အသက်ကြီးသူတွေ အထိုင်များပါက နှလုံးရောဂါဖြစ်နိုင်ချေနှုန်းမြင့်

heartattack_man.jpg

          လေ့တွေ့ရှိချက်အသစ်တွေအရ အသက်ကြီးတဲ့အမျိုးသားတွေအနေနဲ့ အချိန်အတော်များများကို ထိုင်နေခြင်းဖြင့် ကုန်ဆုံးလျှင် နှလုံးအားနည်းတဲ့ရောဂါနဲ့ ကြုံတွေ့ရနိုင်တယ်လို့ ဆိုပါတယ်။

          ဒီစမ်းသပ်ချက်ထဲမှာ အသက် ၄၅နှစ်မှ ၆၉နှစ်အတွင်းရှိ အမျိုးသားပေါင်း ၈၂၀၀၀ ပါဝင်ပါတယ်။ သူတို့ကိုလေ့လာကြည့်တဲ့အခါ အလုပ်ချိန်ပြင်ပရဲ့ အားလပ်ချိန်တွေမှာတောင် အထိုင်များတတ်တဲ့ အမျိုးသားတွေအနေနဲ့ နှလုံးအားနည်းမှု ဖြစ်ပွားနှုန်းတွေ မြင့်တက်လာတာကို တွေ့ရပါတယ်။ ကြာရှည်ထိုင်တတ်သူတွေဟာ လေ့ကျင့်ခန်း လုပ်ပေမယ့်လည်း အားနည်းမှုကတော့ ဆက်လက်ဖြစ်ပေါ်နေ တယ်လို့ တောင်ပိုင်းကယ်လီဖိုးနီးယားမှ Kaiser Permanente အဖွဲ့အစည်းမှ သုတေသနာတွေက ထုတ်ပြန်ထားပါတယ်။

          သုတေသနပညာရှင် Deborah Rohm Young က တစ်နေ့ကို အနည်းဆုံး ငါးနာရီထိုင်တဲ့ သူတွေဟာ တစ်နေ့ကို နှစ်နာရီလောက်သာ ထိုင်တဲ့သူတွေထက် နှလုံးကျဆုံးအားနည်းခြင်း ဖြစ်ပွားရန် ၃၄ ရာခိုင်နှုန်း ပိုမိုမြင့်မားစေတယ်လို့ဆိုပါတယ်။

Ref: newsmaxhealth.com

ထက်ဆု

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.