လက္မထပ္ခင္ ျပန္ေမးၾကည့္သင့္တဲ့ ေမးခြန္း ၈ ခု

လူတစ္ေယာက္နဲ႔တစ္ေယာက္လက္ထပ္ၿပီး ဘဝတစ္ခုထူေထာင္ၾကတယ္ဆိုတာေကာင္းပါတယ္။ ဒါေပမယ့္ ကိုယ္လက္ထပ္မယ့္သူကို ေသခ်ာေရြးခ်ယ္သင့္ပါတယ္။ ဒါေၾကာင့္ ကိုယ့္ကိုယ္ကိုယ္ေရာ သူ႔ကိုပါ ေမးသင့္တဲ့ ေမးခြန္း ၈ ခုကို Trend ပရိသတ္ႀကီးအတြက္ ေဝမၽွေပးလိုက္ပါတယ္။ သာယာေပ်ာ္ရႊင္တဲ့ အိမ္ေထာင္ေရးကို ပိုင္ဆိုင္ႏိုင္ၾကပါေစ။

၁။ ဘာလို႔ ခ်စ္တာလဲ
ေမးသင့္ေမးထိုက္တဲ့ေမးခြန္းတစ္ခုျဖစ္သလို ခ်စ္သူကိုေရာ ကိုယ့္ကိုကိုယ္ပါေမးသင့္ပါတယ္။ ဘာလို႔သူ႔ကိုခ်စ္တာလဲ။

၂။ ကေလးယူမွာလား
အိမ္ေထာင္တစ္ခုမွာ ကေလးရွိျခင္း၊ မရွိျခင္းက အေျပာင္းအလဲေတြ အမ်ားႀကီး ျဖစ္ေစပါတယ္။ ဒါ့ေၾကာင့္ ကေလးယူဖို႔ အစီအစဥ္နဲ႔ပတ္သက္ၿပီး ဘယ္အခ်ိန္ယူမယ္၊ ဘယ္ႏွစ္ေယာက္ယူမယ္ စသျဖင့္ ႀကိဳတင္ေဆြးေႏြးထားသင့္ပါတယ္။

၃။ နွစ္ဖက္မိသားစုအသိုက္အဝန္းေတြကို အျပန္အလွန္ လက္ခံႏိုင္ၿပီလား
ႏွစ္ဖက္မိသားစုရဲ႕လက္ခံႏိုင္မႈနဲ႔ ခ်စ္ခင္မႈက အိမ္ေထာင္တစ္ခု ခိုင္ျမဲဖို႔အတြက္ အေရးႀကီးပါတယ္။  တဖက္မိသားစုနဲ႔ပတ္သက္ၿပီး ျပႆနာတစ္ခုခု ရွိေနတယ္ဆိုရင္လည္း ေျဖရွင္းၿပီး လက္ခံေပးႏိုင္ဖို႔ ႀကိဳးစားရမွာျဖစ္ပါတယ္။

၄။ ဝင္ေငြကို ဘယ္လိုစုမလဲ၊ ဘယ္လို သံုးမလဲ
ေငြေရးေၾကးေရးကိစၥနဲ႔ပတ္သက္လာရင္ အရမ္းခ်စ္ပါတယ္ဆိုတဲ့ စံုတြဲေတြမွာေတာင္ အခ်စ္ေလ်ာ့သြားတတ္ပါတယ္။ ဒါ့ေၾကာင့္ လက္မထပ္ခင္ကတည္းက ေရွ႕ေလွ်ာက္ေငြေၾကးကိစၥေတြနဲ႔ ပတ္သက္ၿပီး ဘယ္လိုကိုင္တြယ္မလဲဆိုတာကို ေမးျမန္းေဆြးေႏြးထားပါ။

၅။ အေျခအေနေၾကာင့္ တစ္ေနရာစီ ခြဲေနႏိုင္ရဲ႕လား
တစ္ေယာက္ တစ္ေနရာစီ ခြဲေနရမယ္ဆိုရင္ အျပန္အလွန္ ကူညီ အားေပးဖို႔ လိုအပ္ပါတယ္။

၆။ ႏွစ္ဦးသားအတြင္းေရးကို ပြင့္ပြင့္လင္းလင္း ေဆြးေနြးမွာလား
ပြင့္ပြင့္လင္းလင္း တုိင္ပင္ေဆြးေနြးပါမွ နားလည္မႈလြဲမယ့္ အေၾကာင္းအရာေတြ မျဖစ္ေစမွာပါ။

၇။ မိတ္ေဆြ၊ အေပါင္းအသင္း၊ အလုပ္အကိုင္ေတြကို လက္ခံႏိုင္ၿပီလား
အလုပ္အကိုင္နဲ႔ မိတ္ေဆြအေပါင္းအသင္းဆိုတာ ဘ၀ရဲ႕အေရးႀကီးတဲ့အစိတ္အပိုင္းတစ္ခုျဖစ္တဲ့အတြက္ လစ္လ်ဴ႐ႈထားလို႔ မျဖစ္ပါဘူး။

၈။ အတၱေတြထက္ နားလည္မႈနဲ႔ ဘဝကို တည္ေဆာက္ႏိုင္ၿပီလား
အခ်စ္ထက္ နားလည္မႈနဲ႔ တည္ေဆာင္ထားတဲ့ အိမ္ေထာင္ေရးက တစ္သက္တာ ခိုင္ျမဲေစပါတယ္။

[ Unicode ]

လူတစ်ယောက်နဲ့တစ်ယောက်လက်ထပ်ပြီး ဘဝတစ်ခုထူထောင်ကြတယ်ဆိုတာကောင်းပါတယ်။ ဒါပေမယ့် ကိုယ်လက်ထပ်မယ့်သူကို သေချာရွေးချယ်သင့်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ်ရော သူ့ကိုပါ မေးသင့်တဲ့ မေးခွန်း ၈ ခုကို Trend ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်နိုင်ကြပါစေ။

၁။ ဘာလို့ ချစ်တာလဲ
မေးသင့်မေးထိုက်တဲ့မေးခွန်းတစ်ခုဖြစ်သလို ချစ်သူကိုရော ကိုယ့်ကိုကိုယ်ပါမေးသင့်ပါတယ်။ ဘာလို့သူ့ကိုချစ်တာလဲ။

၂။ ကလေးယူမှာလား
အိမ်ထောင်တစ်ခုမှာ ကလေးရှိခြင်း၊ မရှိခြင်းက အပြောင်းအလဲတွေ အများကြီးဖြစ်စေပါတယ်။ ဒါ့ကြောင့် ကလေးယူဖို့ အစီအစဉ်နဲ့ပတ်သက်ပြီး ဘယ်အချိန်ယူမယ်၊ ဘယ်နှစ်ယောက်ယူမယ် စသဖြင့် ကြိုတင်ဆွေးနွေးထားသင့်ပါတယ်။

၃။ နှစ်ဖက်မိသားစုအသိုက်အဝန်းတွေကို အပြန်အလှန် လက်ခံနိုင်ပြီလား
နှစ်ဖက်မိသားစုရဲ့လက်ခံနိုင်မှုနဲ့ ချစ်ခင်မှုက အိမ်ထောင်တစ်ခု ခိုင်မြဲဖို့အတွက် အရေးကြီးပါတယ်။ အကယ်၍ တဖက်မိသားစုနဲ့ပတ်သက်ပြီး ပြဿနာတစ်ခုခု ရှိနေတယ်ဆိုရင်လည်း ဖြေရှင်းပြီး လက်ခံပေးနိုင်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။

၄။ ဝင်ငွေကို ဘယ်လိုစုမလဲ၊ ဘယ်လို သုံးမလဲ
ငွေရေးကြေးရေးကိစ္စနဲ့ပတ်သက်လာရင် အရမ်းချစ်ပါတယ်ဆိုတဲ့ စုံတွဲတွေမှာတောင် အချစ်လျော့သွားတတ်ပါတယ်။ ဒါ့ကြောင့် လက်မထပ်ခင်ကတည်းက ရှေ့လျှောက်ငွေကြေးကိစ္စတွေနဲ့ ပတ်သက်ပြီး ဘယ်လိုကိုင်တွယ်မလဲဆိုတာကို မေးမြန်းဆွေးနွေးထားပါ။

၅။ အခြေအနေကြောင့် တစ်နေရာစီ ခွဲနေနိုင်ရဲ့လား
တစ်ယောက် တစ်နေရာစီ ခွဲနေရမယ်ဆိုရင် အပြန်အလှန် ကူညီ အားပေးဖို့ လိုအပ်ပါတယ်။

၆။ နှစ်ဦးသားအတွင်းရေးကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှာလား
ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးပါမှ နားလည်မှုလွဲမယ့် အကြောင်းအရာတွေ မဖြစ်စေမှာပါ။

၇။ မိတ်ဆွေ၊ အပေါင်းအသင်း၊ အလုပ်အကိုင်တွေကို လက်ခံနိုင်ပြီလား
အလုပ်အကိုင်နဲ့ မိတ်ဆွေအပေါင်းအသင်းဆိုတာ ဘဝရဲ့အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်တဲ့အတွက် လစ်လျူရှုထားလို့ မဖြစ်ပါဘူး။

၈။ အတ္တတွေထက် နားလည်မှုနဲ့ ဘဝကို တည်ဆောက်နိုင်ပြီလား
အချစ်ထက် နားလည်မှုနဲ့ တည်ဆောင်ထားတဲ့ အိမ်ထောင်ရေးက တစ်သက်တာ ခိုင်မြဲစေပါတယ်။

Ref; rsgoals

 

259 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.