ရွဴးရွဲ မုန္႔ဖတ္ေထာင္း ျပဳလုပ္နည္း

ရွဴးရွဴးရွဲရွဲ ခ်ဥ္ခ်ဥ္စပ္စပ္ အရသာနဲ႔ ျမင္တာနဲ႔ကို သေရက်ေစမယ့္ ခ်ိဳခ်ဥ္ငံစပ္ မုန္႔ဖတ္ေထာင္း ျပဳလုပ္နည္းအဆင့္ဆင့္ကို Trend ပရိသတ္ႀကီးအတြက္ ေဝမၽွလိုက္ပါတယ္။ လုပ္စားၾကည့္ရေအာင္ေနာ္။

ပါ၀င္ပစၥည္းမ်ား
၁။ မုန္႔ဖတ္ – ဆယ္ငါးက်ပ္သား
၂။ ပဲေတာင္႔ရွည္ – ေလးေတာင္႔
၃။ ခရမ္းခ်ဥ္သီး – ၃ လံုး
၄။ ခ်ယ္ရီခရမ္းခ်ဥ္သီး – ၅လံုးခန္႕ ( အလွဆင္ရန္ )
၅။ ၾကက္သြန္ျဖဴ အမႊာၾကီးၾကီး – ၃မႊာ
၆။ င႐ုတ္သီး အစပ္အေျခာက္ေတာင့္ – ၇ေတာင့္
၇။ ထန္းလ်က္ခဲ – ကြမ္းသီးဆံလံုးေလာက္ တစ္ခဲ
၈။ ေျမပဲေလွာ္ – မိမိႏွစ္သက္သေလာက္ထည္႔ပါ
၉။ ငါးငံျပာရည္ – ထမင္းစားဇြန္း တစ္ဇြန္းခြဲ
၁၀။ သံပုရာသီး – တစ္ျခမ္း

(အသီးအရြက္ေတြကို ႏွစ္သက္တာ ထည့္ႏိုင္ပါတယ္)

ျပင္ဆင္ပံု
၁။ မုန္႔ဖတ္ႏွင္႔အတူ ပါ၀င္ပစၥည္းမ်ားကို ျပင္ထားပါ။
၂။ ၾကက္သြန္ျဖဴကို အခြံခြာကာ ေရေဆးထားပါ။
၃။ ပဲေတာင့္႐ွည္ကို ေရေဆးျပီး အေနေတာ္ လွီးထားပါ။
၄။ ခရမ္းခ်ဥ္သီးကို ေရေဆးျပီး ပါးပါးလွီးထားပါ။
၅။ င႐ုတ္သီးေတာင့္ကို အညွာေႁခြျပီး ေရေဆးထားပါ။
၆။ ေျမပဲေလွာ္ကို ျပင္ထားပါ။
၇။ သံပုရာသီးကို ေရေဆးျပီး ေလးစိတ္စိတ္ထားပါ။
၈။ က်န္လိုအပ္ေသာ ပစၥည္းမ်ားကို ျပင္ထားပါ။
၉။ င႐ုတ္ဆံုထဲမွာ အရင္ဆံုး ထန္းလ်ွက္ခဲ င႐ုတ္သီးေတာင့္ႏွင့္ၾကက္သြန္ျဖဴကို မညက္တညက္ အေနအထားရေအာင္ ထည့္ေထာင္းပါ။
၁၀။ ၿပီးတာနဲ႕ေျမပဲေလွာ္ႏွင္႔ ပဲသီးတို႕ကို ခပ္ဖြဖြ ထည့္ေထာင္းပါ။
၁၁။ ေထာင္းထားတာေတြကို သမေအာင္ ဇြန္းနဲ႕ေမႊေပးျပီး မုန္႔ဖတ္ ခရမ္းခ်ဥ္သီး ငံျပာရည္ႏွင့္ သံပုရာရည္ကို ညွစ္ျပီး အခြံပါတို႕ထည့္ကာ ခပ္ဖြဖြထည့္ေထာင္းကာ ဇြန္းႏွင့္သမေအာင္ ေမႊေပးကာ အရသာျမည္းျပီး လိုသလို ျပင္ေပးပါ။

အရသာျပင္ျပီးတာနဲ႕ ပန္းကန္တခုထဲထည့္ကာ အေပၚမွ ခ်ယ္ရီခရမ္းခ်ဥ္သီးမ်ားကို အလွဆင္ၿပီးရင္ေတာ့ မုန္႔ဖတ္ေထာင္း ခ်ဳိခ်ဥ္ငံစပ္ေလးကို သံုးေဆာင္ႏိုင္ပါၿပီေနာ္။

[ Unicode ]

ရှူးရှူးရှဲရှဲ ချဉ်ချဉ်စပ်စပ် အရသာနဲ့ မြင်တာနဲ့ကို သရေကျစေမယ့် ချိုချဉ်ငံစပ် မုန့်ဖတ်ထောင်း ပြုလုပ်နည်းအဆင့်ဆင့်ကို Trend ပရိသတ်ကြီးအတွက် ဝေမျှလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ
၁။ မုန့်ဖတ် – ဆယ်ငါးကျပ်သား
၂။ ပဲတောင့်ရှည် – လေးတောင့်
၃။ ခရမ်းချဉ်သီး – ၃ လုံး
၄။ ချယ်ရီခရမ်းချဉ်သီး – ၅လုံးခန့် ( အလှဆင်ရန် )
၅။ ကြက်သွန်ဖြူ အမွှာကြီးကြီး – ၃မွှာ
၆။ ငရုတ်သီး အစပ်အခြောက်တောင့် – ၇တောင့်
၇။ ထန်းလျက်ခဲ – ကွမ်းသီးဆံလုံးလောက် တစ်ခဲ
၈။ မြေပဲလှော် – မိမိနှစ်သက်သလောက်ထည့်ပါ
၉။ ငါးငံပြာရည် – ထမင်းစားဇွန်း တစ်ဇွန်းခွဲ
၁၀။ သံပုရာသီး – တစ်ခြမ်း

(အသီးအရွက်တွေကို နှစ်သက်တာ ထည့်နိုင်ပါတယ်)

 

ပြင်ဆင်ပုံ
၁။ မုန့်ဖတ်နှင့်အတူ ပါဝင်ပစ္စည်းများကို ပြင်ထားပါ။
၂။ ကြက်သွန်ဖြူကို အခွံခွာကာ ရေဆေးထားပါ။
၃။ ပဲတောင့်ရှည်ကို ရေဆေးပြီး အနေတော် လှီးထားပါ။
၄။ ခရမ်းချဉ်သီးကို ရေဆေးပြီး ပါးပါးလှီးထားပါ။
၅။ ငရုတ်သီးတောင့်ကို အညှာခြွေပြီး ရေဆေးထားပါ။
၆။ မြေပဲလှော်ကို ပြင်ထားပါ။
၇။ သံပုရာသီးကို ရေဆေးပြီး လေးစိတ်စိတ်ထားပါ။
၈။ ကျန်လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ။
၉။ ငရုတ်ဆုံထဲမှာ အရင်ဆုံး ထန်းလျှက်ခဲ ငရုတ်သီးတောင့်နှင့်ကြက်သွန်ဖြူကို မညက်တညက် အနေအထားရအောင် ထည့်ထောင်းပါ။
၁၀။ ပြီးတာနဲ့မြေပဲလှော်နှင့် ပဲသီးတို့ကို ခပ်ဖွဖွ ထည့်ထောင်းပါ။
၁၁။ ထောင်းထားတာတွေကို သမအောင် ဇွန်းနဲ့မွှေပေးပြီး မုန့်ဖတ် ခရမ်းချဉ်သီး ငံပြာရည်နှင့် သံပုရာရည်ကို ညှစ်ပြီး အခွံပါတို့ထည့်ကာ ခပ်ဖွဖွထည့်ထောင်းကာ ဇွန်းနှင့်သမအောင် မွှေပေးကာ အရသာမြည်းပြီး လိုသလို ပြင်ပေးပါ။

အရသာပြင်ပြီးတာနဲ့ ပန်းကန်တခုထဲထည့်ကာ အပေါ်မှ ချယ်ရီခရမ်းချဉ်သီးများကို အလှဆင်ပြီးရင်တော့ မုန့်ဖတ်ထောင်း ချိုချဉ်ငံစပ်လေးကို သုံးဆောင်နိုင်ပါပြီနော်။

Ref; asianfood

 

5K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.