သင့္ဘဝကို ပိုေကာင္းလာေအာင္လုပ္ႏိုင္တဲ့ နည္းလမ္း ၁၀ ခု

သူတို႕ဘ၀ကိုသူတို႕ မုန္းတယ္ဆိုတဲ့လူေတြ ရွိပါတယ္။ သူတို႕ဟာ သူတို႕မွာရွိေနတဲ့အရာေတြနဲ႕ မေပ်ာ္ရႊင္ႏိုင္ၾကပါဘူး။ အကယ္၍ သင္လည္း အဲလုိပဲျဖစ္ခဲ့မယ္ဆုိရင္ သင္ဟာ- ခ်မ္းသာမွ၊ ေအာင္ျမင္မွ၊ မိတ္ေဆြအေပါင္းအသင္းေတြ အမ်ားႀကီးရမွ၊ နာမည္ေက်ာ္ၾကားမွ၊ ၿပီးျပည့္စုံတဲ့ မိသားစုရွိမွ ေပ်ာ္ရႊင္မယ္ဆိုတဲ့ လူေတြထဲက တစ္ေယာက္ ျဖစ္ေနပါလိမ့္မယ္။ စိတ္မေကာင္းစရာပါပဲ။ အဲလုိဆိုရင္ေတာ့ မွားေနပါၿပီ။ ေနာက္တစ္ႀကိမ္ “ ငါ့ဘ၀ကိုငါ မုန္းတယ္ ” လို႕ ေျပာတဲ့အခါ သင့္ကိုယ္သင္ ေမးၾကည့္ပါဦး။ ဒါဆို ငါေသရင္ ပိုေကာင္းမလားလို႕။ ဒီစကားက ၾကမ္းတမ္းခ်င္ ၾကမ္းတမ္းလိမ့္မယ္။ ဒါေပမဲ့ ေတြးရုံေလးပဲ ေတြးၾကည့္လိုက္ပါ။ သင္အသက္ရွင္ေနသမွ် သင္ဟာ ေပ်ာ္ရႊင္ႏုိင္ပါတယ္။ ၿပီးေတာ့ ဘ၀ကို ပိုေကာင္းေအာင္လုပ္ႏုိင္တဲ့အခြင့္အေရးလည္း အၿမဲတမ္း ရွိပါတယ္။ ေဟာဒီ နည္းလမ္း(၁၀)ခုကို ဖတ္ၾကည့္လိုက္ပါဦး။

၁။ ဘ၀ရဲ႕ ေကာင္းတဲ့အရာေတြအေပၚမွာ အာရုံစိုက္လုိက္ပါ
ဘ၀နဲ႕ပတ္သက္လို႕ ေကာင္းတဲ့အရာေတြကို တစ္ခုမွ မစဥ္းစားႏုိင္ဘူးဆုိရင္ေတာ့ သင့္မွာ အဆိုးျမင္အေတြးေတြ ရွိေနဆဲပဲ။ အဲဒီအေတြးေတြကုိ ထြက္သြားခြင့္ေပးလုိက္ပါ။ သင့္ဘ၀ရဲ႕ ဘယ္အရာေတြကို သင္ တကယ္ျမတ္ႏိုးသလဲ။

၂။ မေက်မနပ္မျဖစ္ပါနဲ႕
ဘ၀ကို သင္မခ်စ္ဘူးဆိုရင္ေတာင္မွ အဲဒါကို တစ္ခ်ိန္လုံး ေျပာေနဖို႕မလိုပါဘူး။ သင့္ဘ၀ကိုသင္ မခ်စ္ဘူးလို႕ ေျပာေလေလ၊ အဲဒီ အႏွဳတ္လကၡဏာအေတြးေတြက ပိုအားေကာင္းလာေလေလပါပဲ။
၃။ သင့္ရဲ႕ဘ၀ကို အျခားသူေတြနဲ႕ မႏွိဳင္းယွဥ္ပါနဲ႕
သင့္ရဲ႕ဘ၀ဟာ တျခားတစ္ေယာက္ေယာက္ရဲ႕ဘ၀နဲ႕ ဘယ္ေတာ့မွ တစ္သမတ္တည္း မတူႏိုင္ပါဘူး။ ကိုယ္ မတတ္ႏုိင္တဲ့ အ၀တ္အစား ၀တ္တဲ့သူေတြ၊ ကိုယ္မစီးႏုိင္တဲ့ကား စီးတဲ့သူေတြ၊ ကိုယ္မေနႏုိင္တဲ့အိမ္မ်ိဳးမွာ ေနသူေတြကေတာ့ ကိုယ့္အနားမွာ အၿမဲတမ္း ရွိေနမွာပါပဲ။ ဒါကို က်င့္သားရေအာင္လုပ္ပါ။ ေနသားက်သြားၿပီဆုိရင္ေတာ့ ဘာမွ ျပႆနာမရွိေတာ့ပါဘူး။ တျခားတစ္ေယာက္ေယာက္ရဲ႕ ေအာင္ျမင္မွဳကို သင့္ကိုယ္ပုိင္ ေအာင္ျမင္မွဳရရွိဖုိ႕အတြက္ တြန္းအားတစ္ခုအျဖစ္ အသုံးခ်ႏုိင္ပါတယ္။ ဒါေပမဲ့ သင့္မွာမရွိတဲ့အရာေတြအတြက္ေတာ့ ဘယ္ေတာ့မွ စိတ္မေကာင္းမျဖစ္ပါနဲ႕။

၄။ သင္တကယ္ ခ်စ္ျမတ္ႏိုးတဲ့အရာေတြကို ပုိလုပ္ပါ
သင့္ကို ေပ်ာ္ရႊင္ေစမယ့္အလုပ္တစ္ခုခုကို အနည္းဆုံးတစ္ခုေလာက္ျဖစ္ျဖစ္ ေန႕တုိင္းလုပ္ပါ။

၅။ ဘ၀ဟာ အၿမဲတမ္းေျပာင္းလဲေနတယ္ဆုိတာ အသိအမွတ္ျပဳပါ
သင့္မွာ အလုပ္ေကာင္းေကာင္း မရလုိ႕၊ ဒါမွမဟုတ္ ေငြေရးေၾကးေရးက သင္ေမွ်ာ္မွန္းထားသေလက္ အဆင္မေျပလို႕ စိတ္ဓာတ္က်ေနတယ္ဆိုရင္ သင့္ရဲ႕ လက္ရွိအေျခအေနဟာ အေျခအေနတစ္ခုမွ်သာျဖစ္တယ္လို႕ လက္ခံပါ။ အရာအားလုံးဟာ ေျပာင္းလဲၾကပါတယ္။

၆။ အေကာင္းျမင္တတ္သူေတြနဲ႕ ေပါင္းသင္းပါ
သင္ အၿမဲေပါင္းသင္းေနတဲ့သူေတြနဲ႕ ပတ္သက္လို႕ ဂရုစိုက္ပါ။ ေပ်ာ္ရႊင္တဲ့သူေတြ၊ အေကာင္းျမင္တတ္သူေတြနဲ႕ ေပါင္းသင္းမယ္ဆုိရင္ သင္လည္း ပိုၿပီးေပ်ာ္ရႊင္လာပါလိမ့္မယ္။ အကယ္၍ သင့္အေပါင္းအသင္းေတြဟာ အဆိုးျမင္တတ္သူေတြျဖစ္ေနမယ္ဆုိရင္ေတာ့ အဲဒီအေတြးေတြဟာ သင့္ကိုလည္း လႊမ္းမိုးလာႏုိင္တယ္ဆုိတာ ဂရုျပဳပါ။

၇။ အျခားသူေတြကို ကူညီပါ အျခားသူေတြကို မ်ားမ်ားကူညီေလ၊ သင့္ရဲ႕ဘ၀နဲ႕ပတ္သက္လို႕ ညည္းတြားေနဖို႕ အခ်ိန္မရေလပါပဲ။ ဒါတင္မကပါဘူး၊ လူေတြကို ကူညီျခင္းက သင့္ကို တကယ္ပဲ ေပ်ာ္ရႊင္ေစႏုိင္ပါတယ္။

၈။ TV ေၾကာ္ျငာေတြ သိပ္မၾကည့္ပါနဲ႕
ေၾကာ္ျငာေတြရဲ႕အလုပ္က – သင့္ဘ၀ဟာ မျပည့္စုံဘူး၊ ဒါေပမဲ့ အဲဒါကို ေကာင္းမြန္ေအာင္ ျပဳလုပ္ႏုိင္တယ္၊ အဲလိုျပဳလုပ္ဖုိ႕ သူတုိ႕ရဲ႕ ေနာက္ဆုံးေပၚ အ၀တ္အစားေတြ၊ အသုံးအေဆာင္ေတြ၊ ကားေတြကို ၀ယ္ရမယ္လုိ႕ သင့္ကို ေျပာဖို႕ပါပဲ။ အဲဒီအလိမ္အညာေတြကို လက္မခံမိပါေစနဲ႕။

၉။ ေသးငယ္တဲ့အရာေလးေတြအေပၚမွာ တန္ဖုိးထားတတ္လာပါေစ
သဘာ၀ေလာကႀကီးကို အေသအခ်ာ ၾကည့္ဖူးပါသလား။ မိုးေကာင္းကင္ ၊ တိရစၱာန္ေလးေတြ၊ အပင္ေတြနဲ႕ ျမစ္ေခ်ာင္းေတြ။ ဒါေတြဟာ တကယ္ကို လွပပါတယ္။ အဲဒါေတြကို ရွာေဖြၾကည့္ပါ။ ၿပီးေတာ့ ဘ၀ကို သူ႕အရွိအတုိင္း ခ်စ္ျမတ္ႏုိးတတ္ေအာင္ သင္ယူပါ။

၁၀။ ဘ၀ရဲ႕သာယာေပ်ာ္ရႊင္မွဳေတြ၊ အခြင့္အေရးေတြကို ရယူပါ
အခု သင့္မွာ အခြင့္အေရးရွိပါေသးတယ္- ဘ၀ရဲ႕ေကာင္းတဲ့အရာေတြကို ရွာေဖြပါ၊ ေပ်ာ္ရႊင္ပါ၊ ၿပီးေတာ့ ဘ၀ကို ခ်စ္ျမတ္ႏုိးပါ။

[ Unicode ]

သူတို့ဘဝကိုသူတို့ မုန်းတယ်ဆိုတဲ့လူတွေ ရှိပါတယ်။ သူတို့ဟာ သူတို့မှာရှိနေတဲ့အရာတွေနဲ့ မပျော်ရွှင်နိုင်ကြပါဘူး။ အကယ်၍ သင်လည်း အဲလိုပဲဖြစ်ခဲ့မယ်ဆိုရင် သင်ဟာ- ချမ်းသာမှ၊ အောင်မြင်မှ၊ မိတ်ဆွေအပေါင်းအသင်းတွေ အများကြီးရမှ၊ နာမည်ကျော်ကြားမှ၊ ပြီးပြည့်စုံတဲ့ မိသားစုရှိမှ ပျော်ရွှင်မယ်ဆိုတဲ့ လူတွေထဲက တစ်ယောက် ဖြစ်နေပါလိမ့်မယ်။ စိတ်မကောင်းစရာပါပဲ။ အဲလိုဆိုရင်တော့ မှားနေပါပြီ။ နောက်တစ်ကြိမ် “ ငါ့ဘဝကိုငါ မုန်းတယ် ” လို့ ပြောတဲ့အခါ သင့်ကိုယ်သင် မေးကြည့်ပါဦး။ ဒါဆို ငါသေရင် ပိုကောင်းမလားလို့။ ဒီစကားက ကြမ်းတမ်းချင် ကြမ်းတမ်းလိမ့်မယ်။ ဒါပေမဲ့ တွေးရုံလေးပဲ တွေးကြည့်လိုက်ပါ။ သင်အသက်ရှင်နေသမျှ သင်ဟာ ပျော်ရွှင်နိုင်ပါတယ်။ ပြီးတော့ ဘဝကို ပိုကောင်းအောင်လုပ်နိုင်တဲ့အခွင့်အရေးလည်း အမြဲတမ်း ရှိပါတယ်။ ဟောဒီ နည်းလမ်း(၁၀)ခုကို ဖတ်ကြည့်လိုက်ပါဦး။

၁။ ဘဝရဲ့ ကောင်းတဲ့အရာတွေအပေါ်မှာ အာရုံစိုက်လိုက်ပါ
ဘဝနဲ့ပတ်သက်လို့ ကောင်းတဲ့အရာတွေကို တစ်ခုမှ မစဉ်းစားနိုင်ဘူးဆိုရင်တော့ သင့်မှာ အဆိုးမြင်အတွေးတွေ ရှိနေဆဲပဲ။ အဲဒီအတွေးတွေကို ထွက်သွားခွင့်ပေးလိုက်ပါ။ သင့်ဘဝရဲ့ ဘယ်အရာတွေကို သင် တကယ်မြတ်နိုးသလဲ။

၂။ မကျေမနပ်မဖြစ်ပါနဲ့
ဘဝကို သင်မချစ်ဘူးဆိုရင်တောင်မှ အဲဒါကို တစ်ချိန်လုံး ပြောနေဖို့မလိုပါဘူး။ သင့်ဘဝကိုသင် မချစ်ဘူးလို့ ပြောလေလေ၊ အဲဒီ အနှုတ်လက္ခဏာအတွေးတွေက ပိုအားကောင်းလာလေလေပါပဲ။
၃။ သင့်ရဲ့ဘဝကို အခြားသူတွေနဲ့ မနှိုင်းယှဉ်ပါနဲ့
သင့်ရဲ့ဘဝဟာ တခြားတစ်ယောက်ယောက်ရဲ့ဘဝနဲ့ ဘယ်တော့မှ တစ်သမတ်တည်း မတူနိုင်ပါဘူး။ ကိုယ် မတတ်နိုင်တဲ့ အဝတ်အစား ဝတ်တဲ့သူတွေ၊ ကိုယ်မစီးနိုင်တဲ့ကား စီးတဲ့သူတွေ၊ ကိုယ်မနေနိုင်တဲ့အိမ်မျိုးမှာ နေသူတွေကတော့ ကိုယ့်အနားမှာ အမြဲတမ်း ရှိနေမှာပါပဲ။ ဒါကို ကျင့်သားရအောင်လုပ်ပါ။ နေသားကျသွားပြီဆိုရင်တော့ ဘာမှ ပြဿနာမရှိတော့ပါဘူး။ တခြားတစ်ယောက်ယောက်ရဲ့ အောင်မြင်မှုကို သင့်ကိုယ်ပိုင် အောင်မြင်မှုရရှိဖို့အတွက် တွန်းအားတစ်ခုအဖြစ် အသုံးချနိုင်ပါတယ်။ ဒါပေမဲ့ သင့်မှာမရှိတဲ့အရာတွေအတွက်တော့ ဘယ်တော့မှ စိတ်မကောင်းမဖြစ်ပါနဲ့။

၄။ သင်တကယ် ချစ်မြတ်နိုးတဲ့အရာတွေကို ပိုလုပ်ပါ
သင့်ကို ပျော်ရွှင်စေမယ့်အလုပ်တစ်ခုခုကို အနည်းဆုံးတစ်ခုလောက်ဖြစ်ဖြစ် နေ့တိုင်းလုပ်ပါ။

၅။ ဘဝဟာ အမြဲတမ်းပြောင်းလဲနေတယ်ဆိုတာ အသိအမှတ်ပြုပါ
သင့်မှာ အလုပ်ကောင်းကောင်း မရလို့၊ ဒါမှမဟုတ် ငွေရေးကြေးရေးက သင်မျှော်မှန်းထားသလေက် အဆင်မပြေလို့ စိတ်ဓာတ်ကျနေတယ်ဆိုရင် သင့်ရဲ့ လက်ရှိအခြေအနေဟာ အခြေအနေတစ်ခုမျှသာဖြစ်တယ်လို့ လက်ခံပါ။ အရာအားလုံးဟာ ပြောင်းလဲကြပါတယ်။

၆။ အကောင်းမြင်တတ်သူတွေနဲ့ ပေါင်းသင်းပါ
သင် အမြဲပေါင်းသင်းနေတဲ့သူတွေနဲ့ ပတ်သက်လို့ ဂရုစိုက်ပါ။ ပျော်ရွှင်တဲ့သူတွေ၊ အကောင်းမြင်တတ်သူတွေနဲ့ ပေါင်းသင်းမယ်ဆိုရင် သင်လည်း ပိုပြီးပျော်ရွှင်လာပါလိမ့်မယ်။ အကယ်၍ သင့်အပေါင်းအသင်းတွေဟာ အဆိုးမြင်တတ်သူတွေဖြစ်နေမယ်ဆိုရင်တော့ အဲဒီအတွေးတွေဟာ သင့်ကိုလည်း လွှမ်းမိုးလာနိုင်တယ်ဆိုတာ ဂရုပြုပါ။

၇။ အခြားသူတွေကို ကူညီပါ အခြားသူတွေကို များများကူညီလေ၊ သင့်ရဲ့ဘဝနဲ့ပတ်သက်လို့ ညည်းတွားနေဖို့ အချိန်မရလေပါပဲ။ ဒါတင်မကပါဘူး၊ လူတွေကို ကူညီခြင်းက သင့်ကို တကယ်ပဲ ပျော်ရွှင်စေနိုင်ပါတယ်။

၈။ TV ကြော်ငြာတွေ သိပ်မကြည့်ပါနဲ့
ကြော်ငြာတွေရဲ့အလုပ်က – သင့်ဘဝဟာ မပြည့်စုံဘူး၊ ဒါပေမဲ့ အဲဒါကို ကောင်းမွန်အောင် ပြုလုပ်နိုင်တယ်၊ အဲလိုပြုလုပ်ဖို့ သူတို့ရဲ့ နောက်ဆုံးပေါ် အဝတ်အစားတွေ၊ အသုံးအဆောင်တွေ၊ ကားတွေကို ဝယ်ရမယ်လို့ သင့်ကို ပြောဖို့ပါပဲ။ အဲဒီအလိမ်အညာတွေကို လက်မခံမိပါစေနဲ့။

၉။ သေးငယ်တဲ့အရာလေးတွေအပေါ်မှာ တန်ဖိုးထားတတ်လာပါစေ
သဘာဝလောကကြီးကို အသေအချာ ကြည့်ဖူးပါသလား။ မိုးကောင်းကင် ၊ တိရစ္တာန်လေးတွေ၊ အပင်တွေနဲ့ မြစ်ချောင်းတွေ။ ဒါတွေဟာ တကယ်ကို လှပပါတယ်။ အဲဒါတွေကို ရှာဖွေကြည့်ပါ။ ပြီးတော့ ဘဝကို သူ့အရှိအတိုင်း ချစ်မြတ်နိုးတတ်အောင် သင်ယူပါ။

၁၀။ ဘဝရဲ့သာယာပျော်ရွှင်မှုတွေ၊ အခွင့်အရေးတွေကို ရယူပါ
အခု သင့်မှာ အခွင့်အရေးရှိပါသေးတယ်- ဘဝရဲ့ကောင်းတဲ့အရာတွေကို ရှာဖွေပါ၊ ပျော်ရွှင်ပါ၊ ပြီးတော့ ဘဝကို ချစ်မြတ်နိုးပါ။

Ref; lifehacks

 

170 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.