ေအေသြးပိုင္ရွင္တုိ႔နဲ႔ လိုက္ဖက္သူမ်ား

ကိုယ္စီ ပိုင္ဆိုင္ၾကတဲ့ ေသြးအမ်ိဳးအစားအလိုက္ လုိက္ဖက္တဲ့ ခ်စ္သူစံုတြဲေလးေတြအေၾကာင္းကို Trend ပရိသတ္ႀကီးအတြက္ ေဖာ္ျပေပးလိုက္ပါတယ္။ ပရိသတ္ႀကီးတုိ႔ေကာ လိုက္ဖက္တဲ့ စံုတြဲေလးေတြ ျဖစ္ရဲ႕လားဆိုတာ ေျပာခဲ့ၾကဦးေနာ္။

ေအ – ေအ (၇၀%)
ေအေသြးေယာကၤ်ားနဲ႕ ေအေသြးမိန္းမရဲ႕ လိုက္ဖက္ညီ သေဘာေတြ႕ႏိုင္တဲ့ ရာခိုင္ႏႈန္းကေတာ့ ၇၀% ျဖစ္ပါတယ္။ ပထမဆံုး စေတြ႕တဲ့ အခါမွာေတာ့ တစ္ေယာက္နဲ႕ တစ္ေယာက္ သေဘာ မေတြ႕မႈေလးေတြ ရွိေနတတ္ပါတယ္။ ဒါေပမယ့္ တစ္ေယာက္ကို တစ္ေယာက္ နားလည္မႈ ရသြားျပီဆိုရင္ေတာ့ ခြဲထားလို႕ကို မရေလာက္ေအာင္ ရင္းႏွီးသြားတတ္ပါတယ္။ အၾကိဳက္ကလည္း တူသလို သူမ်ားေတြအျမင္မွာလည္း အဆင္ေျပတဲ့ အတြဲလို႕ ျမင္ေစပါတယ္။ အကယ္၍ ခ်စ္ခင္စံုမက္လို႕ လက္ထပ္ခ်င္တာကို မိဘေတြက သေဘာမတူတာမ်ိဳး ရွိခဲ့မယ္ဆိုရင္ ေတာထဲ ေတာင္ထဲက ဘုန္းၾကီးေက်ာင္းသြားျပီး ႏွစ္ေယာက္ထဲ လက္ထပ္ရဲတဲ့ စိတ္ဓါတ္လည္း ရွိၾကပါတယ္။ ေအေသြးအခ်င္းခ်င္းရဲ႕ ေတြ႕ဆံုျခင္းကေတာ့ စိတ္အခ်ရဆံုးနဲ႕ ႏွစ္ဦးျခားမွာ ရွိတဲ့ ခ်စ္ျခင္းေမတၱာကိုလည္း ၾကာရွည္ ထိမ္းထားႏိုင္ပါတယ္။ တစ္ခုပဲ သတိထားစရာ လိုပါတယ္။ တစ္ေယာက္ရဲ႕ အေၾကာင္းကို တစ္ေယာက္က စပ္စုလြန္းလို႕ မေၾကနပ္မႈေလးေတြ ျဖစ္ႏိုင္လို႕ပါပဲ။ ေအးေသြးပိုင္ရွင္ မိန္းကေလးေတြကေတာ့ တစ္ခါ ခ်စ္ျပီဆိုရင္ ဘယ္ေတာ့မွ မေျပာင္းလဲတတ္တဲ့ စတိုင္လ္မ်ိဳးလည္း ျဖစ္ပါတယ္။ ဒီလို ေအေသြးပိုင္ရွင္ အခ်င္းခ်င္း ခ်စ္မိျပီဆိုရင္ေတာ့ သန္႕ရွင္းျဖဴစင္တဲ့ အခ်စ္ကို ရမွာ အေသခ်ာပါဘဲ။

ေအ-ဘီ (၂၅%)
ေအေသြးနဲ႕ ဘီေသြးေတြ႕ျပီဆိုရင္ေတာ့ တစ္ဘက္သတ္ အခ်စ္က ပိုမ်ားပါတယ္။ အကယ္၍ ေအေသြး ေယာကၤ်ားက ဘီေသြးမိန္းမကို ဇနီးအေနရဲ႕ ရထားတယ္ဆိုရင္ေတာ့ အဲဒီ့ ေယာကၤ်ားဟာ အျမဲတမ္း စိတ္အပူအပင္မရွိဘဲ ေနထိုင္သြားလို႕ ရပါတယ္။ အကယ္၍ ေယာကၤ်ားက ဘီေသြးဆိုရင္ေတာ့ ဇနီးသည္ကို ခ်စ္ခ်စ္ခင္ခင္ ၾကင္ၾကင္နာနာနဲ႕ ဆက္ဆံတတ္ျပီး အားလံုးကို နားလည္ေပးႏိုင္ပါတယ္။ ေအေသြး ေယာကၤ်ားမ်ားကို ၾကည့္ရင္ အျမဲတမ္းလိုလို ေတြ႕ႏိုင္တဲ့ ေအးစက္တည္ျငိမ္မႈ အေတြးနက္နဲတဲ့ ပံုစံေတြက အျမဲတမ္း ပ်ာယာခတ္ေနတတ္တဲ့ ဘီေသြး မိန္းကေလးမ်ားရဲ႕ စိတ္ကို ညႈိ႕ယူႏိုင္ပါတယ္။ ဒါေပမယ့္ လုိက္ဖက္ညီမႈကေတာ့ ၂၅%ပဲ ရွိပါတယ္။

ေအ-အို (၉၀%)
အိုေသြးပိုင္ရွင္မိန္းကေလးမ်ားရဲ႕ ပြင့္လင္းတဲ့ အက်င့္နဲ႕ ေအေသြးပိုင္ရွင္အမ်ိဳးသားမ်ားရဲ႕ ေစ့စပ္ေသခ်ာတဲ့ အက်င့္ကို ေပါင္းစပ္လိုက္ရင္ေတာ့ ေတာ္ေတာ္ကို လိုက္ဖက္ညီတဲ့ အတြဲေလး ျဖစ္သြားႏိုင္ပါတယ္။ ဒါေပမယ့္ တခါတေလမွာေတာ့ အိုေသြးမ်ားရင့္ ပြင့္လင္းမႈ၊ တက္ၾကြမႈေတြက ေအေသြးမ်ားရဲ႕ အေရာင္ကို ဖံုးသြားတတ္တဲ့ အခါလည္း ရွိပါတယ္။ ေအေသြးမ်ား ပိုျပီး သေဘာထားၾကီးဘို႕ေတာ့ လိုပါတယ္။ တခါတေလမွာ ေအေသြးပိုင္ရွင္မ်ားက အိုေသြးပိုင္ရွင္ လက္တြဲေဖာ္ကို အရမ္း သြက္လက္လြန္းတယ္လို႕ ထင္တတ္ၾကပါတယ္။ ဒါေပမယ့္ ႏွစ္ေယာက္လံုး ေအးစက္ေနတာထက္စာရင္ ဒီလို အတြဲေလးက ပိုျပီး သင့္ေတာ္ပါတယ္တဲ့။

ေအ – ေအဘီ (၅၀%)
အျမဲတမ္း အံ့ၾသစရာေတြနဲ႕ ထူးဆန္းစရာေတြနဲ႕ ျပည့္ေနတတ္တဲ့ ေအဘီေသြးပိုင္ရွင္မိန္းကေလးေတြက ေအေသြးပိုင္ရွင္ ေယာကၤ်ားေလးမ်ားရဲ႕ စိတ္ကို ပိုျပီးလြယ္လြယ္နဲ႕ ခ်ဥ္းကပ္ႏိုင္သူမ်ား ျဖစ္ပါတယ္။ အေၾကာင္းရင္းကေတာ့ ေအဘီေသြးပိုင္ရွင္ မိန္းကေလးမ်ားရဲ႕ အျမင္မွာ ေအေသြး ေယာကၤ်ားေလးမ်ားဟာ ယံုၾကည္စရာေကာင္းျပီး သေဘာေကာင္းတယ္လို႕ ျမင္ေနလို႕ပါပဲ။ ေအဘီေသြးရဲ႕ ထူးျခား ဆန္းၾကယ္မႈကို ေအေသြးပိုင္ရွင္မ်ားက နားလည္ လက္ခံႏိုင္တာေၾကာင့္ အခ်င္းခ်င္း ရင္းႏွီးမႈ ပိုမ်ားတတ္ပါတယ္။ တခါတေလမွာေတာ့ မီးနဲ႕ တူတဲ့ အခ်စ္နဲ႕ ေတြ႕ရတတ္ပါတယ္။ ေအဘီေသြးပိုင္ရွင္ မိန္းကေလးမ်ားက ေအးေဆးျပီး ပံုမွန္ေနတတ္တဲ့ ေယာကၤ်ားမ်ားထက္ ေခတ္ဆန္ျပီး သတ္သတ္ရပ္ရပ္ ထက္ထက္မ်က္မ်က္ ရွိတဲ့ ေယာကၤ်ားမ်ိဳးကို ပိုျပီး ႏွစ္သက္ၾကပါတယ္။ ဒါေၾကာင့္မို႕လည္း ဒီလို အခ်က္ေတြကို ပိုင္ဆိုင္ထားတဲ့ ေအေသြးပိုင္ရွင္မ်ားနဲ႕ ပိုျပီး ရင္းႏွီးႏိုင္တဲ့ အေျခအေနကမ်ားတာပါတဲ့။ ဒါေပမယ့္လည္း လိုက္ဖက္မႈ ရာခိုင္ႏႈန္းကေတာ့ ၅၀%ပါ။

[ Unicode ]

ကိုယ်စီ ပိုင်ဆိုင်ကြတဲ့ သွေးအမျိုးအစားအလိုက် လိုက်ဖက်တဲ့ ချစ်သူစုံတွဲလေးတွေအကြောင်းကို Trend ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။ ပရိသတ်ကြီးတို့ကော လိုက်ဖက်တဲ့ စုံတွဲလေးတွေ ဖြစ်ရဲ့လားဆိုတာ ပြောခဲ့ကြဦးနော်။

အေ – အေ (၇၀%)
အေသွေးယောင်္ကျားနဲ့ အေသွေးမိန်းမရဲ့ လိုက်ဖက်ညီ သဘောတွေ့နိုင်တဲ့ ရာခိုင်နှုန်းကတော့ ၇၀% ဖြစ်ပါတယ်။ ပထမဆုံး စတွေ့တဲ့ အခါမှာတော့ တစ်ယောက်နဲ့ တစ်ယောက် သဘော မတွေ့မှုလေးတွေ ရှိနေတတ်ပါတယ်။ ဒါပေမယ့် တစ်ယောက်ကို တစ်ယောက် နားလည်မှု ရသွားပြီဆိုရင်တော့ ခွဲထားလို့ကို မရလောက်အောင် ရင်းနှီးသွားတတ်ပါတယ်။ အကြိုက်ကလည်း တူသလို သူများတွေအမြင်မှာလည်း အဆင်ပြေတဲ့ အတွဲလို့ မြင်စေပါတယ်။ အကယ်၍ ချစ်ခင်စုံမက်လို့ လက်ထပ်ချင်တာကို မိဘတွေက သဘောမတူတာမျိုး ရှိခဲ့မယ်ဆိုရင် တောထဲ တောင်ထဲက ဘုန်းကြီးကျောင်းသွားပြီး နှစ်ယောက်ထဲ လက်ထပ်ရဲတဲ့ စိတ်ဓါတ်လည်း ရှိကြပါတယ်။ အေသွေးအချင်းချင်းရဲ့ တွေ့ဆုံခြင်းကတော့ စိတ်အချရဆုံးနဲ့ နှစ်ဦးခြားမှာ ရှိတဲ့ ချစ်ခြင်းမေတ္တာကိုလည်း ကြာရှည် ထိမ်းထားနိုင်ပါတယ်။ တစ်ခုပဲ သတိထားစရာ လိုပါတယ်။ တစ်ယောက်ရဲ့ အကြောင်းကို တစ်ယောက်က စပ်စုလွန်းလို့ မကြေနပ်မှုလေးတွေ ဖြစ်နိုင်လို့ပါပဲ။ အေးသွေးပိုင်ရှင် မိန်းကလေးတွေကတော့ တစ်ခါ ချစ်ပြီဆိုရင် ဘယ်တော့မှ မပြောင်းလဲတတ်တဲ့ စတိုင်လ်မျိုးလည်း ဖြစ်ပါတယ်။ ဒီလို အေသွေးပိုင်ရှင် အချင်းချင်း ချစ်မိပြီဆိုရင်တော့ သန့်ရှင်းဖြူစင်တဲ့ အချစ်ကို ရမှာ အသေချာပါဘဲ။

အေ-ဘီ (၂၅%)
အေသွေးနဲ့ ဘီသွေးတွေ့ပြီဆိုရင်တော့ တစ်ဘက်သတ် အချစ်က ပိုများပါတယ်။ အကယ်၍ အေသွေး ယောင်္ကျားက ဘီသွေးမိန်းမကို ဇနီးအနေရဲ့ ရထားတယ်ဆိုရင်တော့ အဲဒီ့ ယောင်္ကျားဟာ အမြဲတမ်း စိတ်အပူအပင်မရှိဘဲ နေထိုင်သွားလို့ ရပါတယ်။ အကယ်၍ ယောင်္ကျားက ဘီသွေးဆိုရင်တော့ ဇနီးသည်ကို ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာနဲ့ ဆက်ဆံတတ်ပြီး အားလုံးကို နားလည်ပေးနိုင်ပါတယ်။ အေသွေး ယောင်္ကျားများကို ကြည့်ရင် အမြဲတမ်းလိုလို တွေ့နိုင်တဲ့ အေးစက်တည်ငြိမ်မှု အတွေးနက်နဲတဲ့ ပုံစံတွေက အမြဲတမ်း ပျာယာခတ်နေတတ်တဲ့ ဘီသွေး မိန်းကလေးများရဲ့ စိတ်ကို ညှို့ယူနိုင်ပါတယ်။ ဒါပေမယ့် လိုက်ဖက်ညီမှုကတော့ ၂၅%ပဲ ရှိပါတယ်။

အေ-အို (၉၀%)
အိုသွေးပိုင်ရှင်မိန်းကလေးများရဲ့ ပွင့်လင်းတဲ့ အကျင့်နဲ့ အေသွေးပိုင်ရှင်အမျိုးသားများရဲ့ စေ့စပ်သေချာတဲ့ အကျင့်ကို ပေါင်းစပ်လိုက်ရင်တော့ တော်တော်ကို လိုက်ဖက်ညီတဲ့ အတွဲလေး ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် တခါတလေမှာတော့ အိုသွေးများရင့် ပွင့်လင်းမှု၊ တက်ကြွမှုတွေက အေသွေးများရဲ့ အရောင်ကို ဖုံးသွားတတ်တဲ့ အခါလည်း ရှိပါတယ်။ အေသွေးများ ပိုပြီး သဘောထားကြီးဘို့တော့ လိုပါတယ်။ တခါတလေမှာ အေသွေးပိုင်ရှင်များက အိုသွေးပိုင်ရှင် လက်တွဲဖော်ကို အရမ်း သွက်လက်လွန်းတယ်လို့ ထင်တတ်ကြပါတယ်။ ဒါပေမယ့် နှစ်ယောက်လုံး အေးစက်နေတာထက်စာရင် ဒီလို အတွဲလေးက ပိုပြီး သင့်တော်ပါတယ်တဲ့။

အေ – အေဘီ (၅၀%)
အမြဲတမ်း အံ့သြစရာတွေနဲ့ ထူးဆန်းစရာတွေနဲ့ ပြည့်နေတတ်တဲ့ အေဘီသွေးပိုင်ရှင်မိန်းကလေးတွေက အေသွေးပိုင်ရှင် ယောင်္ကျားလေးများရဲ့ စိတ်ကို ပိုပြီးလွယ်လွယ်နဲ့ ချဉ်းကပ်နိုင်သူများ ဖြစ်ပါတယ်။ အကြောင်းရင်းကတော့ အေဘီသွေးပိုင်ရှင် မိန်းကလေးများရဲ့ အမြင်မှာ အေသွေး ယောင်္ကျားလေးများဟာ ယုံကြည်စရာကောင်းပြီး သဘောကောင်းတယ်လို့ မြင်နေလို့ပါပဲ။ အေဘီသွေးရဲ့ ထူးခြား ဆန်းကြယ်မှုကို အေသွေးပိုင်ရှင်များက နားလည် လက်ခံနိုင်တာကြောင့် အချင်းချင်း ရင်းနှီးမှု ပိုများတတ်ပါတယ်။ တခါတလေမှာတော့ မီးနဲ့ တူတဲ့ အချစ်နဲ့ တွေ့ရတတ်ပါတယ်။ အေဘီသွေးပိုင်ရှင် မိန်းကလေးများက အေးဆေးပြီး ပုံမှန်နေတတ်တဲ့ ယောင်္ကျားများထက် ခေတ်ဆန်ပြီး သတ်သတ်ရပ်ရပ် ထက်ထက်မျက်မျက် ရှိတဲ့ ယောင်္ကျားမျိုးကို ပိုပြီး နှစ်သက်ကြပါတယ်။ ဒါကြောင့်မို့လည်း ဒီလို အချက်တွေကို ပိုင်ဆိုင်ထားတဲ့ အေသွေးပိုင်ရှင်များနဲ့ ပိုပြီး ရင်းနှီးနိုင်တဲ့ အခြေအနေကများတာပါတဲ့။ ဒါပေမယ့်လည်း လိုက်ဖက်မှု ရာခိုင်နှုန်းကတော့ ၅၀%ပါ။

Ref; bloodtypes

 

396 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.