ေရာင္စံုအုန္းႏို႔မုန္႔ၾကာေစ့ ျပဳလုပ္နည္း

အုန္းသီးဖတ္ေမႊးေမႊးနဲ႔ အရမ္းေသာက္လုိ႔ေကာင္းတဲ့ ေရာင္စံု အုန္းႏို႔မုန္႔ၾကာေစ့ျပဳလုပ္နည္းကို Trend ပရိသတ္ႀကီးအတြက္ ေဝမၽွေပးလိုက္ပါတယ္။ လုပ္စားၾကည့္ရေအာင္ေနာ္။

အုန္းႏို႔ျပဳလုပ္ရန္ ( ပါဝင္ပစၥည္းမ်ား )
၁။ အုန္းႏို႔ ၂ ဘူး
၂။ သၾကား ၂၀ က်ပ္သား
၃။ ဆား လက္ဖက္ရည္ဇြန္းတစ္ဝက္

ျပဳလုပ္နည္း – ဒယ္ထဲသို႔ အုန္းနုိ႔ရည္မ်ား ထည္႔ကာ သၾကား(၂၀က်ပ္သား) ထည္႔ျပီ သၾကားမ်ား အရည္ေပ်ာ္ေအာင္ အပူအနည္းငယ္ေပးလိုက္ပါ။ ျပီးလွ်င္ ဆားအနည္းငယ္ထည္႔ျပီ အုန္းနုိ႔ရည္မ်ားကို ျပန္အေအးခံထားေပးပါ။ အခ်ိဳေပၚမူတည္ၿပီး ေရကို နွစ္သက္သလို ေရာေပးလို႔ ရပါတယ္။

ေရာင္စံုမုန္႔ၾကာေစ့ျပဳလုပ္ရန္ ( ပါဝင္ပစၥည္းမ်ား )
၁။ ေကာက္ညႇင္းမႈန္႔ – ၄၀ဝ ဂရမ္
၂။ဆား – လက္ဖက္ရည္ဇြန္း ၁/၂ ဇြန္း
၃။ ထန္းလ်က္ – ၅၀ဝ ဂရမ္
၄။ အုန္းသီးဖတ္ – ၁ ခြက္
၅။ နို႔ဆီ – စားပြဲဇြန္း ၃ ဇြန္း
၆။ နို႔စိမ္း – ၁ ခြက္
၇။ ေရ – လိုသေလာက္ (မုန္႔သားနယ္လွ်င္ ေရလိုလွ်င္ ထည့္ပါ)
၈။ အစားအေသာက္အေရာင္ – ၂ စက္ (ႏွစ္သက္သလို အေရာင္ထည့္ရန္ )

ျပဳလုပ္နည္း
၁။ ဇလံုအႀကီးထဲ ေကာက္ညႇင္းမႈန္႔၊ ဆား၊ ႏို႔ဆီ၊ ႏို႔စိမ္း ၁ ခြက္ ထည့္ၿပီး မုန္႔ႏွစ္လံုးလို႔ ရေသာ အေနအထားအထိ လက္ျဖင့္ ေသခ်ာနယ္ပါ။
၂။ ၿပီးလွ်င္ အဖံုးအုပ္ၿပီး မိနစ္ ၃၀ ခန္႔ ႏွပ္ထားပါ။ မုန္႔ႏွစ္သားမ်ားကို လိုသေလာက္ ခြဲၿပီး အေရာင္မ်ား ထည့္ၿပီး နယ္ႏွပ္ပါ။
၃။ မုန္႔လံုးလံုးရန္ အသင့္ျဖစ္ပါက ေရေႏြးအိုးတစ္အိုးကို ဆူပြက္ေအာင္ တည္ထားပါ။ ေရေအးထည့္ထားေသာဇလံု အသင့္ထားပါ။
၅။ အားလံုးအသင့္ျဖစ္ပါက မုန္႔လံုး စတင္လံုးႏိုင္ပါၿပီ။ မုန္႔ႏွစ္ကို ၾကာေစ့အရြယ္ အလံုး ေလးမ်ား လံုးပါ။
၆။ ေရေႏြးအိုး ဆူပြက္ပါက လံုးထားၿပီးသား မုန္႔လံုးေလးမ်ားကို ထည့္၍ျပဳတ္ပါ။ ျပန္လည္ဆူပြက္ၿပီး မုန္႔လံုးေလးမ်ား ေရေပၚ ေပၚလာပါက မုန္႔လံုးက်က္ၿပီးျဖစ္၍ ဆယ္ယူၿပီး ေရခဲေရထည့္ထားေသာ ေရေအးဇလံုထဲ စိမ္ထားေပးပါ။
၇။ ေအးသြားေသာ မုန္႔လံုးကို ဆယ္ယူ၍ ခြက္ထဲ အေအးခံထားတဲ့ အုန္းႏို႔ရည္ထည့္ကာ အုန္းသီးဖတ္မ်ားထည့္ၿပီး တည္ခင္းပါ။

ခုဆိုရင္ေတာ့ အုန္းသီးဖတ္ေမႊးေမႊးေလးနဲ႔ အျမင္ဆန္းတဲ့ ေရာင္စံုမုန္႔ၾကာေစ့ အခ်ိဳပြဲေလးကို သံုးေဆာင္ႏုိင္ပါၿပီေနာ္။

[ Unicode ]

အုန်းသီးဖတ်မွှေးမွှေးနဲ့ အရမ်းသောက်လို့ကောင်းတဲ့ ရောင်စုံ အုန်းနို့မုန့်ကြာစေ့ပြုလုပ်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

အုန်းနို့ပြုလုပ်ရန် ( ပါဝင်ပစ္စည်းများ )
၁။ အုန်းနို့ ၂ ဘူး
၂။ သကြား ၂၀ ကျပ်သား
၃။ ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်

ပြုလုပ်နည်း – ဒယ်ထဲသို့ အုန်းနို့ရည်များ ထည့်ကာ သကြား(၂၀ကျပ်သား) ထည့်ပြီ သကြားများ အရည်ပျော်အောင် အပူအနည်းငယ်ပေးလိုက်ပါ။ ပြီးလျှင် ဆားအနည်းငယ်ထည့်ပြီ အုန်းနို့ရည်များကို ပြန်အအေးခံထားပေးပါ။ အချိုပေါ်မူတည်ပြီး ရေကို နှစ်သက်သလို ရောပေးလို့ ရပါတယ်။

ရောင်စုံမုန့်ကြာစေ့ပြုလုပ်ရန် ( ပါဝင်ပစ္စည်းများ )
၁။ ကောက်ညှင်းမှုန့် – ၄၀ဝ ဂရမ်
၂။ဆား – လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
၃။ ထန်းလျက် – ၅၀ဝ ဂရမ်
၄။ အုန်းသီးဖတ် – ၁ ခွက်
၅။ နို့ဆီ – စားပွဲဇွန်း ၃ ဇွန်း
၆။ နို့စိမ်း – ၁ ခွက်
၇။ ရေ – လိုသလောက် (မုန့်သားနယ်လျှင် ရေလိုလျှင် ထည့်ပါ)
၈။ အစားအသောက်အရောင် – ၂ စက် (နှစ်သက်သလို အရောင်ထည့်ရန် )

ပြုလုပ်နည်း
၁။ ဇလုံအကြီးထဲ ကောက်ညှင်းမှုန့်၊ ဆား၊ နို့ဆီ၊ နို့စိမ်း ၁ ခွက် ထည့်ပြီး မုန့်နှစ်လုံးလို့ ရသော အနေအထားအထိ လက်ဖြင့် သေချာနယ်ပါ။
၂။ ပြီးလျှင် အဖုံးအုပ်ပြီး မိနစ် ၃၀ ခန့် နှပ်ထားပါ။ မုန့်နှစ်သားများကို လိုသလောက် ခွဲပြီး အရောင်များ ထည့်ပြီး နယ်နှပ်ပါ။
၃။ မုန့်လုံးလုံးရန် အသင့်ဖြစ်ပါက ရေနွေးအိုးတစ်အိုးကို ဆူပွက်အောင် တည်ထားပါ။ ရေအေးထည့်ထားသောဇလုံ အသင့်ထားပါ။
၅။ အားလုံးအသင့်ဖြစ်ပါက မုန့်လုံး စတင်လုံးနိုင်ပါပြီ။ မုန့်နှစ်ကို ကြာစေ့အရွယ် အလုံး လေးများ လုံးပါ။
၆။ ရေနွေးအိုး ဆူပွက်ပါက လုံးထားပြီးသား မုန့်လုံးလေးများကို ထည့်၍ပြုတ်ပါ။ ပြန်လည်ဆူပွက်ပြီး မုန့်လုံးလေးများ ရေပေါ် ပေါ်လာပါက မုန့်လုံးကျက်ပြီးဖြစ်၍ ဆယ်ယူပြီး ရေခဲရေထည့်ထားသော ရေအေးဇလုံထဲ စိမ်ထားပေးပါ။
၇။ အေးသွားသော မုန့်လုံးကို ဆယ်ယူ၍ ခွက်ထဲ အအေးခံထားတဲ့ အုန်းနို့ရည်ထည့်ကာ အုန်းသီးဖတ်များထည့်ပြီး တည်ခင်းပါ။

ခုဆိုရင်တော့ အုန်းသီးဖတ်မွှေးမွှေးလေးနဲ့ အမြင်ဆန်းတဲ့ ရောင်စုံမုန့်ကြာစေ့ အချိုပွဲလေးကို သုံးဆောင်နိုင်ပါပြီနော်။

Ref; asianfood

 

1K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.