မ်က္ကပ္မွန္တပ္ရင္ သိထားရမဲ့ ေဆာင္ရန္၊ ေရွာင္ရန္မ်ား

ဖက္ရွင္တစ္ခုအေနနဲ႔ပဲတပ္တပ္၊ မ်က္စိက်န္းမာေရးအတြက္ပဲ တပ္တပ္ မ်က္ကပ္မွန္အသံုးျပဳတဲ့ Trend ပရိသတ္ႀကီးအတြက္ သိထားသင့္တဲ့ ေဆာင္ရန္ ေရွာင္ရန္ေတြကို ေဝမၽွေပးလို္က္ပါတယ္ေနာ္။ ၾကည္လင္ျပတ္သားျပီး က်န္းမာလွပသည့္ မ်က္လံုးပိုင္ရွင္မ်ားျဖစ္ၾကပါေစ။

၁။ ပါ၀ါမရိွတဲ့ အလွမ်က္ကပ္မွန္တပ္တာ ေရွရွည္မွာ မ်က္စိအတြက္ အႏၱရာယ္ရိွနိုင္ပါသလား။ ပါ၀ါမရိွတဲ့ မ်က္ကပ္မွန္ပဲျဖစ္ျဖစ္၊ ပါ၀ါမရိွတဲ့မ်က္ကပ္မွန္ပဲျဖစ္ျဖစ္ နည္းစနစ္တက် သံုးစြဲသူမ်ားအေနႏွင့္ ေရရွည္မွာ မ်က္လံုးအတြက္ လံုး၀အႏၱရာယ္မရိွႏိုင္ပါဘူး။

၂။ အလွမ်က္ကပ္မွန္တပ္ရင္ ဘယ္လို ေရွာင္ရန္၊ေဆာင္ရန္ေတြကို သိထားသင့္ပါသလဲ။
အလွမ်က္ကပ္မွန္တပ္မယ္ဆိုရင္ –
– ကၽြမ္းက်င္သူႏွင့္ ေဆြးေႏြးတိုင္ပင္ရန္လိုအပ္ပါတယ္။
– မ်က္ကပ္မွန္ အတပ္အျဖဳတ္ႏွင့္ မ်က္ကပ္မွန္ ပိုးသတ္ေဆးရည္ အသံုးျပဳနည္းတို႕ကိုလည္း ေသေသခ်ာခ်ာ သင္ယူၿပီးမွ အသံုးျပဳသင့္ပါတယ္။
– မိမိ ၀ယ္ယူတပ္ဆင္မယ့္မ်က္ကပ္မွန္သည္ လူခႏၶာကိုယ္မွာ အေရးၾကီးဆံုးျဖစ္သည့္ မ်က္လံုးအတြင္းထဲသို႕ တပ္ဆင္ရမွာျဖစ္လို႕ အလွတစ္ခုတည္းအတြက္မဟုတ္ပဲ က်န္းမာေရးနဲ႕ညီညြတ္တဲ့ ပစၥည္းအစစ္အမွန္လဲျဖစ္သင့္ပါတယ္။

၃။ မ်က္ကပ္မွန္ကို တစ္ေန႕အခ်ိန္ ဘယ္ေလာက္ပဲ တပ္ဆင္ သင့္ပါသလဲ။
FDA မွ Approved လုပ္ထားေသာ Fresh look & Big Eyes မ်က္ကပ္မွန္အမ်ိဳးအစားျဖစ္ရင္ေတာ့ မ်က္စိတြင္ ေအာက္ဆီဂ်င္ရေအာင္ တီထြင္ထားသည့္အတြက္ တစ္ေန႕တာလံုး တပ္ဆင္ထားႏိုင္ပါတယ္။ သာမန္ မ်က္ကပ္မွန္မ်ိုးကိုေတာ့ တစ္ေန႔ ၈ နာရီပဲ တင္ဆင္သင့္ပါတယ္။

၄။ မ်က္ကပ္မွန္ကို တပ္ဆင္တဲ့အခါ ဘယ္လိုေရြးခ်ယ္ တပ္ဆင္သင့္ပါသလဲ။
မ်က္ကပ္မွန္ကို တပ္ဆင္တဲ့အခါမွာ ကိုယ့္မ်က္လံုးထဲမွာ သက္သက္သာသာ ရိွေနေစဖို႕အတြက္ size မွန္ကန္ဖို႕လိုပါတယ္။ မ်က္စိေဆးခန္းမွာ ေသခ်ာစြာ size တိုင္းစစ္ေဆးျပီးမွာသာ အသံုးျပဳသင့္ပါတယ္။

၅။ မ်က္ကပ္မွန္ကို တပ္ဆင္သူေတြအေနနဲ႕ ပံုမွန္မ်က္စိစစ္ေဆးဖို႕ လိုအပ္ပါသလား။
လူတစ္ေယာက္အေနနဲ႕ မ်က္ကပ္မွန္တပ္သည္ျဖစ္ေစ မတပ္သည္ျဖစ္ေစ ပံုမွန္ ၆လတစ္ၾကိမ္ မ်က္စိစစ္ေဆးမႈျပဳလုပ္တာက မိမိမ်က္စိက်န္းမာေရးအတြက္ အေကာင္းဆံုးပါ။

၆။ မ်က္ကပ္မွန္ တပ္ဆင္တဲ့သူေတြ သတိျပဳစရာ အခ်က္ေတြက ဘာေတြလဲ။
သတိျပဳရမွာက အျမဲသန္႕ရွင္းစြာ ကိုင္တြယ္ရပါမည္။ မ်က္ကပ္မွန္ကို မ်က္ကပ္မွန္ေဆးရည္ ျဖင့္ ပံုမွန္ေဆးေၾကာၿပီး Container ထဲမွာ ပံုမွန္စိမ္ထားေပးရပါမည္။ ဘယ္ေသာအခါမွ မ်က္ကပ္မွန္တပ္ဆင္၍ မအိပ္သင့္ပါ။ ဖ်ားနာေနစဥ္မွာလည္း မ်က္ကပ္မွန္ကို မတပ္ဆင္သင့္ပါ။ မ်က္ကပ္မွန္အသံုးျပဳသူမ်ားသည္ မ်က္စိပိုေျခာက္လြယ္ပါသျဖင့္ မ်က္လံုးေခ်ာဆီအေနနဲ႕ Rewetting Eye Drop ကို တစ္ေန႕ႏွစ္ၾကိမ္ခန္႔ ထည့္ေပးပါက ပိုမိုေကာင္းမြန္ပါသည္။

[ Unicode ]

ဖက်ရှင်တစ်ခုအနေနဲ့ပဲတပ်တပ်၊ မျက်စိကျန်းမာရေးအတွက်ပဲ တပ်တပ် မျက်ကပ်မှန်အသုံးပြုတဲ့ Trend ပရိသတ်ကြီးအတွက် သိထားသင့်တဲ့ ဆောင်ရန် ရှောင်ရန်တွေကို ဝေမျှပေးလိုက်ပါတယ်နော်။ ကြည်လင်ပြတ်သားပြီး ကျန်းမာလှပသည့် မျက်လုံးပိုင်ရှင်များဖြစ်ကြပါစေ။

၁။ ပါဝါမရှိတဲ့ အလှမျက်ကပ်မှန်တပ်တာ ရှေရှည်မှာ မျက်စိအတွက် အန္တရာယ်ရှိနိုင်ပါသလား။ ပါဝါမရှိတဲ့ မျက်ကပ်မှန်ပဲဖြစ်ဖြစ်၊ ပါဝါမရှိတဲ့မျက်ကပ်မှန်ပဲဖြစ်ဖြစ် နည်းစနစ်တကျ သုံးစွဲသူများအနေနှင့် ရေရှည်မှာ မျက်လုံးအတွက် လုံးဝအန္တရာယ်မရှိနိုင်ပါဘူး။

၂။ အလှမျက်ကပ်မှန်တပ်ရင် ဘယ်လို ရှောင်ရန်၊ဆောင်ရန်တွေကို သိထားသင့်ပါသလဲ။
အလှမျက်ကပ်မှန်တပ်မယ်ဆိုရင် –
– ကျွမ်းကျင်သူနှင့် ဆွေးနွေးတိုင်ပင်ရန်လိုအပ်ပါတယ်။
– မျက်ကပ်မှန် အတပ်အဖြုတ်နှင့် မျက်ကပ်မှန် ပိုးသတ်ဆေးရည် အသုံးပြုနည်းတို့ကိုလည်း သေသေချာချာ သင်ယူပြီးမှ အသုံးပြုသင့်ပါတယ်။
– မိမိ ဝယ်ယူတပ်ဆင်မယ့်မျက်ကပ်မှန်သည် လူခန္ဓာကိုယ်မှာ အရေးကြီးဆုံးဖြစ်သည့် မျက်လုံးအတွင်းထဲသို့ တပ်ဆင်ရမှာဖြစ်လို့ အလှတစ်ခုတည်းအတွက်မဟုတ်ပဲ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ပစ္စည်းအစစ်အမှန်လဲဖြစ်သင့်ပါတယ်။

၃။ မျက်ကပ်မှန်ကို တစ်နေ့အချိန် ဘယ်လောက်ပဲ တပ်ဆင် သင့်ပါသလဲ။
FDA မှ Approved လုပ်ထားသော Fresh look & Big Eyes မျက်ကပ်မှန်အမျိုးအစားဖြစ်ရင်တော့ မျက်စိတွင် အောက်ဆီဂျင်ရအောင် တီထွင်ထားသည့်အတွက် တစ်နေ့တာလုံး တပ်ဆင်ထားနိုင်ပါတယ်။ သာမန် မျက်ကပ်မှန်မျိုးကိုတော့ တစ်နေ့ ၈ နာရီပဲ တင်ဆင်သင့်ပါတယ်။

၄။ မျက်ကပ်မှန်ကို တပ်ဆင်တဲ့အခါ ဘယ်လိုရွေးချယ် တပ်ဆင်သင့်ပါသလဲ။
မျက်ကပ်မှန်ကို တပ်ဆင်တဲ့အခါမှာ ကိုယ့်မျက်လုံးထဲမှာ သက်သက်သာသာ ရှိနေစေဖို့အတွက် size မှန်ကန်ဖို့လိုပါတယ်။ မျက်စိဆေးခန်းမှာ သေချာစွာ size တိုင်းစစ်ဆေးပြီးမှာသာ အသုံးပြုသင့်ပါတယ်။

၅။ မျက်ကပ်မှန်ကို တပ်ဆင်သူတွေအနေနဲ့ ပုံမှန်မျက်စိစစ်ဆေးဖို့ လိုအပ်ပါသလား။
လူတစ်ယောက်အနေနဲ့ မျက်ကပ်မှန်တပ်သည်ဖြစ်စေ မတပ်သည်ဖြစ်စေ ပုံမှန် ၆လတစ်ကြိမ် မျက်စိစစ်ဆေးမှုပြုလုပ်တာက မိမိမျက်စိကျန်းမာရေးအတွက် အကောင်းဆုံးပါ။

၆။ မျက်ကပ်မှန် တပ်ဆင်တဲ့သူတွေ သတိပြုစရာ အချက်တွေက ဘာတွေလဲ။
သတိပြုရမှာက အမြဲသန့်ရှင်းစွာ ကိုင်တွယ်ရပါမည်။ မျက်ကပ်မှန်ကို မျက်ကပ်မှန်ဆေးရည် ဖြင့် ပုံမှန်ဆေးကြောပြီး Container ထဲမှာ ပုံမှန်စိမ်ထားပေးရပါမည်။ ဘယ်သောအခါမှ မျက်ကပ်မှန်တပ်ဆင်၍ မအိပ်သင့်ပါ။ ဖျားနာနေစဉ်မှာလည်း မျက်ကပ်မှန်ကို မတပ်ဆင်သင့်ပါ။ မျက်ကပ်မှန်အသုံးပြုသူများသည် မျက်စိပိုခြောက်လွယ်ပါသဖြင့် မျက်လုံးချောဆီအနေနဲ့

Ref; goodhealth

100 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.