ေအာင္ျမင္သူတို႔ ေရွာင္ေျပးၾကတဲ့ အရာမ်ား

အခုေျပာျပမယ့္ အခ်က္ ၁၀ ခ်က္ကို ေရွာင္ရွားလုိက္မယ္ဆိုရင္ သင္ဟာ ေအာင္ျမင္သူတစ္ဦးျဖစ္လာဖုိ႔ အလွမ္းမေဝးေတာ့ပါဘူး။

၁။ ေျပာင္းလဲမႈကို ေၾကာက္ရြံ႕ျခင္း
စိတ္ဓာတ္ၾကံ႕ခုိင္သူေတြဟာ ေျပာင္းလဲမႈေတြကို ၾကိဳဆိုၾကပါတယ္။ သူတို႔တကယ္ေၾကာက္တာက ေျပာငး္လဲမႈမရွိလာပဲ တစ္ေနရာတည္းမွာပဲ တန္႔သြားမွာကိုျဖစ္ပါတယ္။ တကယ္ထူးခြ်န္တဲ့ သူေတြဟာ နည္းပညာတိုးတက္လာတဲ့အခုခ်ိန္၊ ေခတ္စနစ္ေတြတိုးတက္ေျပာင္းလဲလာတဲ့ အခုခ်ိန္မွာ ေျပာင္းလဲဖို႔ကို ေၾကာက္ရြံ႕ေနျခင္းမရွိပဲ စိတ္ဓာတ္စြမ္းအင္အျပည့္နဲ႔ ေျပာင္းလဲမႈေခတ္ေရစီးေၾကာင္းထဲကို လုိက္ပါသြားတတ္ၾကပါတယ္။

၂။ မိမိရဲ႕အစြမ္းကို အျခားသူမ်ားထံသို႔ ေပးအပ္ျခင္း
စိတ္ဓာတ္ၾကံ႕ခုိင္သူေတြဟာ ဘယ္လုိအေျခအေနကိုပဲေရာက္ေရာက္ မိမိရဲ႕အစြမ္းကုိ အျခားသူမ်ားထံသို႔ လႊဲေျပာင္းလုိက္ျခင္းမ်ိဳး မျပဳလုပ္ပါဘူး။ သူတို႔ဟာ သူတို႔ကိုယ္တိုင္ရဲ႕ လုပ္ေဆာင္ခ်က္နဲ႔ ခံစားခ်က္ေတြကို ထိန္းခ်ဳပ္ၾကီးစိုးႏုိင္သလို သူတို႔နဲ႔ ဆက္စပ္ေနတဲ့အရာေတြကိုလည္း ၾကီးစိုးႏုိင္ပါတယ္။

၃။ မိမိမထိန္းခ်ဳပ္ႏုိင္တဲ့ အရာေတြအေပၚမွာ စြမ္းအင္အကုန္ခံျခင္း
ကားလမ္းပိတ္တာ၊ ဘတ္စ္ကားပ်က္တာ၊ ရာသီဥတုပူတာ စတဲ့အရာေတြဟာ မိမိထိန္းခ်ဳပ္လို႔ရတဲ့ အရာေတြမဟုတ္ပါဘူး။ မိမိရဲ႕ပတ္ဝန္းက်င္မွာ မိမိထိန္းခ်ဳပ္လု႔ိမရတဲ့ အရာေပါင္းမ်ားစြာရွိပါတယ္။ အဲ့ဒါေတြကို စိတ္တိုင္းမက်ျဖစ္ေနျပီး ျငီးျငဴေနျခင္းဟာ သင့္ရဲ႕စြမ္းအင္နဲ႔ အေတြးအေခၚေတြကို ျဖဳန္းတီးေနျခင္းသက္သက္ပါပဲ။ အဲ့ဒီအခ်ိန္မွာ မိမိထိန္းခ်ဳပ္လုိ႔ရတဲ့ အရာေတြကိုပဲ အာရံုစိုက္ျပီး အဲ့ဒါေတြကို ဘယ္လုိေကာင္းေကာင္းအသံုးျပဳလုပ္ေဆာင္သြားရမယ္လုိ႔ ေတြးျခင္း၊ လုပ္ေဆာင္ျခင္းကို စိတ္ဓာတ္ၾကံ႕ခုိင္သူေတြကသာ ျပဳလုပ္ႏုိင္စြမ္းရွိၾကပါတယ္။

၄။ အားနာတတ္ျခင္းနဲ႔ ေမာက္မာျခင္း
ဒီႏွစ္ခုဟာဆန္႔က်င္ဘက္ျဖစ္ျပီး ကြ်န္ေတာ္တို႔အမ်ားဆံုး ၾကံဳေတြ႔ရေလ့ရွိတဲ့ အရာေတြပါ။ ေသခ်ာတာတစ္ခုက ဒီႏွစ္ခုလံုး မိမိကိုအက်ိဳးမျပဳပါဘူး။ ငါတစ္ခုခုေျပာလုိက္လုိ႔ သူမ်ားစိတ္ဆိုးသြားမလားဆိုျပီး ေတြးေတာေနတတ္တာဟာ ရွိသင့္တာထက္ ပိုရွဳပ္ျပီး အခ်ိန္ပိုကုန္ေစတဲ့ အေတြးတစ္ခုပါပဲ။ အားနာတတ္တာေၾကာင္း ဆံုးျဖတ္ခ်က္ေတြ မွားယြင္းေစတတ္ပါတယ္။ အားနာတာနဲ႔ဆန္႔က်င္ဘက္ကေတာ့ ေမာက္မာျခင္းျဖစ္ပါတယ္။ ငါကဒီလိုလူၾကီးျဖစ္တာေၾကာင့္ တစ္ျခားလူေတြ ငါ့ကိုဒီလုိဆက္ဆံရမယ္ဆိုျပီး အျမဲထင္ေနရင္လည္း မွားပါတယ္။ တကယ္စိတ္ဓာတ္ၾကံ႕ခုိင္တဲ့သူဟာ ရိုက်ိဳးသင့္တဲ့အခါမွာ မရွက္မဝံ့ရုိက်ိဳးတတ္ျပီး အားနာစရာမလိုတဲ့အခါမွာလည္း အားမနာတမ္း ဆံုးျဖတ္ခ်က္ခ်တတ္ၾကပါတယ္။

၅။ ၾကိဳတင္တြက္ဆထားျပီးျဖစ္တဲ့ စြန္႔စားမႈတစ္ခုကို မယူရဲျခင္း
ၾကိဳတင္တြက္ဆထားျပီးတဲ့ စြန္႔စားမႈတစ္ခုကိုလုပ္ေဆာင္တာဟာ မ်က္စိစံုမွိတ္ျပီး အမွားလုပ္တာမဟုတ္ပါဘူး။ ေရြးစရာလမ္းေတြထဲက ဘယ္လမ္းကထိခိုက္မႈအနည္းဆံုးျဖစ္တယ္ဆိုတာကို ခ်ိန္ဆတြက္ခ်က္ျပီး ယင္းရလာဒ္အေပၚ Risk ယူရဲတာဟာ စိတ္ဓာတ္ၾကံ႕ခုိင္တဲ့ စြန္႔ဦးတီထြင္သူေတြသာ လုပ္ေဆာင္တတ္တဲ့ အျပဳအမူတစ္ခုပါ။ သူတို႔ဟာ အေကာင္းဆံုးကိုေမွ်ာ္လင့္ထားသလုိ အဆိုးဆံုးကိုလည္း ျပင္ဆင္ထားတတ္ၾကပါတယ္။ ဒါေၾကာင့္ျဖစ္လာတဲ့ အခက္အခဲတိုင္းကို ရင္ဆိုင္ေက်ာ္လႊားႏုိင္ၾကပါတယ္။

၆။ အတိတ္မွာ က်န္ေနရစ္ျခင္း
တစ္ခ်ိဳ႕ဟာ အရင္တုန္းက က်ရွံဳးခဲ့ၾကဖူးတယ္။ တစ္ခ်ိဳ႕ဟာလည္း အရင္တုန္းက ေအာင္ျမင္ခဲ့ၾကဖူးတယ္။ ငါအဲ့ဒီတုန္းက ဒီလုိရွံဳးနိမ့္ခဲ့တာပဲ ဒါမွမဟုတ္ ငါအဲ့တုန္းက ဒီလုိေအာင္ျမင္ခဲ့တာေလ စသည္ျဖင့္ စိတ္ဓာတ္က်လုိ႔မျပီး၊ ေအာင္ပြဲခံလုိ႔မျပီးတဲ့သူေတြဟာ အတိတ္မွာ က်န္ေနခဲ့တဲ့သူေတြ ျဖစ္ပါတယ္။ အဲ့ဒီလုိအက်င့္ရွိသူေတြဟာ တကယ္တမ္းစိတ္ဓာတ္ေပ်ာ့ညံ့တဲ့သူေတြလည္း ျဖစ္ပါတယ္။ လက္ရွိအခ်ိန္နဲ႔ အနာဂတ္မွာ ေကာင္းေအာင္လုပ္ႏုိင္ပါ့မလားဆိုျပီး စိုးရိမ္စိတ္ရွိေနသူေတြလည္း ျဖစ္ႏုိင္ပါတယ္။ တကယ္စိတ္ဓာတ္ၾကံ႕ခုိင္တဲ့သူေတြကေတာ့ လက္ရွိပစၥဳပၸန္မွာ အေကာင္းဆံုးေနထုိုင္ျပီး အနာဂတ္အတြက္ စီမံျပင္ဆင္ေနၾကသူေတြသာ ျဖစ္ပါတယ္။

၇။ တူညီတဲ့အမွားကို ထပ္ကာထပ္ကာ ျပဳလုပ္ျခင္း
သင့္ရဲ႕လုပ္ေဆာင္ခ်က္ကိုမေျပာင္းလဲပဲ ကြဲျပားျခားနားတဲ့ ရလာဒ္တစ္ခုကို ေမွ်ာ္လင့္ေနတာကေတာ့ မုိက္ရူးရဲဆန္တာပါပဲ။ လုပ္ေဆာင္ခ်က္မေျပာင္းလဲရင္ တူညီတဲ့ရလာဒ္ေတြပဲ ရမွာဆုိတာ မလြဲမေသြပါ။ တကယ္လုိ႔ဆက္တိုက္မွားေနတာကို အဲ့ဒီအမွားကေန သင္ခန္းစာမယူပဲ ထပ္ကာထပ္ကာလုပ္ေဆာင္ေနျခင္းဟာ အသံုးမက်သူေတြရဲ႕ အေလ့အက်င့္တစ္ခုပါ။ အဲ့ဒီလုိ အမွားေတြကေန သင္ခန္းစာယူျပီး ကိုယ့္ကိုယ္ကို တိုးတက္ေအာင္မစြမ္းေဆာင္ႏုိင္တဲ့သူေတြဟာ ဘယ္လုပ္ငန္းမွာမွ ေခါင္းေဆာင္ျဖစ္ဖုိ႔ အရည္အခ်င္းမထိုက္တန္ပါဘူး။

၈။ သူတစ္ပါးေအာင္ျမင္မႈကို မနာလုိျခင္း
သူတစ္ပါးေအာင္ျမင္မႈကို မနာလုိျဖစ္ျခင္းဟာလည္း စိတ္ဓာတ္ေပ်ာ့ညံ့တဲ့သူေတြရဲ႕ လုပ္ေဆာင္ခ်က္ျဖစ္ပါတယ္။ တကယ္စိတ္ဓာတ္ၾကံ့ခုိင္သူေတြဟာ တစ္စံုတစ္ေယာက္ေအာင္ျမင္ေနျပီဆိုရင္ အဲ့ဒီသူတစ္ပါးကို ခ်ီးမြမ္းဂုဏ္ျပဳျပီး သူ႔ဆီကေန ဘယ္လုိသင္ယူႏုိင္မလဲဆိုတာကိုပဲ ေတြးေတာသံုးသပ္တတ္ၾကပါတယ္။ ျပီးရင္လညး္ ျဖတ္လမ္းနည္းမလုိက္ပဲ ဘယ္လုိေအာင္ျမင္ေအာင္ျပဳလုပ္မလဲဆိုတာကို ေတြးေတာဆင္ျခင္ကာ အဲ့ဒီနည္းလမ္းအတိုင္း ၾကိဳးစားလုပ္ေဆာင္တတ္ၾကပါတယ္။

၉။ ရႈံးနိမ့္ျပီးတာနဲ႔ ရပ္တန္႔လုိက္ျခင္း
အရႈံးတစ္ခုခုနဲ႔ ရင္ဆိုင္လုိက္ျပီးတာနဲ႔ မိမိရဲ႕စိတ္ကူးအိပ္မက္ေတြကို ေရစံုေမွ်ာစြန္႔လႊတ္လုိက္ျခင္းဟာ စိတ္ဓာတ္ေပ်ာ့ညံ့တဲ့သူေတြရဲ႕ အလုပ္ပါ။ ေအာင္ျမင္တဲ့စြန္႔ဦးတီထြင္သူတစ္ဦးဟာ ရံႈးနိမ့္မႈေတြကို ႏွစ္သက္ပါတယ္။ ဘာေၾကာင့္လည္းဆိုေတာ့ ဒီလုိရံႈးနိမ့္သြားျခင္းက သင္ခန္းစာေတြအမ်ားၾကီးသင္ယူႏုိင္ျပီး ေအာင္ျမင္မႈအတြက္ ပိုမိုနီးစပ္ေအာင္ တြန္းပို႔ေပးႏုိင္တယ္လုိ႔ ခံယူထားၾကလုိ႔ျဖစ္ပါတယ္။ ရံႈးနိမ့္မႈနဲ႔ ၾကံဳေတြ႔ေနပါေစ၊ မေလွ်ာ့ေသာဇြဲနဲ႔ ၾကိဳးစားရုန္းကန္ျခင္းဟာ စိတ္ဓာတ္ၾကံ႕ခုိင္တဲ့သူေတြသာ စြမ္းေဆာင္ႏုိင္တဲ့အရာတစ္ခု ျဖစ္ပါတယ္။

၁၀။ ရလာဒ္ကို ျမန္ျမန္ေမွ်ာ္ကိုးျခင္း
ခုေရတြင္းတူး ခုေရၾကည္ေသာက္လုိ႔မရသလိုပါပဲ။ ကိုယ့္ရဲ႕ၾကိဳးစားအားထုတ္မႈတစ္ခုကေန လွ်င္ျမန္တဲ့ေအာင္ျမင္ေက်ာ္ၾကားမႈရလိမ့္မယ္လုိ႔ ေမွ်ာ္လင့္လုိ႔မရပါဘူး။ ဘယ္အရာမဆို ဇြဲရွိရွိနဲ႔ စိတ္ရွည္သည္းခံျပီး ေစာင့္ဆိုင္းရမယ္ဆိုတာကို စိတ္ဓာတ္ၾကံ႕ခုိင္တဲ့သူေတြက သိထားၾကပါတယ္။ ေမွ်ာ္မွန္းခ်က္ၾကီးမားေလေလ ပိုျပီးေစာင့္ဆိုင္းၾကိဳးစားရေလပဲျဖစ္ပါတယ္။ ဒါေၾကာင့္ မိမိခ်မွတ္ထားတဲ့ပန္းတိုင္ကို ေန႔တိုင္းမျပတ္ ၾကိဳးစားလွမ္းေလွ်ာက္ေနျပီး ေအာင္ျမင္မႈကိုလည္း ခ်က္ခ်င္းမေမွ်ာ္ကိုးတတ္တာဟာ စိတ္ဓာတ္ၾကံ႕ခုိင္တဲ့စြန္႔ဦးတီထြင္သူေတြရဲ႕ ထူးျခားတဲ့အရည္အခ်င္းတစ္ရပ္ျဖစ္ပါတယ္။

[ Unicode ]

အခုပြောပြမယ့် အချက် ၁၀ ချက်ကို ရှောင်ရှားလိုက်မယ်ဆိုရင် သင်ဟာ အောင်မြင်သူတစ်ဦးဖြစ်လာဖို့ အလှမ်းမဝေးတော့ပါဘူး။

၁။ ပြောင်းလဲမှုကို ကြောက်ရွံ့ခြင်း
စိတ်ဓာတ်ကြံ့ခိုင်သူတွေဟာ ပြောင်းလဲမှုတွေကို ကြိုဆိုကြပါတယ်။ သူတို့တကယ်ကြောက်တာက ပြောင်းလဲမှုမရှိလာပဲ တစ်နေရာတည်းမှာပဲ တန့်သွားမှာကိုဖြစ်ပါတယ်။ တကယ်ထူးချွန်တဲ့ သူတွေဟာ နည်းပညာတိုးတက်လာတဲ့အခုချိန်၊ ခေတ်စနစ်တွေတိုးတက်ပြောင်းလဲလာတဲ့ အခုချိန်မှာ ပြောင်းလဲဖို့ကို ကြောက်ရွံ့နေခြင်းမရှိပဲ စိတ်ဓာတ်စွမ်းအင်အပြည့်နဲ့ ပြောင်းလဲမှုခေတ်ရေစီးကြောင်းထဲကို လိုက်ပါသွားတတ်ကြပါတယ်။

၂။ မိမိရဲ့အစွမ်းကို အခြားသူများထံသို့ ပေးအပ်ခြင်း
စိတ်ဓာတ်ကြံ့ခိုင်သူတွေဟာ ဘယ်လိုအခြေအနေကိုပဲရောက်ရောက် မိမိရဲ့အစွမ်းကို အခြားသူများထံသို့ လွှဲပြောင်းလိုက်ခြင်းမျိုး မပြုလုပ်ပါဘူး။ သူတို့ဟာ သူတို့ကိုယ်တိုင်ရဲ့ လုပ်ဆောင်ချက်နဲ့ ခံစားချက်တွေကို ထိန်းချုပ်ကြီးစိုးနိုင်သလို သူတို့နဲ့ ဆက်စပ်နေတဲ့အရာတွေကိုလည်း ကြီးစိုးနိုင်ပါတယ်။

၃။ မိမိမထိန်းချုပ်နိုင်တဲ့ အရာတွေအပေါ်မှာ စွမ်းအင်အကုန်ခံခြင်း
ကားလမ်းပိတ်တာ၊ ဘတ်စ်ကားပျက်တာ၊ ရာသီဥတုပူတာ စတဲ့အရာတွေဟာ မိမိထိန်းချုပ်လို့ရတဲ့ အရာတွေမဟုတ်ပါဘူး။ မိမိရဲ့ပတ်ဝန်းကျင်မှာ မိမိထိန်းချုပ်လု့ိမရတဲ့ အရာပေါင်းများစွာရှိပါတယ်။ အဲ့ဒါတွေကို စိတ်တိုင်းမကျဖြစ်နေပြီး ငြီးငြူနေခြင်းဟာ သင့်ရဲ့စွမ်းအင်နဲ့ အတွေးအခေါ်တွေကို ဖြုန်းတီးနေခြင်းသက်သက်ပါပဲ။ အဲ့ဒီအချိန်မှာ မိမိထိန်းချုပ်လို့ရတဲ့ အရာတွေကိုပဲ အာရုံစိုက်ပြီး အဲ့ဒါတွေကို ဘယ်လိုကောင်းကောင်းအသုံးပြုလုပ်ဆောင်သွားရမယ်လို့ တွေးခြင်း၊ လုပ်ဆောင်ခြင်းကို စိတ်ဓာတ်ကြံ့ခိုင်သူတွေကသာ ပြုလုပ်နိုင်စွမ်းရှိကြပါတယ်။

၄။ အားနာတတ်ခြင်းနဲ့ မောက်မာခြင်း
ဒီနှစ်ခုဟာဆန့်ကျင်ဘက်ဖြစ်ပြီး ကျွန်တော်တို့အများဆုံး ကြုံတွေ့ရလေ့ရှိတဲ့ အရာတွေပါ။ သေချာတာတစ်ခုက ဒီနှစ်ခုလုံး မိမိကိုအကျိုးမပြုပါဘူး။ ငါတစ်ခုခုပြောလိုက်လို့ သူများစိတ်ဆိုးသွားမလားဆိုပြီး တွေးတောနေတတ်တာဟာ ရှိသင့်တာထက် ပိုရှုပ်ပြီး အချိန်ပိုကုန်စေတဲ့ အတွေးတစ်ခုပါပဲ။ အားနာတတ်တာကြောင်း ဆုံးဖြတ်ချက်တွေ မှားယွင်းစေတတ်ပါတယ်။ အားနာတာနဲ့ဆန့်ကျင်ဘက်ကတော့ မောက်မာခြင်းဖြစ်ပါတယ်။ ငါကဒီလိုလူကြီးဖြစ်တာကြောင့် တစ်ခြားလူတွေ ငါ့ကိုဒီလိုဆက်ဆံရမယ်ဆိုပြီး အမြဲထင်နေရင်လည်း မှားပါတယ်။ တကယ်စိတ်ဓာတ်ကြံ့ခိုင်တဲ့သူဟာ ရိုကျိုးသင့်တဲ့အခါမှာ မရှက်မဝံ့ရိုကျိုးတတ်ပြီး အားနာစရာမလိုတဲ့အခါမှာလည်း အားမနာတမ်း ဆုံးဖြတ်ချက်ချတတ်ကြပါတယ်။

၅။ ကြိုတင်တွက်ဆထားပြီးဖြစ်တဲ့ စွန့်စားမှုတစ်ခုကို မယူရဲခြင်း
ကြိုတင်တွက်ဆထားပြီးတဲ့ စွန့်စားမှုတစ်ခုကိုလုပ်ဆောင်တာဟာ မျက်စိစုံမှိတ်ပြီး အမှားလုပ်တာမဟုတ်ပါဘူး။ ရွေးစရာလမ်းတွေထဲက ဘယ်လမ်းကထိခိုက်မှုအနည်းဆုံးဖြစ်တယ်ဆိုတာကို ချိန်ဆတွက်ချက်ပြီး ယင်းရလာဒ်အပေါ် Risk ယူရဲတာဟာ စိတ်ဓာတ်ကြံ့ခိုင်တဲ့ စွန့်ဦးတီထွင်သူတွေသာ လုပ်ဆောင်တတ်တဲ့ အပြုအမူတစ်ခုပါ။ သူတို့ဟာ အကောင်းဆုံးကိုမျှော်လင့်ထားသလို အဆိုးဆုံးကိုလည်း ပြင်ဆင်ထားတတ်ကြပါတယ်။ ဒါကြောင့်ဖြစ်လာတဲ့ အခက်အခဲတိုင်းကို ရင်ဆိုင်ကျော်လွှားနိုင်ကြပါတယ်။

၆။ အတိတ်မှာ ကျန်နေရစ်ခြင်း
တစ်ချို့ဟာ အရင်တုန်းက ကျရှုံးခဲ့ကြဖူးတယ်။ တစ်ချို့ဟာလည်း အရင်တုန်းက အောင်မြင်ခဲ့ကြဖူးတယ်။ ငါအဲ့ဒီတုန်းက ဒီလိုရှုံးနိမ့်ခဲ့တာပဲ ဒါမှမဟုတ် ငါအဲ့တုန်းက ဒီလိုအောင်မြင်ခဲ့တာလေ စသည်ဖြင့် စိတ်ဓာတ်ကျလို့မပြီး၊ အောင်ပွဲခံလို့မပြီးတဲ့သူတွေဟာ အတိတ်မှာ ကျန်နေခဲ့တဲ့သူတွေ ဖြစ်ပါတယ်။ အဲ့ဒီလိုအကျင့်ရှိသူတွေဟာ တကယ်တမ်းစိတ်ဓာတ်ပျော့ညံ့တဲ့သူတွေလည်း ဖြစ်ပါတယ်။ လက်ရှိအချိန်နဲ့ အနာဂတ်မှာ ကောင်းအောင်လုပ်နိုင်ပါ့မလားဆိုပြီး စိုးရိမ်စိတ်ရှိနေသူတွေလည်း ဖြစ်နိုင်ပါတယ်။ တကယ်စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေကတော့ လက်ရှိပစ္စုပ္ပန်မှာ အကောင်းဆုံးနေထိုင်ပြီး အနာဂတ်အတွက် စီမံပြင်ဆင်နေကြသူတွေသာ ဖြစ်ပါတယ်။

၇။ တူညီတဲ့အမှားကို ထပ်ကာထပ်ကာ ပြုလုပ်ခြင်း
သင့်ရဲ့လုပ်ဆောင်ချက်ကိုမပြောင်းလဲပဲ ကွဲပြားခြားနားတဲ့ ရလာဒ်တစ်ခုကို မျှော်လင့်နေတာကတော့ မိုက်ရူးရဲဆန်တာပါပဲ။ လုပ်ဆောင်ချက်မပြောင်းလဲရင် တူညီတဲ့ရလာဒ်တွေပဲ ရမှာဆိုတာ မလွဲမသွေပါ။ တကယ်လို့ဆက်တိုက်မှားနေတာကို အဲ့ဒီအမှားကနေ သင်ခန်းစာမယူပဲ ထပ်ကာထပ်ကာလုပ်ဆောင်နေခြင်းဟာ အသုံးမကျသူတွေရဲ့ အလေ့အကျင့်တစ်ခုပါ။ အဲ့ဒီလို အမှားတွေကနေ သင်ခန်းစာယူပြီး ကိုယ့်ကိုယ်ကို တိုးတက်အောင်မစွမ်းဆောင်နိုင်တဲ့သူတွေဟာ ဘယ်လုပ်ငန်းမှာမှ ခေါင်းဆောင်ဖြစ်ဖို့ အရည်အချင်းမထိုက်တန်ပါဘူး။

၈။ သူတစ်ပါးအောင်မြင်မှုကို မနာလိုခြင်း
သူတစ်ပါးအောင်မြင်မှုကို မနာလိုဖြစ်ခြင်းဟာလည်း စိတ်ဓာတ်ပျော့ညံ့တဲ့သူတွေရဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။ တကယ်စိတ်ဓာတ်ကြံ့ခိုင်သူတွေဟာ တစ်စုံတစ်ယောက်အောင်မြင်နေပြီဆိုရင် အဲ့ဒီသူတစ်ပါးကို ချီးမွမ်းဂုဏ်ပြုပြီး သူ့ဆီကနေ ဘယ်လိုသင်ယူနိုင်မလဲဆိုတာကိုပဲ တွေးတောသုံးသပ်တတ်ကြပါတယ်။ ပြီးရင်လည်း ဖြတ်လမ်းနည်းမလိုက်ပဲ ဘယ်လိုအောင်မြင်အောင်ပြုလုပ်မလဲဆိုတာကို တွေးတောဆင်ခြင်ကာ အဲ့ဒီနည်းလမ်းအတိုင်း ကြိုးစားလုပ်ဆောင်တတ်ကြပါတယ်။

၉။ ရှုံးနိမ့်ပြီးတာနဲ့ ရပ်တန့်လိုက်ခြင်း
အရှုံးတစ်ခုခုနဲ့ ရင်ဆိုင်လိုက်ပြီးတာနဲ့ မိမိရဲ့စိတ်ကူးအိပ်မက်တွေကို ရေစုံမျှောစွန့်လွှတ်လိုက်ခြင်းဟာ စိတ်ဓာတ်ပျော့ညံ့တဲ့သူတွေရဲ့ အလုပ်ပါ။ အောင်မြင်တဲ့စွန့်ဦးတီထွင်သူတစ်ဦးဟာ ရှုံးနိမ့်မှုတွေကို နှစ်သက်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီလိုရှုံးနိမ့်သွားခြင်းက သင်ခန်းစာတွေအများကြီးသင်ယူနိုင်ပြီး အောင်မြင်မှုအတွက် ပိုမိုနီးစပ်အောင် တွန်းပို့ပေးနိုင်တယ်လို့ ခံယူထားကြလို့ဖြစ်ပါတယ်။ ရှုံးနိမ့်မှုနဲ့ ကြုံတွေ့နေပါစေ၊ မလျှော့သောဇွဲနဲ့ ကြိုးစားရုန်းကန်ခြင်းဟာ စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေသာ စွမ်းဆောင်နိုင်တဲ့အရာတစ်ခု ဖြစ်ပါတယ်။

၁၀။ ရလာဒ်ကို မြန်မြန်မျှော်ကိုးခြင်း
ခုရေတွင်းတူး ခုရေကြည်သောက်လို့မရသလိုပါပဲ။ ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုတစ်ခုကနေ လျှင်မြန်တဲ့အောင်မြင်ကျော်ကြားမှုရလိမ့်မယ်လို့ မျှော်လင့်လို့မရပါဘူး။ ဘယ်အရာမဆို ဇွဲရှိရှိနဲ့ စိတ်ရှည်သည်းခံပြီး စောင့်ဆိုင်းရမယ်ဆိုတာကို စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေက သိထားကြပါတယ်။ မျှော်မှန်းချက်ကြီးမားလေလေ ပိုပြီးစောင့်ဆိုင်းကြိုးစားရလေပဲဖြစ်ပါတယ်။ ဒါကြောင့် မိမိချမှတ်ထားတဲ့ပန်းတိုင်ကို နေ့တိုင်းမပြတ် ကြိုးစားလှမ်းလျှောက်နေပြီး အောင်မြင်မှုကိုလည်း ချက်ချင်းမမျှော်ကိုးတတ်တာဟာ စိတ်ဓာတ်ကြံ့ခိုင်တဲ့စွန့်ဦးတီထွင်သူတွေရဲ့ ထူးခြားတဲ့အရည်အချင်းတစ်ရပ်ဖြစ်ပါတယ်။

Ref; success

 

86 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.