သီးေမႊးသာကူေပါင္း ျပဳလုပ္နည္း

အခ်ိဳပြဲအတြက္ ေမႊးေမႊးအိအိေလးနဲ႔ စားလို႔ေကာင္းတဲ့ သီးေမႊးသာကူေပါင္း ျပဳလုပ္နည္းကို Trend ပရိသတ္ႀကီးအတြက္ တင္ဆက္ေပးလိုက္ပါတယ္။ လုပ္စားၾကည့္ရေအာင္ေနာ္။

 

ပါဝင္ေသာပစၥည္းမ်ား
၁။ သီးေမႊးငွက္ေပ်ာသီး – ၁၀ လံုး
၂။ သာကူေစ့ – ၁ ခြက္ (သို ့) ထမင္းစားဇြန္း ၁၆ ဇြန္း
၃။ ႏြားနို ့- ၄၀၀ ml
၄။ အုန္းႏို႔ – ၂၀၀ ml
၅။ ေထာပတ္ – ထမင္းစားဇြန္း ၁ ဇြန္း
၆။ ဆား – လက္ဖက္ရည္ဇြန္း ေလးပုုံတပုုံ
(၁ ခြက္ = 240 ml = ရိုးရိုးေကာ္ဖီခြက္ ၁ခြက္)
(ထမင္းစားဇြန္း ၁ ဇြန္း = 1 tablespoon = 15 ml )
(လက္ဖက္ရည္ဇြန္း ၁ ဇြန္း = 1 teaspoon = 5 ml)
၇။ နွမ္းေစ့ အနည္းငယ္

ျပဳလုပ္နည္း
၁။ သာကူကိုေရေဆးျပီးေရစစ္ထားပါ။
၂။ အိုးတခုထဲတြင္ ေရ တလီတာခြဲကိုထည့္ရ်္ ပြက္ေအာင္တည္ပါ။
၃။ ပြက္လာလ်ွင္ ေရစစ္ထားေသာ သာကူမ်ားကိုထည့္ရ်္ အဆက္မပ်က္ေမြွပါ။ သာကူေစ့အစံမ်ားေပ်ာက္သြားလွ်င္ မီးဖိုေပၚမွခ်ပါ။
၄။ အျခားအိုးတခုထဲကို ငွက္ေပ်ာသီးမ်ားအခြံခြာထည့္၊ ေရကို ငွက္ေပ်ာသီးျမဳပ္ေအာင္ထည့္ျပီး ပြက္ေအာင္တည္ပါ။ ပြက္လာလွ်င္ ေနာက္ထပ္ ၅ မိနစ္ေလာက္တည္ျပီး မီးဖိုေပၚမွခ်ပါ။ ထို႔ေနာက္အရည္မ်ားကိုသြန္ပစ္လုုိက္ပါ။ (တခ်ိဳ ့နည္းေတြက ငွက္ေပ်ာသီးကိုအခြံမခြာပဲမန္က်ည္းရြက္တို ့ကင္ပြန္းခ်ဥ္ရြက္တို ့ထည့္ျပီးျပဳတ္ပါတယ္။) ျပဳတ္ထားေသာ ငွက္ေပ်ာသီးမ်ားကို ပန္းကန္တခုထဲထည့္ၿပီး နွစ္သက္သလို တံုးထားပါ။
၅။ အိုးထဲကို ႏြားႏို႔ႏွင့္ အုန္းႏို႔ကိုထည့္ရ်္ ပြက္လာေအာင္တည္ပါ။ ဆားအနည္းငယ္ ထည့္ပါ။ ပြက္လာလွ်င္ ေထာပတ္ကိုထည့္ျပီးမီးဖိုေပၚမွခ်၊ ငွက္ေပ်ာသီးနဲ႔က်ိဳထားေသာ သာကူမ်ားကိုထည့္ေမြွပါ။ နွမ္းေစ့ ႀကိဳက္တတ္ရင္ အနည္းငယ္ ျဖဴးလို္က္ပါ။

အခုဆိုရင္ေတာ့ အလြန္စားလို ့ေကာင္းတဲ့ သာကူငွက္ေပ်ာေပါင္းကို သံုးေဆာင္ၾကမယ္ေနာ္။

[ Unicode ]

အချိုပွဲအတွက် မွှေးမွှေးအိအိလေးနဲ့ စားလို့ကောင်းတဲ့ သီးမွှေးသာကူပေါင်း ပြုလုပ်နည်းကို Trend ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်သောပစ္စည်းများ
၁။ သီးမွှေးငှက်ပျောသီး – ၁၀ လုံး
၂။ သာကူစေ့ – ၁ ခွက် (သို့) ထမင်းစားဇွန်း ၁၆ ဇွန်း
၃။ နွားနို့- ၄၀၀ ml
၄။ အုန်းနို့ – ၂၀၀ ml
၅။ ထောပတ် – ထမင်းစားဇွန်း ၁ ဇွန်း
၆။ ဆား – လက်ဖက်ရည်ဇွန်း လေးပုံတပုံ
(၁ ခွက် = 240 ml = ရိုးရိုးကော်ဖီခွက် ၁ခွက်)
(ထမင်းစားဇွန်း ၁ ဇွန်း = 1 tablespoon = 15 ml )
(လက်ဖက်ရည်ဇွန်း ၁ ဇွန်း = 1 teaspoon = 5 ml)
၇။ နှမ်းစေ့ အနည်းငယ်

ပြုလုပ်နည်း
၁။ သာကူကိုရေဆေးပြီးရေစစ်ထားပါ။
၂။ အိုးတခုထဲတွင် ရေ တလီတာခွဲကိုထည့်ရျ် ပွက်အောင်တည်ပါ။
၃။ ပွက်လာလျှင် ရေစစ်ထားသော သာကူများကိုထည့်ရျ် အဆက်မပျက်မွှေပါ။ သာကူစေ့အစံများပျောက်သွားလျှင် မီးဖိုပေါ်မှချပါ။
၄။ အခြားအိုးတခုထဲကို ငှက်ပျောသီးများအခွံခွာထည့်၊ ရေကို ငှက်ပျောသီးမြုပ်အောင်ထည့်ပြီး ပွက်အောင်တည်ပါ။ ပွက်လာလျှင် နောက်ထပ် ၅ မိနစ်လောက်တည်ပြီး မီးဖိုပေါ်မှချပါ။ ထို့နောက်အရည်များကိုသွန်ပစ်လိုက်ပါ။ (တချို့နည်းတွေက ငှက်ပျောသီးကိုအခွံမခွာပဲမန်ကျည်းရွက်တို့ကင်ပွန်းချဉ်ရွက်တို့ထည့်ပြီးပြုတ်ပါတယ်။) ပြုတ်ထားသော ငှက်ပျောသီးများကို ပန်းကန်တခုထဲထည့်ပြီး နှစ်သက်သလို တုံးထားပါ။
၅။ အိုးထဲကို နွားနို့နှင့် အုန်းနို့ကိုထည့်ရျ် ပွက်လာအောင်တည်ပါ။ ဆားအနည်းငယ် ထည့်ပါ။ ပွက်လာလျှင် ထောပတ်ကိုထည့်ပြီးမီးဖိုပေါ်မှချ၊ ငှက်ပျောသီးနဲ့ကျိုထားသော သာကူများကိုထည့်မွှေပါ။ နှမ်းစေ့ ကြိုက်တတ်ရင် အနည်းငယ် ဖြူးလိုက်ပါ။

အခုဆိုရင်တော့ အလွန်စားလို့ကောင်းတဲ့ သာကူငှက်ပျောပေါင်းကို သုံးဆောင်နိုင်ပါပြီနော်။

Ref; asianfood

 

876 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.