တစ္ေန႔ တစ္လံုး စားသံုးေပး၊ ဘဲဥ ၾကက္ဥႏွင့္ က်န္းမာေရး

တစ္ေန႔မွာ ၾကက္ဥ ဒါမွမဟုတ္ ဘဲဥတစ္လံုး စားေပးမယ္ဆိုရင္ ဒီလို အက်ိဳးေက်းဇူးေတြ ရရွိႏိုင္ပါေၾကာင္း Trend ပရိသတ္ႀကီးအတြက္ ေဝမၽွေပးလိုက္ပါတယ္။

၁။ ကိုယ္အေလးခ်ိန္
နံနက္စာအေနနဲ႔ ၾကက္ဥ၊ ဘဲဥကို စားေပးတာက အဝလြန္ေနသူနဲ႔ ကိုယ္အေလးခ်ိန္ မ်ားေနသူေတြကို ကိုယ္အေလးခ်ိန္ ထိန္းေပးႏိုင္ေၾကာင္း အာဟာရပညာရွင္တို႔ရဲ႕ ေလ့လာမႈအရ သိရပါတယ္။ နံနက္စာ အေနနဲ႔ ၾကက္ဥ၊ ဘဲဥစားတဲ့သူေတြက ကယ္လိုရီမ်ားတဲ့ အစာေတြကို ေလွ်ာ့စားျဖစ္ကာ ၾကာၾကာဗုိက္ျပည့္ေစလို႔ ျဖစ္ပါတယ္။

၂။ ႏွလံုး
ႏွလံုးေသြးေၾကာစနစ္ က်န္းမာေရးကို ေကာင္းေစပါတယ္။ အေၾကာင္းကေတာ့ ၾကက္ဥ၊ ဘဲဥကို ပံုမွန္ တစ္ေန႔တစ္လံုး စားတာေၾကာင့္ ေသြးခဲႏႈန္း၊ ႏွလံုးေရာဂါ ထတာနဲ႔ ေလျဖတ္တာတို႔ ျဖစ္ႏိုင္ေျခကို ေလ်ာ့က်ေစႏိုင္လို႔ပါ။

၃။ ဦးေႏွာက္
ၾကက္ဥ၊ ဘဲဥအႏွစ္မွာ ဗီတာမင္ ဘီကိုလင္းဓာတ္ ပါဝင္တာေၾကာင့္ ဥအမ်ဳိးမ်ဳိးကို ဦးေႏွာက္အတြက္ အစာလို႔ ဆိုၾကပါတယ္။ အေၾကာင္းကေတာ့ နာ့ဗ္ေၾကာေတြရဲ႕ လုပ္ငန္းေဆာင္တာနဲ႔ ဖြံ႕ၿဖိဳးမႈကုိ အားေကာင္းေစတာေၾကာင့္ပါ။ ကိုလင္းဓာတ္ဟာ ကိုယ္ဝန္ေဆာင္ မိခင္မွာလည္း မရွိမျဖစ္ အေရးပါပါတယ္။ သေႏၶသား ဦးေႏွာက္ ဖြံ႕ၿဖိဳးမႈအတြက္ အေရးပါလို႔ပါ။

၄။ ရင္သားကင္ဆာ
ၾကက္ဥ၊ ဘဲဥစားတာက ရင္သားကင္ဆာ ျဖစ္ႏိုင္ေျခကို ေလ်ာ့က်ေစတယ္လို႔ တျခားေလ့လာမႈေတြက ဆိုပါတယ္။ တစ္ပတ္မွာ ၾကက္ဥ၊ ဘဲဥႏွစ္လံုးေအာက္ ေလ်ာ့နည္းၿပီး စားတာက ရင္သားကင္ဆာ ျဖစ္ႏႈန္း ေလ်ာ့နည္းေစတယ္လို႔ ေလ့လာသူေတြက ဆုိပါတယ္။

၅။ ဆံေကသာ၊ လက္သည္းနဲ႔ အသားအေရ
ၾကက္ဥ၊ ဘဲဥမွာ ဆာလဖာ ပါဝင္တာေၾကာင့္ အသည္းရဲ႕ လုပ္ငန္းေဆာင္တာေတြကို ေကာင္းေစတာ၊ ဗီတာမင္ဘီ စုပ္ယူအား ေကာင္းေစတာ စတဲ့ အာနိသင္တို႔ကို ရရွိေစႏိုင္ပါတယ္။ ဆာလဖာဟာ ေကာ္လာဂ်င္နဲ႔ ကီရာတင္တို႔ ထုတ္လုပ္မႈ ေကာင္းေစတာေၾကာင့္ အသားအေရကို လွပေစတာ၊ လက္သည္းေတြကို သန္စြမ္းေစတာနဲ႔ ဆံေကသာကို ေတာက္ပေစတာစတဲ့ အစြမ္းသတၱိေတြကို ေပးစြမ္းႏိုင္ပါတယ္။

၆။ ၾကြက္သား
ၾကက္ဥ၊ ဘဲဥထဲမွာပါတဲ့ ပ႐ိုတင္းဓာတ္ေၾကာင့္ ခႏၶာကိုယ္ရဲ႕ ႂကြက္သား တည္ေဆာက္မႈကို အားေကာင္းေစပါတယ္။

၇။ မ်က္လံုး
ၾကက္ဥ၊ ဘဲဥစတဲ့ ဥအမ်ဳိးမ်ဳိးမွာ လူတင္နဲ႔ ဇီဇန္သင္းစတဲ့ ပ႐ိုတင္းဓာတ္တို႔မ်ားစြာ ပါဝင္တာေၾကာင့္ အသက္ႀကီးခ်ိန္မွာ ျဖစ္တတ္တဲ့ မက္ကူလာ ယိုယြင္းပ်က္စီးမႈ (Macular Degeneration) နဲ႔ အတြင္းတိမ္ ေရာဂါျဖစ္ႏိုင္ေျခကို ေလ်ာ့က်ေစပါတယ္။

[ Unicode ]

တစ်နေ့မှာ ကြက်ဥ ဒါမှမဟုတ် ဘဲဥတစ်လုံး စားပေးမယ်ဆိုရင် ဒီလို အကျိုးကျေးဇူးတွေ ရရှိနိုင်ပါကြောင်း Trend ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

၁။ ကိုယ်အလေးချိန်
နံနက်စာအနေနဲ့ ကြက်ဥ၊ ဘဲဥကို စားပေးတာက အဝလွန်နေသူနဲ့ ကိုယ်အလေးချိန် များနေသူတွေကို ကိုယ်အလေးချိန် ထိန်းပေးနိုင်ကြောင်း အာဟာရပညာရှင်တို့ရဲ့ လေ့လာမှုအရ သိရပါတယ်။ နံနက်စာ အနေနဲ့ ကြက်ဥ၊ ဘဲဥစားတဲ့သူတွေက ကယ်လိုရီများတဲ့ အစာတွေကို လျှော့စားဖြစ်ကာ ကြာကြာဗိုက်ပြည့်စေလို့ ဖြစ်ပါတယ်။

၂။ နှလုံး
နှလုံးသွေးကြောစနစ် ကျန်းမာရေးကို ကောင်းစေပါတယ်။ အကြောင်းကတော့ ကြက်ဥ၊ ဘဲဥကို ပုံမှန် တစ်နေ့တစ်လုံး စားတာကြောင့် သွေးခဲနှုန်း၊ နှလုံးရောဂါ ထတာနဲ့ လေဖြတ်တာတို့ ဖြစ်နိုင်ခြေကို လျော့ကျစေနိုင်လို့ပါ။

၃။ ဦးနှောက်
ကြက်ဥ၊ ဘဲဥအနှစ်မှာ ဗီတာမင် ဘီကိုလင်းဓာတ် ပါဝင်တာကြောင့် ဥအမျိုးမျိုးကို ဦးနှောက်အတွက် အစာလို့ ဆိုကြပါတယ်။ အကြောင်းကတော့ နာ့ဗ်ကြောတွေရဲ့ လုပ်ငန်းဆောင်တာနဲ့ ဖွံ့ဖြိုးမှုကို အားကောင်းစေတာကြောင့်ပါ။ ကိုလင်းဓာတ်ဟာ ကိုယ်ဝန်ဆောင် မိခင်မှာလည်း မရှိမဖြစ် အရေးပါပါတယ်။ သန္ဓေသား ဦးနှောက် ဖွံ့ဖြိုးမှုအတွက် အရေးပါလို့ပါ။

၄။ ရင်သားကင်ဆာ
ကြက်ဥ၊ ဘဲဥစားတာက ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျစေတယ်လို့ တခြားလေ့လာမှုတွေက ဆိုပါတယ်။ တစ်ပတ်မှာ ကြက်ဥ၊ ဘဲဥနှစ်လုံးအောက် လျော့နည်းပြီး စားတာက ရင်သားကင်ဆာ ဖြစ်နှုန်း လျော့နည်းစေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

၅။ ဆံကေသာ၊ လက်သည်းနဲ့ အသားအရေ
ကြက်ဥ၊ ဘဲဥမှာ ဆာလဖာ ပါဝင်တာကြောင့် အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းစေတာ၊ ဗီတာမင်ဘီ စုပ်ယူအား ကောင်းစေတာ စတဲ့ အာနိသင်တို့ကို ရရှိစေနိုင်ပါတယ်။ ဆာလဖာဟာ ကော်လာဂျင်နဲ့ ကီရာတင်တို့ ထုတ်လုပ်မှု ကောင်းစေတာကြောင့် အသားအရေကို လှပစေတာ၊ လက်သည်းတွေကို သန်စွမ်းစေတာနဲ့ ဆံကေသာကို တောက်ပစေတာစတဲ့ အစွမ်းသတ္တိတွေကို ပေးစွမ်းနိုင်ပါတယ်။

၆။ ကြွက်သား
ကြက်ဥ၊ ဘဲဥထဲမှာပါတဲ့ ပရိုတင်းဓာတ်ကြောင့် ခန္ဓာကိုယ်ရဲ့ ကြွက်သား တည်ဆောက်မှုကို အားကောင်းစေပါတယ်။

၇။ မျက်လုံး
ကြက်ဥ၊ ဘဲဥစတဲ့ ဥအမျိုးမျိုးမှာ လူတင်နဲ့ ဇီဇန်သင်းစတဲ့ ပရိုတင်းဓာတ်တို့များစွာ ပါဝင်တာကြောင့် အသက်ကြီးချိန်မှာ ဖြစ်တတ်တဲ့ မက်ကူလာ ယိုယွင်းပျက်စီးမှု (Macular Degeneration) နဲ့ အတွင်းတိမ် ရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

Ref; egg_benefits

 

2K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.