝတ်မှာ ပိုနေတဲ့နို့တွေကို ညှစ်လိုက်ပြီး အဝတ်ကိုမျက်နှာပေါ် ကပ်ထားပါ။
– ၅-၁၀ မိနစ်ကြာတဲ့အခါ အဝတ်ကိုဖယ်ပြီး ရေအေးအေးလေးနဲ့ မျက်နှာသစ်လိုက်ရုံပါပဲ။ – ဒီနည်းလေးဟာ ချွေးပေါက်တွေကို ယာယီကျဉ်းသွားစေပြီး အသားအရေကို ချောမွေ့သွားစေသလို ချွေးပေါက်တွေထဲကို မိတ်ကပ်တွေ မဝင်အောင်လည်း ကာကွယ်ပေးပါတယ်။

အပေါ်မှာ ပြောပြခဲ့တာလေးတွေကို သေချာလိုက်လုပ်ပေးရင် ချွေးပေါက်လေးတွေ တဖြည်းဖြည်းကျဉ်းလာမယ့်အပြင် အသားအရေလည်း တကယ်ကို လှလာမှာနော်။ ချွေးပေါက်တွေကျဉ်းပြီး တင်းရင်းချောမွေ့လှပတဲ့ မျက်နှာလေးကို မြန်မြန်ပိုင်ဆိုင်နိုင်ကြပါစေ။

Ref; skincare

 

1K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.