ေအာင္ျမင္ေက်ာ္ၾကားသူတိုင္း လက္ေတြ႔က်င့္သံုးတဲ့ ခံယူခ်က္ ၅ မ်ိဳး

ေအာင္ျမင္မႈဆိုတာ လြယ္ကူတဲ့ အရာမဟုတ္ေပမယ့္ ဒီနည္းလမ္းေတြကိုသာ ခံယူက်င့္သံုးသြားမယ္ဆိုရင္ ေအာင္ျမင္မႈပန္းတုိင္ဆိုတာ အလွမ္းမေဝးေတာ့ပါဘူး။ နည္းလမ္းေတြက ဘာေတြမ်ားလဲဆိုတာ ၾကည့္လိုက္ရေအာင္။

၁။ ျပႆနာတုိင္းကို မတူညီတဲ့ လမ္းေၾကာင္းအမ်ိဳးမ်ိဳးသုံးၿပီး စဥ္းစားတယ္
ျပႆနာတစ္ရပ္ ျဖစ္ၿပီဆုိတာနဲ႕ အေျဖအမ်ားႀကီးကို ႐ႈေထာင့္အမ်ိဳးမ်ိဳးကေန ၀င္ၿပီး စဥ္းစားပါတယ္။ အိပ္စက္ခ်ိန္မွာေတာင္ ဦးေႏွာက္ကုိ အနားမေပးဘဲ စဥ္းစားတြက္ခ်က္မႈေတြ လုပ္ပါတယ္။ ေအာင္ျမင္ေက်ာ္ၾကားသူတို႔ဟာ သာမာန္လူေတြထက္ အိပ္ခ်ိန္လည္း နည္းပါးလြန္းပါတယ္။ ေသာမတ္အက္ဒီဆင္ဟာ တစ္ရက္ကုိ သုံးနာရီသာ အိပ္ခ်ိန္ရွိတယ္လုိ႕ ဆုိပါတယ္။

၂။ အၿမဲတမ္း အေကာင္းျမင္တယ္
အဆုိးျမင္တတ္တဲ့သူနဲ႕ အေကာင္းျမင္တတ္သူေတြရဲ႕ ကြာျခားခ်က္ကေတာ့ အဆုိးျမင္သူေတြဟာအရာရာကို အျပဳသေဘာမေတြးႏုိင္တဲ့အတြက္ ဖိအား ပုိမ်ားၿပီး ေဒါသလည္း ပုိႀကီးတတ္ပါတယ္။ အေကာင္းျမင္သူေတြအတြက္ကေတာ့ အရာရာ စိတ္ခ်မ္းသာစရာေတြ ရွိၿပီး လြတ္လပ္စြာ ေတြးေခၚႏုိင္ၾကၿပီး စိတ္ရွည္လက္ရွည္ ရွိပါတယ္။

၃။ သူတုိ႕ကုိယ္ သူတုိ႕ ယုံၾကည္ခ်က္ အျပည့္ရွိတယ္
ေအာင္ျမင္သူတုိင္းဟာ ကိုယ့္ကုိယ္ကုိ ယုံၾကည္တတ္ၾကပါတယ္။ ဒါမွလည္း ကိုယ့္ကုိယ္ကုိ ကုိယ္က ေလးစားႏုိင္မွာ ျဖစ္ၿပီး အရာရာအတြက္ ရင္ဆုိင္ဖုိ႕ သတိၱေတြ၊ ရဲရင့္မႈေတြ ဉာဏ္ပညာေတြ ရမွာျဖစ္ပါတယ္။

၄။ ေ၀ဖန္မႈေတြကို လက္ခံတယ္
ေ၀ဖန္မႈတုိင္းဟာ သူတုိ႕ရဲ႕ အားနည္းခ်က္ကုိ ေထာက္ျပတာျဖစ္လုိ႕ သူတုိ႕ကုိ ေ၀ဖန္ရင္ ေပ်ာ္ေနတတ္တဲ့ သဘာ၀ ေအာင္ျမင္သူတုိင္းမွာ ရွိပါတယ္။ ေ၀ဖန္ခံရတာ ေၾကာက္တဲ့သူဟာ ေအာင္ျမင္မႈကုိ ေၾကာက္တဲ့သူလုိ႕ သတ္မွတ္ရမွာ ျဖစ္ပါတယ္။

၅။ ေအာင္ျမင္ရမယ္လုိ႕ စိတ္မွာ စြဲၿမဲစြာ မွတ္ယူထားတယ္
ေအာင္ျမင္သူတုိင္းဟာ သက္ဆုိင္ရာ နယ္ပယ္အသီးသီးမွာ ေအာင္ကို ေအာင္ျမင္ရမယ္လုိ႕ စိတ္ထဲမွာစြဲစြဲၿမဲၿမဲ မွတ္ယူထားတတ္ပါတယ္။

[ Unicode ]

အောင်မြင်မှုဆိုတာ လွယ်ကူတဲ့ အရာမဟုတ်ပေမယ့် ဒီနည်းလမ်းတွေကိုသာ ခံယူကျင့်သုံးသွားမယ်ဆိုရင် အောင်မြင်မှုပန်းတိုင်ဆိုတာ အလှမ်းမဝေးတော့ပါဘူး။ နည်းလမ်းတွေက ဘာတွေများလဲဆိုတာ ကြည့်လိုက်ရအောင်။

၁။ ပြဿနာတိုင်းကို မတူညီတဲ့ လမ်းကြောင်းအမျိုးမျိုးသုံးပြီး စဉ်းစားတယ်
ပြဿနာတစ်ရပ် ဖြစ်ပြီဆိုတာနဲ့ အဖြေအများကြီးကို ရှုထောင့်အမျိုးမျိုးကနေ ဝင်ပြီး စဉ်းစားပါတယ်။ အိပ်စက်ချိန်မှာတောင် ဦးနှောက်ကို အနားမပေးဘဲ စဉ်းစားတွက်ချက်မှုတွေ လုပ်ပါတယ်။
အောင်မြင်ကျော်ကြားသူတို့ဟာ သာမာန်လူတွေထက် အိပ်ချိန်လည်း နည်းပါးလွန်းပါတယ်။ သောမတ်အက်ဒီဆင်ဟာ တစ်ရက်ကို သုံးနာရီသာ အိပ်ချိန်ရှိတယ်လို့ ဆိုပါတယ်။

၂။ အမြဲတမ်း အကောင်းမြင်တယ်
အဆိုးမြင်တတ်တဲ့သူနဲ့ အကောင်းမြင်တတ်သူတွေရဲ့ ကွာခြားချက်ကတော့ အဆိုးမြင်သူတွေဟာအရာရာကို အပြုသဘောမတွေးနိုင်တဲ့အတွက် ဖိအား ပိုများပြီး ဒေါသလည်း ပိုကြီးတတ်ပါတယ်။ အကောင်းမြင်သူတွေအတွက်ကတော့ အရာရာ စိတ်ချမ်းသာစရာတွေ ရှိပြီး လွတ်လပ်စွာ တွေးခေါ်နိုင်ကြပြီး စိတ်ရှည်လက်ရှည် ရှိပါတယ်။

၃။ သူတို့ကိုယ် သူတို့ ယုံကြည်ချက် အပြည့်ရှိတယ်
အောင်မြင်သူတိုင်းဟာ ကိုယ့်ကိုယ်ကို ယုံကြည်တတ်ကြပါတယ်။ ဒါမှလည်း ကိုယ့်ကိုယ်ကို ကိုယ်က လေးစားနိုင်မှာ ဖြစ်ပြီး အရာရာအတွက် ရင်ဆိုင်ဖို့ သတ္တိတွေ၊ ရဲရင့်မှုတွေ ဉာဏ်ပညာတွေ ရမှာဖြစ်ပါတယ်။

၄။ ဝေဖန်မှုတွေကို လက်ခံတယ်
ဝေဖန်မှုတိုင်းဟာ သူတို့ရဲ့ အားနည်းချက်ကို ထောက်ပြတာဖြစ်လို့ သူတို့ကို ဝေဖန်ရင် ပျော်နေတတ်တဲ့ သဘာ၀ အောင်မြင်သူတိုင်းမှာ ရှိပါတယ်။ ဝေဖန်ခံရတာ ကြောက်တဲ့သူဟာ အောင်မြင်မှုကို ကြောက်တဲ့သူလို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။

၅။ အောင်မြင်ရမယ်လို့ စိတ်မှာ စွဲမြဲစွာ မှတ်ယူထားတယ်
အောင်မြင်သူတိုင်းဟာ သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှာ အောင်ကို အောင်မြင်ရမယ်လို့ စိတ်ထဲမှာစွဲစွဲမြဲမြဲ မှတ်ယူထားတတ်ပါတယ်။

Ref; success

200 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.