Crush အကြောင်း တစေ့တစောင်း
[ Unicode ]
ကိုယ် ကြွေနေရတဲ့ crush လေးက ကိုယ့်အပေါ်ဘယ်လိုသဘောထားနေလဲ ကိုယ့်ကို ပြန်ရောချစ်နိုင်ရဲ့လား၊ ကိုယ်နဲ့ အတူရှိတဲ့အချိန်မှာ ပျော်ရဲ့လားဆိုတာသိရှိဖို့ crush အကြောင်း တစေ့တစောင်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှလိုက်ပါတယ်။ ဖတ်ကြည့်လိုက်ပါဦး။
၁။ နှစ်ယောက်အတူရှိတဲ့အချိန်မှာ အပြုအမူတစ်ခုကို ထပ်တလဲလဲလုပ်မိတတ်တာမျိုး။
ဥပမာ – မျက်ခုံးကိုလက်သည်းနဲ့ခြစ်တတ်တာမျိုး၊ ဆံပင်ခဏခဏသပ်တတ်တာမျိုးဆို သင်နဲ့သူအတူရှိနေရတဲ့အတွက်ရင်ခုန်နေတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။
၂။ သူသင့်ကိုတွေ့လိုက်တဲ့အချိန်တိုင်းမှာ မျက်ခုံးနှစ်ဖက်အနည်းငယ်ပင့်ပြီ းနှုတ်ခမ်းကအနည်းငယ်လေးပြုံးယောင်သမ်းသွားတတ်တယ်ဆိုရင် သူသင့်ကိုမြင်ရတာစိတ်လှုပ်ရှားပြီးပျော်ရွှင်တယ်ဆိုတဲ့သဘောသက်ရောက်ပါတယ်နော်။
၃။ သင်နဲ့သူစကားပြောနေတဲ့အချိန်မှာ သင့်ဆီကနေ အကြည့်လုံးဝမလွဲဘဲ ငေးစိုက်ကြည့်နေတာမျိုးကလည်းသူသင့်ကိုစိတ်ဝင်စားနေတယ်ဆိုတဲ့အဓိပ္ပာယ်ပဲပေါ့။
၄။ သင်နဲ့တွေ့တဲ့အချိန်မှာ ဟာသတွေပြောပြီး အားရပါးရရယ်မောတတ်ရင်လည်း သင့်ကို သူအတော်လေးသဘောကျနေတယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။
၅။ လမ်းသွားရင်း လက်ချင်း ထိမိသွားတဲ့အခါသင့်ကိုခိုးကြည့်ပြီး ပြုံးသွားတတ်တာမျိုးဆိုရင်တော့ သူကသင်နဲ့ အနီးကပ်နေရတာကို နှစ်သက်နေတာဖြစ်ပြီး နှစ်ယောက်အတူ ရှိနေချိန်တလျှောက်လုံး သူ့ရဲ့ ဖုန်းကိုလုံးဝဖွင့်မကြည့်ဘူး။ ဖုန်းလာရင်တောင် မကိုင်ဘူးဆိုရင်တော့ သင့်ကိုတော်တော်အလေးထားလို့ဆိုတာသိသာနေပြီပေါ့။
Ref; crushfacts
94 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.