လက်ဖက်ရည်ကြမ်းကြောင့် ရလာတဲ့ ထင်မှတ်မထားတဲ့ အရာများ
လက်ဖက်ရည်ကြမ်းသောက်သုံးခြင်းအားဖြင့် ဘာတွေ ဖြစ်လာမှာလဲ၊ ဘယ်လို ရလဒ်တွေရရှိနိုင်လဲဆိုတာ Trend ပရိသတ်ကြီးအတွက် ဝေမျှလိုက်ပါတယ်။ ဖတ်ကြည့်လိုက်ပါဦး။
၁။ လက်ဖက်ရည်ကြမ်းနှင့် ကင်ဆာ
လက်ဖက်ရည်ကြမ်းဟာ ကင်ဆာရောဂါဖြစ်ပွားနိုင်မှုကို လျှော့ချပေးနိုင်ပါတယ်။ လက်ဖက်ရည်ကြမ်းမှာပါတဲ့ ဓါတ်တိုးဆန့် ကျင်ပစ္စည်းဟာ ဗီတာမင်စီထက် စွမ်းအား ၁ဝဝ ဆ သာပြီး၊ ဗီတာမင်အီးထက် ၂၅ ဆသာပါတယ်။ လက်ဖက်ရည်ကြမ်းဓါတ်တိုးဆန့်ကျင်ပစ္စည်းဟာ ကင်ဆာနဲ့ဆက်နွယ်နေတဲ့ ဆဲလ်ပျက်ဆီးခြင်းကို ကာကွယ်ပေးပါတယ်။
၂။ လက်ဖက်ရည်ကြမ်းနှင့် နှလုံးရောဂါ
လက်ဖက်ရည်ကြမ်းသောက်သုံးခြင်းဟာကိုလက်စထရောကိုကျဆင်းစေတာကြောင့် နှလုံးရောဂါနဲ့ လေသင်တုန်းဖြတ်ခြင်းကို ကာကွယ်ရာရောက်ပါတယ်။ နှလုံးရောဂါခံစားနေရသူတွေဆို ဆဲလ်ပျက်စီးခြင်းကို ကာကွယ်ပေးပြီး နှလုံးဆဲလ်ကို လျင်မြန်စွာပြန်လည်ကောင်းမွန်လာစေပါတယ်။
၃။ လက်ဖက်ရည်ကြမ်းနှင့် အိုမင်းရင့်ရော်ခြင်း
လက်ဖက်ရည်ကြမ်းမှာပါတဲ့ ပိုလီဖီနော ဓါတ်တိုးဆန့်ကျင်ပစ္စည်းဟာ ပါးရည်တွန့်ခြင်း၊ အသားအရေပျက်စီးခြင်းကို ဖြစ်ပေါ်စေတဲ့ ဖရီးရာတီကယ်တွေကို တိုက်ဖျက်ပေးပါတယ်။ ဒါကြောင့် အသက်အရွယ်ကြီးရင့်မှုကြောင့် ဖြစ်ပေါ်လာတဲ့ အရာတွေကို တိုက်ဖျက်ပေးပြီး အသက်ရှည်စေပါတယ်။
၄။ လက်ဖက်ရည်ကြမ်းနှင့် ကိုယ်အလေးချိန်လျှော့ချခြင်း
လက်ဖက်ရည်ကြမ်းဟာ ကိုယ်အလေးချိန်လျှော့ချနိုင်ဖို့လည်း ထိရောက်စွာ ကူညီပေးပါတယ်။ အဆီတွေကိုလောင်ကျွမ်း သွားစေပြီး၊ ကိုယ်တွင်းဇီဝဖြစ်ပျက်မှုကို အားကောင်းစေပါတယ်။ လက်ဖက်ရည်ကြမ်းဟာ တနေ့ကို ကယ်လိုရီ ၇ဝ လျှော့ချပေးနိုင်ပြီး တစ်နှစ်ကို ကိုယ်အလေးချိန် ၇ ပေါင် လျှော့ချပေးနိုင်စွမ်းရှိပါတယ်။
၅။ လက်ဖက်ရည်ကြမ်းနှင့် အသားအရေ
လက်ဖက်ရည်ကြမ်းမှာပါဝင်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းဟာ အသားအရေကို ပျက်စီးစေတဲ့ ဖရီးရာဒီကယ်တွေ အန္တရာယ်ကနေ ကာကွယ်ပေးပါတယ်။ အရေပြားကင်ဆာဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးနိုင်တဲ့အစွမ်းရှိပါတယ်။
၆။ လက်ဖက်ရည်ကြမ်းနှင့် အဆစ်ရောင်နာ
လက်ဖက်ရည်ကြမ်းသောက်သုံးပေးခြင်းဖြင့် အဆစ်နာကျင်ကိုက်ခဲမှုကို ကာကွယ်ပေးနိုင်ပြီး၊ အဆစ်အမြစ်ရောင်ရမ်း ကိုက်ခဲသည့်ရောဂါ ဖြစ်ပွားနိုင်ချေကို လျှော့ချပေးပါတယ်။ အရိုးနုတွေကို ပျက်စီးစေတဲ့ အင်ဇိုင်းပိတ်ဆို့ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
၇။ လက်ဖက်ရည်ကြမ်းနှင့် အရိုး
လက်ဖက်ရည်ကြမ်းမှာ ဖလူအိုရိုက်ဒ် ဒြပ်ပေါင်းမြင့်မားစွာပါဝင်တာကြောင့် အရိုးကို သန်မာစေနိုင်ပါတယ်။ နေ့စဉ် လက်ဖက်ရည်ကြမ်း သောက်သုံးပေးခြင်းဖြင့် အရိုးကို သိပ်သည်းကျစ်လစ်စေပါတယ်။
၈။ လက်ဖက်ရည်ကြမ်းနှင့် ကိုလက်စထရော
လက်ဖက်ရည်ကြမ်းဟာ ကိုလက်စထရောကိုလျှော့ချပေးနိုင်ပါတယ်။ မကောင်းတဲ့ကိုလက်စထရောကို လျှော့ချပေးပြီး ကောင်းတဲ့ကိုလက်စထရောနဲ့ မကောင်းတဲ့ကိုလက်စထရောတို့ရဲ့ အချိုးအစားကို မျှတကောင်းမွန်လာနိုင်တဲ့အစွမ်း ရှိပါတယ်။
၉။ လက်ဖက်ရည်ကြမ်းနှင့် အဝလွန်ခြင်း
လက်ဖက်ရည်ကြမ်းဟာ အဆီဆဲလ်အတွင်း သကြားဓါတ်ရွှေ့လျားမှုကို ရပ်တန့်စေခြင်းအားဖြင့် အဝလွန်ခြင်းကို တားဆီးပေးပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့ အစားအသောက်ကိုစား၊ လေ့ကျင့်ခန်းပုံမှန်လုပ်ပြီး လက်ဖက်ရည်ကြမ်းသောက်ပေးမယ်ဆိုရင်တော့ အဝလွန်ခြင်းဖြစ်လာနိုင်စရာ လုံးဝမရှိပါဖူး။
၁၀။ လက်ဖက်ရည်ကြမ်းနှင့် သွေးချိုရောဂါ
လက်ဖက်ရည်ကြမ်းဟာ ဇီဝဖြစ်ပျက်မှုဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေပြီး သွေးတွင်းသကြားပါဝင်မှု ရုတ်တရက် တိုးမြင့်လာခြင်းကို ကာကွယ်ပေးပါတယ်။
၁၁။ လက်ဖက်ရည်ကြမ်းနှင့် အယ်လ်ဇိုင်းမားရောဂါ
၁၂။ လက်ဖက်ရည်ကြမ်းနှင့် ပါကင်ဆန် ရောဂါ
လက်ဖက်ရည်ကြမ်းမှာပါဝင်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းဟာ အကြောအားနည်း၍ ခြေတုန်လက်တုန်ကိုဖြစ်စေတဲ့ ဦးနှောက်တွင်းဆဲလ်ပျက်စီးမှုကို ကာကွယ်ပေးပါတယ်။ လက်ဖက်ရည်ကြမ်းသောက်သုံးတဲ့သူတွေမှာ ခြေတုန်လက်တုန်ရောဂါဖြစ်ပွားနိုင်ခြေ အလွန်နည်းပါးပါတယ်။
၁၃။ လက်ဖက်ရည်ကြမ်းနှင့် အသဲရောဂါ
လက်ဖက်ရည်ကြမ်းဟာ အသဲပျက်စီးနေတဲ့ ပုဂ္ဂိုလ်တွေအတွက် အတွင်းအင်္ဂါအစားထိုးကုသမှု မရနိုင်ခြင်းကို တားဆီးပေးပါတယ်။ အသဲအဆီတွင်းမှာရှိတဲ့ အန္တရာယ်ပေးတဲ့ ဖရီးရာဒီကယ်တွေကို ဖျက်စီးပစ်ကြောင်း သုတေသနအတော်များများက တွေ့ရှိခဲ့ပါတယ်။
၁၄။ လက်ဖက်ရည်ကြမ်းနှင့် သွေးတိုးရောဂါ
သွေးအရမ်းတက်ခြင်းကိုကာကွယ်ပေးပါတ်။ သွေးတိုးခြင်းကိုဖြစ်ပေါ်စေတဲ့ angiotensin တွေကို နှိပ်ကွပ်ပေးခြင်းဖြင့် သွေးတိုးခြင်းကို ကျဆင်းစေပါတယ်။
၁၅။ လက်ဖက်ရည်ကြမ်းနှင့် အစာအဆိပ်သင့်ခြင်း
လက်ဖက်ရည်ကြမ်းမှာပါဝင်တဲ့ catechin ဓါတ်ဟာ အစာအဆိပ်သင့်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ ဘက်တီးရီးယားနဲ့ အဲဒီဘက်တီးရီးယားကထုတ်လွှတ်လိုက်တဲ့ အဆိပ်ဓါတ်တွေကို ချေဖျက်ပေးနိုင်ပါတယ်။
၁၆။ လက်ဖက်ရည်ကြမ်းနှင့် သွေးတွင်းသကြားဓါတ်
အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ မြင့်မားလာတဲ့ သွေးတွင်းသကြားဓါတ်ကို လက်ဖက်ရည်ကြမ်းမှာပါဝင်တဲ့ ပိုလီဖီနောနဲ့ ပိုလီဆက်ချာရိုက်ဓါတ်တို့က ထိရောက်စွာ ကျဆင်းစေပါတယ်။
၁၇။ လက်ဖက်ရည်ကြမ်းနှင့် ကိုယ်ခံစွမ်းအား
လက်ဖက်ရည်ကြမ်းမှာပါဝင်တဲ့ ပိုလီဖီနော်နဲ့ ဖလာဗီနွိုက်ဓါတ်ပေါင်းဟာ ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပြီး ရောဂါပိုးကူးစက်မှုတွေကို ကာကွယ်ပေးနိုင်တာကြောင့် ကျန်းမာရေးပိုမိုကောင်းမွန်လာစေပါတယ်။
၁၈။ လက်ဖက်ရည်ကြမ်းနှင့် အအေးမိ၊ဖျားနာ
လက်ဖက်ရည်ကြမ်းသောက်ပေးခြင်းဖြင့် အအေးမိ၊ ဖျားနာခြင်းကို ကာကွယ်နိုင်ပါတယ်။ လက်ဖက်ရည်ကြမ်းမှာပါဝင်တဲ့ ဗီတာမင်စီဟာ သာမာန်ဖျားနာခြင်းကို ကုသနိုင်တဲ့အစွမ်းရှိပါတယ်။
၁၉။ လက်ဖက်ရည်ကြမ်းနှင့် စိတ်ဖိစီးမှု
လက်ဖက်ရည်ကြမ်းမှာပါဝင်တဲ့ အမိုင်နိုအက်ဆစ်တမျိုးဖြစ်တဲ့ L-theanine ဟာ စိတ်ဖိစီးမှုနဲ့ စိတ်ရှုပ်ထွေးမှုတို့ကို လျော့ကျဖြေဖျောက်ပေးနိုင်ပါတယ်။