ႏွစ္မိနစ္အတြင္း ဘဝအေမာေျပေစနည္း

ပင္ပန္း ႏြမ္းနယ္ေန တယ္လို႔ ခံစားရခ်ိန္တိုင္း ပင္ပန္းမႈနဲ႔ ေမာပန္းမႈ ေတြကို ေျပေပ်ာက္ ေစဖို႔ အခ်ိန္ ႏွစ္မိနစ္နဲ႔ သက္သာေစမယ့္ နည္းလမ္းေလး ေတြရွိပါတယ္။ ဒီနည္းလမ္းေတြကို Trend ပရိသတ္ႀကီးအတြက္ ေဝမၽွလိုက္ပါတယ္။ ဖတ္ၾကည့္လိုက္ပါဦး။

၁။ အၾကင္နာေပးပါ
ႏွစ္မိနစ္ေလာက္ ႏႈတ္ခမ္းခ်င္း အၾကင္နာ ေပးတာဟာ တျခား ႏွာေခါင္း၊ လက္နဲ႔ ပါးေတြကို အၾကင္နာေပးတာ ထက္ ေပ်ာ္ရႊင္မႈကို ပိုေစကာ ခံစားမႈ ေကာင္းတဲ့ေဟာ္မုန္းထြက္လာၿပီး၊ ၁၀ ကယ္လိုရီေလာက္ ေလာင္ ကြ်မ္း ေစတယ္ တယ္လို႔ Stanford တကၠသိုလ္မွ ေလ့လာမႈ ေတြ အရ ဆိုပါတယ္။

၂။ သာယာလွပေသာ ကားခ်ပ္မ်ားကို ၾကည့္ပါ
ေရတံခြန္လို၊ စမ္းေခ်ာင္းေလးေတြ လို၊ ေတာေတာင္ေလးေတြလို၊ ၾကယ္တံ ခြန္ေလးေတြလို ကားခ်ပ္ေတြကို စကၠန္႔ ၆၀ ေလာက္စိုက္ၾကည့္ေန႐ံုနဲ႔ သင့္စိတ္ကို ၾကည္လင္လာ ေစတယ္လို႔ ဆိုပါတယ္။

၃။ ဖိအားေပးပါ
မ်က္လံုး ႏွစ္လံုးၾကားက မ်က္ခံုးေန ရာကို သင့္လက္ေခ်ာင္း ေလးေတြနဲ႔ ဖိႏွိပ္ ေပးတာေၾကာင့္ သင့္စိတ္ကို သက္သာရာ ရေစတယ္လို႔ ဆိုပါတယ္။ တစ္ႀကိမ္မွာ တစ္မိနစ္၊ တစ္ေန႔ကို ႏွစ္ႀကိမ္ ေလာက္ ဖိႏွိပ္ေပးပါ။

၄။ သန့္ရွင္းသပ္ရပ္ေသာ အိပ္ရာ ဖန္တီးပါ
ေသးငယ္တဲ့ အိပ္ရာမ်ိဳးေလးပဲ ျဖစ္ပါေစ သန္႔ရွင္း သပ္ရပ္ၿပီး ဓာတ္မတည့္မႈ ကင္းေအာင္ ျပင္ဆင္ထား တာေၾကာင့္ အဲလို အိပ္ရာမ်ိဳးမွာ ႏွစ္မိနစ္ေလာက္ လဲေလ်ာင္းလိုက္ရင္ စိတ္ၾကည္ လင္ကာ၊ အေမာေျပေစပါတယ္။

၅။ အိမ္ေမြးတိရစၦာန္ေလးမ်ားႏွင္႕ ကစားပါ
ကိုယ္ခ်စ္တဲ့ အိမ္ေမြးတိရစၦာန္ေလး ေတြနဲ႔ ႏွစ္မိနစ္ေလာက္ ကစားလိုက္တာ ေၾကာင့္ သင့္စိတ္ကို ေပ်ာ္ရႊင္ လာေစပါတယ္။

၆ေ။ ေျခထာက္ကို ႏွိပ္နယ္ပါ
လက္ဖဝါး ႏွစ္ဖက္နဲ႔ သင့္ေျခဖဝါး ေတြကို ႏွစ္မိနစ္ေလာက္ ႏွိပ္နယ္ေပးရင္ စိတ္ဖိစီးမႈ ျဖစ္ေစတာကို သက္သာေစႏိုင္ တယ္လို႔ ဆိုပါတယ္။

၇။ ယံုၾကည္မႈကို မွတ္သားပါ
ဘာသာေရး အရျဖစ္ေစ သင္ယံုၾကည္ အားထားရာ ေက်းဇူးေတာ္ တစ္ခုခုကို မွတ္သား လိုက္ၿပီး၊ အဲဒီ့အတိုင္းလိုက္ နာလိုက္တာေၾကာင့္ ဘဝအေမာကိုေျပ ေစတယ္လို႔ Harvard ေဆးတကၠသိုယ္မွ ေလ့လာမႈေတြက ဆိုပါတယ္။

၈။ ပုခံုးကို ႏွိပ္နယ္ပါ
ပုခံုးေနရာကို သင့္လက္ေခ်ာင္း ေတြနဲ႔ ႏွစ္မိနစ္ေလာက္ ႏွိပ္နယ္ေပးတာေၾကာင့္ စိတ္ပိုင္း ဆိုင္ရာ ဖိစီးမႈေတြကို ေျပေပ်ာက္ေစႏိုင္ပါတယ္။

၉။ အခ်ဥ္ဓာတ္သံုးပါ
အရမ္းကို ပ်င္းရိၿငီးေငြ႕ေနတယ္လို႔ ခံစားေနရခ်ိန္မ်ိဳးမွာ သံပရာသီးတစ္လံုး ကို ျခမ္းလိုက္ၿပီး သင့္ပါးစပ္ထဲကို အရည္ ညႇစ္ခ်လိုက္ပါ။

၁၀။ အခန္းတြင္း အစိမ္းေရာင္အပင္စိုက္ပါ
႐ံုးခန္းမွာ ျဖစ္ေစ၊ သင့္အိပ္ခန္းမွာ ျဖစ္ေစ အစိမ္းေရာင္ အပင္ေလးေတြ စိုက္ထားတာေၾကာင့္ သင့္စိတ္ကို ၾကည္လင္ လန္းဆန္း ေစတယ္လို႔ ေလ့လာမႈေတြအရ ေတြ႕ရွိ ခဲ့ပါတယ္။ အခန္းတြင္းမွာ အပင္ေလးႏွစ္ပင္ ေလာက္ေတာ့ စိုက္ထားပါ။

၁၁။ ခုန္ပါ
ေလ့လာမႈေတြအရ ၁၅ စကၠန္႔ ေလာက္ ဆက္တိုက္ ခုန္ေပါက္လိုက္တာ ေၾကာင့္ စြမ္းအင္ ပါဝင္တဲ့ အခ်ိဳရည္တစ္ လံုးေသာက္လိုက္သလိုပဲ လူကိုလန္းဆန္း သြားေစတယ္လို႔ ဆိုပါတယ္။

၁၂။ ထမင္းမစားမီ ေရေသာက္ပါ
ေရေသာက္တာေၾကာင့္ ေရဓာတ္ ခန္းေျခာက္မႈေၾကာင့္ျဖစ္တဲ့ ပင္ပန္းႏြမ္းနယ္မႈကို ေျပေပ်ာက္ ေစႏိုင္ပါတယ္။ ဗာဂ်ီးနီးယားမွ ေလ့လာမႈအရ ထမင္းအနပ္ ႀကီးမစားခင္မွာ ေရ ႏွစ္ခြက္ေလာက္ ေသာက္ေပးတာေၾကာင့္ ခႏၶာကိုယ္အေလး ခ်ိန္ထိန္းကာ စားေနသူေတြ အတြက္ ပိုထိ ေရာက္တယ္လို႔ ဆိုပါတယ္။

၁၃။ လက္ေဆးပါ
စိတ္ထဲမွာ ပင္ပန္းႏြမ္းနယ္ေနၿပီလို႔ ခံစားေနရခ်ိန္မ်ိဳးမွာ လက္ေဆးတဲ့ ေဘစင္ ကိုသြားၿပီး ဆပ္ျပာနဲ႔ေရကိုသံုးကာ အျမႇဳပ္ မ်ားမ်ားထေအာင္ လက္ကို ပြတ္သပ္ၿပီး ေဆးေၾကာလိုက္ပါ။ ႏွစ္မိနစ္ေလာက္ စိတ္ ေက်နပ္တဲ့ အထိ လက္ကို ေဆးလိုက္တာ ေၾကာင့္ သင့္လက္ကို သန္႔စင္ေစတဲ့အျပင္ စိတ္ကိုပါ လန္းဆန္းသြားေစပါတယ္။

၁၄။ ေလွကားထစ္ အနည္းငယ္ တက္ပါ
ေလွကားထစ္ အနည္းငယ္ကို တက္ေပး တာဟာ သင့္ေျခေထာက္က ေသြးလည္ ပတ္မႈကို ေကာင္းေစတဲ့ အျပင္ ေခါင္းၾကည္ေစတဲ့ အာနိသင္လည္းရွိပါတယ္။ ႏွစ္မိနစ္ ေလာက္ ေလွကား ထစ္မွာ လမ္းေလွ်ာက္ ေပး တာေၾကာင့္ သင့္စိတ္ကို ၾကည္လင္ သြားေစ ပါတယ္။ တစ္ပတ္မွာ မိနစ္ ၁၅၀ ေလာက္ ေလွကား တက္ေပး သင့္ပါတယ္။

၁၅။ လမ္းေလွ်ာက္ေပးပါ
ေလ့လာမႈေတြအရ လူေတြဟာ သူတို႔ရဲ႕ အခ်ိန္ေတြထဲက ၇၀ ရာခိုင္ႏႈန္းဟာ ထိုင္ေနတာနဲ႔ အခ်ိန္ကုန္ တတ္ၾကတယ္ လို႔ဆိုပါတယ္။ အလုပ္ၾကမ္းလုပ္ေနရသူ ေတြသာ လႈပ္ရွားမႈရွိၾကၿပီး အထိုင္မ်ားတဲ့သူ ေတြက တစ္ေန႔ကို ႏွစ္မိနစ္ေလာက္ ေျခက်င္ လမ္းေလွ်ာက္ေပးတာေၾကာင့္ စိတ္ဖိစီးမႈ ေတြကို ေလ်ာ့ပါးေစတယ္လို႔ ဆိုပါ တယ္။

[ Unicode ]

ပင်ပန်း နွမ်းနယ်နေ တယ်လို့ ခံစားရချိန်တိုင်း ပင်ပန်းမှုနဲ့ မောပန်းမှု တွေကို ပြေပျောက် စေဖို့ အချိန် နှစ်မိနစ်နဲ့ သက်သာစေမယ့် နည်းလမ်းလေး တွေရှိပါတယ်။ ဒီနည်းလမ်းတွေကို Trend ပရိသတ်ကြီးအတွက် ဝေမျှလိုက်ပါတယ်။ ဖတ်ကြည့်လိုက်ပါဦး။

၁။ အကြင်နာပေးပါ
နှစ်မိနစ်လောက် နှုတ်ခမ်းချင်း အကြင်နာ ပေးတာဟာ တခြား နှာခေါင်း၊ လက်နဲ့ ပါးတွေကို အကြင်နာပေးတာ ထက် ပျော်ရွှင်မှုကို ပိုစေကာ ခံစားမှု ကောင်းတဲ့ဟော်မုန်းထွက်လာပြီး၊ ၁၀ ကယ်လိုရီလောက် လောင် ကျွမ်း စေတယ် တယ်လို့ Stanford တက္ကသိုလ်မှ လေ့လာမှု တွေ အရ ဆိုပါတယ်။

၂။ သာယာလှပသော ကားချပ်များကို ကြည့်ပါ
ရေတံခွန်လို၊ စမ်းချောင်းလေးတွေ လို၊ တောတောင်လေးတွေလို၊ ကြယ်တံ ခွန်လေးတွေလို ကားချပ်တွေကို စက္ကန့် ၆၀ လောက်စိုက်ကြည့်နေရုံနဲ့ သင့်စိတ်ကို ကြည်လင်လာ စေတယ်လို့ ဆိုပါတယ်။

၃။ ဖိအားပေးပါ
မျက်လုံး နှစ်လုံးကြားက မျက်ခုံးနေ ရာကို သင့်လက်ချောင်း လေးတွေနဲ့ ဖိနှိပ် ပေးတာကြောင့် သင့်စိတ်ကို သက်သာရာ ရစေတယ်လို့ ဆိုပါတယ်။ တစ်ကြိမ်မှာ တစ်မိနစ်၊ တစ်နေ့ကို နှစ်ကြိမ် လောက် ဖိနှိပ်ပေးပါ။

၄။ သန့်ရှင်းသပ်ရပ်သော အိပ်ရာ ဖန်တီးပါ
သေးငယ်တဲ့ အိပ်ရာမျိုးလေးပဲ ဖြစ်ပါစေ သန့်ရှင်း သပ်ရပ်ပြီး ဓာတ်မတည့်မှု ကင်းအောင် ပြင်ဆင်ထား တာကြောင့် အဲလို အိပ်ရာမျိုးမှာ နှစ်မိနစ်လောက် လဲလျောင်းလိုက်ရင် စိတ်ကြည် လင်ကာ၊ အမောပြေစေပါတယ်။

၅။ အိမ်မွေးတိရစ္ဆာန်လေးများနှင့် ကစားပါ
ကိုယ်ချစ်တဲ့ အိမ်မွေးတိရစ္ဆာန်လေး တွေနဲ့ နှစ်မိနစ်လောက် ကစားလိုက်တာ ကြောင့် သင့်စိတ်ကို ပျော်ရွှင် လာစေပါတယ်။

၆ေ။ ခြေထာက်ကို နှိပ်နယ်ပါ
လက်ဖဝါး နှစ်ဖက်နဲ့ သင့်ခြေဖဝါး တွေကို နှစ်မိနစ်လောက် နှိပ်နယ်ပေးရင် စိတ်ဖိစီးမှု ဖြစ်စေတာကို သက်သာစေနိုင် တယ်လို့ ဆိုပါတယ်။

၇။ ယုံကြည်မှုကို မှတ်သားပါ
ဘာသာရေး အရဖြစ်စေ သင်ယုံကြည် အားထားရာ ကျေးဇူးတော် တစ်ခုခုကို မှတ်သား လိုက်ပြီး၊ အဲဒီ့အတိုင်းလိုက် နာလိုက်တာကြောင့် ဘဝအမောကိုပြေ စေတယ်လို့ Harvard ဆေးတက္ကသိုယ်မှ လေ့လာမှုတွေက ဆိုပါတယ်။

၈။ ပုခုံးကို နှိပ်နယ်ပါ
ပုခုံးနေရာကို သင့်လက်ချောင်း တွေနဲ့ နှစ်မိနစ်လောက် နှိပ်နယ်ပေးတာကြောင့် စိတ်ပိုင်း ဆိုင်ရာ ဖိစီးမှုတွေကို ပြေပျောက်စေနိုင်ပါတယ်။

၉။ အချဉ်ဓာတ်သုံးပါ
အရမ်းကို ပျင်းရိငြီးငွေ့နေတယ်လို့ ခံစားနေရချိန်မျိုးမှာ သံပရာသီးတစ်လုံး ကို ခြမ်းလိုက်ပြီး သင့်ပါးစပ်ထဲကို အရည် ညှစ်ချလိုက်ပါ။

၁၀။ အခန်းတွင်း အစိမ်းရောင်အပင်စိုက်ပါ
ရုံးခန်းမှာ ဖြစ်စေ၊ သင့်အိပ်ခန်းမှာ ဖြစ်စေ အစိမ်းရောင် အပင်လေးတွေ စိုက်ထားတာကြောင့် သင့်စိတ်ကို ကြည်လင် လန်းဆန်း စေတယ်လို့ လေ့လာမှုတွေအရ တွေ့ရှိ ခဲ့ပါတယ်။ အခန်းတွင်းမှာ အပင်လေးနှစ်ပင် လောက်တော့ စိုက်ထားပါ။

၁၁။ ခုန်ပါ
လေ့လာမှုတွေအရ ၁၅ စက္ကန့် လောက် ဆက်တိုက် ခုန်ပေါက်လိုက်တာ ကြောင့် စွမ်းအင် ပါဝင်တဲ့ အချိုရည်တစ် လုံးသောက်လိုက်သလိုပဲ လူကိုလန်းဆန်း သွားစေတယ်လို့ ဆိုပါတယ်။

၁၂။ ထမင်းမစားမီ ရေသောက်ပါ
ရေသောက်တာကြောင့် ရေဓာတ် ခန်းခြောက်မှုကြောင့်ဖြစ်တဲ့ ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက် စေနိုင်ပါတယ်။ ဗာဂျီးနီးယားမှ လေ့လာမှုအရ ထမင်းအနပ် ကြီးမစားခင်မှာ ရေ နှစ်ခွက်လောက် သောက်ပေးတာကြောင့် ခန္ဓာကိုယ်အလေး ချိန်ထိန်းကာ စားနေသူတွေ အတွက် ပိုထိ ရောက်တယ်လို့ ဆိုပါတယ်။

၁၃။ လက်ဆေးပါ
စိတ်ထဲမှာ ပင်ပန်းနွမ်းနယ်နေပြီလို့ ခံစားနေရချိန်မျိုးမှာ လက်ဆေးတဲ့ ဘေစင် ကိုသွားပြီး ဆပ်ပြာနဲ့ရေကိုသုံးကာ အမြှုပ် များများထအောင် လက်ကို ပွတ်သပ်ပြီး ဆေးကြောလိုက်ပါ။ နှစ်မိနစ်လောက် စိတ် ကျေနပ်တဲ့ အထိ လက်ကို ဆေးလိုက်တာ ကြောင့် သင့်လက်ကို သန့်စင်စေတဲ့အပြင် စိတ်ကိုပါ လန်းဆန်းသွားစေပါတယ်။

၁၄။ လှေကားထစ် အနည်းငယ် တက်ပါ
လှေကားထစ် အနည်းငယ်ကို တက်ပေး တာဟာ သင့်ခြေထောက်က သွေးလည် ပတ်မှုကို ကောင်းစေတဲ့ အပြင် ခေါင်းကြည်စေတဲ့ အာနိသင်လည်းရှိပါတယ်။ နှစ်မိနစ် လောက် လှေကား ထစ်မှာ လမ်းလျှောက် ပေး တာကြောင့် သင့်စိတ်ကို ကြည်လင် သွားစေ ပါတယ်။ တစ်ပတ်မှာ မိနစ် ၁၅၀ လောက် လှေကား တက်ပေး သင့်ပါတယ်။

၁၅။ လမ်းလျှောက်ပေးပါ
လေ့လာမှုတွေအရ လူတွေဟာ သူတို့ရဲ့ အချိန်တွေထဲက ၇၀ ရာခိုင်နှုန်းဟာ ထိုင်နေတာနဲ့ အချိန်ကုန် တတ်ကြတယ် လို့ဆိုပါတယ်။ အလုပ်ကြမ်းလုပ်နေရသူ တွေသာ လှုပ်ရှားမှုရှိကြပြီး အထိုင်များတဲ့သူ တွေက တစ်နေ့ကို နှစ်မိနစ်လောက် ခြေကျင် လမ်းလျှောက်ပေးတာကြောင့် စိတ်ဖိစီးမှု တွေကို လျော့ပါးစေတယ်လို့ ဆိုပါ တယ်။

Ref; goodhealth

 

119 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.