ရေနွေးနွေးသောက်ပြီး ရလာမဲ့ ထင်မှတ်မထားတဲ့ အရာများ
၎။ အစာချေပေးခြင်း
၇။ အိပ်ပျော်စေခြင်း
၁၂။ ဝက်ခြံ ကုသနိုင်ခြင်း
[ Unicode ]
ရေကို ရိုးရိုးရေ၊ ရေကျက်အေး၊ ဖျော်ရည်၊ ရေနွေး၊ စသည်ဖြင့် ပုံစံအမျိုးမျိုးနဲ့ သောက်သုံးကြပါတယ်။ အဲ့ဒီထဲကမှ ရေနွေးနွေး သောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို Trend ပရိသတ်ကြီးအတွက် ဝေမျှလိုက်ပါတယ်။ ဖတ်ကြည့်လိုက်ပါဦး။
၁။ ကိုယ်အလေးချိန်လျော့ချပေးနိုင်ခြင်း
ဝိတ်ချလို့ မရလို့ စိတ်ညစ်နေလား။ ဒါဆိုရင်တော့ ရေကိုကျိုချက်ပြီး နွေးနေတဲ့အချိန်မှာ ဖြေးဖြေး သောက်ပေးခြင်းဖြင့် ဝိတ်ချလို့ရပါတယ်။ မနက်ပိုင်းသောက်ပေးနိုင်ရင် ပိုကောင်းပါတယ်။ ဒါ့အပြင် ရေဟာ သင့်ကို ဗိုက်ဆာတဲ့ရန်ကနေ ကာကွယ်ပေးနိုင်မယ့် ဝိတ် လုံးဝမတက်စေတဲ့ တစ်ခုတည်းသောအရာလည်း ဖြစ်ပါတယ်။
၂။ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ခြင်း
ခန္ဓာကိုယ်ကြီးဟာ အဆိပ်အတောက်တွေ အမှိုက်သရိုက်တွေနဲ့ ပြည့်နှက်နေပါတယ်။
ရေနွေးနွေးလေး သောက်ပေးခြင်းဟာ ခန္ဓာကိုယ်အတွက် သဘာဝအားဖြင့် အဆိပ်အတောက်ဖယ်ရှားတဲ့ နည်းလမ်းဖြစ်ပါတယ်။ ရေနွေးသောက်ခြင်းအားဖြင့် ထွက်သွားတဲ့ ချွေးတွေမှာ အဆိပ်အတောက်တွေ ထွက်ရှိသွားလို့ ဖြစ်ပါတယ်။
၃။ နှာခေါင်းပိတ်၊ ချောင်းဆိုး၊ ချွဲကျပ်တာကိုသက်သာစေခြင်း
ဆောင်းရာသီမှာ တုပ်ကွေးဖြစ်ပြီဆိုတာနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတွေကို ခံစားရလေ့ရှိပါတယ်။ ရေနွေးနွေးလေး သောက်ပေးခြင်းအားဖြင့် ချွဲပျော်စေပါတယ်။
၄။ အစာချေပေးခြင်း
မနက်ခင်းမှာ ရေနွေးနွေးလေး သောက်ပေးခြင်းဟာ သင့်ရဲ့ အူတွေ သန့်ရှင်းစေပါတယ်။ အစာချေဖျက်မှုကို မြန်ဆန်စေတဲ့အတွက် အညစ်အကြေးတွေကိုပါ အူကနေ မြန်မြန်စွန့်ပစ်အောင် ပြုလုပ်ပေးပါတယ်။ ဝမ်းချုပ်တာကိုလည်း သက်သာစေပါတယ်။
၅။ သွေးလည်ပတ်မှု ကောင်းစေခြင်း
သွေးလည်ပတ်မှု မကောင်းတာက ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေဖြစ်တဲ့ အာဟာရဓာတ်နဲ့ အောက်စီဂျင် စုပ်ယူမှုနှုန်းကို ကျဆင်းစေပါတယ်။ ရေနွေးနွေးလေးသောက်ပေးခြင်းဖြင့် ဒီပြဿနာတွေကို ဖြေရှင်းနိုင်ပါတယ်။ သွေးလည်ပတ်မှု ကောင်းခြင်းက ကြွက်သားတွေ အရိုးအဆစ်တွေ တောင့်တင်းနာကျင်တာကိုလည်း သက်သာစေပါတယ်။
၆။ အားဖြည့် အချိုရည် အဖြစ် လုပ်ဆောင်ပေးခြင်း
လူအများစုဟာ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပြီးတဲ့ အခါတိုင်း ရေအေးကို သောက်လေ့ရှိကြပါတယ်။ အဲ့ဒီအရာက မှန်ကန်တယ်လို့ မဆိုနိုင်ပါဘူး။ ရေနွေးနွေးလေးကသာ သဘာဝအားဖြည့်အချိုရည် ဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုလုပ်ပြီးစအချိန်မှာ ရေနွေးသောက်သုံးခြင်းဖြင့် ရေဓာတ်ကို လျင်လျင်မြန်မြန် ပြည့်စေရုံသာမက ကယ်လိုရီတွေကိုပါ ချေဖျက်ပေးပါတယ်။
၇။ အိပ်ပျော်စေခြင်း
အိပ်ရာမဝင်ခင် ရေနွေးနွေးလေး တစ်ခွက် သောက်သုံးပေးခြင်းဟာ သင့်ကိုကောင်းကောင်း အိပ်ပျော်စေပါတယ်။ မနက်ခင်းမှာလည်း လန်းလန်းဆန်းဆန်းနဲ့ နိုးထစေပါတယ်။ သင်ဟာ လွယ်လွယ်နဲ့ အိပ်မပျော်တဲ့ သူဆိုရင်တော့ အိပ်ရာမဝင်ခင် ရေနွေးနွေးလေး တစ်ငုံလောက် သောက်လိုက်ခြင်းအားဖြင့် အဆင်ပြေသွားနိုင်ပါတယ်။
၈။ ရာသီမလာခင်ကိုက်ခဲမှုကို သက်သာစေခြင်း
အမျိုးသမီးအများစုရင်ဆိုင်ရတဲ့ ပြဿနာတွေထဲမှာ ရာသီမလာခင် ကိုက်ခဲတာကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ရေနွေးနွေးလေး သောက်သုံးပေးခြင်းဖြင့် အဆိုပါ ပြဿနာတွေကို ဖြေရှင်းပေးနိုင်တယ်လို့ဆိုပါတယ်။
၉။ ရေကတစ်ဆင့်ကူးဆက်တတ်သော ရောဂါပိုးများကို ကာကွယ်နိုင်ခြင်း
ရိုးရိုးရေထဲမှာ အူရောင်ငန်းဖျားရောဂါပိုးနဲ့ ဝမ်းပျက်ရောဂါပိုးလိုမျိုးပိုးတွေ ရှင်သန်နိုင်ပါတယ်။
အဲ့ဒါကြောင့် ရေကို ကျိုချက်သောက်သုံးခြင်းဖြင့် အဆိုပါ ရောဂါတွေကို ကာကွယ်ပြီးသား ဖြစ်သွားပါတယ်။
၁၀။ သဘာဝကုထုံး ဖြစ်နေခြင်း
ရေဟာ လူသားတွေအတွက် မရှိမဖြစ် လိုအပ်ရုံသာမက ရောဂါအများစုရဲ့ သဘာဝကုထုံးလည်း ဖြစ်နေပါတယ်။ ဥပမာ ခေါင်းတစ်ခြမ်းကိုက်ရောဂါ သွေးအားနည်းရောဂါ အဆစ်အမြစ်နာကျင်ကိုက်ခဲတာ ဆီးကျောက်တည်ရောဂါ ဆီးလမ်းကြောင်းပိုးဝင်ရောဂါ တို့ကို သက်သာစေပါတယ်။
၁၁။ ဇရာကိုအန်တုနိုင်ခြင်း
ရေနွေးနွေးလေးသောက်ခြင်းဟာ လူတွေကို အသက်အရွယ်ကြီးရင့်စေတဲ့ ဓာတ်တိုးပစ္စည်းတွေ ဖယ်ထုတ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ရေဟာ အရေပြားဆဲလ်တွေကို ပြန်လည်ပြုပြင်ပေးပြီးအသားအရေကို ချောမွေ့စေပါတယ်။
၁၂။ ဝက်ခြံ ကုသနိုင်ခြင်း
ဝက်ခြံဆိုတာ ဟော်မုန်းနဲ့ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ အရေပြားပြဿနာတစ်မျိုးပါ။ ရေနွေးနွေးလေး သောက်သုံးခြင်းအားဖြင့် ပိုးဝင်ခြင်းကို ကုသနိုင်သလို အရေပြားဆဲလ်တွေ အသစ်ဖြစ်စေလို့ ဝက်ခြံကို သက်သာစေပါတယ်။
၁၃။ အရေပြားကို ကျန်းမာစေခြင်း
အရေပြားဟာ ရေဓာတ် လုံလောက်စွာ ရရှိနေဖို့ လိုအပ်ပါတယ်။ ရေဓာတ်ခမ်းခြောက်လာတာနဲ့အမျှ အရေးအကြောင်းတွေ ပေါ်လာတတ်ပါတယ်။ ရေနွေးနွေးလေး သောက်ပေးခြင်းဟာ သွေးလည်ပတ်မှု ကောင်းစေတဲ့အတွက် အသားအရေကို ကြည်လင်တောက်ပစေပါတယ်။
၁၄။ ဦးရေပြားပြဿနာတွေကို ဖြေရှင်းနိုင်ခြင်း
ဗောက်ဆိုတာက ဘက်တီးရီးယားတွေနဲ့ ဦးရေပြားမှာရှိတဲ့ ဆဲလ်သေတွေကြောင့် ဖြစ်တာမျိုးပါ
ရေနွေးနွေးလေးသောက်ခြင်းဟာ ဦးရေပြားကို ကျန်းမာစေတဲ့အပြင် ဆဲလ်သေတွေ ဖြစ်ပေါ်ခြင်းကို ကာကွယ်ပေးနိုင်အတွက် ဗောက်ပြဿနာကို ဖြေရှင်းပေးနိုင်ပါတယ်။ ဆံပင်တွေ ထိခိုက်ပျက်စီးခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
Ref; goodhealth
955 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.