သင့်ကို ချက်ချင်းလက်ငင်းတိုးတက်စေမဲ့ နည်းလမ်း ၉ မျိုး
၃။ “စမ်းလျှောက် ကြည့်ပါ ”
၎။ နမူနာ ရှာပါ
” ကိုယ်ဟာဘယ်သူလဲ ”
ထူးမလာပါဘူး…။
အောင်ပွဲခံတတ်ပါစေ )
တော်ပြီ ဒီလိုဘဝမျိုး…
ရပါမယ် ။
[ Unicode ]
ဘယ်သူမှဆွဲထားလို့ မရစေနိုင်တဲ့ ကိုယ့်ကိုယ်ကိုယ်တိုးတက်စေပြီး အောင်မြင်စေတဲ့ နည်းလမ်း ၉ မျိုးကို Trend ပရိသတ်ကြီးအတွက် ဝေမျှလိုက်ပါတယ်။ ဖတ်ကြည့်လိုက်ပါဦး။
၁။ “ခဏကျမှ” ဆိုတာကနေ “ခုချက်ချင်း “လို့ပြောင်းလိုက်ပါ
ဘာကြောင့်လည်းဆိုတော့ စောင့် နေ စောင့်နေ စောင့်နေဦးမယ်ဆိုရင်တစ်သက်တာလုံး အချိန်ကိုစောင့်နေတတ်တဲ့အကျင့်နဲ့ ပဲ အဲ့လို ဖြစ်သွားနေတတ်ပါတယ် ။ဒါကြောင့် လက်တွေ့ အရေးကြီးတဲ့ အရာတွေ ကိုခုချက်ချင်း လုပ်ပစ်လိုက်ပါ။
၂။အရာရာဖြစ်နိုင်တယ် လို့ ယုံကြည်ပါ
ဘာကြောင့်လည်းဆိုတော့ ကိုယ် မယုံကြည်ရင် ကိုယ်ဘာပဲလုပ်လုပ် အဆုံးစွန်းထိမ လုပ် မိ ပဲနေတတ်ပါတယ် ။
၃။ “စမ်းလျှောက် ကြည့်ပါ ”
ဘာကြောင့်လည်းဆိုတော့ ကျွန်တော် တို့ စမ်း မလျှောက်ကြတဲ့ အခါ ( လဲကျ တာ ရှိမယ်
နာကျင်တာရှိမယ် ) တစ်သက်လုံးမလျောက်တတ်ပဲ နေသွားပါလိမ့်မယ်။အရင်ပုံ စံ အတိုင်းပဲ လုပ်နေမယ်ဆိုရင်အကျိုးအမြတ် က လည်း နဂို အတိုင်း ပဲဖြစ်နေပါလိမ့်မယ် ။ ကြီးမားတဲ့ အောင်မြင်မှု့ အသစ် ကို ရရှိချင်တယ်ဆိုရင် ကိုယ့်ကိုယ်ကို အသစ်စမ်းပြီး လုပ်ကြည့်တတ်ရပါမယ် ။
၄။ နမူနာ ရှာပါ
သူများက လျပ်စစ်ထမင်းပေါင်းအိုး ကိုတီထွင်လာပေးပြီး မှတော့ ကိုယ်က ဘာလို့ ထင်းမီးနဲ့
အချိန်ကုန်ခံပြီး ထမင်းချက်နေအုန်းမှာလဲ။ သူ့ကိုယူလာ အသုံးချပြီး ကိုယ့်ကိုယ်ကို ပိုတိုးတက် လာအောင် လုပ်ပစ်လိုက် ပေါ့ ။
၅။ ကိုယ့် ကိုယ်ကို သေချာရေရာအောင်ပြောထားပါ
” ကိုယ်ဟာဘယ်သူလဲ ”
“ကိုယ်ဟာဘာ အတွက်မွေးဖွားလာသလဲ ” ဆိုတာ
ကိုယ်က ဘောလုံးသမားဖြစ်နေပြီး အတွင်းစိတ်ထဲမှာတော့ ဆရာဝန်ဖြစ်ချင်နေတယ် ဆိုရင်
မမိုက်တာတော့ အသေအချာပါပဲ ။
Key ကတော့ ကိုယ့်ကို ကိုယ်တွေ့ အောင်ရှာဖွေတွေ့ရှိဖို့ပါပဲ ။
နည်းလမ်းကလွယ်လွယ်လေး ပါ။ ကိုယ့်ကို ကိုယ်ပြန်မေးကြည့်လိုက်ပါ ။
၆။ တစ်ပါး သူအကြောင်းထက် ကိုယ့်အကြောင်းကိုယ် ပိုသိပါစေ
ဘေးအိမ် ကဘာကြောင့် အိမ်ပြန်နောက်ကျနေတာလဲ။ ဘယ်ဇာတ်ကား က ဆုံးခန်းရောက်
်တော့မယ်။ ဘယ်သူက ဘယ်သူနဲ့ ရည်းစားဒီအကြောင်းတွေ သိသွားလို့ ဘာအကြောင်းမှ
ထူးမလာပါဘူး…။
သိထားရမှာ က နှောင် ၅ နှစ် ကိုယ်ဘာဖြစ်မလဲ ဘယ်လိုဖြစ်ချင်သလဲ။
ကိုယ်ဘာ အတွက်မွေးဖွား လာသလဲ ။
ကိုယ်ဘာကိုနှစ်သက်သလဲ ။
ကိုယ်ဘယ်အပိုင်းမှာတော် ပြီး ဘာကို တော်ချင်တတ်ချင်သလဲ။
ကိုယ့်ဘဝရဲ့ ရည်ရွယ် ချက်ရည်မှန်း ချက်က ဘာလဲ ။
၇။ ကိုယ့်ရဲ့အားသန်မှုကို မြှင့်တင်ပါ
အကယ်လို့ ကိုယ်က မိချောင်းကို သစ်ပင်တက်အောင် အတင်းသင်ပေးနေရင် အင်မတန် ခက်ခဲ ပင်ပန်းနေမှာပါ ။ကိုယ့်ရဲ့ အားသန် မှုကိုတွေ့အောင်ရှာပြီး တိုးတက်အောင် လုပ်ပစ် လိုက်ပါ။
၈။ အပျော် ကိစ္စမှာ သိပ်မများပါနဲ့၊ ဒါပေမဲ့ ဆင်းရဲဒုက္ခ ကိစ္စမှာ နဲနဲများပါစေ ။
( ၁၀၀ လောက်ရည်ရွယ်ထားပြီး ၂၀ လောက်ရလာရင်လည်း ၂၀ အောင်မြင်ပြီလို့
အောင်ပွဲခံတတ်ပါစေ )
ဘာကြောင့်လဲ ဆိုရင် စိတ်ညစ်စိတ်ရှုပ် ဒေါသဖြစ် စိတ်ဆင်းရဲနေရင် …
ဘယ်လိုလူက များ ကိုယ့်ကို ကိုယ် တိုးတက်အောင် လုပ်ဖြစ်တော့မှာလဲ။
၉ ။ “နာကျင်စရာတွေ ” အလုံအလောက် ရှာဖွေပါ
တော်ပြီ ဒီလိုဘဝမျိုး…
တော်ပြီ မဖြစ်ချင်တော့ဘူး ဒီလို သာမန်လူ…
မဖြစ်ချင်တော့ ဘူး ဒီလို တန်ဖိုးမရှိတဲ့သူ.. ဆိုပြီး ခံစားလာမိရင်တော့ သင့်မှာ Pain ရှိပါပြီ။
သင့်မှာ အဲ့အရာ အပေါ် လုံလောက်အောင်နာကျင်ပြီးသွားတဲ့ အခါ ကျရင်ကိုယ့်ကိုယ်ကို အဲ့အရာကနေ ကန် ထုတ်ပစ် နိုင်ရမယ် ။ပြီးရင် အဲ့အရာကို ပေါက်မြောက် အောင်လုပ်ဆောင်
ရပါမယ် ။
Ref; success
493 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.