ဂျက်ခ် ရက်ဆယ်လ် လို့ ခေါ်တဲ့ တယ်ရီယာခွေးကလေးဟာ ရေလွှာလျောစီးရတာကို အင်မတန် နှစ်ခြိုက်ပြီး သူ့  ရဲ့ ကိုယ်ပိုင် စပိဘုတ်ကလေးကိုလည်း မောင်းနှင်တတ်တယ်လို့ သိရပါတယ်။
တယ်ရီယာခွေးမကလေးရဲ့ သခင် ကလစ်ဖ် က ခွေးကလေးရဲ့ အရည်အချင်းတွေကို တိုရန်တို၊ အပြည်ပြည်ဆိုင်ရာဘုတ်သဘောင်္ပြပွဲ မှာ လွန်ခဲ့တဲ့ရက်က ပြသခဲ့ပါတယ်။ အန္တရာယ်ကို မကြောက်တဲ့ ခွေးလေးဟာ တစ်နေ့ မှာ နှစ်ကြိမ် သူမရဲ့ ရေလွှာလျောစီးအစွမ်းကို ပြသခဲ့ပြီး ၊ သူမရဲ့ ပရိတ်သတ်တွေနဲ့ လည်း ဓာတ်ပုံတွဲရိုက်ခံခဲ့ပါတယ်။
အသက်ကြီးတဲ့ခွေးတွေကို ဘာမှသင်လို့ မရဘူးဆိုတဲ့ ရှေးရိုးစွဲအယူအဆကို ဂျက်ခ် ရက်ဆယ်ဆိုတဲ့ တယ်ရီယာ ခွေးမလေးက ရိုက်ချိုးခဲ့ပါတယ်။ အသက်ရှစ်နှစ်အရွယ်ရှိပြီဖြစ်တဲ့ ခွေးမလေးဟာ ဘုတ်ရဲ့ စတီယာရင်ကို ဘယ်လို ကိုင်တွယ်ရတယ်ဆိုတာ၊ တစ်နာရီ မိုင် ၂၀ နှုန်းမှာ ဘုတ်ပြားကို ဘယ်လိုစီးရတယ် ဆိုတာကို သင်ယူတတ်မြောက်ခဲ့ပါတယ်။
“ သူမ အသက်ကိုးလသားအရွယ်ကတည်းက ဘုတ်ကို ကောင်းကောင်းမောင်းတတ်နေပါပြီ။ သူ့  အတွက် ကိုယ်ပိုင် ဘုတ်တစ်စီးလုပ်ပေးထားရတယ်။ နောက် ကျွန်တော်တို့ ရေလွှာလျှောစီးတဲ့ ရှဉ့် တွေ အကြောင်း ကြားလိုက်ရတော့ သူ့ ကို ရေလွှာဘုတ်ပြားပေါ်တင်ဖို့ စိတ်ကူးရခဲ့တယ်။ ပထမ ဆယ်မိနစ်လောက်တော့ သူနည်းနည်း စိတ်လှုပ်ရှားနေခဲ့ပြီး နောက်တော့လည်း သူ ပျော်ရွှင်သွားပါတယ်။ သူ က သူ့ ကို အခုလို ချီးကျူးဂုဏ်ပြုကြတာနဲ့ အခုလို နာမည်ကြီးရတာကို အရမ်း ကျေနပ်နေတာပါ။ သူ ထင်နေတာက “ ဒီလူတွေ ငါ့ကြောင့် ဒီလိုလာကြတာပေါ့” ဆိုတဲ့ အတွေးမျိုးနဲ့ ပေါ့လို့ ” တယ်ရီယာမလေးရဲ့ သခင် ချီကာဂိုမြို့နေ၊ ကလစ်ဖ် က ရယ်ရယ်မောမော ပြောဆိုသွားပါတယ်။
Ref: mirror.co.uk