မိန်းကလေးဖက်က လက်ထပ်ခွင့်တောင်းကြတဲ့ ရက်ထပ်နှစ်မှာ တစ်ရက်တိုးတဲ့ ဖေဖော်ဝါရီ ၂၉






[ Unicode ]

ဒီနေ့မှာမွေးတဲ့ မွေးနေ့ရှင်တွေဟာ ထူးခြားအံ့သြဖွယ်ရာ မွေးနေ့ မွေးရက်ကို ပိုင်ဆိုင်ထားကြသူတွေဖြစ်ပါတယ်။ ရက်ထပ်နှစ်မှာ မွေးဖွားဖို့အတွက်က ၁၄၆၁ ယောက်မှာ ၁ယောက်နှုန်းသာ မွေးဖွားနိုင်ခြေရှိကြပါတယ်။ သူတို့ကို Leaplings ဒါမှမဟုတ် Leapers လို့လည်း ခေါ်ကြပါတယ်။
ပြီးတော့ ဖေဖော်ဝါရီ၂၉ရက်နေ့ကို Bachelor’s Day လို့လည်းလူသိများပါတယ်။
အကြောင်းကတော့ အိုင်ယာလန်လူမျိုးတွေရဲ့ရိုးရာအရဖေဖော်ဝါရီ၂၉ရက်နေ့မှာအမျိုးသမီးတွေဟာမိမိတို့သဘောကျနှစ်သက်တဲ့အမျိုးသားတွေကိုတရားဝင်လက်ထပ်ခွင့်တောင်းခွင့်ရှိပါတယ်။

များသောအားဖြင့်ထိုနေ့မှာ လက်ထပ်ခွင့်အတောင်းခံရတဲ့ အမျိုးသားတွေက ထိုလက်ထပ်ခွင့်ကို လက်ခံလေ့ရှိကြပါတယ်။

အမျိုးသားအနေနဲ့လက်ထပ်ခွင့်ကိုငြင်းပယ်ချင်ရင်တော့အမျိုးသမီးအတွက်အဖိုးတန်ပိုးထည်ဝတ်စုံ ဒါမှမဟုတ် သိုးမွှေးအင်္ကျီကိုလက်ဆောင်ပြန်ပေးကြရပြီး အင်္ဂလန်နိုင်ငံမှာတော့ လက်ထပ်ခွင့်အတောင်းခံရတဲ့အမျိုးသားဟာလက်ထပ်ခွင့်ကိုငြင်းမယ်ဆိုရင် အမျိုးသမီးအတွက်လက်အိတ်၁၂စုံကို Easter Day မှာဝယ်ပေးရတဲ့ဓလေ့ရှိပါတယ်။

ရက်ထပ်နှစ်နဲ့ ပတ်သက်ပြီး ဆွတ်ပျံ့ကြည်နူးဖွယ် အချစ်ဇာတ်လမ်းကို ခံစားလိုတယ်ဆိုရင်တော့ Leap Year ( 2010 film ) ဇာတ်ကားကို ကြည့်ရှုသင့်ပါတယ်လို့ ညွှန်းလိုက်ပါရစေနော်။

Ref; leapyear

 

1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.