အက်ိဳးေက်းဇူးမ်ားတဲ့ သည္းခံခြင့္လႊတ္ျခင္းတရား

သည္းခံခြင့္လႊတ္ျခင္းကို လက္ကိုင္ထားၿပီး ကုိယ့္ကိုယ္ကိုယ္အတြက္ေရာ၊ ကိုယ့္ပတ္၀န္းက်င္အတြက္ေရာ ပိုသာယာတဲ့ဘ၀ေတြ တည္ေဆာက္ႏိုင္ပါတယ္။ ဒါေတြကေတာ့ သည္းခံခြင့္လႊတ္လိုက္လို႔ ရရွိလာမဲ့ အက်ိဳးေက်းဇူးေတြ ျဖစ္ပါတယ္။ ဖတ္ၾကည့္လိုက္ပါဦး။

၁။ နာက်င္မႈ ေလ်ာ့နည္းေစတယ္
ကိုယ္လက္နာက်င္ကိုက္ခဲမႈက တစ္ခါတစ္ေလ စိတ္ပုိင္းဆိုင္ရာေၾကာင့္လည္း ျဖစ္တတ္ပါတယ္။ စိတ္ထဲမွာ တစ္ခုခုကို အခဲမေက်တာ ဒါမွမဟုတ္လည္း ကိုယ္မဟုတ္တာ တစ္ခုခုလုပ္မိလို႔ မလံုမလဲျဖစ္ေနတဲ့အခါ စိတ္က အရမ္းဖိအား မ်ားလာတတ္ပါတယ္။ ဒီအခါ တခ်ဳိ႕က ကိုယ္လက္ေတြ နာက်င္ကိုက္ခဲလာတတ္ၾကပါတယ္။ ဒီအခါမွာ ကိုယ္က နားလည္ေပးမႈ၊ ခြင့္လႊတ္ေပးလိုက္မႈေတြ လုပ္လိုက္ရင္ ဒီေ၀ဒနာေတြ ေလ်ာ့ပါးသြားေစတတ္တာကိုလည္း ေတြ႔ရမွာပါ။

၂။ ေသြးတိုး က်ေစတယ္
ေဒါသစိတ္ေတြ၊ မေက်နပ္ခ်က္ေတြ ေလ်ာ့ပါးသြားတာနဲ႔အမွ် ႏွလံုးခုန္ႏႈန္းလည္း ေႏွးလာၿပီး တစ္ဆက္တည္း ေသြးေပါင္ခ်ိန္ပါ က်ဆင္းလာပါတယ္။ ဒီလိုက်လာတာေၾကာင့္ ခႏၶာကိုယ္တြင္းက ဇီ၀ျဖစ္စဥ္ေျပာင္းလဲမႈေတြနဲ႔ ႏွလံုးရဲ႕လုပ္ေဆာင္မႈေတြနဲ႔ စည္းခ်က္ ညီလာေစပါတယ္။

၃။ စိတ္ဖိစီးမႈ ေလ်ာ့ေစတယ္
ကိုယ့္စိတ္ထဲကျဖစ္ေစ၊ မသိစိတ္ထဲကျဖစ္ေစ တစ္စုံတစ္ေယာက္ကို မေက်နပ္တဲ့အခါ ေတြးမိေနတဲ့အခါ စိတ္က အလုိလို ဖိစီးမႈျဖစ္လာပါတယ္။ ဒါေပမဲ့ ကိုယ့္စိတ္က ခြင့္လႊတ္ေပးလိုက္တဲ့အခါ စိတ္က ၀န္ေပါ့သြားသလိုပါပဲ၊ သူထမ္းထားရတဲ့ စိတ္ညစ္စရာအေတြးေတြ မရွိေတာ့တာေၾကာင့္ လူကလည္း ပိုၿပီး လန္းဆန္းသြားပါတယ္။

၄။ ရန္လိုစိတ္ နည္းလာမယ္
သည္းခံတတ္တဲ့သူက ကိုယ့္ကိုယ္ကိုေရာ တစ္ပါးသူကိုပါ ပိုၿပီး နားလည္ေပးႏိုင္ပါတယ္။ ေန႔စဥ္ သြားလာ လႈပ္ရွားေနတဲ့ကိစၥေတြမွာ သည္းခံစိတ္ေလး နည္းနည္းပိုထားလိုက္ရင္ မလိုလားအပ္တဲ့ ျပႆနာေတြကို အမ်ားႀကီး ေလ်ာ့ခ်ေပးႏိုင္ပါတယ္။ ဥပမာ- ယာဥ္တုိက္မႈ တစ္ခုျဖစ္တဲ့အခါ လူလည္း ဘာမွမျဖစ္သြားရင္ ခ်က္ခ်င္းထိုးမယ္၊ ႀကိတ္မယ္ လုပ္မဲ့အစား ေအးေအးေဆးေဆး ေျပာဆိုရွင္းျပေပးပါ။ သင္ကစၿပီး လက္ကမ္းလုိက္ရင္ တစ္ဖက္လူကလည္း ေျဖေလ်ာ့သြားတတ္ပါတယ္။

၅။ ေဒါသစိတ္ကုိ ပိုထိန္း ခ်ဳပ္လာႏုိင္မယ္
စိတ္ရွည္သည္းခံမႈကို က်င့္သံုးလာတာနဲ႔အမွ် ေနာက္ပိုင္း ေဒါသထြက္စရာကိစၥတစ္ခု ႀကဳံလာတဲ့အခါမွာဆိုရင္ေတာင္ ေအးေအးေဆးေဆး ေျပာဆို ေဆြးေႏြးတတ္လာမွာပါ။ ဒီလိုျဖစ္ေအာင ္ေလ့က်င့္ခ်င္တယ္ဆိုရင္လည္း ေဒါသထြက္ထြက္ျခင္း ဘာမွ မေျပာေသးဘဲ စိတ္ထဲကေန တစ္ကေန တစ္ဆယ္ထိေရတာ၊ အျပင္ထြက္ၿပီး ေလေကာင္းေလသန္႔ေလးရွဴတာ စတဲ့နည္းလမ္းေတြ သံုးလို႔ရပါတယ္။

၆။ ႏွလံုးခုန္ႏႈန္းလည္း ေႏွးလာမယ္
သည္းခံခြင့္လႊတ္ျခင္းက ႏွလံုးေပၚမွာရွိတဲ့ ဖိအားကို ေလွ်ာ့ခ်ေပးႏုိင္ပါတယ္။ ဒ့ါေၾကာင့္ ရလဒ္အေနနဲ႔ ႏွလံုးခုန္ႏႈန္းလည္း ေႏွးလာပါတယ္။

၇။ အရက္၊ မူးယစ္ေဆး၀ါး ေသာက္သံုးမႈလည္း ေလ်ာ့က်သြားေစတယ္
တစ္ခုခုကို မေက်နပ္တဲ့အခါ စိတ္ထဲမွာ အေတြးေတြ အရမ္းမ်ားေနေလ့ရွိပါတယ္၊ စိတ္ရႈပ္ေထြးေနတတ္ၾကပါတယ္။ ဒီအခါ ျပတတ္တဲ့လကၡဏာက အရက္ကို ေသာက္သင့္တာထက္ ပိုေသာက္တတ္ၾကပါတယ္။ အခ်ိန္မွီ မတားဆီးရင္ အရက္စဲြတဲ့အဆင့္ထိ ေရာက္သြားႏိုင္ပါတယ္။

၈။ စိတ္က်တဲ့လကၡဏာေတြ ေလ်ာ့ပါးသြားမယ္
အရက္ေသာက္တဲ့အျပင္ စိတ္ရႈပ္ေထြးျခင္း၊ စိတ္ဖိစီးမႈမ်ားျခင္းရဲ႕ ေနာက္ဆက္တဲြ ဆိုးက်ဳိးတစ္ခုကေတာ့ စိတ္ဓာတ္က်ျခင္းပဲ ျဖစ္ပါတယ္။ စိတ္ဓာတ္က်တယ္ဆိုတာ ေၾကာက္ဖို႔ ေကာငး္တဲ့ ေရာဂါအေျခအေန တစ္ခုျဖစ္ၿပီး ကိုယ့္ကိုယ္ကို အဆံုးစီရင္ျခင္းနဲ႔လည္း ပတ္သတ္ေနပါတယ္။ ခြင့္လႊတ္သည္းခံ စိတ္ထားျခင္းအားျဖင့္ စိတ္ထဲက အစိုင္အခဲေတြ ေျပလည္သြားၿပီး ကိုယ္ဆက္ေလွ်ာက္ရမယ့္ လမ္းေၾကာင္း တိတိက်က်ေပၚလာႏိုင္ပါတယ္။

၉။ သူငယ္ခ်င္း အေပါင္းအသင္းၾကားထဲ ၀င္ဆံ့လာမယ္
တစ္ေယာက္နဲ႔ တစ္ေယာက္ၾကား ရန္ညိႈးေတြ မရွိေတာ့ဘူးဆို ဘယ္သူမဆို ပိုပိုၿပီး ရင္းႏွီးလာၾကမွာပါ။ အရင္ကေတာက္ကဆတ္ ျဖစ္ခဲ့တဲ့သူေတြၾကားလည္း ျပန္အဆင္ေျပသြားႏုိင္သလို မိတ္ေဆြသစ္ေတြလည္း ဖဲြ႕လာႏိုင္မွာပါ။ ဒါ့ေၾကာင့္ အရင္ျဖစ္ခဲ့တဲ့ အစိုင္အခဲေတြကို ခြင့္လႊတ္ျခင္းအားျဖင့္ အရင္ေျပလည္ေအာင္ လုပ္သင့္ပါတယ္။

၁၀။ တစ္ေယာက္နဲ႔တစ္ေယာက္ပို နီးကပ္လာေစတယ္
စိတ္ကို ေအးေအးခ်မ္းခ်မ္းထားၿပီး အၿမဲသည္းခံေပးတတ္တဲ့သူေတြကုိ ၾကည့္လိုက္ပါ။ သူတို႔ရဲ႕ မိသားစုျဖစ္ေစ၊ ခ်စ္သူနဲ႔ျဖစ္ေစ၊ သူငယ္ခ်င္းေတြၾကားမွာျဖစ္ေစ၊ ေနာက္ဆံုးအလုပ္မွာပဲျဖစ္ေစ ဘယ္သူမဆို သူတို႔နဲ႔ဆက္ဆံရတာကို ေပ်ာ္ရႊင္ၾကပါတယ္။ ပိုရင္းႏွီးၾကတယ္။ ပြင့္ပြင့္လင္းလင္းလည္း ေျပာဆိုၾကပါတယ္။ ရလဒ္ကေတာ့ တစ္ေယာက္ကိုတစ္ေယာက္ ပိုယံုၾကည္မႈ ရွိလာတာပဲ ျဖစ္ပါတယ္။

၁၁။ ဘာသာေရးအရလည္း အက်ဳိးေက်းဇူး ရရွိပါတယ္
ဘာသာတစ္ခုခု ကိုးကြယ္သူျဖစ္ျဖစ္၊ ဘယ္ဘာသာမွ မကိုးကြယ္သူျဖစ္ျဖစ္ နားလည္ခြင့္လႊတ္ေပးတာက ႔ စိတ္ကို ပိုၿပီး ေအးခ်မ္းေစပါတယ္။ ၀မ္းနည္းလို႔ျဖစ္ေစ၊ ေၾကာက္လို႔ျဖစ္ေစ၊ စိတ္ညစ္ေနလို႔ျဖစ္ေစ ဘုရားရွိခိုးဆုေတာင္းလိုက္တာဟာ ကိုယ္စိတ္ႏွလံုးေအးခ်မ္းမႈကို ရရွိေစပါတယ္။

၁၂။ ဘ၀ဟာ ေနရတာ ေပ်ာ္စရာျဖစ္လာပါမယ္
စိတ္ထဲက ခံစားေနရတဲ့အစိုင္အခဲေတြကို စြန္႔ပစ္လုိက္ျခင္းအားျဖင့္ ပတ္၀န္းက်င္ကို အျမင္သစ္နဲ႔ ျမင္တတ္လာေစပါတယ္။ စိတ္ညစ္၊ စိတ္ဖိစီးတုန္းက ခံစားခဲ့ရတဲ့အိပ္မေပ်ာ္တာေတြ၊ အစားအေသာက္ ပ်က္တာေတြ မရွိေတာ့ဘူး။ အလုပ္မွာေသာ္လညး္ေကာင္း၊ မိသားစုထဲမွာ ေသာ္လညး္ေကာင္း ေျပာဆိုဆက္ဆံရတာ၊ ေနရထိုင္ရတာ ပိုၿပီး ေပ့ါပါးၿပီး ေပ်ာ္စရာေကာင္းလာပါတယ္။ မိမိပတ္၀န္းက်င္ကိုလည္း အေကာင္းျမင္တဲ့စိတ္ေတြ ပိုမ်ားလာေစပါတယ္။

[ Unicode ]

သည်းခံခွင့်လွှတ်ခြင်းကိုအသုံးချပြီး ကိုယ့်ကိုယ်ကိုယ်အတွက်ရော၊ ကိုယ့်ပတ်ဝန်းကျင်အတွက်ရော ပိုသာယာတဲ့ဘဝတွေ တည်ဆောက်နိုင်ပါတယ်။ ဒါတွေကတော့ သည်းခံခွင့်လွှတ်လိုက်လို့ ရရှိလာမဲ့ အကျိုးကျေးဇူးတွေ ဖြစ်ပါတယ်။ ဖတ်ကြည့်လိုက်ပါဦး။

၁။ နာကျင်မှု လျော့နည်းစေတယ်
ကိုယ်လက်နာကျင်ကိုက်ခဲမှုက တစ်ခါတစ်လေ စိတ်ပိုင်းဆိုင်ရာကြောင့်လည်း ဖြစ်တတ်ပါတယ်။ စိတ်ထဲမှာ တစ်ခုခုကို အခဲမကျေတာ ဒါမှမဟုတ်လည်း ကိုယ်မဟုတ်တာ တစ်ခုခုလုပ်မိလို့ မလုံမလဲဖြစ်နေတဲ့အခါ စိတ်က အရမ်းဖိအား များလာတတ်ပါတယ်။ ဒီအခါ တချို့က ကိုယ်လက်တွေ နာကျင်ကိုက်ခဲလာတတ်ကြပါတယ်။ ဒီအခါမှာ ကိုယ်က နားလည်ပေးမှု၊ ခွင့်လွှတ်ပေးလိုက်မှုတွေ လုပ်လိုက်ရင် ဒီဝေဒနာတွေ လျော့ပါးသွားစေတတ်တာကိုလည်း တွေ့ရမှာပါ။

၂။ သွေးတိုး ကျစေတယ်
ဒေါသစိတ်တွေ၊ မကျေနပ်ချက်တွေ လျော့ပါးသွားတာနဲ့အမျှ နှလုံးခုန်နှုန်းလည်း နှေးလာပြီး တစ်ဆက်တည်း သွေးပေါင်ချိန်ပါ ကျဆင်းလာပါတယ်။ ဒီလိုကျလာတာကြောင့် ခန္ဓာကိုယ်တွင်းက ဇီဝဖြစ်စဉ်ပြောင်းလဲမှုတွေနဲ့ နှလုံးရဲ့လုပ်ဆောင်မှုတွေနဲ့ စည်းချက် ညီလာစေပါတယ်။

၃။ စိတ်ဖိစီးမှု လျော့စေတယ်
ကိုယ့်စိတ်ထဲကဖြစ်စေ၊ မသိစိတ်ထဲကဖြစ်စေ တစ်စုံတစ်ယောက်ကို မကျေနပ်တဲ့အခါ တွေးမိနေတဲ့အခါ စိတ်က အလိုလို ဖိစီးမှုဖြစ်လာပါတယ်။ ဒါပေမဲ့ ကိုယ့်စိတ်က ခွင့်လွှတ်ပေးလိုက်တဲ့အခါ စိတ်က ဝန်ပေါ့သွားသလိုပါပဲ၊ သူထမ်းထားရတဲ့ စိတ်ညစ်စရာအတွေးတွေ မရှိတော့တာကြောင့် လူကလည်း ပိုပြီး လန်းဆန်းသွားပါတယ်။

၄။ ရန်လိုစိတ် နည်းလာမယ်
သည်းခံတတ်တဲ့သူက ကိုယ့်ကိုယ်ကိုရော တစ်ပါးသူကိုပါ ပိုပြီး နားလည်ပေးနိုင်ပါတယ်။ နေ့စဉ် သွားလာ လှုပ်ရှားနေတဲ့ကိစ္စတွေမှာ သည်းခံစိတ်လေး နည်းနည်းပိုထားလိုက်ရင် မလိုလားအပ်တဲ့ ပြဿနာတွေကို အများကြီး လျော့ချပေးနိုင်ပါတယ်။ ဥပမာ- ယာဉ်တိုက်မှု တစ်ခုဖြစ်တဲ့အခါ လူလည်း ဘာမှမဖြစ်သွားရင် ချက်ချင်းထိုးမယ်၊ ကြိတ်မယ် လုပ်မဲ့အစား အေးအေးဆေးဆေး ပြောဆိုရှင်းပြပေးပါ။ သင်ကစပြီး လက်ကမ်းလိုက်ရင် တစ်ဖက်လူကလည်း ဖြေလျော့သွားတတ်ပါတယ်။

၅။ ဒေါသစိတ်ကို ပိုထိန်း ချုပ်လာနိုင်မယ်
စိတ်ရှည်သည်းခံမှုကို ကျင့်သုံးလာတာနဲ့အမျှ နောက်ပိုင်း ဒေါသထွက်စရာကိစ္စတစ်ခု ကြုံလာတဲ့အခါမှာဆိုရင်တောင် အေးအေးဆေးဆေး ပြောဆို ဆွေးနွေးတတ်လာမှာပါ။ ဒီလိုဖြစ်အောင ်လေ့ကျင့်ချင်တယ်ဆိုရင်လည်း ဒေါသထွက်ထွက်ခြင်း ဘာမှ မပြောသေးဘဲ စိတ်ထဲကနေ တစ်ကနေ တစ်ဆယ်ထိရေတာ၊ အပြင်ထွက်ပြီး လေကောင်းလေသန့်လေးရှူတာ စတဲ့နည်းလမ်းတွေ သုံးလို့ရပါတယ်။

၆။ နှလုံးခုန်နှုန်းလည်း နှေးလာမယ်
သည်းခံခွင့်လွှတ်ခြင်းက နှလုံးပေါ်မှာရှိတဲ့ ဖိအားကို လျှော့ချပေးနိုင်ပါတယ်။ ဒ့ါကြောင့် ရလဒ်အနေနဲ့ နှလုံးခုန်နှုန်းလည်း နှေးလာပါတယ်။

၇။ အရက်၊ မူးယစ်ဆေးဝါး သောက်သုံးမှုလည်း လျော့ကျသွားစေတယ်
တစ်ခုခုကို မကျေနပ်တဲ့အခါ စိတ်ထဲမှာ အတွေးတွေ အရမ်းများနေလေ့ရှိပါတယ်၊ စိတ်ရှုပ်ထွေးနေတတ်ကြပါတယ်။ ဒီအခါ ပြတတ်တဲ့လက္ခဏာက အရက်ကို သောက်သင့်တာထက် ပိုသောက်တတ်ကြပါတယ်။ အချိန်မှီ မတားဆီးရင် အရက်စွဲတဲ့အဆင့်ထိ ရောက်သွားနိုင်ပါတယ်။

၈။ စိတ်ကျတဲ့လက္ခဏာတွေ လျော့ပါးသွားမယ်
အရက်သောက်တဲ့အပြင် စိတ်ရှုပ်ထွေးခြင်း၊ စိတ်ဖိစီးမှုများခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတစ်ခုကတော့ စိတ်ဓာတ်ကျခြင်းပဲ ဖြစ်ပါတယ်။ စိတ်ဓာတ်ကျတယ်ဆိုတာ ကြောက်ဖို့ ကောင်းတဲ့ ရောဂါအခြေအနေ တစ်ခုဖြစ်ပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်ခြင်းနဲ့လည်း ပတ်သတ်နေပါတယ်။ ခွင့်လွှတ်သည်းခံ စိတ်ထားခြင်းအားဖြင့် စိတ်ထဲက အစိုင်အခဲတွေ ပြေလည်သွားပြီး ကိုယ်ဆက်လျှောက်ရမယ့် လမ်းကြောင်း တိတိကျကျပေါ်လာနိုင်ပါတယ်။

၉။ သူငယ်ချင်း အပေါင်းအသင်းကြားထဲ ဝင်ဆံ့လာမယ်
တစ်ယောက်နဲ့ တစ်ယောက်ကြား ရန်ညှိုးတွေ မရှိတော့ဘူးဆို ဘယ်သူမဆို ပိုပိုပြီး ရင်းနှီးလာကြမှာပါ။ အရင်ကတောက်ကဆတ် ဖြစ်ခဲ့တဲ့သူတွေကြားလည်း ပြန်အဆင်ပြေသွားနိုင်သလို မိတ်ဆွေသစ်တွေလည်း ဖွဲ့လာနိုင်မှာပါ။ ဒါ့ကြောင့် အရင်ဖြစ်ခဲ့တဲ့ အစိုင်အခဲတွေကို ခွင့်လွှတ်ခြင်းအားဖြင့် အရင်ပြေလည်အောင် လုပ်သင့်ပါတယ်။

၁၀။ တစ်ယောက်နဲ့တစ်ယောက်ပို နီးကပ်လာစေတယ်
စိတ်ကို အေးအေးချမ်းချမ်းထားပြီး အမြဲသည်းခံပေးတတ်တဲ့သူတွေကို ကြည့်လိုက်ပါ။ သူတို့ရဲ့ မိသားစုဖြစ်စေ၊ ချစ်သူနဲ့ဖြစ်စေ၊ သူငယ်ချင်းတွေကြားမှာဖြစ်စေ၊ နောက်ဆုံးအလုပ်မှာပဲဖြစ်စေ ဘယ်သူမဆို သူတို့နဲ့ဆက်ဆံရတာကို ပျော်ရွှင်ကြပါတယ်။ ပိုရင်းနှီးကြတယ်။ ပွင့်ပွင့်လင်းလင်းလည်း ပြောဆိုကြပါတယ်။ ရလဒ်ကတော့ တစ်ယောက်ကိုတစ်ယောက် ပိုယုံကြည်မှု ရှိလာတာပဲ ဖြစ်ပါတယ်။

၁၁။ ဘာသာရေးအရလည်း အကျိုးကျေးဇူး ရရှိပါတယ်
ဘာသာတစ်ခုခု ကိုးကွယ်သူဖြစ်ဖြစ်၊ ဘယ်ဘာသာမှ မကိုးကွယ်သူဖြစ်ဖြစ် နားလည်ခွင့်လွှတ်ပေးတာက့ စိတ်ကို ပိုပြီး အေးချမ်းစေပါတယ်။ ဝမ်းနည်းလို့ဖြစ်စေ၊ ကြောက်လို့ဖြစ်စေ၊ စိတ်ညစ်နေလို့ဖြစ်စေ ဘုရားရှိခိုးဆုတောင်းလိုက်တာဟာ ကိုယ်စိတ်နှလုံးအေးချမ်းမှုကို ရရှိစေပါတယ်။

၁၂။ ဘဝဟာ နေရတာ ပျော်စရာဖြစ်လာပါမယ်
စိတ်ထဲက ခံစားနေရတဲ့အစိုင်အခဲတွေကို စွန့်ပစ်လိုက်ခြင်းအားဖြင့် ပတ်ဝန်းကျင်ကို အမြင်သစ်နဲ့ မြင်တတ်လာစေပါတယ်။ စိတ်ညစ်၊ စိတ်ဖိစီးတုန်းက ခံစားခဲ့ရတဲ့အိပ်မပျော်တာတွေ၊ အစားအသောက် ပျက်တာတွေ မရှိတော့ဘူး။ အလုပ်မှာသော်လည်းကောင်း၊ မိသားစုထဲမှာ သော်လည်းကောင်း ပြောဆိုဆက်ဆံရတာ၊ နေရထိုင်ရတာ ပိုပြီး ပေ့ါပါးပြီး ပျော်စရာကောင်းလာပါတယ်။ မိမိပတ်ဝန်းကျင်ကိုလည်း အကောင်းမြင်တဲ့စိတ်တွေ ပိုများလာစေပါတယ်။

Ref; lifehacks

 

 

188 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.