ကိုယ္တြင္းအပူျငိမ္းေစတဲ့ အေအးစာမ်ား

ခႏၶာကိုယ္မွာ လိုအပ္တာထက္ အပူခ်ိန္မ်ားေနတဲ့အခါ၊ ပိန္ခ်ံဳးလာျခင္း၊ ၾကြက္တက္ျခင္း၊ လွွ်ာႏႈတ္ခမ္းေတြသာမက အရည္ျပားေပၚမွာ အဖုအပိမ့္ေတြထြက္လာျခင္း၊ ၀က္ျခံထြက္ျခင္း၊ ေခါင္းမူးေ၀ျခင္း၊ ပ်ိဳ ့အန္ျခင္းတို ့ျဖစ္လာႏိုင္ပါတယ္။
ခႏၶာကိုယ္တြင္း အပူျငိမ္းေအးေစဖို ့အတြက္ ေရ၀၀ေသာက္၍ တစ္ေန ့ကို ေရ ၂ ၾကိမ္ ခ်ိဳးေပးႏိုင္သလို ဒီလို အစားအစာေတြကို ျဖည့္စြက္စားေပးမယ္ဆိုရင္ေတာ့ ေဆးေသာက္စရာမလိုပဲ ကိုယ္တြင္း အပူကို ၿငိမ္းေစပါတယ္။

၁။ ဖရဲသီး
လူ ့ခႏၶာကိုယ္ရဲ ့ ၃ပံု ၂ပံုကို အရည္ဓာတ္နဲ ့ဖြဲ ့စည္းတည္ေဆာက္ထားပါတယ္။ ဖရဲသီးထဲမွာ ေရဓာတ္ ၉၀ ရာခိုင္ႏႈန္း ေက်ာ္ ပါရွိတာေၾကာင့္ အပူျငိမ္းေအးေစတဲ့ အေကာင္းဆံုး သီးႏွံျဖစ္ပါတယ္။

၂။ သခြားသီး
သခြားသီးေတြမွာ ေရဓာတ္ၾကြယ္၀စြာပါရွိလို ့၊ ခႏၶာကုိယ္ကို ထိ ထိေရာက္ေ ရာက္ ေအးျမေစပါတယ္။ ဒါေၾကာင့္ တန္ဖိုးနည္း သခြားသီးေလးေတြ ကို ေန ့စဥ္ စားေပးသင့္ပါတယ္။

၃။ ပူစီနံရြက္
ပူစီနံရြက္ဟာ ခႏၶာကိုယ္တြင္းကို ေအးျမေစတာေၾကာင့္ ျမန္မာ၊ အိႏိၵယ၊ ဗီယက္နမ္၊ မကာအို စတဲ့ အာရွတိုက္ တခြင္ရွိ ေရွးတိုင္းရင္းေဆးဆရာၾကီးမ် ားက ပူစီနံပင္မ်ားကို အပူျငိမ္းေဆးအျဖစ္ ေဆး၀ါးေဖာ္စပ္ လာခဲ့ၾကပါတယ္။

၄။ မုန္လာဥအျဖဴ
အျဖဴေရာင္ မုန္လာဥေလးေတြမွာ ဗီတာမင္စီပါရွိတဲ့အျပင္၊ ကိုယ္တြင္းအပူရွိန္ကို တိုက္ ထုတ္ေပးနိုင္တဲ့ ဓာတ္ တိုးဆန္ ့က်င္ပစၥည္းေတြ အလံုအေလာက္ပါရွိေနပါတယ္။

၅။ ႏွမ္း
ႏွမ္းေစ့ေလးေတြက အပူျငိမ္းေအးေစတဲ့ အိမ္တြင္းေဆး၀ါး တစ္မ်ိဳး ျဖစ္တာေ ၾကာင့္ ႏွမ္းစားရင္း ေရမ်ားမ်ားေသာက္ပါ။ (ႏွမ္းပ်စ္၊ ႏွမ္းယို ေလးေတြကလည္း အပူျငိမ္းေအးေစေအာင္ အေထာက္အပံ့ေပးပါတယ္)

၆။ စမံုစပါး
စမံုစပါးအေစ့ေလးေတြကို ေသာက္ေရခြက္ထဲ တညအိပ္စိမ္ထားျပီး၊ နံက္အိပ္ယာ ထတဲ့အခါ ေရေသာက္ရင္း အဖတ္ေတြပါ ကုန္ေအာင္၀ါးစားေပးပါ။ တေန ့တာလံုး အပူျငိမ္းေအးေစနိုင္တဲ့အျပင ္ ခံတြင္းရနဲ ့ကိုပါ ရွင္းသန္ ့ေစပါတယ္။

၇။ သလဲသီး
သလဲသီးနဲ ့သလဲသီးေဖ်ာ္ရည္ေတြက ခႏၶာကိုယ္ကိုေအးျမျပီး၊ ကိုယ္တြင္းအပူေတြကို သူ ့အလိုလိုစုပ္ယူပစ္တာ မို ့ေန ့စဥ္စားသံုးသင့္တဲ့ သီးႏွံတစ္ခုပါဘဲ။

၈။ ႏြားနို ့
ကိုယ္တြင္းအပူျငိမ္းလိုသူမ် ား က်ိဳခ်က္ျပီးႏြားႏို ့ကို အေအးခံ၍ နံက္တိုင္းေသာက္ေပး ပါ (သုိ ့မဟုတ္) ႏြားနို ့ကို ပ်ားရည္ အနည္းငယ္ခတ္၍ ေသာက္နိုင္ပါတယ္။ (ေရခဲျဖင့္ အေအးခံထားတဲ့ ႏို ့ေအးမ်ိဳးကို မဆိုလိုပါ)

၉။ သံပုရာသီး
နံနက္အိပ္ယာထ သံပုရာရည္တစ္ခြက္ ေသာက္ျခင္းကလည္း ကိုယ္တြင္းအပူျငိမ္းေ အးေစရံုမွွ်မက၊ ေနရထိုင္ရတာ ေပါ့ပါးလန္းဆန္းလာျပီး တေနကုန္ သက္လံုေကာင္းေစပါတယ္။

[ Unicode ]

ခန္ဓာကိုယ်မှာ လိုအပ်တာထက် အပူချိန်များနေတဲ့အခါ၊ ပိန်ချုံးလာခြင်း၊ ကြွက်တက်ခြင်း၊ လျှာနှုတ်ခမ်းတွေသာမက အရည်ပြားပေါ်မှာ အဖုအပိမ့်တွေထွက်လာခြင်း၊ ဝက်ခြံထွက်ခြင်း၊ ခေါင်းမူးဝေခြင်း၊ ပျို့အန်ခြင်းတို့ဖြစ်လာနိုင်ပါတယ်။
ခန္ဓာကိုယ်တွင်း အပူငြိမ်းအေးစေဖို့အတွက် ရေ၀၀သောက်၍ တစ်နေ့ကို ရေ ၂ ကြိမ် ချိုးပေးနိုင်သလို ဒီလို အစားအစာတွေကို ဖြည့်စွက်စားပေးမယ်ဆိုရင်တော့ ဆေးသောက်စရာမလိုပဲ ကိုယ်တွင်း အပူကို ငြိမ်းစေပါတယ်။

၁။ ဖရဲသီး
လူ့ခန္ဓာကိုယ်ရဲ့ ၃ပုံ ၂ပုံကို အရည်ဓာတ်နဲ့ဖွဲ့စည်းတည်ဆောက်ထားပါတယ်။ ဖရဲသီးထဲမှာ ရေဓာတ် ၉၀ ရာခိုင်နှုန်း ကျော် ပါရှိတာကြောင့် အပူငြိမ်းအေးစေတဲ့ အကောင်းဆုံး သီးနှံဖြစ်ပါတယ်။

၂။ သခွားသီး
သခွားသီးတွေမှာ ရေဓာတ်ကြွယ်ဝစွာပါရှိလို့၊ ခန္ဓာကိုယ်ကို ထိ ထိရောက်ေ ရာက် အေးမြစေပါတယ်။ ဒါကြောင့် တန်ဖိုးနည်း သခွားသီးလေးတွေ ကို နေ့စဉ် စားပေးသင့်ပါတယ်။

၃။ ပူစီနံရွက်
ပူစီနံရွက်ဟာ ခန္ဓာကိုယ်တွင်းကို အေးမြစေတာကြောင့် မြန်မာ၊ အိန္ဒိယ၊ ဗီယက်နမ်၊ မကာအို စတဲ့ အာရှတိုက် တခွင်ရှိ ရှေးတိုင်းရင်းဆေးဆရာကြီးမျ ားက ပူစီနံပင်များကို အပူငြိမ်းဆေးအဖြစ် ဆေးဝါးဖော်စပ် လာခဲ့ကြပါတယ်။

၄။ မုန်လာဥအဖြူ
အဖြူရောင် မုန်လာဥလေးတွေမှာ ဗီတာမင်စီပါရှိတဲ့အပြင်၊ ကိုယ်တွင်းအပူရှိန်ကို တိုက် ထုတ်ပေးနိုင်တဲ့ ဓာတ် တိုးဆန့်ကျင်ပစ္စည်းတွေ အလုံအလောက်ပါရှိနေပါတယ်။

၅။ နှမ်း
နှမ်းစေ့လေးတွေက အပူငြိမ်းအေးစေတဲ့ အိမ်တွင်းဆေးဝါး တစ်မျိုး ဖြစ်တာေ ကြာင့် နှမ်းစားရင်း ရေများများသောက်ပါ။ (နှမ်းပျစ်၊ နှမ်းယို လေးတွေကလည်း အပူငြိမ်းအေးစေအောင် အထောက်အပံ့ပေးပါတယ်)

၆။ စမုံစပါး
စမုံစပါးအစေ့လေးတွေကို သောက်ရေခွက်ထဲ တညအိပ်စိမ်ထားပြီး၊ နံက်အိပ်ယာ ထတဲ့အခါ ရေသောက်ရင်း အဖတ်တွေပါ ကုန်အောင်ဝါးစားပေးပါ။ တနေ့တာလုံး အပူငြိမ်းအေးစေနိုင်တဲ့အပြင ် ခံတွင်းရနဲ့ကိုပါ ရှင်းသန့်စေပါတယ်။

၇။ သလဲသီး
သလဲသီးနဲ့သလဲသီးဖျော်ရည်တွေက ခန္ဓာကိုယ်ကိုအေးမြပြီး၊ ကိုယ်တွင်းအပူတွေကို သူ့အလိုလိုစုပ်ယူပစ်တာ မို့နေ့စဉ်စားသုံးသင့်တဲ့ သီးနှံတစ်ခုပါဘဲ။

၈။ နွားနို့
ကိုယ်တွင်းအပူငြိမ်းလိုသူမျ ား ကျိုချက်ပြီးနွားနို့ကို အအေးခံ၍ နံက်တိုင်းသောက်ပေး ပါ (သို့မဟုတ်) နွားနို့ကို ပျားရည် အနည်းငယ်ခတ်၍ သောက်နိုင်ပါတယ်။ (ရေခဲဖြင့် အအေးခံထားတဲ့ နို့အေးမျိုးကို မဆိုလိုပါ)

၉။ သံပုရာသီး
နံနက်အိပ်ယာထ သံပုရာရည်တစ်ခွက် သောက်ခြင်းကလည်း ကိုယ်တွင်းအပူငြိမ်းေ အးစေရုံမျှမက၊ နေရထိုင်ရတာ ပေါ့ပါးလန်းဆန်းလာပြီး တနေကုန် သက်လုံကောင်းစေပါတယ်။

Ref; goodhealth

 

357 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.