ခေါင်းတစ်ခြမ်းကိုက်တာ အမြန်ပျောက်စေမဲ့ အကောင်းဆုံး သဘာဝနည်း
၁။ ရေခဲကပ်ခြင်း
၂။ လာဗန်ဒါဆီ
၎။ ချင်း (ဂျင်း)
[ Unicode ]
ဆေးသောက်စရာ မလိုဘဲ ခေါင်းတစ်ခြမ်းကို အမြန်ဆုံး သက်သာပျောက်ကင်းစေမဲ့ လွယ်ကူရိုးရှင်းတဲ့ သဘာဝ ကုထုံးတွေကို Trend ပရိသတ်ကြီးအတွက် ဝေမျှလိုက်ပါတယ်။ ဖတ်ကြည့်လိုက်ပါဦး။
၁။ ရေခဲကပ်ခြင်း
ရေခဲဆိုတာ ရောင်ရမ်းမှုလျော့ကျစေတဲ့အရာလို့ ဆေးသိပ္ပံပညာရှင်တွေရဲ့ လေ့လာမှုအရ သိရပါတယ်။ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာ ခံစားရတဲ့အခါ နဖူး၊ ဦးခေါင်း၊ လည်ပင်းတွေမှာ ရေခဲအိတ်ကပ်ပေးရင် ချက်ချင်းသက်သာစေပါတယ်။ ရေခဲအိတ်မရှိရင် ရေအေးစွတ်ထားတဲ့ ပိတ်စကို အစားထိုးသုံးပါ။
၂။ လာဗန်ဒါဆီ
ခေါင်းတစ်ခြမ်းကိုက်ချိန်အတွင်း လာဗန်ဒါဆီရနံ့ရှူရှိုက်သူတွေက အာနိသင်မရှိတဲ့အဆီတစ်မျိုး ရှူရှိုက်သူတွေထက် ဝေဒနာမြန်မြန်သက်သာစေတယ်လို့ လေ့လာမှုအရ သိရပါတယ်။ အနည်းဆုံး ၁၅မိနစ်ကြာ ရှူရှိုက်နိုင်ပါတယ်။
၃။ ပက်ပါးမင့်ဆီ (ပူဒီနာဆီ)
နားထင်နဲ့ လည်ကုပ်နေရာမှာ ပူဒီနာဆီ(ပူစီနံဆီ) သုတ်လိမ်းပေးရင် ခေါင်းတစ်ခြမ်းကိုက်ဝေဒနာ သက်သာစေပါတယ်။ ဒါတင်မက ပျို့ချင်အန်ချင်စိတ်ပေါ်တာနဲ့ ပူပင်သောကများတာကိုလည်း သက်သာစေပါတယ်။
၄။ ချင်း (ဂျင်း)
ချင်းမှာ ကျန်းမာရေးကောင်းကျိုးများစွာရှိတဲ့အတွက် အသုံးများပါတယ်။ ချင်း(ဂျင်း)မှုန့်က ခေါင်းတစ်ခြမ်းကိုက်ရောဂါပြင်းအားနဲ့ ခံစားရတဲ့ သက်တမ်းကို လျော့ကျစေပါတယ်။ ချင်း ရေနွေးကြမ်းမှာ ရောင်ရမ်းမှုကျစေတဲ့အစွမ်းရှိတာကြောင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါသက်သာစေပါတယ်။
Ref; goodhealth
357 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.