ယောင်္ကျားလေးတွေ မသိတဲ့ မိန်းကလေးတွေအကြောင်း
[ Unicode ]
ချစ်သူယောင်္ကျားလေးကို နှုတ်က ဖွင့်မပြောဘဲ သိစေချင်တဲ့ ချစ်သူမိန်းကလေးတို့ရဲ့ ရင်တွင်းခံစားချက်လေးတွေကို Trend ပရိသတ်ကြီးအတွက် ဝေမျှလိုက်ပါတယ်။ ချစ်သူအချင်းချင်း နားလည်နိုင်ကြပါစေ။
၁။ ယောင်္ကျားလေးတွေမသိဘူး။ ဘာကြောင့် မိန်းကလေးတွေက သူ့ဆီဖုန်းဆက်စေချင်တာလဲ။ စာလေးတွေပို့စေချင်တာလဲဆိုတာကို…
မိန်းကလေးတွေက ဖွဲ့နွဲ့နေတဲ့စကားလုံးတွေကို လိုလားတာမဟုတ်ပါဘူး။ ချစ်သူကောင်လေးဘယ်လောက်အလုပ်ရှုပ်နေပါစေ၊ ချစ်သူ ကောင်မလေးကို သတိရနေပါတယ်ဆိုတာကို သိချင်နေတာကြောင့်ပါ။
၂။ ယောင်္ကျားလေးတွေ မသိဘူး။ မိန်းကလေးတွေက ဘာကြောင့် အစားသွားစားမယ်လို့ပြောတာကို…
မိန်းကလေးတွေက တကယ်စားချင်နေတာမဟုတ်ပါဘူး။ ချစ်သူနဲ့ နှစ်ယောက်ထဲ စားနေရတဲ့အချိန်ကို ကြည်နူးလို့ပါ။ နှစ်ယောက်ထဲကမ္ဘာမှာနေချင်တာကြောင့်ပါ။
၃။ ယောင်္ကျားလေးတွေမသိဘူး။ မိန်းကလေးတွေ ဘာကြောင့်လက်ဆောင်လိုချင်တာလဲ ဆိုတာကို…
မိန်းကလေးတွေကတောင်းဆိုလိုက်တဲ့အရာကို ယောင်္ကျားလေးတွေဝယ်ပေးမှာလား၊ မဝယ်ပေးဘူးလားဆိုတာကို သိချင်တာပါ။ အဓိကတော့ ချစ်သူအတွက် ဒီပိုက်ဆံကိုဖြုန်းပေးနိုင်လားဆိုတာကိုသိချင်တာပါ။
၄။ ယောင်္ကျားလေးတွေမသိဘူး။ မိန်းကလေးတွေဘာကြောင့်ယောင်္ကျားလေးကိုအလုပ်ကြိုးစား ခိုင်းတာလဲဆိုတာကို…
မိန်းကလေးက ယောင်္ကျားလေးလာတောင်းမဲ့နေ့ကို စောင့်မျှော်နေတာပါ။ အလုပ်တွေ အဆင်ပြေမှ သူတို့ရှေ့ရေးအေးရအောင်လို့ပါ။
၅။ ယောင်္ကျားလေးတွေမသိဘူး။ မိန်းကလေးတွေဘာကြောင့် တတွတ်တွတ်ရွတ်နေတာလဲ ဆိုတာကို…
မိန်းကလေးတွေလဲ အဘွားကြီးတယောက်အသွင်မဖြစ်ချင်ပါဘူး။ ဒါပေမဲ့ ယောင်္ကျားလေးအပေါ် ဂရုစိုက်တာတွေ စိတ်ပူတာတွေက အတိုင်းထက်လွန်သွားတာပါ။
၆။ ယောင်္ကျားလေးတွေမသိဘူး။ ဘာကြောင့် မိန်းကလေးတွေစိတ်တိုရင် လမ်းခွဲမယ်လို့ပြောတာလဲ ဆိုတာကို…
မိန်းကလေးးတွေတကယ်လမ်းခွဲချင်လို့မဟုတ်ပါဘူး။ ယောင်္ကျားလေးရဲ့ ယုယမှုတွေ အချစ်တွေကို သူတို့တွေ ပြန်ရှာယူတာပါ။
၇။ ယောင်္ကျားလေးတွေမသိဘူး။ ဘာကြောင့် ကောင်မလေးတွေ လမ်းခွဲပြီးနောက် ကောင်လေးကို သူငယ်ချင်းအသွင်နဲ့ ဂရုစိုက်နေသေးတာလဲ ဆိုတာကို…
မိန်းကလေးတွေ တကယ်တော့ သူငယ်ချင်းအဖြစ်ပြန်ဟန်ဆောင်ရတာရင်မောလှပါတယ်။ မိန်းကလေးက သူတို့ရဲ့အချစ်ကို ပြန်စောင့်စားမျှော်လင့်မိတာပါ။
၈။ ယောင်္ကျားလေးတွေမသိဘူး။ ဘာကြောင့် မိန်းကလေးတွေ လမ်းခွဲပြီးနောက် ညတိုင်းငိုနေရတာလဲ ဆိုတာကို…
မိန်းကလေးတွေသိတယ်။ ဒီညတာငိုကြွေးတာနဲ့ မအိပ်ခဲ့ဘူးဆိုရင် သူလွမ်းလို့အိပ်နိုင်မှာမဟုတ်ဘူး။
၉။ ယောင်္ကျားလေးတွေမသိဘူး။ ဘာကြောင့် မိန်းကလေးတွေ သူတို့ကို ရှောင်တာလဲဆိုတာကို…
မိန်းကလေးက ယောင်္ကျားလေးကို မတွေ့ချင်လို့မဟုတ်ပါဘူး။ တွေ့လိုက်ရင်သူ့ခံစားချက်တွေ ပေါ်လာပြီး အခြေအနေတွေ ဆိုးရွားသွားမှာကို မလိုလားလို့ပါ။
၁၀။ ယောင်္ကျားလေးတွေမသိဘူး။ ဘာကြောင့် မိန်းကလေးတွေစိတ်ကောက်ရတာလဲ ဆိုတာကို…
ချစ်တဲ့သူကိုသာစိတ်ကောက်တာပါ။ ချစ်တဲ့သူကို အရေးလုပ်လို့… သူ့ကိုနားလည်စေချင်လို့ပါ။
၁၁။ ယောင်္ကျားလေးတွေမသိဘူး။ ဘာကြောင့် မိန်းကလေးတွေ စိတ်လဲမကောက် ရန်လဲမဖြစ်ပဲ တိတ်ဆိတ်နေရတာလဲဆိုတာကို…
မိန်းကလေးတွေ ခံစားနေရတာဘယ်လောက်နာကျင်နေပါစေ..တခါတခါ ယောင်္ကျားလေးတွေရဲ့စိတ်ကို သူတို့ပြောင်းလဲလို့ရတာမဟုတ်လို့ မိန်းကလေးက သူ့ရဲ့စိတ်ကို ငြိမ်သွားအောင် တိတ်တိတ်နေလိုက်တာပါ။
၁၂။ ယောင်္ကျားလေးတွေမသိဘူး။ ဘာကြောင့် မိန်းကလေးတွေအရင်ရည်းစားကို မေးမေးနေတာလဲဆိုတာကို…
မိန်းကလေးတွေက အရင်ရည်းစားလို သူ့ကိုချန်ထားခဲ့မှာစိုးရိမ်နေတာကြောင့်ပါ။
Ref; rsgoals
2K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.