တစ်နှစ်တာကြာပြီးနောက် ဇန်န၀ါရီလ နှောင်းပိုင်းမှာအဆိုတော် Alicia Keys ဟာ Blackberry က executive ရာထူးကို စွန့်လွှတ်ရမှာဖြစ်ပါတယ်။
Empire State of Mind ရဲ့အဆိုတော်ကို BlackBerry ရဲ့ပထမဆုံး Global Creative Director အဖြစ် ၂၀၁၃ ဇန်န၀ါရီမှာ ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၁၄ ဇန်န၀ါရီမှာ ရာထူးကဖယ်ရှားပေးရမှာဖြစ်ပါတယ်။
ကုမ္ပဏီရဲ့ကြေငြာချက်တစ်ခုမှာတော့ “ကျွန်တော်တို့ဒီလိုမယုံနိုင်လောက်အောင် ပါရမီရှိပြီး စိတ်အားထက်သန်တဲ့ လူတစ်ယောက်နဲ့အလုပ်လုပ်ဖို့အခွင့်အရေးရခဲ့တာကို ကျွန်တော်တို့ကျေနပ်ပျော်ရွှင်ခဲ့ပါတယ်” လို့ဆိုပါတယ်။
Blackberry မှာလုပ်နေတုန်း Keys ဟာ နည်းပညာနဲ့ mobile computing နယ်ပါယ်မှာ အမျိုးသမီးတွေ အလုပ်အကိုင်အခွင့်အလမ်းတွေရရှိရေး အားပေးဖို့ရည်ရွယ်ချက်နဲ့တည်ထောင်ထားတဲ့ BlackBerry Scholars Program ကိုထူထောင်နိုင်ဖို့ကူညီပေးခဲ့ပါတယ်။
Ref:starpulse
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။