ခ်ိဳခ်ဥ္စပ္ ၾကာဆန္သုပ္

တစ္လုတ္စားလိုက္တိုင္း ထပ္ ထပ္စားခ်င္ေနမဲ့ ခ်ိဳခ်ဥ္စပ္ ပဲၾကာဆန္သုပ္ ျပဳလုပ္နည္းကို Trend ပရိသတ္ႀကီးအတြက္ ေဝမၽွလိုက္ပါတယ္။ လုပ္စားၾကည့္ရေအာင္ေနာ္။

ပါ၀င္ပစၥည္းမ်ား
၁။ ပဲၾကာဆန္ – ၁ထုပ္ (၁၀၀ ဂရမ္)
၂။ ၾကက္ရင္ပံု – ၁ခု (ျပဳတ္ထားေပးျပီ အသားႏႊင္ထားပါ)
၃။ အာလူး – ၂လံုး (ႏူးေအာင္ျပဳတ္ျပီ အရွည္ ပါးပါးလွီးပါ)
၄။ ခရမ္းခ်ဥ္သီး – ၃လံုး (အေစ႔ထုတ္ျပီး အရွည္ပါးပါးလွီးပါ)
၅။ ငရုတ္သီးစိမ္း – ၈ေတာင္႔ (ညက္ေအာင္ ေထာင္းထားပါ)
၆။ ေျမပဲ – စားပြဲတင္ဇြန္း ၂ဇြန္း (မညက္တညက္ ေထာင္းပါ)
၇။ ပုဇြန္ေျခာက္မွုန္႔ – စားပြဲတင္ဇြန္း ၂ဇြန္း
၈။ ၾကက္သြန္ျမိတ္ – အနည္းငယ္ (ပါးပါးလွီးပါ)
၉။ နံနံပင္ – အနည္းငယ္ (ပါးပါးလွီးပါ)
၁၀။ သံပရာရည္ – စားပြဲတင္ဇြန္း ၁ဇြန္း
၁၁။ ဆား – လက္ဖက္ရည္ဇြန္း တ၀က္
၁၂။ ၾကက္သားမွုန္႔ – လက္ဖက္ရည္ဇြန္း တ၀က္
၁၃။ ငါးငံျပာရည္ – စားပြဲတင္ဇြန္း ၁ဇြန္း
၁၄။ ငရုတ္သီးမွုန္႔ – စားပြဲတင္ဇြန္း တ၀က္
၁၅။ ဟင္းရြက္ဆီ – စားပြဲတင္ဇြန္း ၂ဇြန္း
၁၆။ ပုစြန္ – အနည္းငယ္ ( သန္႔စင္ၿပီး ေရေႏြးေဖ်ာထားပါ )

ျပင္ဆင္နည္း
၁။ အရင္ဆံုး ဒယ္ထဲ ဆီ (စားပြဲတင္ဇြန္း ၂ဇြန္း)ထည္႔ျပီ ဆီပူလာလွ်င္ ငရုတ္သီးမွုန္႔ ထည္႔ဆီသပ္ေပးပါ။
၂။ ပဲၾကာဆန္ကို ေရစိမ္ထားေပးပါ။ ျပီလွ်င္ ပဲၾကာဆန္ကုိ တ၀က္ဖ်က္ေပးပါ။
၃။ ျပီေနာက္ ဒယ္ထဲ ေရတ၀က္ခန္႔ထည္႔ျပီ ဆူေအာင္တည္ပါ။ ဆူလာလွ်င္ ပဲၾကာဇံမ်ားကို ၂မိနစ္ခန္႔ ထည္႔ျပဳတ္ျပီ ဇကာျဖင္႔ ျပန္ဆယ္ထားေပးပါ။

သုပ္နည္း
၁။ ျပီလွ်င္ ပဲၾကာဆန္ကို ပန္းကန္ခြက္ တစ္ခုထဲထည္႔ပါ။
၂။ ထုိ႔ေနာက္ ေထာင္းထားေသာ ငရုတ္သီးစိမ္းမ်ားကို ထည္႔နုယ္ေပးပါ။
၃။ ျပီမွ ဆီသပ္ထားေသာ ငရုတ္သီးဆီခ်က္မ်ားကို ပဲၾကာဆန္သုပ္ ပန္းကန္ထဲထည္႔ေပးပါ။
၄။ ျပီေနာက္ ၾကက္သား၊ ခရမ္းခ်ဥ္သီး၊ အာလူး၊ ပုဇြန္ေျခာက္၊ ေျမပဲ တုိ႔ကို ထည္႔ေရာေမႊလိုက္ပါ။ ေရေႏြးေဖ်ာထားတဲ့ ပုစြန္ကိုလည္း ထည့္လိုက္ပါ။
၅။ အရသာအတြက္ ဆား(လက္ဖက္ရည္ဇြန္း ၁ဇြန္း)၊ ၾကက္သားမွုန္႔ (လက္ဖက္ရည္ဇြန္း ၁ဇြန္း)၊ ငါးငံျပာရည္၊ သံပရာရည္တုိ႔ထည္႔ျပီသမေအာင္ ေရာေမႊေပးပါ။

အေပၚမွ နံနံပင္၊ ၾကက္သြန္ျမိတ္တို႔ ျဖဴးေပးျပီးရင္ေတာ့ အရသာအရမ္းရွိတဲ့ ခ်ိဳခ်ဥ္စပ္ ၾကာဆန္သုပ္ကို သံုးေဆာင္ႏိုင္ပါၿပီေနာ္။

[ Unicode ]

တစ်လုတ်စားလိုက်တိုင်း ထပ် ထပ်စားချင်နေမဲ့ ချိုချဉ်စပ် ပဲကြာဆန်သုပ် ပြုလုပ်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်းများ
၁။ ပဲကြာဆန် – ၁ထုပ် (၁၀၀ ဂရမ်)
၂။ ကြက်ရင်ပုံ – ၁ခု (ပြုတ်ထားပေးပြီ အသားနွှင်ထားပါ)
၃။ အာလူး – ၂လုံး (နူးအောင်ပြုတ်ပြီ အရှည် ပါးပါးလှီးပါ)
၄။ ခရမ်းချဉ်သီး – ၃လုံး (အစေ့ထုတ်ပြီး အရှည်ပါးပါးလှီးပါ)
၅။ ငရုတ်သီးစိမ်း – ၈တောင့် (ညက်အောင် ထောင်းထားပါ)
၆။ မြေပဲ – စားပွဲတင်ဇွန်း ၂ဇွန်း (မညက်တညက် ထောင်းပါ)
၇။ ပုဇွန်ခြောက်မှုန့် – စားပွဲတင်ဇွန်း ၂ဇွန်း
၈။ ကြက်သွန်မြိတ် – အနည်းငယ် (ပါးပါးလှီးပါ)
၉။ နံနံပင် – အနည်းငယ် (ပါးပါးလှီးပါ)
၁၀။ သံပရာရည် – စားပွဲတင်ဇွန်း ၁ဇွန်း
၁၁။ ဆား – လက်ဖက်ရည်ဇွန်း တဝက်
၁၂။ ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တဝက်
၁၃။ ငါးငံပြာရည် – စားပွဲတင်ဇွန်း ၁ဇွန်း
၁၄။ ငရုတ်သီးမှုန့် – စားပွဲတင်ဇွန်း တဝက်
၁၅။ ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၂ဇွန်း
၁၆။ ပုစွန် – အနည်းငယ် ( သန့်စင်ပြီး ရေနွေးဖျောထားပါ )

ပြင်ဆင်နည်း
၁။ အရင်ဆုံး ဒယ်ထဲ ဆီ (စားပွဲတင်ဇွန်း ၂ဇွန်း)ထည့်ပြီ ဆီပူလာလျှင် ငရုတ်သီးမှုန့် ထည့်ဆီသပ်ပေးပါ။
၂။ ပဲကြာဆန်ကို ရေစိမ်ထားပေးပါ။ ပြီလျှင် ပဲကြာဆန်ကို တဝက်ဖျက်ပေးပါ။
၃။ ပြီနောက် ဒယ်ထဲ ရေတဝက်ခန့်ထည့်ပြီ ဆူအောင်တည်ပါ။ ဆူလာလျှင် ပဲကြာဇံများကို ၂မိနစ်ခန့် ထည့်ပြုတ်ပြီ ဇကာဖြင့် ပြန်ဆယ်ထားပေးပါ။

သုပ်နည်း
၁။ ပြီလျှင် ပဲကြာဆန်ကို ပန်းကန်ခွက် တစ်ခုထဲထည့်ပါ။
၂။ ထို့နောက် ထောင်းထားသော ငရုတ်သီးစိမ်းများကို ထည့်နုယ်ပေးပါ။
၃။ ပြီမှ ဆီသပ်ထားသော ငရုတ်သီးဆီချက်များကို ပဲကြာဆန်သုပ် ပန်းကန်ထဲထည့်ပေးပါ။
၄။ ပြီနောက် ကြက်သား၊ ခရမ်းချဉ်သီး၊ အာလူး၊ ပုဇွန်ခြောက်၊ မြေပဲ တို့ကို ထည့်ရောမွှေလိုက်ပါ။ ရေနွေးဖျောထားတဲ့ ပုစွန်ကိုလည်း ထည့်လိုက်ပါ။
၅။ အရသာအတွက် ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ကြက်သားမှုန့် (လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ငါးငံပြာရည်၊ သံပရာရည်တို့ထည့်ပြီသမအောင် ရောမွှေပေးပါ။

အပေါ်မှ နံနံပင်၊ ကြက်သွန်မြိတ်တို့ ဖြူးပေးပြီးရင်တော့ အရသာအရမ်းရှိတဲ့ ချိုချဉ်စပ် ကြာဆန်သုပ်ကို သုံးဆောင်နိုင်ပါပြီနော်။

Ref; asianfood

 

678 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.