နာမည္ႀကီး ထိုင္းစတိုင္ ငါးပိရည္ေဖ်ာ္ ျပဳလုပ္နည္း

ထမင္းၿမိန္ၿမိန္စားဖို႔ ခ်ိဳ၊ ခ်ဥ္၊ ငံ၊ စပ္ အရသာစံုတဲ့ နာမည္ႀကီး ထိုင္းစတိုင္ ငါးပိရည္ေဖ်ာ္ ျပဳလုပ္နည္းကို Trend ပရိသတ္ႀကီးအတြက္ ေဝမၽွေပးလိုက္ပါတယ္။ လုပ္စားၾကည့္ရေအာင္ေနာ္။

ပါဝင္ပစၥည္းမ်ား
၁။ စိမ္းစားငါးပိ – စားပြဲတင္ဇြန္း တစ္ဇြန္းခြဲ
၂။ ၾကက္သြန္ျဖဴ – ၇ မႊာ
၃။ ငရုတ္သီးစိမ္း – ၅ ေတာင့္
၄။ ထန္းလ်က္အေသး – တစ္ခဲ
၅။ ငံျပာရည္ – စားပြဲတင္ဇြန္း တစ္ဇြန္းခြဲ
၆။ သံပုရာသီး – တစ္လံုး
၇။ ေရသန္႔ – စားပြဲတင္ဇြန္း တစ္ဇြန္းခြဲ

ျပဳလုပ္နည္း
၁။ စိမ္းစားငါးပိ စားပြဲတင္ဇြန္း တစ္ဇြန္းခြဲကို မီးကင္ပါ။
၂။ ၾကက္သြန္ျဖဴ ၇ မႊာ၊ ငရုတ္သီးစိမ္း ၅ ေတာင့္နဲ႔ ထန္းလ်က္အေသးတစ္ခဲတုိ႔ကို ေရာေထာင္းပါ။
၃။ ၿပီးရင္ ငါးပိကင္ ထည့္ေမႊပါ။
၄။ ငံျပာရည္ စားပြဲတင္ဇြန္း တစ္ဇြန္းခြဲနဲ႔ သံပုရာသီးတစ္လံုး ညွစ္ထည့္ပါ။
၅။ ေရသန္႔ စားပြဲတင္ဇြန္း တစ္ဇြန္းခြဲ ထပ္ထည့္လိုက္ပါ။
ၿပီးရင္ ငရုတ္သီးစိမ္း၊ ခရမ္းကေစာ့သီးတုိ႔နဲ႔ အလွဆင္ေပးလိုက္ပါ။

ခုဆိုရင္ေတာ့ ခ်ိဳခ်ဥ္ငံစပ္ အရသာရွိတဲ့ ငါးပိရည္ေဖ်ာ္ေလးကို ယိုးဒယား သေဘၤာသီးေထာင္းလုပ္တဲ့အခါ ထည့္ႏိုင္သလို ခရမ္းကေစာ့သီး၊ ပလာတူးငါးေၾကာ္၊ ဝက္ေခါက္ေၾကာ္၊၊ ၾကက္ဥဆူးပုပ္ေၾကာ္၊ နွစ္သက္ရာ အသီးအရြက္ေတြနဲ႔ တို႔ရင္း ထမင္းၿမိန္ၿမိန္စားႏိုင္ပါၿပီေနာ္။

[ Unicode ]

ထမင်းမြိန်မြိန်စားဖို့ ချို၊ ချဉ်၊ ငံ၊ စပ် အရသာစုံတဲ့ နာမည်ကြီး ထိုင်းစတိုင် ငါးပိရည်ဖျော် ပြုလုပ်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ
၁။ စိမ်းစားငါးပိ – စားပွဲတင်ဇွန်း တစ်ဇွန်းခွဲ
၂။ ကြက်သွန်ဖြူ – ၇ မွှာ
၃။ ငရုတ်သီးစိမ်း – ၅ တောင့်
၄။ ထန်းလျက်အသေး – တစ်ခဲ
၅။ ငံပြာရည် – စားပွဲတင်ဇွန်း တစ်ဇွန်းခွဲ
၆။ သံပုရာသီး – တစ်လုံး
၇။ ရေသန့် – စားပွဲတင်ဇွန်း တစ်ဇွန်းခွဲ

ပြုလုပ်နည်း
၁။ စိမ်းစားငါးပိ စားပွဲတင်ဇွန်း တစ်ဇွန်းခွဲကို မီးကင်ပါ။
၂။ ကြက်သွန်ဖြူ ၇ မွှာ၊ ငရုတ်သီးစိမ်း ၅ တောင့်နဲ့ ထန်းလျက်အသေးတစ်ခဲတို့ကို ရောထောင်းပါ။
၃။ ပြီးရင် ငါးပိကင် ထည့်မွှေပါ။
၄။ ငံပြာရည် စားပွဲတင်ဇွန်း တစ်ဇွန်းခွဲနဲ့ သံပုရာသီးတစ်လုံး ညှစ်ထည့်ပါ။
၅။ ရေသန့် စားပွဲတင်ဇွန်း တစ်ဇွန်းခွဲ ထပ်ထည့်လိုက်ပါ။
ပြီးရင် ငရုတ်သီးစိမ်း၊ ခရမ်းကစော့သီးတို့နဲ့ အလှဆင်ပေးလိုက်ပါ။

ခုဆိုရင်တော့ ချိုချဉ်ငံစပ် အရသာရှိတဲ့ ငါးပိရည်ဖျော်လေးကို ယိုးဒယား သင်္ဘောသီးထောင်းလုပ်တဲ့အခါ ထည့်နိုင်သလို ခရမ်းကစော့သီး၊ ပလာတူးငါးကြော်၊ ဝက်ခေါက်၊ ကြက်ဥဆူးပုပ်ကြော်၊ နှစ်သက်ရာ အသီးအရွက်တွေနဲ့ တို့ရင်း ထမင်းမြိန်မြိန်စားနိုင်ပါပြီနော်။

Ref; asianfood

 

2K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.