ၾကက္ဝက္သာကူလံုးေပါင္း ျပဳလုပ္နည္း

သာကူအိအိနဲ႔ ၾကက္သားေမႊးေမႊးေလးကို ေပါင္းစပ္ခံစားခ်င္တဲ့ Trend ပရိသတ္ႀကီးအတြက္ ၾကက္ဝက္သာကူလံုးေပါင္း ျပဳလုပ္နည္းကို ေဝမၽွလိုက္ပါတယ္။ သာကူထဲကို ၀က္သား(သုိ႔)ၾကက္သားနဲ႔ ေျမပဲကို အစာသြပ္ထားတာပါ။ လုပ္စားၾကည့္ရေအာင္ေနာ္။

ပါ၀င္ပစၥည္းမ်ား
၁။ သာကူ – ၁ခြက္ခြဲ
၂။ ေရေႏြး – ၁ခြက္
၃။ ၾကက္သြန္ျဖဴဆီခ်က္

အစာသြပ္ရန္အတြက္ ပါ၀င္ပစၥည္းမ်ား
၁။ ၀က္သား(သုိ႔)ၾကက္သား – ၂၀က်ပ္သား (နွုတ္နွုတ္စဥ္းပါ)
၂။ ၾကက္သြန္နီ – ၂ဥ (နွုတ္နွုတ္စဥ္းပါ)
၃။ ေျမပဲ – စားပြဲတင္ဇြန္း ၄ဇြန္း (မညက္တညက္ေထာင္းပါ)
၄။ ငါးငံျပာရည္ – စားပြဲတင္ဇြန္း ၂ဇြန္း
၅။ သၾကား – စားပြဲတင္ဇြန္း ၂ဇြန္း
၆။ ဆီ – စားပြဲတင္ဇြန္း ၁ဇြန္း

ျပဳလုပ္နည္း
၁။ အရင္ဆံုး သာကူကုိ ေရျဖင္႔ အနည္းငယ္ ေဆးျပီ ဇလံုတစ္ခုထဲတြင္ (သာကူေစ႔ထည္႔၊ ေရ)ထည္႔ျပီ လက္ျဖင္႔ သာကူေစ႔မ်ားကို အနည္းငယ္ ေျချပီ ေစးကပ္ေအာင္ လုပ္ေပးပါ။
၂။ ျပီလွ်င္ အေပၚမွ ေရစို၀တ္ျဖင္႔ ၁နာရီခန္႔ အုပ္ထားေပးပါ။
၃။ ထုိ႔ေနာက္ ဒယ္ထဲ ဆီထည္႔ ဆီပူလာလွ်င္ ၾကက္သြန္နီမ်ားကို ဆီသပ္ေပးပါ။
၄။ ျပီးမွ ၾကက္သားထည္႔ အေရာင္ေျပာင္းမွ ငါးငံျပာရည္၊ သၾကား ထည္႔ေပးပါ။
၅။ ျပီေနာက္ ေျမပဲ ထည္႔ကာ လံုးသြားျပီ ေစကပ္သြားေအာင္ ေၾကာ္ေပးပါ။ ျပီမွ မီးပိတ္ျပီ အေအးခံထားပါ။
၆။ ထုိ႔ေနာက္ သာကူကို ပံုတြင္ ပါသည္႔အတုိင္း ၁လက္ခြဲအရြယ္ အ၀ိုင္းျပားလုပ္ၿပီး ၾကက္သားေျမပဲ အစာသြပ္ေပးပါ။
၇။ အစားသြပ္ျပီ သာကူကို လက္ျဖင္႔ အလံုးပံုျပန္ လံုးေပးပါ။ ထုိနည္းအတုိင္း က်န္သာကူမ်ားကို အစာသြပ္ေပးပါ။
၈။ ဌက္ေပ်ာရြက္ေပၚ သာကူအစာသြပ္လံုးမ်ားကို တင္ျပီ ေပါင္းအုိးျဖင္႔ ၅မိနစ္ ေပါင္းေပးပါ။
မွတ္ခ်က္ ။ ။ အခ်ိန္ပိုျပီ မေပါင္းပါနွင္႔။
၉။ ေပါင္းျပီလွ်င္ သာကူကို ကုိင္လုိ႔ရသည္အထိ ေခတၱေအးခံပါ။ ျပီလွ်င္ သာကူမ်ားသည္ အလြန္စီးကပ္သည္မုိ႔ ပန္းကန္ နွင္႔ လက္တြင္ ၾကက္သြန္ျဖဴဆီခ်က္ ဆီမ်ားကို အရင္သုတ္ပါ။

၁၀။ ျပီးမွ သာကူအစာသြပ္မ်ားကို ပန္းကန္ေပၚတင္ျပီ အေပၚမွ ၾကက္သြန္ျဖဴဆီခ်က္မ်ားကို ျဖဴးကာ အရသာရွိစြာ စားသံုးနုိင္ပါျပီေနာ္။

[ Unicode ]

သာကူအိအိနဲ့ ကြက်သားမွှေးမွှေးလေးကို ပေါင်းစပ်ခံစားချင်တဲ့ Trend ပရိသတ်ကြီးအတွက် ကြက်ဝက်သာကူလုံးပေါင်း ပြုလုပ်နည်းကို ဝေမျှလိုက်ပါတယ်။ သာကူထဲကို ဝက်သား(သို့)ကြက်သားနဲ့ မြေပဲကို အစာသွပ်ထားတာပါ။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ
၁။ သာကူ – ၁ခွက်ခွဲ
၂။ ရေနွေး – ၁ခွက်
၃။ ကြက်သွန်ဖြူဆီချက်

အစာသွပ်ရန်အတွက် ပါဝင်ပစ္စည်းများ
၁။ ဝက်သား(သို့)ကြက်သား – ၂၀ကျပ်သား (နှုတ်နှုတ်စဉ်းပါ)
၂။ ကြက်သွန်နီ – ၂ဥ (နှုတ်နှုတ်စဉ်းပါ)
၃။ မြေပဲ – စားပွဲတင်ဇွန်း ၄ဇွန်း (မညက်တညက်ထောင်းပါ)
၄။ ငါးငံပြာရည် – စားပွဲတင်ဇွန်း ၂ဇွန်း
၅။ သကြား – စားပွဲတင်ဇွန်း ၂ဇွန်း
၆။ ဆီ – စားပွဲတင်ဇွန်း ၁ဇွန်း

ပြုလုပ်နည်း
၁။ အရင်ဆုံး သာကူကို ရေဖြင့် အနည်းငယ် ဆေးပြီ ဇလုံတစ်ခုထဲတွင် (သာကူစေ့ထည့်၊ ရေ)ထည့်ပြီ လက်ဖြင့် သာကူစေ့များကို အနည်းငယ် ခြေပြီ စေးကပ်အောင် လုပ်ပေးပါ။
၂။ ပြီလျှင် အပေါ်မှ ရေစိုဝတ်ဖြင့် ၁နာရီခန့် အုပ်ထားပေးပါ။
၃။ ထို့နောက် ဒယ်ထဲ ဆီထည့် ဆီပူလာလျှင် ကြက်သွန်နီများကို ဆီသပ်ပေးပါ။
၄။ ပြီးမှ ကြက်သားထည့် အရောင်ပြောင်းမှ ငါးငံပြာရည်၊ သကြား ထည့်ပေးပါ။
၅။ ပြီနောက် မြေပဲ ထည့်ကာ လုံးသွားပြီ စေကပ်သွားအောင် ကြော်ပေးပါ။ ပြီမှ မီးပိတ်ပြီ အအေးခံထားပါ။
၆။ ထို့နောက် သာကူကို ပုံတွင် ပါသည့်အတိုင်း ၁လက်ခွဲအရွယ် အဝိုင်းပြားလုပ်ပြီး ကြက်သားမြေပဲ အစာသွပ်ပေးပါ။
၇။ အစားသွပ်ပြီ သာကူကို လက်ဖြင့် အလုံးပုံပြန် လုံးပေးပါ။ ထိုနည်းအတိုင်း ကျန်သာကူများကို အစာသွပ်ပေးပါ။
၈။ ဌက်ပျောရွက်ပေါ် သာကူအစာသွပ်လုံးများကို တင်ပြီ ပေါင်းအိုးဖြင့် ၅မိနစ် ပေါင်းပေးပါ။
မှတ်ချက် ။ ။ အချိန်ပိုပြီ မပေါင်းပါနှင့်။
၉။ ပေါင်းပြီလျှင် သာကူကို ကိုင်လို့ရသည်အထိ ခေတ္တအေးခံပါ။ ပြီလျှင် သာကူများသည် အလွန်စီးကပ်သည်မို့ ပန်းကန် နှင့် လက်တွင် ကြက်သွန်ဖြူဆီချက် ဆီများကို အရင်သုတ်ပါ။

၁၀။ ပြီးမှ သာကူအစာသွပ်များကို ပန်းကန်ပေါ်တင်ပြီ အပေါ်မှ ကြက်သွန်ဖြူဆီချက်များကို ဖြူးကာ အရသာရှိစွာ စားသုံးနိုင်ပါပြီနော်။

Ref; thaifood

 

487 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.