ေအဘီေသြးပိုင္ရွင္တုိ႔နဲ႔ လိုက္ဖက္သူမ်ား

ကိုယ္စီ ပိုင္ဆိုင္ၾကတဲ့ ေသြးအမ်ိဳးအစားအလိုက္ လုိက္ဖက္တဲ့ ခ်စ္သူစံုတြဲေလးေတြအေၾကာင္းကို Trend ပရိသတ္ႀကီးအတြက္ ေဖာ္ျပေပးလိုက္ပါတယ္။ ပရိသတ္ႀကီးတုိ႔ေကာ လိုက္ဖက္တဲ့ စံုတြဲေလးေတြ ျဖစ္ရဲ႕လားဆိုတာ ေျပာခဲ့ၾကဦးေနာ္။

ေအဘီ- ေအ (၆၅%)
ဒီႏွစ္ေယာက္သာ ေတြ႕ၾကျပီဆိုရင္ေတာ့ ပတ္၀န္းက်င္ၾကီး တစ္ခုလံုးဟာ ေျခာက္ကပ္သြားေတာ့တာပါပဲ။ စကားေတြအမ်ားၾကီး လိုအပ္တယ္လို႕ ထင္ရျပီး အခ်င္းခ်င္း အျပိဳင္ ေခါင္းမာေနတတ္လို႕ စိတ္အခန္႕မသင့္မႈေလးေတြလည္း မ်ားတတ္ပါတယ္။ ေအဘီေသြးပိုင္ရွင္ ေယာကၤ်ားမ်ားရဲ႕ ထူးျခားခ်က္ကို နားမလည္ ႏိုင္တာေၾကာင့္ စိတ္ပင္ပန္းရတဲ့ အတြဲလည္း ျဖစ္ပါတယ္။ ေမးတာကတျခား ေျဖတာက တျခား ျဖစ္တဲ့ အခါေတြလည္း မ်ားပါတယ္။ ဒီစံုတြဲေလးက ျပီးျပည့္စံုတဲ့ အတြဲေလးလို႕ ေျပာလို႕ မရႏိုင္သလို လံုး၀ ေပါင္းစပ္လို႕မရဘူးလို႕လည္း ေျပာလို႕ မရပါဘူး။ ေအေသြး မိန္းကေလးနဲ႕ ေအဘီေသြးေယာကၤ်ားေလးေတြကေတာ့ ႏွစ္ဦးႏွစ္ဘက္လံုးက ေသခ်ာပိရိတဲ့အျပင္ အခ်င္းခ်င္းရဲ႕ အားသာခ်က္ေလးေတြကိုလည္း လက္ခံအသိအမွတ္ျပဳတတ္ၾကတာမို႕ အဆင္ေျပတဲ့ အေျခအေနေလးကို ဖန္တီးႏိုင္ပါတယ္။ ေအေသြးမိန္းကေလးေတြက စိတ္၀င္စားစရာေကာင္းတဲ့ စကား၊ ဟာသေလးေတြ ေျပာတတ္တဲ့ ေယာကၤ်ားမ်ိဳးကို သေဘာက်တတ္ၾကပါတယ္။

ေအဘီ-ဘီ (၉၀%)
ေအဘီေသြးေယာကၤ်ားေလးမ်ားရဲ႕ ပညာရွိရွိျပဳမူတတ္တဲ့ အက်င့္ေလးေတြက ဘီေသြးမိန္းကေလးမ်ားကို ဆြဲေဆာင္ႏိုင္စြမ္းရွိပါတယ္။ ေအဘီေသြးေယာကၤ်ားေလးမ်ားကလည္း ဘီေသြးမိန္းကေလးမ်ားရဲ႕ စမ္းသပ္လုပ္ကိုင္ခ်င္စိတ္၊ တက္ၾကြဖ်တ္လတ္မႈကို ႏွစ္သက္ၾကပါတယ္တဲ့။ ဘီေသြးမိန္းကေလးမ်ားက ေအဘီေသြးေယာကၤ်ားေလးမ်ား ပြင့္ပြင့္လင္းလင္းနဲ႕ ခ်စ္ခြင့္ပန္တဲ့ ပံုစံမ်ိဳးကို သေဘာၾကသလို ညင္းလည္း မညင္းႏိုင္ပါဘူး။ ပြင္းလင္းတဲ့ စတိုင္လ္ကို လိုလားတာဟာ ဘီေသြးေတြရဲ႕ စတိုင္လ္မို႕ပါ။ ေယာကၤ်ားေလးဘက္ကေတာ့ နည္းနည္း တစ္ကိုယ္ေကာင္းဆန္တဲ့ အခါေလးေတြလည္း ရွိတတ္ၾကျပီး ရင္ထဲမွာ ခံစားရတဲ့အတိုင္း ေဖာ္ျပတတ္ေပမယ့္ ဘီေသြးမိန္းကေလးမ်ားရဲ႕ ခံစားခ်က္ကို သို၀ွက္တတ္တဲ့ အက်င့္ေလးေတြကို ႏွစ္သက္ၾကပါတယ္တဲ့။

ေအဘီ-အို (၃၀%)
အခ်င္းခ်င္း လံုး၀ စရိုက္သဘာ၀ကို ပိုင္ဆိုင္ထားတာေတာင္မွ ေတာ္ေတာ္ လိုက္ဖက္ညီတဲ့ အတြဲေလးလည္း ျဖစ္ပါတယ္။ ခ်စ္သူအျဖစ္အေနထက္ အစ္ကိုတစ္ေယာက္လို ခင္မင္တြယ္တာတာမ်ိဳးက ပိုမ်ားပါတယ္။ ေအဘီေသြး ေယာကၤ်ားေလးမ်ားရဲ႕ ပြင့္လင္းတဲ့ စရိုက္ဟာ အိုေသြးပိုင္ရွင္မိန္းကေလးမ်ားရဲ႕ မ်က္စိမွာေတာ့ ေတာ္ေတာ္ ဆြဲေဆာင္မႈရွိေနတတ္ပါတယ္တဲ့။ ေအးစက္ျပီး တရားက်က် စဥ္းစားတတ္တဲ့ ေအဘီေသြးပိုင္္ရွင္ ေယာကၤ်ားေလးမ်ားကို အိုေသြးမိန္းကေလးမ်ားက ေတာင့္တင္းခိုင္မာတဲ့ မွီခိုအားထားရာတစ္ခုလို႕လည္း ထင္တတ္ၾကပါတယ္။ ဒါေပမယ့္ သူတို႕ႏွစ္ေယာက္ရဲ႕ လုိက္ဖက္ညီမႈကေတာ့ ၃၀%ပါ။

ေအဘီ- ေအဘီ (၉၀%)
အခ်င္းခ်င္း ေကာင္းေကာင္းနားလည္ႏိုင္တဲ့အျပင္ တဘက္သားကိုလည္း အေလးအနက္ထားတတ္ၾကပါတယ္။ အဆင္ေျပတဲ့ အတြဲေလးတစ္တြဲျဖစ္ေပမယ့္ သူမ်ားေတြအျမင္မွာေတာ့ သိပ္ျပီး မထူးျခားလွတဲ့ အတြဲေလး တစ္တြဲပါ။ တပူးကပ္ကပ္ေနတတ္တဲ့ အတြဲေလးလည္း ျဖစ္ပါတယ္။ နွစ္ေယာက္စလံုးက စဥ္းစားဥာဏ္ရွိတဲ့အတြက္ တဘက္သားရဲ႕ စရိုက္သဘာ၀ေတြအားလံုးကို နားလည္ေပးႏိုင္သလို မၾကိဳက္တဲ့ အျပဳအမူကို ေရွာင္က်ဥ္ၾကပါတယ္။ တခါတေလမွာေတာ့ အေတြးအေခၚေတြ မတိုက္ဆိုင္တဲ့အခါေလးေတြလည္းရွိပါတယ္။ တစ္ေယာက္နဲ႕ တစ္ေယာက္ အေပးအယူမွ်တဲ့ အတြဲျဖစ္တာေၾကာင့္ ေပ်ာ္စရာေကာင္းတဲ့ အတြဲေလးလည္း ျဖစ္ပါတယ္။

[ Unicode ]

ကိုယ်စီ ပိုင်ဆိုင်ကြတဲ့ သွေးအမျိုးအစားအလိုက် လိုက်ဖက်တဲ့ ချစ်သူစုံတွဲလေးတွေအကြောင်းကို Trend ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။ ပရိသတ်ကြီးတို့ကော လိုက်ဖက်တဲ့ စုံတွဲလေးတွေ ဖြစ်ရဲ့လားဆိုတာ ပြောခဲ့ကြဦးနော်။

အေဘီ- အေ (၆၅%)
ဒီနှစ်ယောက်သာ တွေ့ကြပြီဆိုရင်တော့ ပတ်ဝန်းကျင်ကြီး တစ်ခုလုံးဟာ ခြောက်ကပ်သွားတော့တာပါပဲ။ စကားတွေအများကြီး လိုအပ်တယ်လို့ ထင်ရပြီး အချင်းချင်း အပြိုင် ခေါင်းမာနေတတ်လို့ စိတ်အခန့်မသင့်မှုလေးတွေလည်း များတတ်ပါတယ်။ အေဘီသွေးပိုင်ရှင် ယောင်္ကျားများရဲ့ ထူးခြားချက်ကို နားမလည် နိုင်တာကြောင့် စိတ်ပင်ပန်းရတဲ့ အတွဲလည်း ဖြစ်ပါတယ်။ မေးတာကတခြား ဖြေတာက တခြား ဖြစ်တဲ့ အခါတွေလည်း များပါတယ်။ ဒီစုံတွဲလေးက ပြီးပြည့်စုံတဲ့ အတွဲလေးလို့ ပြောလို့ မရနိုင်သလို လုံး၀ ပေါင်းစပ်လို့မရဘူးလို့လည်း ပြောလို့ မရပါဘူး။ အေသွေး မိန်းကလေးနဲ့ အေဘီသွေးယောင်္ကျားလေးတွေကတော့ နှစ်ဦးနှစ်ဘက်လုံးက သေချာပိရိတဲ့အပြင် အချင်းချင်းရဲ့ အားသာချက်လေးတွေကိုလည်း လက်ခံအသိအမှတ်ပြုတတ်ကြတာမို့ အဆင်ပြေတဲ့ အခြေအနေလေးကို ဖန်တီးနိုင်ပါတယ်။ အေသွေးမိန်းကလေးတွေက စိတ်ဝင်စားစရာကောင်းတဲ့ စကား၊ ဟာသလေးတွေ ပြောတတ်တဲ့ ယောင်္ကျားမျိုးကို သဘောကျတတ်ကြပါတယ်။

အေဘီ-ဘီ (၉၀%)
အေဘီသွေးယောင်္ကျားလေးများရဲ့ ပညာရှိရှိပြုမူတတ်တဲ့ အကျင့်လေးတွေက ဘီသွေးမိန်းကလေးများကို ဆွဲဆောင်နိုင်စွမ်းရှိပါတယ်။ အေဘီသွေးယောင်္ကျားလေးများကလည်း ဘီသွေးမိန်းကလေးများရဲ့ စမ်းသပ်လုပ်ကိုင်ချင်စိတ်၊ တက်ကြွဖျတ်လတ်မှုကို နှစ်သက်ကြပါတယ်တဲ့။ ဘီသွေးမိန်းကလေးများက အေဘီသွေးယောင်္ကျားလေးများ ပွင့်ပွင့်လင်းလင်းနဲ့ ချစ်ခွင့်ပန်တဲ့ ပုံစံမျိုးကို သဘောကြသလို ညင်းလည်း မညင်းနိုင်ပါဘူး။ ပွင်းလင်းတဲ့ စတိုင်လ်ကို လိုလားတာဟာ ဘီသွေးတွေရဲ့ စတိုင်လ်မို့ပါ။ ယောင်္ကျားလေးဘက်ကတော့ နည်းနည်း တစ်ကိုယ်ကောင်းဆန်တဲ့ အခါလေးတွေလည်း ရှိတတ်ကြပြီး ရင်ထဲမှာ ခံစားရတဲ့အတိုင်း ဖော်ပြတတ်ပေမယ့် ဘီသွေးမိန်းကလေးများရဲ့ ခံစားချက်ကို သိုဝှက်တတ်တဲ့ အကျင့်လေးတွေကို နှစ်သက်ကြပါတယ်တဲ့။

အေဘီ-အို (၃၀%)
အချင်းချင်း လုံး၀ စရိုက်သဘာဝကို ပိုင်ဆိုင်ထားတာတောင်မှ တော်တော် လိုက်ဖက်ညီတဲ့ အတွဲလေးလည်း ဖြစ်ပါတယ်။ ချစ်သူအဖြစ်အနေထက် အစ်ကိုတစ်ယောက်လို ခင်မင်တွယ်တာတာမျိုးက ပိုများပါတယ်။ အေဘီသွေး ယောင်္ကျားလေးများရဲ့ ပွင့်လင်းတဲ့ စရိုက်ဟာ အိုသွေးပိုင်ရှင်မိန်းကလေးများရဲ့ မျက်စိမှာတော့ တော်တော် ဆွဲဆောင်မှုရှိနေတတ်ပါတယ်တဲ့။ အေးစက်ပြီး တရားကျကျ စဉ်းစားတတ်တဲ့ အေဘီသွေးပိုင်ရှင် ယောင်္ကျားလေးများကို အိုသွေးမိန်းကလေးများက တောင့်တင်းခိုင်မာတဲ့ မှီခိုအားထားရာတစ်ခုလို့လည်း ထင်တတ်ကြပါတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်ရဲ့ လိုက်ဖက်ညီမှုကတော့ ၃၀%ပါ။

အေဘီ- အေဘီ (၉၀%)
အချင်းချင်း ကောင်းကောင်းနားလည်နိုင်တဲ့အပြင် တဘက်သားကိုလည်း အလေးအနက်ထားတတ်ကြပါတယ်။ အဆင်ပြေတဲ့ အတွဲလေးတစ်တွဲဖြစ်ပေမယ့် သူများတွေအမြင်မှာတော့ သိပ်ပြီး မထူးခြားလှတဲ့ အတွဲလေး တစ်တွဲပါ။ တပူးကပ်ကပ်နေတတ်တဲ့ အတွဲလေးလည်း ဖြစ်ပါတယ်။ နှစ်ယောက်စလုံးက စဉ်းစားဉာဏ်ရှိတဲ့အတွက် တဘက်သားရဲ့ စရိုက်သဘာဝတွေအားလုံးကို နားလည်ပေးနိုင်သလို မကြိုက်တဲ့ အပြုအမူကို ရှောင်ကျဉ်ကြပါတယ်။ တခါတလေမှာတော့ အတွေးအခေါ်တွေ မတိုက်ဆိုင်တဲ့အခါလေးတွေလည်းရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အပေးအယူမျှတဲ့ အတွဲဖြစ်တာကြောင့် ပျော်စရာကောင်းတဲ့ အတွဲလေးလည်း ဖြစ်ပါတယ်။

Ref; bloodtypes

 

87 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.