ငါးသံပုရာေပါင္း စားလို႔ေကာင္း

အဆီပိုေတြ ေရွာင္ဖို႔ ႏူးနူးညံ႔ညံ႔ ငါးအသားေလးကို သံပုရာသီးေလးနဲ႔ ေပါင္းစားၾကရေအာင္ေနာ္။ နာမည္ႀကီး ငါးသံပုရာေပါင္း ျပဳလုပ္နည္းကို Trend ပရိသတ္ႀကီးအတြက္ ေဝမၽွေပးလိုက္ပါတယ္။

ပါဝင္ပစၥည္းမ်ား
-ကကတစ္ငါးတေကာင္ (သို႔) ႏွစ္သက္ရာငါး
(ငါးအေကာင္လိုက္မေပါင္းရင္လည္း ငါးအတံုးေတြနဲ႔ ေပါင္းေပးလို႔ ရပါတယ္ )
-သံပုရာကြင္း ၆ ခု
-သံပုရာရည္၂ဇြန္း(စားပြဲတင္)
– ငံျပာရည္ဇြန္းဝက္(အခ်ိဳဇြန္း)
-ဂ်င္း အနည္းငယ္
-ၾကက္သြန္ျဖဴ ၂ဥ
-ငရုတ္သီး၂ေတာင္႔
– ေရွာက္ရြက္၄ရြက္
-ဆား
– ၾကက္သားမႈန္႕၂ဇြန္း(အခ်ိဳဇြန္း)

ျပဳလုပ္နည္း

-ငါးကိုသန္႔စင္ေအာင္ေဆးျပီး ကိုယ္ထည္ကို ၾကက္ေျခခတ္သ႑န္ ဓားေလးမ်ားျဖင့္မႊမ္းထားပါ။
-ဆားအနည္းငယ္၊ ၾကက္သားမႈန္႕၁ဇြန္းတို႕ျဖင့္နယ္ထားပါ။ ဂ်င္းကိုအေခ်ာင္းေလးမ်ားလီွးထားပါ။

-ၾကက္သြန္ျဖဴ၊ ငရုတ္သီး၂ေတာင္႔တို႕ကို ဓားျဖင့္ ႏုတ္ႏုတ္စဥ္းထားပါ။ သံပုရာရည္၊ ငံျပာရည္၊ ၾကက္သားမႈန္႕၁ဇြန္း တို႕ျဖင့္ေရာထားပါ။
-ထည့္ေပါင္းမဲ႔ Kitchen Foil ( ခဲပတ္ထဲ ) မွာျဖစ္ေစ (သို႔) ပန္းကန္ေပၚျဖစ္ေစ ဂ်င္း၊ ေရွာက္ရြက္၂ရြက္၊ သံပုရာကြင္း ၃ ခုတို႕ျဖန္႔ခင္းထားပါ။

-ငါးကိုအေပၚကခင္းကာ ဂ်င္း၊ ေရွာက္ရြက္၂ရြက္၊ သံပုရာကြင္း ၃ ခုတို႔ထပ္တင္ပါ။
– ေရာထားေသာ Sauceရည္ကိုအေပၚကျဖန္႔တင္ပါ။
-ျပီးမွ ေပါင္းအိုးထဲကို မိနစ္၃၀ခန္႕ေရေႏြးခံ ေပါင္းပါ။

ခုဆိုရင္ေတာ့ စားလို႔ အရမ္းေကာင္းတဲ့ ငါးသံပုရာေပါင္းကို သံုးေဆာင္ႏိုင္ပါၿပီေနာ္။

[ Unicode ]

အဆီပိုတွေ ရှောင်ဖို့ နူးနူးညံ့ညံ့ ငါးအသားလေးကို သံပုရာသီးလေးနဲ့ ပေါင်းစားကြရအောင်နော်။ နာမည်ကြီး ငါးသံပုရာပေါင်း ပြုလုပ်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
-ကကတစ်ငါးတကောင် (သို့) နှစ်သက်ရာငါး
(ငါးအကောင်လိုက်မပေါင်းရင်လည်း ငါးအတုံးတွေနဲ့ ပေါင်းပေးလို့ ရပါတယ် )
-သံပုရာကွင်း ၆ ခု
-သံပုရာရည်၂ဇွန်း(စားပွဲတင်)
– ငံပြာရည်ဇွန်းဝက်(အချိုဇွန်း)
-ဂျင်း အနည်းငယ်
-ကြက်သွန်ဖြူ ၂ဥ
-ငရုတ်သီး၂တောင့်
– ရှောက်ရွက်၄ရွက်
-ဆား
– ကြက်သားမှုန့်၂ဇွန်း(အချိုဇွန်း)

ပြုလုပ်နည်း

-ငါးကိုသန့်စင်အောင်ဆေးပြီး ကိုယ်ထည်ကို ကြက်ခြေခတ်သဏ္ဍန် ဓားလေးများဖြင့်မွှမ်းထားပါ။
-ဆားအနည်းငယ်၊ ကြက်သားမှုန့်၁ဇွန်းတို့ဖြင့်နယ်ထားပါ။ ဂျင်းကိုအချောင်းလေးများလှီးထားပါ။

-ကြက်သွန်ဖြူ၊ ငရုတ်သီး၂တောင့်တို့ကို ဓားဖြင့် နုတ်နုတ်စဉ်းထားပါ။ သံပုရာရည်၊ ငံပြာရည်၊ ကြက်သားမှုန့်၁ဇွန်း တို့ဖြင့်ရောထားပါ။
-ထည့်ပေါင်းမဲ့ Kitchen Foil ( ခဲပတ်ထဲ ) မှာဖြစ်စေ (သို့) ပန်းကန်ပေါ်ဖြစ်စေ ဂျင်း၊ ရှောက်ရွက်၂ရွက်၊ သံပုရာကွင်း ၃ ခုတို့ဖြန့်ခင်းထားပါ။

-ငါးကိုအပေါ်ကခင်းကာ ဂျင်း၊ ရှောက်ရွက်၂ရွက်၊ သံပုရာကွင်း ၃ ခုတို့ထပ်တင်ပါ။
– ရောထားသော Sauceရည်ကိုအပေါ်ကဖြန့်တင်ပါ။
-ပြီးမှ ပေါင်းအိုးထဲကို မိနစ်၃၀ခန့်ရေနွေးခံ ပေါင်းပါ။

ခုဆိုရင်တော့ စားလို့ အရမ်းကောင်းတဲ့ ငါးသံပုရာပေါင်းကို သုံးဆောင်နိုင်ပါပြီနော်။

Ref; asianfood

 

1K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.