ေယာက်ၤားေလးတိုင္း မသိတဲ့ မိန္းကေလးတို႔ရဲ႕ လၽွိဳ႕ဝွက္ခ်က္ ၅ ခ်က္

ကုိယ့္ဖက္က ဘယ္ေလာက္ပဲ ခ်စ္ေနပါေစ၊ ကုိယ့္ခ်စ္သူမိန္းကေလးက ကုိယ့္ကုိ ဖြင့္မေျပာဘဲ ထိန္ခ်န္ထားတဲ့ လွ်ဳိ႕၀ွက္ခ်က္(၅)ခ်က္ ရွိပါတယ္။ ဒါေၾကာင့္ ခ်စ္သူ ေကာင္မေလးေတြ ထိန္ခ်န္ထားတယ္ဆုိတဲ့ လွ်ိဳ႕၀ွက္ခ်က္(၅)ခ်က္ကုိ Trend ပရိသတ္ႀကီးအတြက္ ေဝမၽွလိုက္ပါတယ္။

လွ်ိဳ႕၀ွက္ခ်က္ ၁။ ပုိးပန္းဖုိ႔အေရး မေႏွးပါေစနဲ႔
မိန္းကေလး တစ္ေယာက္ကုိ ကုိယ္က စိတ္၀င္စားလုိ႔ ခ်စ္စကား လုိက္ေျပာရင္ ေကာင္မေလးက ” ရွင့္ကုိ ကၽြန္မေလ ျမင္ျမင္ခ်င္း ခ်စ္စိတ္၀င္သြားတယ္ သိလား ” လုိ႔ေတာ့ ေျပာမွာ မဟုတ္ပါဘူး။ ႏွာေခါင္း႐ႈံ႕၊ ေျခေဆာင့္ၿပီး ကုိယ့္ကုိ ျမင္ျမင္ခ်င္း အျမင္ကတ္ တဲ့အမူအရာ လုပ္ျပသြားတာကုိ ခံရမွာ အေသအခ်ာပါပဲ။ မူတာေပါ့ေနာ္။
ကုိယ္က မိန္းကေလးတစ္ေယာက္ကုိ လက္ဆယ္ျဖာ ယွက္ကာဆက္ၿပီး အသည္းႏွလံုး အလွဴခံေနၿပီဆုိရင္ မိန္းကေလးဘက္က စတင္ၿပီး စဥ္းစားခန္း၀င္ပါၿပီ။ ” အင္း ႐ုပ္ကေလးကေတာ့ မဆုိးဘူး၊ ေခ်ာေခ်ာေလးပဲ၊ ဒါေပမယ့္ မူလုိက္အုန္းမွ ” ဆုိၿပီး ခ်စ္ေတာ့ခ်စ္တယ္။ မိန္းကေလးတန္မဲ့ ႏႈတ္အလုိကုိေတာ့ မလုိက္ေသးဘူး ဆုိၿပီး ခ်စ္ေၾကာင္း ႀကိဳက္ေၾကာင္း ကိုယ္အမူအရာ ေတြနဲ႔ပဲ ေျပာေနပါလိမ့္မယ္။ ခ်စ္ပါတယ္ ႀကိဳက္ပါတယ္ဆုိၿပီး ျဗဳန္းစားႀကီး အေျဖေပးအုန္းမွာ မဟုတ္ပါဘူး။ အဲ ႐ုပ္က ပံုမလာ၊ ပန္းမလာ ေတာဂိုက္ ျဖစ္ေနမယ္ ဆုိရင္ေတာ့ မ်က္ေစာင္းေတြ၊ ဂ်ဳိေစာင္းေတြ၊ လက္၀ါးေစာင္းေတြ အေကၽြးခံၿပီသာမွတ္ပါ။ ဒါေၾကာင့္ မိန္းကေလး တစ္ေယာက္ရဲ႕ အခ်စ္ကုိ လက္ျဖန္႔ေတာင္း ေတာ့မယ္ဆုိရင္ အခ်ိန္အနည္းငယ္ကေန အခ်ိန္အမ်ားႀကီး ပုိးပန္းေပးဖုိ႔ လုိပါမယ္။ မိန္းကေလးမုိ႔ အရွက္အေၾကာက္ ႀကီးတတ္တဲ့ မိန္းကေလးတို႔သဘာဝကုိ သိေနဖုိ႔ လုိအပ္ပါတယ္။ သူတုိ႔ရဲ႕ ရင္ထဲမွာ ကိုယ္ရွိေနေပမယ့္လည္း ဖြင့္ေျပာဖုိ႔ ခက္လွတဲ့ အေနအထားကုိ ေကာင္းေကာင္း သေဘာေပါက္ နားလည္ထားရပါမယ္။ ဒါေၾကာင့္ ပုိးပန္းဖုိ႔ အေရး ၀န္မေလးရပါဘူး။

လွ်ိဳ႕၀ွက္ခ်က္ ၂။ မေျပာရေစနဲ႔ အလုိက္သိပါေစ
မိန္းကေလးေတြဟာ ကုိယ္တုိ႔ ေယာက္်ားေတြထက္ ဆက္ဆံေရး ေကာင္းတယ္လို႔ ေျပာလုိ႔ရတယ္။ မိတ္ေဆြမ်ားတယ္ေပါ့။ ေယာက္်ားေတြ ထက္လည္း စကား မ်ားမ်ား ေျပာႏုိင္စြမ္းရွိၾကပါတယ္။ ေနာက္ၿပီး ဟုတ္ေသာ္ရွိ မဟုတ္ေသာ္ရွိ “အင္း၊ အဲ၊ ေအာ္” လုပ္တတ္ၾကတယ္။ (Follow ေကာင္းတာေပါ့) ။ မိန္းကေလး တစ္ေယာက္နဲ႔ စကားေျပာလုိ႔ သူေလးက ကုိယ့္ကုိ ” ဟီလုိက္၊ ဟဲလုိက္ ” မလုပ္ဘဲ၊ ” အင္းလုိက္၊ အဲလုိက္ ” ခ်ည္းပဲ လုပ္ေနၿပီဆုိရင္ ေသခ်ာေပါက္ မွတ္လိုက္ပါ။ ကုိယ္ေျပာေနတဲ့ စကားကုိ ရာႏႈန္းျပည့္ စိတ္မ၀င္စားဘူးဆုိတာ က်ိန္းေသေနပါၿပီ။ ကုိယ္က စကားတစ္ခြန္း ေျပာလုိက္တုိင္း သူေလးက “ၾသ၊ အင္း၊ အဲ ဟုတ္တာေပါ့၊ ဒီလုိလား၊ ဒါ မွန္တာေပါ့ ” စတဲ့ စကားလံုး တုိတုိေတြနဲ႔ ေျပာေနၿပီဆုိရင္ ကို္ယ္က အလုိက္သိေတာ့။ သူေလးကေတာ့ ပါးစပ္ကေန ဖြင့္ေျပာမွာ မဟုတ္ဘူး။ လိမၼာပါးနပ္စြာနဲ႔ ကုိယ္ေျပာေနတဲ့ အေၾကာင္းအရာကုိ ဒီမွာတင္ရပ္ၿပီး၊ ဟာသေႏွာၿပီး တစ္ျခားအေၾကာင္းအရာ ေျပာင္းေျပာဖုိ႔ ႀကီးစားေပေတာ့။

လွ်ိဳ႕၀ွက္ခ်က္ ၃။ တစ္ဘက္ေစာင္းနင္း ခင္မင္မႈဇာတ္လမ္း
သ၀န္တုိတာပဲ ေျပာရမလား၊ အခ်စ္ႀကီးတာပဲ ဆုိရမလားပဲ။ ေကာင္မေလးတစ္ေယာက္ဟာ သူ႔ခ်စ္သူေကာင္ေလးရဲ႕ သူငယ္ခ်င္း အေပါင္းအသင္းေတြနဲ႔ ခင္မင္ ရင္းႏွီးစြာနဲ႔ အေပါင္းအသင္း လုပ္လို႔ရေပမယ့္ သူခ်စ္ေနတဲ့ သူ႔ခ်စ္သူေကာင္ေလး ကုိေတာ့ သူ႔သူငယ္ခ်င္း မိန္းကေလး အေပါင္းအသင္းေတြနဲ႔ ရင္းႏွီးသြားမွာ ခင္မင္သြားမွာကုိ မလုိ လားၾကပါဘူး။ ဒါကုိ မယံုမရွိပါနဲ႔။ အရမ္းခ်စ္ၾကတဲ့ သူငယ္ခ်င္း မိန္းကေလးႏွစ္ေယာက္ ရွိတယ္။ ေကာင္မေလးတစ္ေယာက္ရဲ႕ ခ်စ္သူက သူ႔ေကာင္မေလး သူငယ္ခ်င္းကုိ ရင္းရင္းႏွီးႏွီးႀကီး ဆက္ဆံတာကုိ သူ႔ေကာင္မေလးက ႏွစ္သက္မွာ မဟုတ္ပါဘူး။ မိန္းကေလးႏွစ္ေယာက္ တစ္ေယာက္ကုိ တစ္ေယာက္ မေခၚႏိုင္၊ မေျပာႏိုင္တဲ့ အဆင့္အထိ ေရာက္သြားႏုိင္တယ္။ ဒါေၾကာင့္ ေယာက္်ားေလးေတြအေနနဲ႔ ကိုယ့္ခ်စ္သူေလးရဲ႕ မိန္းကေလး သူငယ္ခ်င္း အေပါင္းအသင္းနဲ႔ ေတြ႕ရင္ စကားေျပာတာ ျဖစ္ျဖစ္၊ အေနအထုိင္ အမူအယာပဲ ျဖစ္ျဖစ္ ဆင္ဆင္ျခင္ျခင္ ရွိသင့္ပါတယ္။ မုန္႔ကုိသာ ေ၀စားမယ္။ အခ်စ္ကုိေတာ့ ေ၀မစားႏုိင္တဲ့ သူတုိ႔ရဲ႕ မေနာကုိ ေယာက္်ားသားေတြ အလုိက္ သိေနဖုိ႔ လုိပါမယ္။

လွ်ိဳ႕၀ွက္ခ်က္ ၄။ ကုိကုိေနာ္
ဘယ္ေကာင္မေလးကမွ ကုိယ့္ခ်စ္သူေကာင္ေလးကုိ ကိုယ့္ထက္လွတဲ့၊ ေခ်ာတဲ့ ေကာင္မေလးနဲ႔ အေရာ၀င္ေနတာကုိ ႐ႈစိမ့္မယ္၊ မုဒိတာပြားႏုိင္မယ္ မရွိပါဘူး။ ကုိယ္ကေတာ့ အဲဒီမဒီေခ်ာကုိ ႐ုိး႐ိုးသားသား လုိ႔ပဲေျပာေျပာ၊ ျဖဴျဖဴစင္စင္ လုိ႔ပဲဆုိဆုိ ဒါမွမဟုတ္ ႏွာေရာင္ငန္းဖ်ားစိတ္နဲ႔ လွ်ာေၾကာရွည္ေနတာပဲ ျဖစ္ျဖစ္ ကိုယ့္ေကာင္မေလးက အစုိးရိမ္ေတြပုိၿပီး ဘယ္လုိမွ ၾကည့္မရ၊ ႐ႈမရ ျဖစ္ေနပါလိမ့္မယ္။ စိတ္အားငယ္ ေနပါလိမ့္မယ္။ ဒ ကိုယ့္ခ်စ္သူက ကုိယ့္ကုိ ဘယ္ေလာက္ ခ်စ္ပါတယ္၊ ႀကိဳက္ပါတယ္၊ သစၥာရွိပါတယ္ ဆုိတဲ့ ကတိေပးေပး တစ္ဖက္သတ္ သံသယ၀င္ေနလိမ့္မယ္။ ဒါေၾကာင့္ ပုရိသ ေတြအေနနဲ႔ စုမိတဲ့အခ်စ္ေတြအားလံုး သူေလး တစ္ေယာက္တည္း အတြက္ပါလုိ႔ သက္ေသျပႏုိင္ေအာင္ အေနအထိုင္ေလးေတာ့ ဆင္ျခင္ၾကစုိ႔ပါ။

လွ်ိဳ႕၀ွက္ခ်က္ ၅။ ေ၀းေ၀းမသြားနဲ႔
မိန္းကေလးေတြဟာ တစ္မ်ိဳးပါပဲ။ သူတုိ႔ အခ်စ္ႀကီးလာရင္ ေၾကာက္ဖုိ႔ ေကာင္းပါတယ္။ သူတုိ႔ မ်က္စိေအာက္က အေပ်ာက္မခံႏုိင္ၾကဘူး။ အေရးႀကီးတယ္၊ သြားစရာ ရွိတယ္လုိ႔ပါဆုိလည္း မရပါဘူး။ ” သူေလးထက္ အေရးႀကီးတဲ့ ကိစၥရွိေသးလား ” တဲ့။ ေနာက္ၿပီး job ka a yay kyi tar pae. lote pot. ya tal ဆုိတဲ့ အေျပာေလးေတြနဲ႔ အရည္ေပ်ာ္လု မတတ္ပါပဲ။ မိန္းကေလးေတြ ဆုိတာ ကိုယ့္ခ်စ္သူနဲ႔ အၿမဲတေစ အတူ ေနလုိတဲ့ ဆႏၵရွိၾကတယ္။ အားငယ္ တတ္ၾကတာမုိ႔ပါ။ မ်က္စိေအာက္က အေပ်ာက္မခံႏုိင္ၾကပါဘူး။ ဒါေၾကာင့္ အခ်ိန္ရႏုိင္ သေရြ႕ကုိ သူတုိ႔ေလးနဲ႔ အတူေနေပးႏုိင္ဖုိ႔ ႀကိဳးစားေပးသင့္ပါတယ္။ သူတုိ႔ ရင္ထဲက အခ်စ္စိတ္ေတြကုိ ေယာက္်ားေတြ နားလည္ေပးသင့္ပါတယ္။ အျပန္အလွန္ အားျဖင့္ ေယာက်ၤားေလးေတြကလည္း ကိုယ့္အခက္အခဲကို သူတုိ႔ နားလည္လာေအာင္ တျဖည္းျဖည္း နားသြင္းရမွာ ျဖစ္ပါတယ္။

[ Unicode ]

ကိုယ့်ဖက်က ဘယ်လောက်ပဲ ချစ်နေပါစေ၊ ကိုယ့်ချစ်သူမိန်းကလေးက ကိုယ့်ကို ဖွင့်မပြောဘဲ ထိန်ချန်ထားတဲ့ လျှို့ဝှက်ချက်(၅)ချက် ရှိပါတယ်။ ဒါကြောင့် ချစ်သူ ကောင်မလေးတွေ ထိန်ချန်ထားတယ်ဆိုတဲ့ လျှို့ဝှက်ချက်(၅)ချက်ကို Trend ပရိသတ်ကြီးအတွက် ဝေမျှလိုက်ပါတယ်။

လျှို့ဝှက်ချက် ၁။ ပိုးပန်းဖို့အရေး မနှေးပါစေနဲ့
မိန်းကလေး တစ်ယောက်ကို ကိုယ်က စိတ်ဝင်စားလို့ ချစ်စကား လိုက်ပြောရင် ကောင်မလေးက ” ရှင့်ကို ကျွန်မလေ မြင်မြင်ချင်း ချစ်စိတ်ဝင်သွားတယ် သိလား ” လို့တော့ ပြောမှာ မဟုတ်ပါဘူး။ နှာခေါင်းရှုံ့၊ ခြေဆောင့်ပြီး ကိုယ့်ကို မြင်မြင်ချင်း အမြင်ကတ် တဲ့အမူအရာ လုပ်ပြသွားတာကို ခံရမှာ အသေအချာပါပဲ။ မူတာပေါ့နော်။
ကိုယ်က မိန်းကလေးတစ်ယောက်ကို လက်ဆယ်ဖြာ ယှက်ကာဆက်ပြီး အသည်းနှလုံး အလှူခံနေပြီဆိုရင် မိန်းကလေးဘက်က စတင်ပြီး စဉ်းစားခန်းဝင်ပါပြီ။ ” အင်း ရုပ်ကလေးကတော့ မဆိုးဘူး၊ ချောချောလေးပဲ၊ ဒါပေမယ့် မူလိုက်အုန်းမှ ” ဆိုပြီး ချစ်တော့ချစ်တယ်။ မိန်းကလေးတန်မဲ့ နှုတ်အလိုကိုတော့ မလိုက်သေးဘူး ဆိုပြီး ချစ်ကြောင်း ကြိုက်ကြောင်း ကိုယ်အမူအရာ တွေနဲ့ပဲ ပြောနေပါလိမ့်မယ်။ ချစ်ပါတယ် ကြိုက်ပါတယ်ဆိုပြီး ဗြုန်းစားကြီး အဖြေပေးအုန်းမှာ မဟုတ်ပါဘူး။ အဲ ရုပ်က ပုံမလာ၊ ပန်းမလာ တောဂိုက် ဖြစ်နေမယ် ဆိုရင်တော့ မျက်စောင်းတွေ၊ ဂျိုစောင်းတွေ၊ လက်ဝါးစောင်းတွေ အကျွေးခံပြီသာမှတ်ပါ။ ဒါကြောင့် မိန်းကလေး တစ်ယောက်ရဲ့ အချစ်ကို လက်ဖြန့်တောင်း တော့မယ်ဆိုရင် အချိန်အနည်းငယ်ကနေ အချိန်အများကြီး ပိုးပန်းပေးဖို့ လိုပါမယ်။ မိန်းကလေးမို့ အရှက်အကြောက် ကြီးတတ်တဲ့ မိန်းကလေးတို့သဘာဝကို သိနေဖို့ လိုအပ်ပါတယ်။ သူတို့ရဲ့ ရင်ထဲမှာ ကိုယ်ရှိနေပေမယ့်လည်း ဖွင့်ပြောဖို့ ခက်လှတဲ့ အနေအထားကို ကောင်းကောင်း သဘောပေါက် နားလည်ထားရပါမယ်။ ဒါကြောင့် ပိုးပန်းဖို့ အရေး ဝန်မလေးရပါဘူး။

လျှို့ဝှက်ချက် ၂။ မပြောရစေနဲ့ အလိုက်သိပါစေ
မိန်းကလေးတွေဟာ ကိုယ်တို့ ယောက်ျားတွေထက် ဆက်ဆံရေး ကောင်းတယ်လို့ ပြောလို့ရတယ်။ မိတ်ဆွေများတယ်ပေါ့။ ယောက်ျားတွေ ထက်လည်း စကား များများ ပြောနိုင်စွမ်းရှိကြပါတယ်။ နောက်ပြီး ဟုတ်သော်ရှိ မဟုတ်သော်ရှိ “အင်း၊ အဲ၊ အော်” လုပ်တတ်ကြတယ်။ (Follow ကောင်းတာပေါ့) ။ မိန်းကလေး တစ်ယောက်နဲ့ စကားပြောလို့ သူလေးက ကိုယ့်ကို ” ဟီလိုက်၊ ဟဲလိုက် ” မလုပ်ဘဲ၊ ” အင်းလိုက်၊ အဲလိုက် ” ချည်းပဲ လုပ်နေပြီဆိုရင် သေချာပေါက် မှတ်လိုက်ပါ။ ကိုယ်ပြောနေတဲ့ စကားကို ရာနှုန်းပြည့် စိတ်မဝင်စားဘူးဆိုတာ ကျိန်းသေနေပါပြီ။ ကိုယ်က စကားတစ်ခွန်း ပြောလိုက်တိုင်း သူလေးက “သြ၊ အင်း၊ အဲ ဟုတ်တာပေါ့၊ ဒီလိုလား၊ ဒါ မှန်တာပေါ့ ” စတဲ့ စကားလုံး တိုတိုတွေနဲ့ ပြောနေပြီဆိုရင် ကိုယ်က အလိုက်သိတော့။ သူလေးကတော့ ပါးစပ်ကနေ ဖွင့်ပြောမှာ မဟုတ်ဘူး။ လိမ္မာပါးနပ်စွာနဲ့ ကိုယ်ပြောနေတဲ့ အကြောင်းအရာကို ဒီမှာတင်ရပ်ပြီး၊ ဟာသနှောပြီး တစ်ခြားအကြောင်းအရာ ပြောင်းပြောဖို့ ကြီးစားပေတော့။

လျှို့ဝှက်ချက် ၃။ တစ်ဘက်စောင်းနင်း ခင်မင်မှုဇာတ်လမ်း
သဝန်တိုတာပဲ ပြောရမလား၊ အချစ်ကြီးတာပဲ ဆိုရမလားပဲ။ ကောင်မလေးတစ်ယောက်ဟာ သူ့ချစ်သူကောင်လေးရဲ့ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ ခင်မင် ရင်းနှီးစွာနဲ့ အပေါင်းအသင်း လုပ်လို့ရပေမယ့် သူချစ်နေတဲ့ သူ့ချစ်သူကောင်လေး ကိုတော့ သူ့သူငယ်ချင်း မိန်းကလေး အပေါင်းအသင်းတွေနဲ့ ရင်းနှီးသွားမှာ ခင်မင်သွားမှာကို မလို လားကြပါဘူး။ ဒါကို မယုံမရှိပါနဲ့။ အရမ်းချစ်ကြတဲ့ သူငယ်ချင်း မိန်းကလေးနှစ်ယောက် ရှိတယ်။ ကောင်မလေးတစ်ယောက်ရဲ့ ချစ်သူက သူ့ကောင်မလေး သူငယ်ချင်းကို ရင်းရင်းနှီးနှီးကြီး ဆက်ဆံတာကို သူ့ကောင်မလေးက နှစ်သက်မှာ မဟုတ်ပါဘူး။ မိန်းကလေးနှစ်ယောက် တစ်ယောက်ကို တစ်ယောက် မခေါ်နိုင်၊ မပြောနိုင်တဲ့ အဆင့်အထိ ရောက်သွားနိုင်တယ်။ ဒါကြောင့် ယောက်ျားလေးတွေအနေနဲ့ ကိုယ့်ချစ်သူလေးရဲ့ မိန်းကလေး သူငယ်ချင်း အပေါင်းအသင်းနဲ့ တွေ့ရင် စကားပြောတာ ဖြစ်ဖြစ်၊ အနေအထိုင် အမူအယာပဲ ဖြစ်ဖြစ် ဆင်ဆင်ခြင်ခြင် ရှိသင့်ပါတယ်။ မုန့်ကိုသာ ဝေစားမယ်။ အချစ်ကိုတော့ ဝေမစားနိုင်တဲ့ သူတို့ရဲ့ မနောကို ယောက်ျားသားတွေ အလိုက် သိနေဖို့ လိုပါမယ်။

လျှို့ဝှက်ချက် ၄။ ကိုကိုနော်
ဘယ်ကောင်မလေးကမှ ကိုယ့်ချစ်သူကောင်လေးကို ကိုယ့်ထက်လှတဲ့၊ ချောတဲ့ ကောင်မလေးနဲ့ အရောဝင်နေတာကို ရှုစိမ့်မယ်၊ မုဒိတာပွားနိုင်မယ် မရှိပါဘူး။ ကိုယ်ကတော့ အဲဒီမဒီချောကို ရိုးရိုးသားသား လို့ပဲပြောပြော၊ ဖြူဖြူစင်စင် လို့ပဲဆိုဆို ဒါမှမဟုတ် နှာရောင်ငန်းဖျားစိတ်နဲ့ လျှာကြောရှည်နေတာပဲ ဖြစ်ဖြစ် ကိုယ့်ကောင်မလေးက အစိုးရိမ်တွေပိုပြီး ဘယ်လိုမှ ကြည့်မရ၊ ရှုမရ ဖြစ်နေပါလိမ့်မယ်။ စိတ်အားငယ် နေပါလိမ့်မယ်။ ဒ ကိုယ့်ချစ်သူက ကိုယ့်ကို ဘယ်လောက် ချစ်ပါတယ်၊ ကြိုက်ပါတယ်၊ သစ္စာရှိပါတယ် ဆိုတဲ့ ကတိပေးပေး တစ်ဖက်သတ် သံသယဝင်နေလိမ့်မယ်။ ဒါကြောင့် ပုရိသ တွေအနေနဲ့ စုမိတဲ့အချစ်တွေအားလုံး သူလေး တစ်ယောက်တည်း အတွက်ပါလို့ သက်သေပြနိုင်အောင် အနေအထိုင်လေးတော့ ဆင်ခြင်ကြစို့ပါ။

လျှို့ဝှက်ချက် ၅။ ဝေးဝေးမသွားနဲ့
မိန်းကလေးတွေဟာ တစ်မျိုးပါပဲ။ သူတို့ အချစ်ကြီးလာရင် ကြောက်ဖို့ ကောင်းပါတယ်။ သူတို့ မျက်စိအောက်က အပျောက်မခံနိုင်ကြဘူး။ အရေးကြီးတယ်၊ သွားစရာ ရှိတယ်လို့ပါဆိုလည်း မရပါဘူး။ ” သူလေးထက် အရေးကြီးတဲ့ ကိစ္စရှိသေးလား ” တဲ့။ နောက်ပြီး job ka a yay kyi tar pae. lote pot. ya tal ဆိုတဲ့ အပြောလေးတွေနဲ့ အရည်ပျော်လု မတတ်ပါပဲ။ မိန်းကလေးတွေ ဆိုတာ ကိုယ့်ချစ်သူနဲ့ အမြဲတစေ အတူ နေလိုတဲ့ ဆန္ဒရှိကြတယ်။ အားငယ် တတ်ကြတာမို့ပါ။ မျက်စိအောက်က အပျောက်မခံနိုင်ကြပါဘူး။ ဒါကြောင့် အချိန်ရနိုင် သရွေ့ကို သူတို့လေးနဲ့ အတူနေပေးနိုင်ဖို့ ကြိုးစားပေးသင့်ပါတယ်။ သူတို့ ရင်ထဲက အချစ်စိတ်တွေကို ယောက်ျားတွေ နားလည်ပေးသင့်ပါတယ်။ အပြန်အလှန် အားဖြင့် ယောင်္ကျားလေးတွေကလည်း ကိုယ့်အခက်အခဲကို သူတို့ နားလည်လာအောင် တဖြည်းဖြည်း နားသွင်းရမှာ ဖြစ်ပါတယ်။

Ref; rsgoals

 

103 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.