ႏို႔သရက္ေကာက္ညွင္းေပါင္းနည္း

နတ္သုဒၶါအလား တသက္မျငင္းႏိုင္တဲ့ ႏို႔သရက္ေကာက္ညွင္းေပါင္း ျပဳလုပ္နည္းကို Trend ပရိသတ္ႀကီးအတြက္ ေဝမၽွေပးလိုက္ပါတယ္။ လုပ္စားၾကည့္ရေအာင္ေနာ္။

ပါဝင္ပစၥည္းမ်ား
၁။ အုန္းႏို႔ (သို႔) Readymade အုန္းနို႔ဘူး
၂။ ေကာက္ညွင္းဆန္
၃။ သၾကား
၄။ ဆား အနည္းငယ္
၅။ သရက္သီး
၆။ ေကာ္မွဳန္႔ အနည္းငယ္
***ေကာက္ညွင္းကို အေရာင္နဲ႔ ႀကိဳက္ရင္ေတာ့ အစားအစာသံုးအေရာင္မႈန္႔ ( food colour ) ကို အသံုးျပဳႏိုင္ပါတယ္။

ေကာက္ညွင္းဆန္
ေကာက္ညွင္းဆန္ (သို႔) ငခ်ိပ္ႀကိဳက္ရင္လည္း ငခ်ိပ္ကို ခ်က္လို႔ ရပါတယ္။
ေကာက္ညွင္းဆန္ေတြကို တစ္ညေလာက္ေရစိမ္ထားၿပီး ရိုးရိုးဆန္ခ်က္တာထက္ ေရတ၀က္ေလွ်ာ့ထည့္ၿပီး သာမာန္ထမင္းခ်က္သလို ထည့္ခ်က္လိုက္လို႔ရပါတယ္။ အေရာင္နဲ႔ႀကိဳက္ရင္ေတာ့ ႏွစ္သက္ရာ အစားအစာသံုးအေရာင္မႈန္႔ကို သံုးပါ။
က်က္က်က္ခ်င္း ထမင္းခူးဇြန္းေလးနဲ႔ အသာေလး ဖြေမႊေပးၿပီး အဖံုးပိတ္ကာ ဆက္ႏွပ္ထားလိုက္ရင္ ရပါၿပီ။

အုန္းႏို႔
ေကာက္ညွင္းထဲထည့္ဖို႔ အုန္းနို႔အတြက္ ၿပင္ဆင္ပါ့မယ္။
အုန္းနို႔ပ်စ္ရင္ နည္းနည္းက်ဲသြားေအာင္ ေရသန္႔ေလးနည္းနည္းေရာေပးလိုက္ရင္ ရပါတယ္။
ဆားကို ဇြန္းဖ်ားေလးနဲ႔ယူၿပီး ပါတယ္ဆိုရုံခပ္ထည့္လိုက္ပါ။ အမ်ားၾကီးထည့္စရာမလိုပါ။
ပီးရင္ သၾကားထည့္ပါမယ္။ ကိုယ္ အခ်ိဳစားရင္စားသလို ထည့္နိုင္ပါတယ္။ ဒါေပမဲ့ အရမ္းခ်ိဳရင္ေတာ့ အီပါတယ္။ ကိုယ္သံုးတဲ့ အုန္းနို႔ပမာဏနဲ႔ခ်ိန္ၿပီး အေနေတာ္ပဲ ထည့္ပါ။
သၾကားေတြ ဆားေတြ ေပ်ာ္ေအာင္ေမႊၿပီး အုန္းနို႔ေတြက ဒီလို ပြက္ၿပီးဆူလာၿပီဆို မီးပိတ္လို႔ရပါၿပီ။ အၾကာၾကီးမတည္ပါဘူး။

ေရာစပ္နည္း
ခုနက ေကာက္ညွင္းပူပူေတြနဲ႔ အုန္းနို႔ေတြကို နွံ႔ေအာင္ ေရာေပးရမွာပါ။ အရမ္းရႊဲသြားေအာင္ အမ်ားၾကီး မဆမ္းပဲ..ေကာက္ညွင္းေတြထဲ အုန္းနို႔ေတြ သမသြားေအာင္ေလာက္ပဲ ခ်ိန္ဆမ္းေပးပါ။
ပီးရင္ ေကာက္ညွင္းေတြနဲ႔ အုန္းနို႔ေတြ သမၿပီး စိမ့္၀င္သြားေအာင္ အသာေလးဇြန္းနဲ႔ နယ္ေပးလိုက္ပါ။ ဒါဆို ေကာက္ညွင္းအရသာ၀င္သြားပါၿပီ။

ၿပီးရင္ သရက္သီးေလးေတြကို စိတ္ၾကိဳက္လွီးၿပီး ပြဲၿပင္ထားလိုက္ပါ။
ပိုအရသာရွိေအာင္ သူ႔အေပၚက ဆမ္းဖို႔ အုန္းနို႔ရည္အပ်စ္ရေအာင္ ဆက္ခ်က္ပါမယ္။
ခုနက ခ်က္ထားတဲ့ အုန္းနို႔ေတြကိုပဲ ပ်စ္ေအာင္ ဆက္ခ်က္မွာၿဖစ္တဲ့အတြက္ ခုလို ေကာ္မွဳန္႔ေလးအနည္းငယ္ကို ေရနဲ႔ေဖ်ာ္ထားလိုက္ပါ။
ပီးရင္ ခုနက ပိုတဲ့အုန္းနို႔ေတြကို ဆက္အပူေပးၿပီး ပူလာၿပီဆို ေကာ္ရည္ထည့္ပါမယ္။
ခုလို အပ်စ္အေနအထားအထိေရာက္ေအာင္ အဆက္မၿပတ္ေမႊေပးပါ။ ဒီလိုပ်စ္လာၿပီဆို မီးပိတ္လို႔ရပါၿပီ။
ခုနက အုန္းနို႔နဲ႔နွပ္ထားတဲ့ ေကာက္ညွင္းေတြေပၚထပ္ဆမ္းလိုက္ပါမယ္။

ပိုဆိမ့္သြားေအာင္ အေပၚက နွမ္းေလးေတြမ်ိဳး ႏွစ္သက္ရာတခုခု ထပ္ၿဖဴးလိုက္ရင္ေတာ့ အရမ္းေကာင္းတဲ့ ႏို႔သရက္ေကာက္ညွင္းေပါင္း ရၿပီေပါ့ေနာ္။

[ Unicode ]

နတ်သုဒ္ဓါအလား တသက်မငြင်းနိုင်တဲ့ နို့သရက်ကောက်ညှင်းပေါင်း ပြုလုပ်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ
၁။ အုန်းနို့ (သို့) Readymade အုန်းနို့ဘူး
၂။ ကောက်ညှင်းဆန်
၃။ သကြား
၄။ ဆား အနည်းငယ်
၅။ သရက်သီး
၆။ ကော်မှုန့် အနည်းငယ်
***ကောက်ညှင်းကို အရောင်နဲ့ ကြိုက်ရင်တော့ အစားအစာသုံးအရောင်မှုန့် ( food colour ) ကို အသုံးပြုနိုင်ပါတယ်။

ကောက်ညှင်းဆန်
ကောက်ညှင်းဆန် (သို့) ငချိပ်ကြိုက်ရင်လည်း ငချိပ်ကို ချက်လို့ ရပါတယ်။
ကောက်ညှင်းဆန်တွေကို တစ်ညလောက်ရေစိမ်ထားပြီး ရိုးရိုးဆန်ချက်တာထက် ရေတဝက်လျှော့ထည့်ပြီး သာမာန်ထမင်းချက်သလို ထည့်ချက်လိုက်လို့ရပါတယ်။ အရောင်နဲ့ကြိုက်ရင်တော့ နှစ်သက်ရာ အစားအစာသုံးအရောင်မှုန့်ကို သုံးပါ။
ကျက်ကျက်ချင်း ထမင်းခူးဇွန်းလေးနဲ့ အသာလေး ဖွမွှေပေးပြီး အဖုံးပိတ်ကာ ဆက်နှပ်ထားလိုက်ရင် ရပါပြီ။

အုန်းနို့
ကောက်ညှင်းထဲထည့်ဖို့ အုန်းနို့အတွက် ပြင်ဆင်ပါ့မယ်။
အုန်းနို့ပျစ်ရင် နည်းနည်းကျဲသွားအောင် ရေသန့်လေးနည်းနည်းရောပေးလိုက်ရင် ရပါတယ်။
ဆားကို ဇွန်းဖျားလေးနဲ့ယူပြီး ပါတယ်ဆိုရုံခပ်ထည့်လိုက်ပါ။ အများကြီးထည့်စရာမလိုပါ။
ပီးရင် သကြားထည့်ပါမယ်။ ကိုယ် အချိုစားရင်စားသလို ထည့်နိုင်ပါတယ်။ ဒါပေမဲ့ အရမ်းချိုရင်တော့ အီပါတယ်။ ကိုယ်သုံးတဲ့ အုန်းနို့ပမာဏနဲ့ချိန်ပြီး အနေတော်ပဲ ထည့်ပါ။
သကြားတွေ ဆားတွေ ပျော်အောင်မွှေပြီး အုန်းနို့တွေက ဒီလို ပွက်ပြီးဆူလာပြီဆို မီးပိတ်လို့ရပါပြီ။ အကြာကြီးမတည်ပါဘူး။

ရောစပ်နည်း
ခုနက ကောက်ညှင်းပူပူတွေနဲ့ အုန်းနို့တွေကို နှံ့အောင် ရောပေးရမှာပါ။ အရမ်းရွှဲသွားအောင် အများကြီး မဆမ်းပဲ..ကောက်ညှင်းတွေထဲ အုန်းနို့တွေ သမသွားအောင်လောက်ပဲ ချိန်ဆမ်းပေးပါ။
ပီးရင် ကောက်ညှင်းတွေနဲ့ အုန်းနို့တွေ သမပြီး စိမ့်ဝင်သွားအောင် အသာလေးဇွန်းနဲ့ နယ်ပေးလိုက်ပါ။ ဒါဆို ကောက်ညှင်းအရသာဝင်သွားပါပြီ။

ပြီးရင် သရက်သီးလေးတွေကို စိတ်ကြိုက်လှီးပြီး ပွဲပြင်ထားလိုက်ပါ။
ပိုအရသာရှိအောင် သူ့အပေါ်က ဆမ်းဖို့ အုန်းနို့ရည်အပျစ်ရအောင် ဆက်ချက်ပါမယ်။
ခုနက ချက်ထားတဲ့ အုန်းနို့တွေကိုပဲ ပျစ်အောင် ဆက်ချက်မှာဖြစ်တဲ့အတွက် ခုလို ကော်မှုန့်လေးအနည်းငယ်ကို ရေနဲ့ဖျော်ထားလိုက်ပါ။
ပီးရင် ခုနက ပိုတဲ့အုန်းနို့တွေကို ဆက်အပူပေးပြီး ပူလာပြီဆို ကော်ရည်ထည့်ပါမယ်။
ခုလို အပျစ်အနေအထားအထိရောက်အောင် အဆက်မပြတ်မွှေပေးပါ။ ဒီလိုပျစ်လာပြီဆို မီးပိတ်လို့ရပါပြီ။
ခုနက အုန်းနို့နဲ့နှပ်ထားတဲ့ ကောက်ညှင်းတွေပေါ်ထပ်ဆမ်းလိုက်ပါမယ်။

ပိုဆိမ့်သွားအောင် အပေါ်က နှမ်းလေးတွေမျိုး နှစ်သက်ရာတခုခု ထပ်ဖြူးလိုက်ရင်တော့ အရမ်းကောင်းတဲ့ နို့သရက်ကောက်ညှင်းပေါင်း ရပြီပေါ့နော်။

Ref; asianfood

 

431 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.