အသည္းကြဲေရာဂါ ေပ်ာက္ကင္းကုသနည္း

ကိုယ္ခ်စ္ရတဲ့သူနဲ႔ ေ၀းသြားရင္ပဲ ျဖစ္ျဖစ္၊ ထားခဲ့ခံရတာပဲ ျဖစ္ျဖစ္၊ အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ ျပတ္စဲလိုက္ရတဲ့အခါ ဘယ္သူမဆို အနည္းနဲ႔ အမ်ားေတာ့ နာက်င္ခံစားရမွာပါပဲ။ ဒါဟာလူတိုင္းမွာ ျဖစ္တတ္တဲ့ သဘာ၀ပါ။
ဒါကို အသည္းေလးကြဲတာမ်ား ခံစားေနရသလား။ သူနဲ႔ လမ္းခြဲတာမ်ား ငိုစရာလား ဆိုၿပီး ခံစားခ်က္ကို ထိန္းခ်ဳပ္ မထားသင့္ပါဘူး။ ဒါေၾကာင့္ ဒီအသည္းကြဲေရာဂါကို ေက်ာ္လႊားပေပ်ာက္ႏိုင္တဲ့ နည္းလမ္းေတြကို Trend ပရိသတ္ႀကီးအတြက္ ေဝမၽွလို္က္ပါတယ္။ ဖတ္ၾကည့္လို္က္ပါဦး။

၁။ အက်င့္ေဟာင္းေတြ ေျပာင္းလဲပစ္ပါ
ကိုယ့္ရဲ႕အမူအက်င့္ေတြကို ေျပာင္းလဲပစ္ရပါမယ္။
ဥပမာ- အဆက္ေဟာင္းကုိ သတိရေစမယ့္ သီခ်င္းမ်ဳိး နားမေထာင္တာ၊ ကိုယ့္ရဲ႕အိမ္တြင္း အျပင္အဆင္ေတြ ေျပာင္းလဲလိုက္တာ၊ ပရိေဘာဂေတြကို ေနရာေျပာင္းတာ၊ေလ့က်င့္ခန္းေတြလုပ္တာ၊ Gym ေဆာ့တာ စတဲ့ အမူအက်င့္ေတြကို အေျပာင္းအလဲလုပ္ပါ။
ဒီလိုေျပာင္းလဲတာဟာ ကိုယ္ပိုင္ပတ္၀န္းက်င္အသစ္တစ္ခုကို ဖန္တီးၿပီး ေန႔သစ္ေတြကို ေပ်ာ္ေပ်ာ္္ရႊင္ရႊင္ ျဖတ္သန္းႏိုင္ဖို႔ ျဖစ္ပါတယ္။ ဒါေၾကာင့္ အခုပဲတစ္ခုခုကို ေျပာင္းလဲလိုက္ပါ။

၂။ အေတြးေတြကိုလည္း ေျပာင္းလဲပါ
ေနာက္တစ္ခုအေနနဲ႔ကေတာ့ အေပၚကေျပာခဲ့သလို အျပင္ပိုင္းပတ္၀န္းက်င္ကို အေျပာင္းအလဲ လုပ္သလိုပဲ စိတ္အတြင္းပိုင္းကိုလည္း ေျပာင္းလဲလိုက္ပါ။ ခ်စ္သူနဲ႔ အခ်စ္ေရး အဆံုးသတ္တာက ကိုယ့္ရဲ႕ေပ်ာ္ရႊင္မႈေတြ တစ္ခါတည္း အဆံုးသတ္လိုက္တယ္လို႔ ခံစားေနစရာ မလိုပါဘူး။ ဒါဟာ အဆံုးသတ္လံုး၀ မဟုတ္ပါဘူး။ ကိုယ့္ဘ၀အတြက္ လုပ္စရာေတြမွ အမ်ားႀကီး၊ အမ်ားႀကီး က်န္ပါေသးတယ္။ အခ်စ္နဲ႔ဘ၀ဟာ တျခားစီပါ။

၃။ ေဘးလူတစ္ေယာက္လို ၿခံဳငံုသံုးသပ္ၾကည့္ပါ
ေနာက္တစ္ခုအေနနဲ႔ ကိုယ့္ရဲ႕ အခ်စ္ေရးကို အျပင္လူလို ခံစားၿပီး ျခံဳငံု သံုးသပ္ၾကည့္ပါ။ ဘာေၾကာင့္ ဒီအခ်စ္တစ္ခုက အဆံုးသတ္သြားတာလဲ၊ ကိုယ့္ကိုယ္ကို ထင္ျမင္ယူဆခ်က္ေရာ၊ ကိုယ့္ အဆက္ေဟာင္းအေပၚ ထင္ျမင္ယူဆခ်က္ေတြကိုပါ ေသခ်ာ ေတြးၾကည့္ပါ။
အဲ့လိုေတြးတဲ့ေနရာမွာ ကိုယ့္ကိုကိုယ္ မလိမ္မညာဘဲ ေတြးပါ၊ ကိုယ္ လြန္တာေတြလည္း ရွိခ်င္ရွိမွာပါ၊ အဆက္ေဟာင္း လြန္တာေတြလည္း ရွိမွာပါ။ေသခ်ာေတြးၿပီး သင္ခန္းစာယူလိုက္ပါ။ ဘယ္အက်င့္ကေတာ့ ကိုယ့္ကိုတိုးတက္ေစႏိုင္ၿပီး ဘယ္ဟာကေတာ့ မတိုးတက္ေစႏိုင္လဲ ေသခ်ာခြဲျခားတတ္ပါတယ္။

၄။ အထင္ေသးတာေတြ ရပ္တန္႔လိုက္ပါ
ကိုယ့္ကိုကိုယ္ အထင္ေသးတာကို ရပ္တန္႔လိုက္ပါ။ ဒီအခ်စ္ေရးကို ဆံုးရွဳံးလိုက္ရလို႔ ဘ၀မွာ ေနာက္ထပ္ မေပ်ာ္ရႊင္ႏိုင္ေတာ့ပါဘူးလို႔ ေတြးေနတာကို ရပ္တန္႔လိုက္ပါ။ ဘ၀မွာ ေပ်ာ္ရႊင္စရာေတြ အမ်ားႀကီး ရွိသလို ကိုယ့္မွာေပ်ာ္ရႊင္ခြင့္လည္း အျပည့္အ၀ ရွိပါတယ္။
အတိတ္ကို ျပန္ၾကည့္ပါ။ သူနဲ႔ မဆံုေတြ႔ခင္မွာ မိသားစုေတြ၊ မိတ္ေဆြေတြ၊ သူငယ္ခ်င္းေတြနဲ႔ ေပ်ာ္ခဲ့ဖူးတာေတြ အမ်ားႀကီးရွိပါတယ္။ မိသားစု၊ သူငယ္ခ်င္းေတြနဲ႔ အတူတူခရီးထြက္လိုက္တာကလည္း နည္းေကာင္းတစ္ခုပါပဲ။

၅။ ကိုယ္တိုင္ နားလည္ေအာင္လုပ္ပါ
ေနာက္တစ္ခုက ကိုယ့္ခံစားခ်က္ကို ကိုယ္ ကိုယ္တိုင္နားလည္ေအာင္လုပ္ပါ။ သူမ်ားေတြက ကိုယ့္ကို အသည္းကြဲေနတာပဲ၊ ၀မ္းနည္းေနမွာပဲေနာ္ ဆိုၿပီး ေျပာတိုင္း ၀မ္းနည္းမသြားပါနဲ႔၊။ ကိုယ့္ခံစားခ်က္အတိုင္း ကိုယ္ေနပါ။ ဒါ့အျပင္ ကိုယ္ေပ်ာ္ေနတယ္ဆိုရင္ ေပ်ာ္သလိုပဲ ေနပါ။ အသည္းကြဲတာေတာင္ ေပ်ာ္ရႊင္ေနတာပဲ ဆိုၿပီး ထိုးမယ့္ လက္ညိဳးေတြကို ဂရုမစိုက္ပါနဲ႔။ ကိုယ့္ခံစားခ်က္ အရွိကို အရွိအတိုင္း ကိုယ္ေနဖို႔ပဲ လိုပါတယ္။

၆။ ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္ပါ
ဘာကို ယံုၾကည္ရမလဲဆိုရင္ ကိုယ့္ဘ၀မွာ သူမရွိပဲလည္း ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ေနနိုင္တယ္ဆိုတာ ယံုၾကည္ပါ။ ကိုယ့္ဘ၀ကို ကိုယ္တိုင္ပဲ တိုးတက္ေအာင္ လုပ္ႏိုင္တယ္ဆိုတာ ယံုၾကည္ပါ။
ေနာက္တစ္ခုကေတာ့ ပိုမိုေကာင္းမြန္ျပည့္စံုတဲ့ အခ်စ္နဲ႔ ထပ္ဆံုႏိုင္တယ္ဆိုတာလည္း ယံုၾကည္ပါ။ ထပ္ဆံုႏိုင္ဖို႔လည္း ကိုယ့္မွာ အခြင့္အေရး အျပည့္အ၀ရွိတယ္ဆိုတာကိုလည္း ယံုၾကည္ပါ။

အားလံုးပဲ အသည္းကြဲေရာဂါကို ေက်ာ္လြန္နိုင္ၿပီး ကိုယ့္ဘ၀ကို တိုးတက္ေအာင္ ႀကိဳးစားႏိုင္ၾကပါေစ။

[ Unicode ]

ကိုယ်ချစ်ရတဲ့သူနဲ့ ဝေးသွားရင်ပဲ ဖြစ်ဖြစ်၊ ထားခဲ့ခံရတာပဲ ဖြစ်ဖြစ်၊ အကြောင်းအမျိုးမျိုးကြောင့် ပြတ်စဲလိုက်ရတဲ့အခါ ဘယ်သူမဆို အနည်းနဲ့ အများတော့ နာကျင်ခံစားရမှာပါပဲ။ ဒါဟာလူတိုင်းမှာ ဖြစ်တတ်တဲ့ သဘာဝပါ။
ဒါကို အသည်းလေးကွဲတာများ ခံစားနေရသလား။ သူနဲ့ လမ်းခွဲတာများ ငိုစရာလား ဆိုပြီး ခံစားချက်ကို ထိန်းချုပ် မထားသင့်ပါဘူး။ ဒါကြောင့် ဒီအသည်းကွဲရောဂါကို ကျော်လွှားပပျောက်နိုင်တဲ့ နည်းလမ်းတွေကို Trend ပရိသတ်ကြီးအတွက် ဝေမျှလိုက်ပါတယ်။ ဖတ်ကြည့်လိုက်ပါဦး။

၁။ အကျင့်ဟောင်းတွေ ပြောင်းလဲပစ်ပါ
ကိုယ့်ရဲ့အမူအကျင့်တွေကို ပြောင်းလဲပစ်ရပါမယ်။
ဥပမာ- အဆက်ဟောင်းကို သတိရစေမယ့် သီချင်းမျိုး နားမထောင်တာ၊ ကိုယ့်ရဲ့အိမ်တွင်း အပြင်အဆင်တွေ ပြောင်းလဲလိုက်တာ၊ ပရိဘောဂတွေကို နေရာပြောင်းတာ၊လေ့ကျင့်ခန်းတွေလုပ်တာ၊ Gym ဆော့တာ စတဲ့ အမူအကျင့်တွေကို အပြောင်းအလဲလုပ်ပါ။
ဒီလိုပြောင်းလဲတာဟာ ကိုယ်ပိုင်ပတ်ဝန်းကျင်အသစ်တစ်ခုကို ဖန်တီးပြီး နေ့သစ်တွေကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ဖို့ ဖြစ်ပါတယ်။ ဒါကြောင့် အခုပဲတစ်ခုခုကို ပြောင်းလဲလိုက်ပါ။

၂။ အတွေးတွေကိုလည်း ပြောင်းလဲပါ
နောက်တစ်ခုအနေနဲ့ကတော့ အပေါ်ကပြောခဲ့သလို အပြင်ပိုင်းပတ်ဝန်းကျင်ကို အပြောင်းအလဲ လုပ်သလိုပဲ စိတ်အတွင်းပိုင်းကိုလည်း ပြောင်းလဲလိုက်ပါ။ ချစ်သူနဲ့ အချစ်ရေး အဆုံးသတ်တာက ကိုယ့်ရဲ့ပျော်ရွှင်မှုတွေ တစ်ခါတည်း အဆုံးသတ်လိုက်တယ်လို့ ခံစားနေစရာ မလိုပါဘူး။ ဒါဟာ အဆုံးသတ်လုံး၀ မဟုတ်ပါဘူး။ ကိုယ့်ဘဝအတွက် လုပ်စရာတွေမှ အများကြီး၊ အများကြီး ကျန်ပါသေးတယ်။ အချစ်နဲ့ဘဝဟာ တခြားစီပါ။

၃။ ဘေးလူတစ်ယောက်လို ခြုံငုံသုံးသပ်ကြည့်ပါ
နောက်တစ်ခုအနေနဲ့ ကိုယ့်ရဲ့ အချစ်ရေးကို အပြင်လူလို ခံစားပြီး ခြုံငုံ သုံးသပ်ကြည့်ပါ။ ဘာကြောင့် ဒီအချစ်တစ်ခုက အဆုံးသတ်သွားတာလဲ၊ ကိုယ့်ကိုယ်ကို ထင်မြင်ယူဆချက်ရော၊ ကိုယ့် အဆက်ဟောင်းအပေါ် ထင်မြင်ယူဆချက်တွေကိုပါ သေချာ တွေးကြည့်ပါ။
အဲ့လိုတွေးတဲ့နေရာမှာ ကိုယ့်ကိုကိုယ် မလိမ်မညာဘဲ တွေးပါ၊ ကိုယ် လွန်တာတွေလည်း ရှိချင်ရှိမှာပါ၊ အဆက်ဟောင်း လွန်တာတွေလည်း ရှိမှာပါ။သေချာတွေးပြီး သင်ခန်းစာယူလိုက်ပါ။ ဘယ်အကျင့်ကတော့ ကိုယ့်ကိုတိုးတက်စေနိုင်ပြီး ဘယ်ဟာကတော့ မတိုးတက်စေနိုင်လဲ သေချာခွဲခြားတတ်ပါတယ်။

၄။ အထင်သေးတာတွေ ရပ်တန့်လိုက်ပါ
ကိုယ့်ကိုကိုယ် အထင်သေးတာကို ရပ်တန့်လိုက်ပါ။ ဒီအချစ်ရေးကို ဆုံးရှုံးလိုက်ရလို့ ဘဝမှာ နောက်ထပ် မပျော်ရွှင်နိုင်တော့ပါဘူးလို့ တွေးနေတာကို ရပ်တန့်လိုက်ပါ။ ဘဝမှာ ပျော်ရွှင်စရာတွေ အများကြီး ရှိသလို ကိုယ့်မှာပျော်ရွှင်ခွင့်လည်း အပြည့်အ၀ ရှိပါတယ်။
အတိတ်ကို ပြန်ကြည့်ပါ။ သူနဲ့ မဆုံတွေ့ခင်မှာ မိသားစုတွေ၊ မိတ်ဆွေတွေ၊ သူငယ်ချင်းတွေနဲ့ ပျော်ခဲ့ဖူးတာတွေ အများကြီးရှိပါတယ်။ မိသားစု၊ သူငယ်ချင်းတွေနဲ့ အတူတူခရီးထွက်လိုက်တာကလည်း နည်းကောင်းတစ်ခုပါပဲ။

၅။ ကိုယ်တိုင် နားလည်အောင်လုပ်ပါ
နောက်တစ်ခုက ကိုယ့်ခံစားချက်ကို ကိုယ် ကိုယ်တိုင်နားလည်အောင်လုပ်ပါ။ သူများတွေက ကိုယ့်ကို အသည်းကွဲနေတာပဲ၊ ဝမ်းနည်းနေမှာပဲနော် ဆိုပြီး ပြောတိုင်း ဝမ်းနည်းမသွားပါနဲ့၊။ ကိုယ့်ခံစားချက်အတိုင်း ကိုယ်နေပါ။ ဒါ့အပြင် ကိုယ်ပျော်နေတယ်ဆိုရင် ပျော်သလိုပဲ နေပါ။ အသည်းကွဲတာတောင် ပျော်ရွှင်နေတာပဲ ဆိုပြီး ထိုးမယ့် လက်ညိုးတွေကို ဂရုမစိုက်ပါနဲ့။ ကိုယ့်ခံစားချက် အရှိကို အရှိအတိုင်း ကိုယ်နေဖို့ပဲ လိုပါတယ်။

၆။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပါ
ဘာကို ယုံကြည်ရမလဲဆိုရင် ကိုယ့်ဘဝမှာ သူမရှိပဲလည်း ပျော်ပျော်ရွှင်ရွှင် နေနိုင်တယ်ဆိုတာ ယုံကြည်ပါ။ ကိုယ့်ဘဝကို ကိုယ်တိုင်ပဲ တိုးတက်အောင် လုပ်နိုင်တယ်ဆိုတာ ယုံကြည်ပါ။
နောက်တစ်ခုကတော့ ပိုမိုကောင်းမွန်ပြည့်စုံတဲ့ အချစ်နဲ့ ထပ်ဆုံနိုင်တယ်ဆိုတာလည်း ယုံကြည်ပါ။ ထပ်ဆုံနိုင်ဖို့လည်း ကိုယ့်မှာ အခွင့်အရေး အပြည့်အဝရှိတယ်ဆိုတာကိုလည်း ယုံကြည်ပါ။

အားလုံးပဲ အသည်းကွဲရောဂါကို ကျော်လွန်နိုင်ပြီး ကိုယ့်ဘဝကို တိုးတက်အောင် ကြိုးစားနိုင်ကြပါစေ။

Ref; singlefacts

 

 

137 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.