လူကို ေႏြးေထြးျခင္းေတြ ေပးမဲ့ စကား ၅ ခြန္း

၁။ “နင့္ကိုငါခ်စ္တယ္”
ဒီစကားတစ္ခြန္းကို သင္ၾကားလိုက္ရၿပီဆိုရင္ သင္ဟာ တျခားသူရဲ႕ခ်စ္ျခင္းကို ခံလိုက္ရတာျဖစ္ပါတယ္။ ေလာကမွာ အခ်စ္ခံရထက္တာ ပိုခ်ဳိၿမိန္၊ ပိုေပ်ာ္ရႊင္တဲ့အရာ ရွိႏိုင္ဦးမလား။ တကယ္လို႔ ဒီလိုစကားတစ္ခြန္းကို သင္လည္း ေျပာလိုက္ၿပီဆိုရင္ စိတ္ကူးထဲကအေဖာ္ကို သင္ရွာေတြ႔ၿပီျဖစ္ေၾကာင္း ျပေနပါတယ္။လူ႔ပင္လယ္ထဲမွာ ကူးခပ္ရင္း တစ္ေန႔ေန႔ တစ္ခ်ိန္ခ်ိန္ သင္မ်က္စိျဖတ္ခနဲအလက္”ေဟာ.. သူ(သူမ)ပဲ !”ဆိုတဲ့ အေဖာ္ကို သင္ေတြ႔သြားခဲ့တယ္။အခ်စ္ရွိၿပီဆိုရင္ အထီးမက်န္ေတာ့ဘူး။ အခ်စ္ရွိၿပီဆိုရင္စိတ္မေလေတာ့ဘူး။ အခ်စ္ရွိၿပီဆိုရင္ စိတ္မေတြေဝေတာ့ဘူး။ အခ်စ္ရွိၿပီဆိုရင္ေပါ့ေပါ့ေနလို႔မျဖစ္ေတာ့ဘူး။ အခ်စ္က ေရြးခ်ယ္ျခင္းတစ္မ်ဳိး၊ အခ်စ္က ေပ်ာ္ရႊင္ျခင္းတစ္မ်ဳိး၊ အခ်စ္ကအားအင္တစ္မ်ဳိး၊ အခ်စ္က တာဝန္တစ္မ်ဳိး ျဖစ္ပါတယ္။

၂။ “အခုပဲလာခဲ့မယ္”
လူတိုင္းမွာ အကူအညီလိုတဲ့အခ်ိန္ေတြ ရွိပါတယ္။တစ္ပတ္ေလာက္ ပင္ပင္ပန္းပန္းအလုပ္လုပ္ၿပီး နားရက္မွာ သင္အနားယူေနတုန္း ရုတ္တရက္အိမ္ကေရစက္ေခါင္းပ်က္သြားတယ္။ေရပိုက္ျပင္သမားကို သင္ ခ်က္ခ်င္းဖုန္းဆက္ေတာ့ သူက “ကၽြန္ေတာ္အခုပဲလာခဲ့မယ္” လို႔ ျပန္ေျဖတဲ့အခ်ိန္ သင့္စိတ္ သက္သာရာရသြားတယ္။ သင္ ကားေမာင္းေနတုန္း လမ္းတစ္ေနရာမွာ ရုတ္တရက္ ကားပ်က္သြားတယ္။ ေနာက္ကားေတြက သင့္ကားေနာက္တန္းစီၿပီး ဟြန္းအဆက္မျပတ္တီးေနတယ္။ သင္စိတ္ပူပန္လႈပ္ရွားၿပီ းသူငယ္ခ်င္းတစ္ေယာက္ကို သင္ ဖုန္းဆက္တယ္။ သူငယ္ခ်င္းရဲ႕ “ငါအခုပဲလာခဲ့မယ္”ဆိုတဲ့စကားက သင့္ရင္ထဲက အစိုင္အခဲကိုေျပေလ်ာ့သြားေစပါတယ္။

၃။ “မင္းလုပ္ႏိုင္တယ္ဆိုတာ ငါယံုတယ္”
ဆရာတစ္ဦးက ေျပာျပဖူးတယ္။ေက်ာင္းသားေတြကို သူအခ်က္က်က် ကိုင္တြယ္နည္းက ေက်ာင္းသားေတြနဲ႔ အၿမဲတမ္း ႏွစ္ကိုယ္ၾကား ေဆြးေႏြးတာပဲျဖစ္တယ္။အမွတ္ေကာင္းတဲ့ ေက်ာင္းသားျဖစ္ျဖစ္၊အမွတ္မေကာင္းတဲ့ ေက်ာင္းသားျဖစ္ျဖစ္ဆရာအၿမဲေျပာေလ့ရွိတာက… “မင္းလုပ္ႏိုင္တယ္ဆိုတာဆရာယံုတယ္”ဆိုတာပဲျဖစ္တယ္။ဒါေၾကာင့္သူသင္ဖူးတဲ့ ေက်ာင္းသားတိုင္းလိုလိုဟာမိမိကိုယ္ကုိယ္ယံုၾကည္စိတ္ အျပည့္ရွိသူေတြျဖစ္တယ္။”လုပ္ႏိုင္သူ”ေတြက “ပိုလုပ္ႏိုင္”ခဲ့ၾကၿပီး “မလုပ္ႏိုင္သူ”ေတြလည္း”လုပ္ႏိုင္”ခဲ့ၾကတယ္။ ဆြန္ယက္ဆင္ ေျပာခဲ့တဲ့စကားတစ္ခြန္းကိုကၽြန္ေတာ္အမွတ္ရမိပါတယ္။”စိတ္ထဲမွာလုပ္ႏိုင္တယ္ဆိုတဲ့ယံုၾကည္မႈရွိရင္ ေတာင္ကိုေရြ႔တာပဲျဖစ္ျဖစ္၊ ပင္လယ္ကို ေျမဖို႔တာပဲျဖစ္ျဖစ္ ေနာက္ဆံုးမွာ ၿပီးေျမာက္ေအာင္လုပ္ႏိုင္တယ္။တကယ္လို႔ စိတ္ထဲမွာ လုပ္ႏိုင္မွာမဟုတ္ဘူးလို႔ ယံုၾကည္မႈရွိရင္ ….လက္ဖဝါးလွည့္တာ၊ သစ္ကိုင္းကိုခ်ဳိးတာေလာက္ လြယ္ကူတဲ့အလုပ္ကိုေတာင္ၿပီးေျမာက္ေအာင္ လုပ္ႏိုင္မွာမဟုတ္ပါဘူး”ေက်ာင္းသားေတြမွ မဟုတ္ပါဘူး။ လူႀကီးေတြလည္း အဲဒီလိုပဲျဖစ္တယ္။လူတစ္ေယာက္ဟာ အခက္အခဲႀကံဳခ်ိန္၊ အမွားလုပ္မိခ်ိန္၊ဒါမွမဟုတ္ေတြေဝဆံုးျဖတ္ရခက္ေနခ်ိန္မွာ …သူ႔ရဲ႕လမ္းညႊန္သူ ဒါမွမဟုတ္ သူ႔သူငယ္ခ်င္းက “မင္းကို ငါယံုတယ္”၊ “မင္းလုပ္ႏိုင္တယ္ဆိုတာ ငါသိတယ္”ဆိုတဲ့စကားတစ္ခြန္း ေျပာေပးရံုနဲ႔ …သူ႔ကိုသတၱိအင္အားေတြ ျပန္လည္ျပည့္တင္းေစပါတယ္။

၄။ “မင္းလမ္းမင္းေလွ်ာက္ သူတို႔ေျပာခ်င္ရာ ေျပာပါေစ”
“တကယ္လို႔ တျခားလူ မရယူႏိုင္တဲ့အရာကို သင္ ရယူခ်င္ရင္ သူတို႔မေပးဆပ္ႏိုင္တဲ့အရာကို သင္ ေပးဆပ္ရလိမ့္မယ္။တကယ္လို႔ တျခားလူအနားယူခ်ိန္ သင္လည္းအနားယူမယ္၊ တျခားလူအလုပ္လုပ္ခ်ိန္မွ သင္ အလုပ္လုပ္မယ္။တျခားလူ ဘဝကို ဘယ္လိုျဖတ္သန္းရင္ သင္လည္းသူတို႔အတိုင္း ျဖတ္သန္းမယ္ဆိုရင္ သူတို႔ရတာပဲ သင္ ရလိမ့္မယ္”ဘဝမွာ ေအာင္ျမင္သူေတြဟာ တျခားလူထက္ ေဝးေဝးၾကည့္တယ္၊ တျခားလူထက္ နက္နက္ေတြးတယ္၊ တျခားလူထက္ ပိုအလုပ္လုပ္တယ္။အဲဒီလိုပဲ အတင္းအဖ်င္း၊ ေကာလဟာလေတြလည္း သူတို႔နဲ႔အေဖာ္ျပဳတာ ခံရတယ္။ ဒါေၾကာင့္ တျခားလူဆီကေန မတူတဲ့အသံကိုၾကားရတဲ့အခါ ကိုယ့္ရဲ႕ျပဳမူေျပာဆိုမႈကိုဆန္းစစ္ရသလို၊ ကိုယ့္ရဲ႕ဆံုးျဖတ္ခ်က္ကိုလည္း ပိုခိုင္ၿမဲေအာင္လုပ္ရပါတယ္။”သူတုိ႔ေျပာခ်င္ရာ ေျပာပါေစ… ကဲ့ရဲ႕ေဝဖန္ အတင္းအဖ်င္းေျပာသူေတြရဲ႕ ခ်ီးက်ဴးစကားက ကိုယ္ေအာင္ျမင္မႈရၿပီးခ်ိန္မွ ၾကားရတတ္တဲ့ စကားျဖစ္တယ္”။

၅။ “မင္းမွန္တာလည္း ျဖစ္ႏိုင္ပါတယ္”
ဒီလိုစကားတစ္ခြန္းက တိုက္ပဲြထဲကလူတစ္ေယာက္ကို လက္နက္ခ်ခိုင္းသလိုပါပဲ..ျငင္းခုန္ရန္ျဖစ္ပဲြမွာ အမွားကိုဝန္ခံတာဟာ အရမ္းမ်က္ႏွာသာမဲ့ေစတဲ့လုပ္ရပ္ပါ။ဒါေပမယ့္အေျခအေန ေတာ္ေတာ္မ်ားမ်ားမွာဒီလိုစကားတစ္ခြန္းက ေဒါသေၾကာင့္ေတာက္ေလာက္မယ့္မီးကို အခ်ိန္မီၿငိမ္းေစႏိုင္သလို၊ပြက္ေလာရိုက္ေနတဲ့ဦးေႏွာက္ကိုခ်ဳပ္ၿငိမ္းေစႏိုင္သလို၊ခ်ိန္ရြယ္ထားတဲ့လက္သီးကို ျဖည္ေလ်ာ့ေစႏိုင္သလို၊ကဲြျပားတဲ့အေတြးအျမင္ကို တစ္ေနရာတည္းမွာစုဆံုေစႏိုင္ပါတယ္။ထိခိုက္ဒဏ္ရာနဲ႔ ဆံုးရႈံးမႈကို ကာကြယ္တားဆီးႏိုင္သလိုအဖဲြ႔ရဲ႕စည္းလံုးျခင္းနဲ႔ တည္ၿငိမ္ျခင္းကိုလည္း ထိန္းခ်ဳပ္ႏိုင္ပါတယ္။ ဒီလိုစကားတစ္ခြန္းက မိသားစုအျငင္းပြားမႈမွာ ပိုအသံုးဝင္ပါတယ္။လင္မယားၾကားမွာ ကိစၥေသးေသးမႊားမႊားနဲ႔ စကားမ်ားရန္ျဖစ္တဲ့အခါ .. တကယ္လို႔ တစ္ေယာက္ေယာက္က ဒီစကားကိုအရင္ဆံုးေျပာလိုက္ရင္ သေဘာထားကဲြလဲြမႈကိုရပ္တန္႔ေစႏိုင္ပါတယ္။ ႏွစ္ဦးႏွစ္ဖက္ ေသြးေအးသြားမွ ျပႆနာရဲ႕အရင္းအျမစ္ကိုရွာၿပီးေျဖရွင္းႏိုင္ပါတယ္။ အခ်င္းခ်င္းခ်စ္ႀကိဳက္လို႔အတူတကြေပါင္းဖက္ၾကၿပီးမွ ျပႆနာအေသးအမႊားနဲ႔ဘာေၾကာင့္ ႏွစ္ဦးႏွစ္ဖက္ဒဏ္ရာရထိခိုက္ေအာင္ ေျပာဆိုျငင္းခုန္ၾကမလဲ ?”မင္းမွန္တာလည္း ျဖစ္ႏိုင္ပါတယ္” ဆိုတဲ့စကားတစ္ခြန္းက ဘာမွကိုမဆံုးရႈံးေစႏိုင္ပါဘူး။

[ Unicode ]

၁။ “နင့်ကိုငါချစ်တယ်”
ဒီစကားတစ်ခွန်းကို သင်ကြားလိုက်ရပြီဆိုရင် သင်ဟာ တခြားသူရဲ့ချစ်ခြင်းကို ခံလိုက်ရတာဖြစ်ပါတယ်။လောကမှာ အချစ်ခံရထက်တာ ပိုချိုမြိန်၊ ပိုပျော်ရွှင်တဲ့အရာ ရှိနိုင်ဦးမလား။ တကယ်လို့ ဒီလိုစကားတစ်ခွန်းကို သင်လည်း ပြောလိုက်ပြီဆိုရင် စိတ်ကူးထဲကအဖော်ကို သင်ရှာတွေ့ပြီဖြစ်ကြောင်း ပြနေပါတယ်။လူ့ပင်လယ်ထဲမှာ ကူးခပ်ရင်း တစ်နေ့နေ့ တစ်ချိန်ချိန် သင်မျက်စိဖြတ်ခနဲအလက်”ဟော.. သူ(သူမ)ပဲ !”ဆိုတဲ့ အဖော်ကို သင်တွေ့သွားခဲ့တယ်။အချစ်ရှိပြီဆိုရင် အထီးမကျန်တော့ဘူး။ အချစ်ရှိပြီဆိုရင်စိတ်မလေတော့ဘူး။ အချစ်ရှိပြီဆိုရင် စိတ်မတွေဝေတော့ဘူး။ အချစ်ရှိပြီဆိုရင်ပေါ့ပေါ့နေလို့မဖြစ်တော့ဘူး။အချစ်က ရွေးချယ်ခြင်းတစ်မျိုး၊ အချစ်က ပျော်ရွှင်ခြင်းတစ်မျိုး၊ အချစ်ကအားအင်တစ်မျိုး၊ အချစ်က တာဝန်တစ်မျိုး ဖြစ်ပါတယ်။

၂။ “အခုပဲလာခဲ့မယ်”
လူတိုင်းမှာ အကူအညီလိုတဲ့အချိန်တွေ ရှိပါတယ်။တစ်ပတ်လောက် ပင်ပင်ပန်းပန်းအလုပ်လုပ်ပြီး နားရက်မှာ သင်အနားယူနေတုန်း ရုတ်တရက်အိမ်ကရေစက်ခေါင်းပျက်သွားတယ်။ရေပိုက်ပြင်သမားကို သင်ချက်ချင်းဖုန်းဆက်တော့ သူက “ကျွန်တော်အခုပဲလာခဲ့မယ်” လို့ ပြန်ဖြေတဲ့အချိန် သင့်စိတ်သက်သာရာရသွားတယ်။သင်ကားမောင်းနေတုန်း လမ်းတစ်နေရာမှာ ရုတ်တရက် ကားပျက်သွားတယ်။ နောက်ကားတွေကသင့်ကားနောက်တန်းစီပြီး ဟွန်းအဆက်မပြတ်တီးနေတယ်။သင်စိတ်ပူပန်လှုပ်ရှားပြီးသူငယ်ချင်းတစ်ယောက်ကို သင်ဖုန်းဆက်တယ်။သူငယ်ချင်းရဲ့ “ငါအခုပဲလာခဲ့မယ်”ဆိုတဲ့စကားက သင့်ရင်ထဲက အစိုင်အခဲကိုပြေလျော့သွားစေပါတယ်။

၃။ “မင်းလုပ်နိုင်တယ်ဆိုတာ ငါယုံတယ်”
ဆရာတစ်ဦးက ပြောပြဖူးတယ်။ကျောင်းသားတွေကို သူအချက်ကျကျ ကိုင်တွယ်နည်းက ကျောင်းသားတွေနဲ့ အမြဲတမ်း နှစ်ကိုယ်ကြား ဆွေးနွေးတာပဲဖြစ်တယ်။အမှတ်ကောင်းတဲ့ ကျောင်းသားဖြစ်ဖြစ်၊အမှတ်မကောင်းတဲ့ ကျောင်းသားဖြစ်ဖြစ်ဆရာအမြဲပြောလေ့ရှိတာက… “မင်းလုပ်နိုင်တယ်ဆိုတာဆရာယုံတယ်”ဆိုတာပဲဖြစ်တယ်။ဒါကြောင့်သူသင်ဖူးတဲ့ ကျောင်းသားတိုင်းလိုလိုဟာမိမိကိုယ်ကိုယ်ယုံကြည်စိတ် အပြည့်ရှိသူတွေဖြစ်တယ်။”လုပ်နိုင်သူ”တွေက “ပိုလုပ်နိုင်”ခဲ့ကြပြီး “မလုပ်နိုင်သူ”တွေလည်း”လုပ်နိုင်”ခဲ့ကြတယ်။ ဆွန်ယက်ဆင် ပြောခဲ့တဲ့စကားတစ်ခွန်းကိုကျွန်တော်အမှတ်ရမိပါတယ်။”စိတ်ထဲမှာလုပ်နိုင်တယ်ဆိုတဲ့ယုံကြည်မှုရှိရင် တောင်ကိုရွေ့တာပဲဖြစ်ဖြစ်၊ ပင်လယ်ကို မြေဖို့တာပဲဖြစ်ဖြစ် နောက်ဆုံးမှာ ပြီးမြောက်အောင်လုပ်နိုင်တယ်။တကယ်လို့ စိတ်ထဲမှာ လုပ်နိုင်မှာမဟုတ်ဘူးလို့ ယုံကြည်မှုရှိရင် ….လက်ဖဝါးလှည့်တာ၊ သစ်ကိုင်းကိုချိုးတာလောက် လွယ်ကူတဲ့အလုပ်ကိုတောင်ပြီးမြောက်အောင် လုပ်နိုင်မှာမဟုတ်ပါဘူး”ကျောင်းသားတွေမှ မဟုတ်ပါဘူး။ လူကြီးတွေလည်း အဲဒီလိုပဲဖြစ်တယ်။လူတစ်ယောက်ဟာ အခက်အခဲကြုံချိန်၊ အမှားလုပ်မိချိန်၊ဒါမှမဟုတ်တွေဝေဆုံးဖြတ်ရခက်နေချိန်မှာ …သူ့ရဲ့လမ်းညွှန်သူ ဒါမှမဟုတ် သူ့သူငယ်ချင်းက “မင်းကို ငါယုံတယ်”၊ “မင်းလုပ်နိုင်တယ်ဆိုတာ ငါသိတယ်”ဆိုတဲ့စကားတစ်ခွန်း ပြောပေးရုံနဲ့ …သူ့ကိုသတ္တိအင်အားတွေ ပြန်လည်ပြည့်တင်းစေပါတယ်။

၄။ “မင်းလမ်းမင်းလျှောက် သူတို့ပြောချင်ရာ ပြောပါစေ”
“တကယ်လို့ တခြားလူ မရယူနိုင်တဲ့အရာကို သင် ရယူချင်ရင် သူတို့မပေးဆပ်နိုင်တဲ့အရာကို သင် ပေးဆပ်ရလိမ့်မယ်။တကယ်လို့ တခြားလူအနားယူချိန် သင်လည်းအနားယူမယ်၊ တခြားလူအလုပ်လုပ်ချိန်မှ သင် အလုပ်လုပ်မယ်။တခြားလူ ဘဝကို ဘယ်လိုဖြတ်သန်းရင် သင်လည်းသူတို့အတိုင်း ဖြတ်သန်းမယ်ဆိုရင် သူတို့ရတာပဲ သင် ရလိမ့်မယ်”ဘဝမှာ အောင်မြင်သူတွေဟာ တခြားလူထက် ဝေးဝေးကြည့်တယ်၊ တခြားလူထက် နက်နက်တွေးတယ်၊ တခြားလူထက် ပိုအလုပ်လုပ်တယ်။အဲဒီလိုပဲ အတင်းအဖျင်း၊ ကောလဟာလတွေလည်း သူတို့နဲ့အဖော်ပြုတာ ခံရတယ်။ ဒါကြောင့် တခြားလူဆီကနေ မတူတဲ့အသံကိုကြားရတဲ့အခါ ကိုယ့်ရဲ့ပြုမူပြောဆိုမှုကိုဆန်းစစ်ရသလို၊ ကိုယ့်ရဲ့ဆုံးဖြတ်ချက်ကိုလည်း ပိုခိုင်မြဲအောင်လုပ်ရပါတယ်။”သူတို့ပြောချင်ရာ ပြောပါစေ… ကဲ့ရဲ့ဝေဖန် အတင်းအဖျင်းပြောသူတွေရဲ့ ချီးကျူးစကားက ကိုယ်အောင်မြင်မှုရပြီးချိန်မှ ကြားရတတ်တဲ့ စကားဖြစ်တယ်”။

၅။ “မင်းမှန်တာလည်း ဖြစ်နိုင်ပါတယ်”
ဒီလိုစကားတစ်ခွန်းက တိုက်ပွဲထဲကလူတစ်ယောက်ကို လက်နက်ချခိုင်းသလိုပါပဲ..ငြင်းခုန်ရန်ဖြစ်ပွဲမှာ အမှားကိုဝန်ခံတာဟာ အရမ်းမျက်နှာသာမဲ့စေတဲ့လုပ်ရပ်ပါ။ဒါပေမယ့်အခြေအနေ တော်တော်များများမှာဒီလိုစကားတစ်ခွန်းက ဒေါသကြောင့်တောက်လောက်မယ့်မီးကို အချိန်မီငြိမ်းစေနိုင်သလို၊ပွက်လောရိုက်နေတဲ့ဦးနှောက်ကိုချုပ်ငြိမ်းစေနိုင်သလို၊ချိန်ရွယ်ထားတဲ့လက်သီးကို ဖြည်လျော့စေနိုင်သလို၊ကွဲပြားတဲ့အတွေးအမြင်ကို တစ်နေရာတည်းမှာစုဆုံစေနိုင်ပါတယ်။ထိခိုက်ဒဏ်ရာနဲ့ ဆုံးရှုံးမှုကို ကာကွယ်တားဆီးနိုင်သလိုအဖွဲ့ရဲ့စည်းလုံးခြင်းနဲ့ တည်ငြိမ်ခြင်းကိုလည်း ထိန်းချုပ်နိုင်ပါတယ်။ ဒီလိုစကားတစ်ခွန်းက မိသားစုအငြင်းပွားမှုမှာ ပိုအသုံးဝင်ပါတယ်။လင်မယားကြားမှာ ကိစ္စသေးသေးမွှားမွှားနဲ့ စကားများရန်ဖြစ်တဲ့အခါ .. တကယ်လို့ တစ်ယောက်ယောက်က ဒီစကားကိုအရင်ဆုံးပြောလိုက်ရင် သဘောထားကွဲလွဲမှုကိုရပ်တန့်စေနိုင်ပါတယ်။ နှစ်ဦးနှစ်ဖက် သွေးအေးသွားမှ ပြဿနာရဲ့အရင်းအမြစ်ကိုရှာပြီးဖြေရှင်းနိုင်ပါတယ်။ အချင်းချင်းချစ်ကြိုက်လို့အတူတကွပေါင်းဖက်ကြပြီးမှ ပြဿနာအသေးအမွှားနဲ့ဘာကြောင့် နှစ်ဦးနှစ်ဖက်ဒဏ်ရာရထိခိုက်အောင် ပြောဆိုငြင်းခုန်ကြမလဲ ?”မင်းမှန်တာလည်း ဖြစ်နိုင်ပါတယ်” ဆိုတဲ့စကားတစ်ခွန်းက ဘာမှကိုမဆုံးရှုံးစေနိုင်ပါဘူး။

Ref; lifehacks

 

1K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.