အာလူးဘာဂ်ီေၾကာ္ ပူပူေလး ျပဳလုပ္နည္း

အဆာေျပ အာလူးဘာဂ်ီေၾကာ္ ပူပူေလးစားဖို႔ Trend ပရိသတ္ႀကီးအတြက္ ျပဳလုပ္ပံုအဆင့္ဆင့္ကို ေဝမၽွေပးလိုက္ပါတယ္။ လုပ္စားၾကည့္ရေအာင္ေနာ္။ ျမန္မာ့ခံတြင္းနဲ႔ ကိုက္ေစဖုိ႔ ဘာဂ်ီေၾကာ္ကို အနည္းငယ္ ျပင္ဆင္ေပးထားပါတယ္။

ပါဝင္ပစၥည္းမ်ား
၁။ င႐ုတ္သီးေတာင့္ရွည္အႀကီး ၄ ေတာင့္
၂။ ဆီ မ်ားမ်ား

အစာသြပ္ရန္
၁။ အာလူး ၂ လုံး ( ျပဳတ္ပီး အခြံခြာကာ ေခ်ထားပါ )
၂။ င႐ုတ္သီးစိမ္း အနည္းငယ္ ( ရိတ္ရိတ္လွီးထားပါ )
၃။ ဂ်င္း ၁ တက္ ( ေထာင္းထားပါ )
၄။ နံနံပင္ အနည္းငယ္ ( ပါးပါးလွီးထားပါ )
၅။ ၾကက္သြန္နီ ၁ လုံး ( ေထာင္းထားပါ )
၆။ နႏြင္းမႈန႔္ အနည္းငယ္
၇။ မဆလာ အနည္းငယ္
အာလူးျပဳတ္၊ င႐ုတ္သီးစိမ္း၊ ဂ်င္း၊ နံနံပင္၊ ၾကက္သြန္နီ၊ နႏြင္းမႈန႔္၊ င႐ုတ္အေရာင္တင္မႈန႔္၊ ဆားနဲ႔ မဆလာမႈန႔္ တို႔ကို သမေအာင္ ေမႊလိုက္ရင္ သြပ္ဖုိ႔ အစာရပါၿပီ။

မုန႔္ႏွစ္လုပ္ရန္
၁။ ပဲမႈန႔္အစိမ္း ၁ ထုပ္
၂။ ဆန္အစိမ္းမႈန႔္ အထုပ္ဝက္
၃။ င႐ုတ္အေရာင္တင္မႈန႔္ အနည္းငယ္
၄။ နႏြင္းမႈန႔္ ထမင္းစားဇြန္းစားဝက္
၅။ မဆလာမႈန႔္ အနည္းငယ္
၆။ ဆား အနည္းငယ္
၇။ ေရ သင့္ေတာ္ရံု
၈။ Baking Soda မႈန႔္ အနည္းငယ္
-အဆိုပါ ပဲမႈန႔္၊ ဆန္မႈန႔္၊ င႐ုတ္အေရာင္တင္မႈန႔္၊ နႏြင္းမႈန႔္၊ မဆလာ၊ ဆားတို႔ကို ေရထည့္ပီး ေရာေမႊထားပါ။ နဲနဲပစ္လာရင္ Baking Soda ျဖဴးပီး ထပ္ေမႊေပးရင္ ေၾကာ္ဖို႔အတြက္ မုန႔္ႏွစ္ပ်စ္ပ်စ္ေလးရပါၿပီ။

ျပဳလုပ္နည္း
၁။ င႐ုတ္သီးေတာင့္ရွည္ကို အလယ္မွ ခြဲပီး အေစ့ေတြကို ထုတ္လိုက္ပါ။
၂။ ထိုအထဲကို ခုနက ေရာေမႊထားတဲ့ အဆာေတြကို သြပ္လိုက္ပါ။
၃။ ၿပီးရင္ ခုနက ျပဳလုပ္ထားတဲ့ မုန႔္ႏွစ္ထဲကို မ်ားမ်ား ႏွစ္ပီး ဆီပုံမွန္အပူခ်ိန္မွာ ထည့္ ေၾကာ္ၿပီး ဆယ္လိုက္ကာ ဆီစစ္ထားပါ။

ခုဆိုရင္ေတာ့ ေရေႏြးၾကမ္းနဲ႔ ပဲ ျမည္းမလား၊ အခ်ဥ္ေလးနဲ႔ပဲ တုိ႔မလား ဘယ္လိုစားစား အရသာရွိတဲ့ ဘာဂ်ီေၾကာ္ ပူပူေလးကို သံုးေဆာင္ႏိုင္ပါၿပီေနာ္။

[ Unicode ]

အဆာပြေ အာလူးဘာဂျီကြော် ပူပူလေးစားဖို့ Trend ပရိသတ်ကြီးအတွက် ပြုလုပ်ပုံအဆင့်ဆင့်ကို ဝေမျှပေးလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။ မြန်မာ့ခံတွင်းနဲ့ ကိုက်စေဖို့ ဘာဂျီကြော်ကို အနည်းငယ် ပြင်ဆင်ပေးထားပါတယ်။

ပါဝင်ပစ္စည်းများ
၁။ ငရုတ်သီးတောင့်ရှည်အကြီး ၄ တောင့်
၂။ ဆီ များများ

အစာသွပ်ရန်
၁။ အာလူး ၂ လုံး ( ပြုတ်ပီး အခွံခွာကာ ချေထားပါ )
၂။ ငရုတ်သီးစိမ်း အနည်းငယ် ( ရိတ်ရိတ်လှီးထားပါ )
၃။ ဂျင်း ၁ တက် ( ထောင်းထားပါ )
၄။ နံနံပင် အနည်းငယ် ( ပါးပါးလှီးထားပါ )
၅။ ကြက်သွန်နီ ၁ လုံး ( ထောင်းထားပါ )
၆။ နနွင်းမှုန့် အနည်းငယ်
၇။ မဆလာ အနည်းငယ်
အာလူးပြုတ်၊ ငရုတ်သီးစိမ်း၊ ဂျင်း၊ နံနံပင်၊ ကြက်သွန်နီ၊ နနွင်းမှုန့်၊ ငရုတ်အရောင်တင်မှုန့်၊ ဆားနဲ့ မဆလာမှုန့် တို့ကို သမအောင် မွှေလိုက်ရင် သွပ်ဖို့ အစာရပါပြီ။

မုန့်နှစ်လုပ်ရန်
၁။ ပဲမှုန့်အစိမ်း ၁ ထုပ်
၂။ ဆန်အစိမ်းမှုန့် အထုပ်ဝက်
၃။ ငရုတ်အရောင်တင်မှုန့် အနည်းငယ်
၄။ နနွင်းမှုန့် ထမင်းစားဇွန်းစားဝက်
၅။ မဆလာမှုန့် အနည်းငယ်
၆။ ဆား အနည်းငယ်
၇။ ရေ သင့်တော်ရုံ
၈။ Baking Soda မှုန့် အနည်းငယ်
-အဆိုပါ ပဲမှုန့်၊ ဆန်မှုန့်၊ ငရုတ်အရောင်တင်မှုန့်၊ နနွင်းမှုန့်၊ မဆလာ၊ ဆားတို့ကို ရေထည့်ပီး ရောမွှေထားပါ။ နဲနဲပစ်လာရင် Baking Soda ဖြူးပီး ထပ်မွှေပေးရင် ကြော်ဖို့အတွက် မုန့်နှစ်ပျစ်ပျစ်လေးရပါပြီ။

ပြုလုပ်နည်း
၁။ ငရုတ်သီးတောင့်ရှည်ကို အလယ်မှ ခွဲပီး အစေ့တွေကို ထုတ်လိုက်ပါ။
၂။ ထိုအထဲကို ခုနက ရောမွှေထားတဲ့ အဆာတွေကို သွပ်လိုက်ပါ။
၃။ ပြီးရင် ခုနက ပြုလုပ်ထားတဲ့ မုန့်နှစ်ထဲကို များများ နှစ်ပီး ဆီပုံမှန်အပူချိန်မှာ ထည့် ကြော်ပြီး ဆယ်လိုက်ကာ ဆီစစ်ထားပါ။

ခုဆိုရင်တော့ ရေနွေးကြမ်းနဲ့ ပဲ မြည်းမလား၊ အချဉ်လေးနဲ့ပဲ တို့မလား ဘယ်လိုစားစား အရသာရှိတဲ့ ဘာဂျီကြော် ပူပူလေးကို သုံးဆောင်နိုင်ပါပြီနော်။

Ref; asianfood

 

891 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.