အထီးက်န္ျခင္းကို အျမန္ဆံုး ေျဖေဖ်ာက္ေပးမဲ့ နည္းလမ္းေကာင္းမ်ား

အထီးက်န္ျခင္းကလည္း တစ္ေန႔ကို ေဆးလိပ္ ၁၅ လိပ္ေလာက္ ေသာက္သလိုပဲ က်န္းမာေရးကို ထိခိုက္ေစပါတယ္ေနာ္။ ဒါေတာင္ စိတ္ပိုင္းဆိုင္ရာ ထိခိုက္တာ မပါေသးဘူးေနာ္။ ဒါေၾကာင့္ အထီးက်န္ျခင္းက လြတ္ေျမာက္ေအာင္ ေအာက္က နည္းလမ္းေတြကို သံုးၾကည့္ရေအာင္။

၁။ ပရဟိတေလးေတြ လုပ္ပါ
သူမ်ားေတြကို ကူညီလိုက္တာက အထီးက်န္တာမ်ဳိး မခံစားရေတာ့တဲ့အျပင္ သူငယ္ခ်င္း အသစ္ေတြလည္း တိုးႏိုင္ပါတယ္။ ကေလးေတြကို အခမဲ့ စာသင္ေပးတာ၊ မိဘမဲ့ေဂဟာ၊ ဘိုးဘြားရိပ္သာေတြမွာ လုပ္အားေပးတာ စသျဖင့္ လုပ္စရာ အမ်ားႀကီး ရွိပါတယ္။ ဒီလိုလုပ္တာက သင့္ကို လူေတြနဲ႔ ထိေတြ႔မႈ ပိုမ်ားေစပါတယ္။ ဒါအျပင္ ကိုယ့္ေၾကာင့္ သူမ်ားေတြ အဆင္ေျပသြားတဲ့အတြက္ အရင္နဲ႔မတူဘဲ ေနရတာ အဓိပၸါယ္ရွိၿပီး ေပ်ာ္ရႊင္လာမွာပါ။

၂။ စိတ္ဝင္စားဖို႔ေကာင္းတဲ့ အေၾကာင္းေတြ ေျပာပါ
လမ္းမွာ သိတဲ့သူပဲျဖစ္ျဖစ္၊ ခုမွျမင္ဖူးတဲ့သူျဖစ္ျဖစ္ ခုလက္ရွိလုပ္ေနတဲ့အေၾကာင္း ေျပာလိုက္ပါ။ ဆိုလိုတာက ဘတ္စ္ကားေစာင့္ေနတာျဖစ္ျဖစ္ ပိုက္ဆံရွင္းဖို႔ အၾကာႀကီးတန္းစီေနရတာျဖစ္ျဖစ္ ဒီအေၾကာင္းကို သူနဲ႔ကိုယ္နဲ႔ share လို႔ ရပါတယ္။ ဥပမာ “ဒီေန႔ ကားေတြ လာတာၾကာလိုက္တာ” ၊ “အစ္မ ဝယ္ထားတဲ့ပစၥည္းေလးက လွလိုက္တာေနာ္” စသျဖင့္ေပါ့။ ေျပာတဲ့အခါလည္း သက္ေတာင့္သက္သာနဲ႔ ေပါ့ေပါ့ပါးပါးပဲ ေျပာပါ။ ကိုယ့္အေၾကာင္းကို အိတ္သြန္ဖာေမွာက္ ေျပာျပေနစရာလည္း မလိုပါဘူး။ ေနာက္အေရးႀကီးတာက ႏိုင္ငံေရးေတြ မေကာင္းတဲ့သတင္းေတြ မေျပာပါနဲ႔။ ဒါေတြက အျမင္မတူတဲ့အခါ စိတ္အေႏွာင့္အယွက္ ျဖစ္ႏိုင္ပါတယ္။

၃။ ကိုယ္စိတ္ဝင္စားတဲ့အရာကို ရွာပါ
မနက္ ကိုယ့္ကို အိပ္ရာက ထခ်င္ေအာင္ ဘာေတြက ဆြဲေဆာင္ထားလဲ။ ဘာေတြက ကိုယ့္ကို ေပ်ာ္ရႊင္ေစလဲ။ ကိုယ္ တကယ္ ဝါသနာပါတဲ့ အလုပ္ကို ရွာၿပီး ကိုယ္နဲ႔ ဝါသနာတူသူေတြနဲ႔ ေတြ႔ဆံုပါ။ လူေတာ္ေတာ္မ်ားမ်ားက ကိုယ့္ရဲ႕လက္ရွိလုပ္ေနတဲ့ အလုပ္ကို စိတ္အဝင္စားဆံုးလို႔ ထင္ၾကပါတယ္။ ဒါေပမဲ့ တျခားဟာေတြလည္း ရွိပါေသးတယ္။ ဥပမာ ခရီးသြားတာ၊ သီခ်င္းဆိုတာ၊ စာဖတ္တာမ်ဳိးေပါ့။ ဒါေတြကလည္း ဝါသနာတူသူေတြ ေတြ႔တဲ့အခါ သူငယ္ခ်င္းအသစ္ေတြ ရေစပါတယ္။ အေကာင္းဆံုးကေတာ့ သူတို႔နဲ႔ ေတြ႔တဲ့အခါ စကားေျပာစရာ ရွိေနတာေၾကာင့္ အထီးမက်န္ေတာ့ဘူးေပါ့။

၄။ ဘာသာေရး လိုက္စားပါ
ဘာသာေရးလိုက္စားတာကလည္း စိတ္ကို သက္သာရာရေစပါတယ္။ ဘာသာသူတူေတြနဲ႔ပဲျဖစ္ျဖစ္ တရားအေၾကာင္း ေဆြးေႏြးတဲ့အခါ စိတ္ထဲမွာ အထီးက်န္တာမ်ဳိး မျဖစ္ေတာ့ပါဘူး။ ေနာက္ၿပီးေတာ့ ကိုယ့္ကိုယ္ကို ေက်နပ္ေရာင့္ရဲတာမ်ဳိးလည္း ျဖစ္ေစတယ္ေလ။

၅။ သူငယ္ခ်င္းေကာင္း ျဖစ္ပါေစ
သူ႔ အေၾကာင္း ကိုယ့္အေၾကာင္းသိဖို႔ဆိုတာ အခ်ိန္အၾကာႀကီး လိုပါတယ္။ အထီးမက်န္ရျခင္းရဲ႕ အေၾကာင္းတရားေတြထဲမွာ သင့္နားမွာ လူေတြအမ်ားႀကီး ရွိလို႔ရယ္ေတာ့ မဟုတ္ပါဘူး။ သင့္အေၾကာင္းကို ေသခ်ာသိတဲ့သူေတြက သင့္အနားမွာ အခ်ိန္အၾကာႀကီး အတူတကြ ရွိေနလို႔ပါ။ ဒီလိုရွိေနႏိုင္တာက သင္ ကိုယ္တိုင္လည္း သူငယ္ခ်င္းေကာင္းတစ္ေယာက္ ျဖစ္လို႔ပါ။ ဒါေၾကာင့္ သူတို႔နဲ႔ အဆက္အသြယ္ မျပတ္ပါေစနဲ႔။

၆။ ခ်ီးက်ဴးပါ
သူတပါးကို ခ်က္ခ်င္း ေပ်ာ္ေစလိုပါသလား။ သူတို႔ကို တစ္ခုခု ခ်ီးက်ဴးလိုက္ပါ။ အပိုဆုအေနနဲ႔ သင္ပါ ေပ်ာ္ရႊင္လာပါလိမ့္မယ္။ ဘာရယ္မဟုတ္ “နင့္ ဖိနပ္ေလးက လွလိုက္တာ” “နင္ ဒီေန႔လုပ္တာ သိပ္ေကာင္းတာပဲ” ဆိုတဲ့ စကားေလးေတြဟာ အထီးက်န္ေနသူေတြအတြက္ေတာ့ ေမၽွာ္လင့္ခ်က္ ေရာင္ျခည္ေလးပါပဲ။ သူတို႔ကို ဂရုစိုက္ေပးတယ္လို႔ ခံစားရလို႔ပါ။

၇။ သင္တန္းတစ္ခုခု တက္ပါ
ကိုယ္ဝါသနာပါတာ တစ္ခုခုကို ပညာဒါနသင္တန္းမွာပဲျဖစ္ျဖစ္၊ ေစ်းသက္သာတဲ့ သင္တန္းမွာပဲျဖစ္ျဖစ္ တက္ၾကည့္ပါ။ လူေတြအမ်ားႀကီးနဲ႔ ေတြ႔ရတဲ့အျပင္ ကိုယ္လည္း တစ္ခုခု တတ္သြားတာေပါ့။ ကံေကာင္းရင္ သူငယ္ခ်င္းေတြ အမ်ားႀကီးရသြားႏိုင္ၿပီး အနည္းဆံုးေတာ့ ေနာက္တစ္ခါ စကားဝိုင္းေတြမွာ ကိုယ္လည္း ေျပာစရာ တစ္ခုခု ရသြားတာေပါ့။

၈။ စိတ္က်န္းမာေရး ေဆြးေႏြးမႈ လုပ္ပါ
စိတ္ရႈပ္ေထြးတတ္တာနဲ႔ စိတ္က်ျခင္းက တကယ္ပဲ ဆက္ႏြယ္မႈ ရွိေနပါတယ္။ အထီးက်န္ရံုသက္သက္ကေတာ့ ျပႆနာမရွိေပမယ့္ ခဏခဏျဖစ္ေနတယ္၊ အခ်ိန္ၾကာတာေတာင္ မသက္သာဘူးဆိုရင္ ေဆြးေႏြးသင့္ပါတယ္။ အထီးက်န္တယ္။ ဒီေတာ့ စိတ္ဓာတ္က်တယ္။ စိတ္ဓာတ္က်ေတာ့ စိတ္ရႈပ္လာတယ္။ စိတ္ရႈပ္လာေတာ့ ဘယ္သူနဲ႔မွ မေတြ႔ဘဲ တစ္ေယာက္တည္း ေနတယ္။ တစ္ေယာက္တည္းေနေတာ့ အထီးက်န္တယ္။ အထီးက်န္ေတာ့ စိတ္ဓာတ္က်တယ္။ ဒီလိုနဲ႔ သံသရာ လည္ေနေတာ့မွာပါ။ ဒါေၾကာင့္ စိတ္ေရာဂါနဲ႔ ပညာရွင္နဲ႔ ေစာေစာစီးစီး ေဆြးေႏြးလိုက္ပါ။

၉။ သူစိမ္းေတြနဲ႔ စကားေျပာၾကည့္ပါ
တစ္ေန႔တစ္ေန႔ လူေတြၾကားထဲမွာ သြားလာေနရေပမဲ့ တစ္ေယာက္တည္းျဖစ္ေနတယ္လို႔ ခံစားေနရတယ္ ဟုတ္။ ဒါဆိုရင္ေတာ့ ဒီလိုျဖစ္ေနတာ သင္တစ္ေယာက္တည္း မဟုတ္ဘူးဆိုတာ ေျပာျပရေစ။ ခုမွေတြ႔တဲ့သူနဲ႔ ေပါ့ေပါ့ပါးပါး ႏႈတ္ဆက္တာ ၿပံဳးျပတာက ဘာမွမဟုတ္ေပမဲ့ စိတ္ထဲမွာေတာ့ ေႏြးေထြးသြားေစပါတယ္။ တကယ္လို႔ သင္က လူေတြနဲ႔ ရႈပ္ရႈပ္ရွက္ရွက္ေနရတာ မႀကိဳက္လို႔ ဒီလိုမလုပ္ခ်င္လည္း ျပႆနာမရွိပါဘူး။ တျခားနည္းလမ္းေတြ ရွိပါေသးတယ္။

၁၀။ တိရစၧာန္ေလးေတြ ေမြးပါ
အိမ္ေမြးတိရစၧာန္ေလးေတြကလည္း အပ်င္းေျပေစပါတယ္။ အနည္းဆံုးေတာ့ သင့္မွာ တစ္ခုခု ဂရုစိုက္ဖို႔ အစာေကၽြးဖို႔ အတူေဆာ့ဖို႔ စသျဖင့္ အာရံုစိုက္စရာတစ္ခုေတာ့ ရွိေနၿပီေလ။ ဒီနည္းလမ္းက ေနထိုင္မေကာင္းတဲ့သူေတြ၊ အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ အိမ္ထဲက အိမ္ျပင္ထြက္ဖို႔ ခက္တဲ့သူေတြအတြက္ အမ်ားႀကီး အသံုးဝင္ပါတယ္။ ဒါ့အျပင္ တိရစၧာန္ေမြးထားတဲ့ တျခားသူေတြနဲ႔လည္း ေတြ႔ၿပီး သူငယ္ခ်င္းေတြ ရႏိုင္ပါေသးတယ္။

၁၁။ အဆိုးျမင္စိတ္ေတြ ဖယ္ထုတ္ပါ
စိတ္ဆိုတာ စြမ္းအားႀကီးပါတယ္။ သင့္ ကိုယ္ သင္ ဘယ္လိုျမင္လဲဆိုတာ သင့္အေပၚမွာ အမ်ားႀကီးသက္ေရာက္မႈရွိပါတယ္။ အြန္လိုင္းမွာပဲျဖစ္ျဖစ္၊ အျပင္မွာပဲျဖစ္ျဖစ္ သင္နဲ႔ တျခားသူေတြ ႏႈိင္းယွဥ္တာမ်ဳိးမလုပ္ပါနဲ႔။ ၿပီးေတာ့ အဆိုးျမင္စိတ္ေတြကို ေျပာင္းလဲပစ္ပါ။ ငါ့ကို လူတိုင္းက မုန္းေနတယ္လို႔ ေတြးမဲ့အစား သူတို႔ေတြ ငါ့ကို ေကာင္းေကာင္းနားမလည္ပါဘူးလို႔ ျဖည့္ေတြးလိုက္ပါ။

၁၂။ Social Media အြန္လိုင္း သံုးၾကည့္ပါ
Social လို႔ေျပာတာ အလကားမဟုတ္ပါဘူး။ Social Media သံုးမယ္ဆိုရင္ သင္နဲ႔ ဝါသနာတူသူေတြ မိသားစုေတြ သူငယ္ခ်င္းေတြနဲ႔ အဆက္အသြယ္ျပတ္ဖို႔ ခဲယဥ္းမွာပါ။ အမ်ားအားျဖင့္ အိမ္မွာပဲ ေနတဲ့သူေတြ၊ ကိုယ္နဲ႔ သက္တူရြယ္တူေတြကို ေတြ႔ဖို႔ အခက္အခဲ ရွိတဲ့သူေတြအတြက္ ဒီနည္းက အသံုးဝင္ပါတယ္။ ဒါေပမဲ့ Social Media ေတြက သင့္ကို တစ္ခ်ိန္တည္းမွာပဲ သတင္းအမွားေတြ ေပးႏိုင္တာ ကိုယ္ေရးအခ်က္အလက္ေတြ ခိုးယူခံရႏိုင္တာ စတာေတြကိုေတာ့ သတိထားသင့္ပါတယ္။

၁၃။ အိမ္မွာ တစ္ေယာက္တည္း မေနပါနဲ႔
ကိုယ္က အပ်ိဳႀကီး၊ လူပ်ိဳႀကီး တစ္ကိုယ္တည္းဆိုတိုင္း အထီးက်န္ရမယ္လို႔ မဆိုလိုပါဘူး။ ေဆြမ်ဳိးနီးစပ္ေတြ တူေတြ၊ တူမေတြနဲ႔ အတူေနႏိုင္ပါတယ္။ အတူမဟုတ္ေတာင္ မၾကာခဏ လာလည္ခိုင္းတာမ်ဳိးေပါ့။ အသက္ႀကီးတဲ့သူေတြက တစ္ေယာက္တည္းေနရတာ ႀကိဳက္ေပမဲ့ အမ်ားစုကေတာ့ တစ္ေယာက္တည္းေနရတာၾကာရင္ အထီးက်န္လာပါလိမ့္မယ္။ ဒါေၾကာင့္ အနည္းဆံုးေတာ့ ပိတ္ရက္ေတြမွာ ေဆြမ်ဳိးေတြနဲ႔ ျဖစ္ျဖစ္၊ သူငယ္ခ်င္းေတြနဲ႔ျဖစ္ျဖစ္ မုန္႔လုပ္စားတာ စကားေျပာတာ အျပင္သြားတာမ်ဳိးေတြ လုပ္ေပးသင့္ပါတယ္။

၁၄။ ကိုယ့္အေၾကာင္းပဲ ကိုယ္ေတြးပါ
ျပႆနာေတြကပဲ အေဖာ္အေပါင္းနဲ႔ လာတာမဟုတ္ပါဘူး။ ေပ်ာ္ရႊင္ျခင္းကလည္း အေဖာ္အေပါင္းနဲ႔ လာတတ္ပါတယ္။ သင္ ကိုယ္တိုင္က သင့္အတြက္ သူငယ္ခ်င္းေကာင္းပါပဲ။ ဒီလိုေျပာလို႔ မေပ်ာ္တဲ့အခ်ိန္ စိတ္ဆိုးတဲ့အခ်ိန္မွာေတာင္ အတင္းႀကီးေပ်ာ္ေအာင္ လုပ္ယူရမယ္လို႔ ေျပာတာမဟုတ္ပါဘူး။ ဒါေပမဲ့ အတတ္ႏိုင္ဆံုးေတာ့ ကိုယ္စိတ္မခ်မ္းသာစရာေတြ မေတြးပါနဲ႔။ သင့္ရဲ႕ လက္ရွိအေျခအေနက အေကာင္းဆံုးပါပဲ။ ကိုယ့္ဟာကို စိတ္ၾကည္ေအာင္ေနမွ သူမ်ားတဲ့ ဆက္ဆံတဲ့အခါမွာလည္း စိတ္ၾကည္မွာပါ။

၁၅။ စိတ္ေျဖေလၽွာ့တဲ့ နည္းလမ္းေတြ သင္ယူပါ
ဒီနည္းလမ္းကိုေတာ့ ေတာ္ေတာ္မ်ားမ်ား မေတြးမိၾကပါဘူး။ စိတ္ရႈပ္ေထြးတာပဲျဖစ္ျဖစ္၊ အထီးက်န္တာပဲျဖစ္ျဖစ္ စိတ္ခံစားခ်က္ေတြမို႔လို႔ ကိုယ္တိုင္ထိန္းခ်ဳပ္လို႔ ရပါတယ္။ အသက္ျပင္းျပင္းရွဴတာ၊ တရားထိုင္တာ၊ ေလ့က်င့္ခန္းလုပ္တာေတြက အခုလက္ရွိမွာေရာ ေနာက္ပိုင္းမွာပါ အထီးက်န္ျခင္းကို သက္သာေစပါတယ္။

၁၆။ တစ္ခုမဟုတ္၊ တစ္ခုလုပ္ေနပါ

အထီးက်န္တာကိုပဲ ေတြးေနရင္ အဆိုးျမင္စိတ္ေတြ ပိုမ်ားလာၿပီး ဒီသံသရာထဲက ထြက္ႏိုင္မွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ ဒီထဲမွာပဲ နစ္ျမဳပ္မေနဘဲ တစ္ခုခုလုပ္ေနပါ။ ဘာမွမလုပ္ဘဲ ထိုင္ေတြးေနတာထက္စာရင္ေတာ့ ပိုေကာင္းပါတယ္။ လုပ္စရာမရွိရင္ ပတ္ဝန္းက်င္မွာ လမ္းေလၽွာက္ၿပီး ေလေကာင္းေလသန္႔ ရွဴရိႈက္ပါ။ တျခား စိတ္ပါဝင္စားတာျဖစ္ျဖစ္ မလုပ္ဖူးတာ တစ္ခုခုျဖစ္ျဖစ္ စမ္းလုပ္ၾကည့္ပါ။

၁၇။ အထီးက်န္တာဟာ ခံစားမႈ သက္သက္ပါ

အထီးက်န္တာက မျဖစ္မေန ကုသရမယ့္ ေရာဂါမဟုတ္ပါဘူး။ ဒါျဖစ္ေလ့ျဖစ္ထ ရွိပါတယ္။ ဒါကို သင့္က်မွ ျဖစ္ေနတာလည္း မဟုတ္ပါဘူး။ ထိန္းခ်ဳပ္လို႔ရပါတယ္။ တစ္ခါတေလ အထီးက်န္တာ ျပႆနာမဟုတ္ပါဘူး။

ကဲ.. အခုေလာက္ဆို အထီးက်န္တာကို အျမန္ဆံုး ေျပေပ်ာက္ေစဖို႔ လြယ္ကူတဲ့ နည္းလမ္းေတြကို အေတာ္ေလး မွတ္သားၿပီးၿပီလို႔ ထင္ပါတယ္။ ဒါေၾကာင့္ ဒီေန႔က စၿပီး အထီးက်န္တာ မျဖစ္ေအာင္ အတတ္္ႏိုုင္ဆံုး ေနထိုင္ႏိုင္ၾကပါေစလို႔ ဆႏၵျပဳလိုက္ရပါတယ္။

[ Unicode ]

အထီးကျန်ခြင်းကလည်း တစ်နေ့ကို ဆေးလိပ် ၁၅ လိပ်လောက် သောက်သလိုပဲ ကျန်းမာရေးကို ထိခိုက်စေပါတယ်နော်။ ဒါတောင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်တာ မပါသေးဘူးနော်။ ဒါကြောင့် အထီးကျန်ခြင်းက လွတ်မြောက်အောင် အောက်က နည်းလမ်းတွေကို သုံးကြည့်ရအောင်။

၁။ ပရဟိတလေးတွေ လုပ်ပါ
သူများတွေကို ကူညီလိုက်တာက အထီးကျန်တာမျိုး မခံစားရတော့တဲ့အပြင် သူငယ်ချင်း အသစ်တွေလည်း တိုးနိုင်ပါတယ်။ ကလေးတွေကို အခမဲ့ စာသင်ပေးတာ၊ မိဘမဲ့ဂေဟာ၊ ဘိုးဘွားရိပ်သာတွေမှာ လုပ်အားပေးတာ စသဖြင့် လုပ်စရာ အများကြီး ရှိပါတယ်။ ဒီလိုလုပ်တာက သင့်ကို လူတွေနဲ့ ထိတွေ့မှု ပိုများစေပါတယ်။ ဒါအပြင် ကိုယ့်ကြောင့် သူများတွေ အဆင်ပြေသွားတဲ့အတွက် အရင်နဲ့မတူဘဲ နေရတာ အဓိပ္ပါယ်ရှိပြီး ပျော်ရွှင်လာမှာပါ။

၂။ စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းတွေ ပြောပါ
လမ်းမှာ သိတဲ့သူပဲဖြစ်ဖြစ်၊ ခုမှမြင်ဖူးတဲ့သူဖြစ်ဖြစ် ခုလက်ရှိလုပ်နေတဲ့အကြောင်း ပြောလိုက်ပါ။ ဆိုလိုတာက ဘတ်စ်ကားစောင့်နေတာဖြစ်ဖြစ် ပိုက်ဆံရှင်းဖို့ အကြာကြီးတန်းစီနေရတာဖြစ်ဖြစ် ဒီအကြောင်းကို သူနဲ့ကိုယ်နဲ့ share လို့ ရပါတယ်။ ဥပမာ “ဒီနေ့ ကားတွေ လာတာကြာလိုက်တာ” ၊ “အစ်မ ဝယ်ထားတဲ့ပစ္စည်းလေးက လှလိုက်တာနော်” စသဖြင့်ပေါ့။ ပြောတဲ့အခါလည်း သက်တောင့်သက်သာနဲ့ ပေါ့ပေါ့ပါးပါးပဲ ပြောပါ။ ကိုယ့်အကြောင်းကို အိတ်သွန်ဖာမှောက် ပြောပြနေစရာလည်း မလိုပါဘူး။ နောက်အရေးကြီးတာက နိုင်ငံရေးတွေ မကောင်းတဲ့သတင်းတွေ မပြောပါနဲ့။ ဒါတွေက အမြင်မတူတဲ့အခါ စိတ်အနှောင့်အယှက် ဖြစ်နိုင်ပါတယ်။

၃။ ကိုယ်စိတ်ဝင်စားတဲ့အရာကို ရှာပါ
မနက် ကိုယ့်ကို အိပ်ရာက ထချင်အောင် ဘာတွေက ဆွဲဆောင်ထားလဲ။ ဘာတွေက ကိုယ့်ကို ပျော်ရွှင်စေလဲ။ ကိုယ် တကယ် ဝါသနာပါတဲ့ အလုပ်ကို ရှာပြီး ကိုယ်နဲ့ ဝါသနာတူသူတွေနဲ့ တွေ့ဆုံပါ။ လူတော်တော်များများက ကိုယ့်ရဲ့လက်ရှိလုပ်နေတဲ့ အလုပ်ကို စိတ်အဝင်စားဆုံးလို့ ထင်ကြပါတယ်။ ဒါပေမဲ့ တခြားဟာတွေလည်း ရှိပါသေးတယ်။ ဥပမာ ခရီးသွားတာ၊ သီချင်းဆိုတာ၊ စာဖတ်တာမျိုးပေါ့။ ဒါတွေကလည်း ဝါသနာတူသူတွေ တွေ့တဲ့အခါ သူငယ်ချင်းအသစ်တွေ ရစေပါတယ်။ အကောင်းဆုံးကတော့ သူတို့နဲ့ တွေ့တဲ့အခါ စကားပြောစရာ ရှိနေတာကြောင့် အထီးမကျန်တော့ဘူးပေါ့။

၄။ ဘာသာရေး လိုက်စားပါ
ဘာသာရေးလိုက်စားတာကလည်း စိတ်ကို သက်သာရာရစေပါတယ်။ ဘာသာသူတူတွေနဲ့ပဲဖြစ်ဖြစ် တရားအကြောင်း ဆွေးနွေးတဲ့အခါ စိတ်ထဲမှာ အထီးကျန်တာမျိုး မဖြစ်တော့ပါဘူး။ နောက်ပြီးတော့ ကိုယ့်ကိုယ်ကို ကျေနပ်ရောင့်ရဲတာမျိုးလည်း ဖြစ်စေတယ်လေ။

၅။ သူငယ်ချင်းကောင်း ဖြစ်ပါစေ
သူ့ အကြောင်း ကိုယ့်အကြောင်းသိဖို့ဆိုတာ အချိန်အကြာကြီး လိုပါတယ်။ အထီးမကျန်ရခြင်းရဲ့ အကြောင်းတရားတွေထဲမှာ သင့်နားမှာ လူတွေအများကြီး ရှိလို့ရယ်တော့ မဟုတ်ပါဘူး။ သင့်အကြောင်းကို သေချာသိတဲ့သူတွေက သင့်အနားမှာ အချိန်အကြာကြီး အတူတကွ ရှိနေလို့ပါ။ ဒီလိုရှိနေနိုင်တာက သင် ကိုယ်တိုင်လည်း သူငယ်ချင်းကောင်းတစ်ယောက် ဖြစ်လို့ပါ။ ဒါကြောင့် သူတို့နဲ့ အဆက်အသွယ် မပြတ်ပါစေနဲ့။

၆။ ချီးကျူးပါ
သူတပါးကို ချက်ချင်း ပျော်စေလိုပါသလား။ သူတို့ကို တစ်ခုခု ချီးကျူးလိုက်ပါ။ အပိုဆုအနေနဲ့ သင်ပါ ပျော်ရွှင်လာပါလိမ့်မယ်။ ဘာရယ်မဟုတ် “နင့် ဖိနပ်လေးက လှလိုက်တာ” “နင် ဒီနေ့လုပ်တာ သိပ်ကောင်းတာပဲ” ဆိုတဲ့ စကားလေးတွေဟာ အထီးကျန်နေသူတွေအတွက်တော့ မျှော်လင့်ချက် ရောင်ခြည်လေးပါပဲ။ သူတို့ကို ဂရုစိုက်ပေးတယ်လို့ ခံစားရလို့ပါ။

၇။ သင်တန်းတစ်ခုခု တက်ပါ
ကိုယ်ဝါသနာပါတာ တစ်ခုခုကို ပညာဒါနသင်တန်းမှာပဲဖြစ်ဖြစ်၊ ဈေးသက်သာတဲ့ သင်တန်းမှာပဲဖြစ်ဖြစ် တက်ကြည့်ပါ။ လူတွေအများကြီးနဲ့ တွေ့ရတဲ့အပြင် ကိုယ်လည်း တစ်ခုခု တတ်သွားတာပေါ့။ ကံကောင်းရင် သူငယ်ချင်းတွေ အများကြီးရသွားနိုင်ပြီး အနည်းဆုံးတော့ နောက်တစ်ခါ စကားဝိုင်းတွေမှာ ကိုယ်လည်း ပြောစရာ တစ်ခုခု ရသွားတာပေါ့။

၈။ စိတ်ကျန်းမာရေး ဆွေးနွေးမှု လုပ်ပါ
စိတ်ရှုပ်ထွေးတတ်တာနဲ့ စိတ်ကျခြင်းက တကယ်ပဲ ဆက်နွယ်မှု ရှိနေပါတယ်။ အထီးကျန်ရုံသက်သက်ကတော့ ပြဿနာမရှိပေမယ့် ခဏခဏဖြစ်နေတယ်၊ အချိန်ကြာတာတောင် မသက်သာဘူးဆိုရင် ဆွေးနွေးသင့်ပါတယ်။ အထီးကျန်တယ်။ ဒီတော့ စိတ်ဓာတ်ကျတယ်။ စိတ်ဓာတ်ကျတော့ စိတ်ရှုပ်လာတယ်။ စိတ်ရှုပ်လာတော့ ဘယ်သူနဲ့မှ မတွေ့ဘဲ တစ်ယောက်တည်း နေတယ်။ တစ်ယောက်တည်းနေတော့ အထီးကျန်တယ်။ အထီးကျန်တော့ စိတ်ဓာတ်ကျတယ်။ ဒီလိုနဲ့ သံသရာ လည်နေတော့မှာပါ။ ဒါကြောင့် စိတ်ရောဂါနဲ့ ပညာရှင်နဲ့ စောစောစီးစီး ဆွေးနွေးလိုက်ပါ။

၉။ သူစိမ်းတွေနဲ့ စကားပြောကြည့်ပါ
တစ်နေ့တစ်နေ့ လူတွေကြားထဲမှာ သွားလာနေရပေမဲ့ တစ်ယောက်တည်းဖြစ်နေတယ်လို့ ခံစားနေရတယ် ဟုတ်။ ဒါဆိုရင်တော့ ဒီလိုဖြစ်နေတာ သင်တစ်ယောက်တည်း မဟုတ်ဘူးဆိုတာ ပြောပြရစေ။ ခုမှတွေ့တဲ့သူနဲ့ ပေါ့ပေါ့ပါးပါး နှုတ်ဆက်တာ ပြုံးပြတာက ဘာမှမဟုတ်ပေမဲ့ စိတ်ထဲမှာတော့ နွေးထွေးသွားစေပါတယ်။ တကယ်လို့ သင်က လူတွေနဲ့ ရှုပ်ရှုပ်ရှက်ရှက်နေရတာ မကြိုက်လို့ ဒီလိုမလုပ်ချင်လည်း ပြဿနာမရှိပါဘူး။ တခြားနည်းလမ်းတွေ ရှိပါသေးတယ်။

၁၀။ တိရစ္ဆာန်လေးတွေ မွေးပါ
အိမ်မွေးတိရစ္ဆာန်လေးတွေကလည်း အပျင်းပြေစေပါတယ်။ အနည်းဆုံးတော့ သင့်မှာ တစ်ခုခု ဂရုစိုက်ဖို့ အစာကျွေးဖို့ အတူဆော့ဖို့ စသဖြင့် အာရုံစိုက်စရာတစ်ခုတော့ ရှိနေပြီလေ။ ဒီနည်းလမ်းက နေထိုင်မကောင်းတဲ့သူတွေ၊ အကြောင်းအမျိုးမျိုးကြောင့် အိမ်ထဲက အိမ်ပြင်ထွက်ဖို့ ခက်တဲ့သူတွေအတွက် အများကြီး အသုံးဝင်ပါတယ်။ ဒါ့အပြင် တိရစ္ဆာန်မွေးထားတဲ့ တခြားသူတွေနဲ့လည်း တွေ့ပြီး သူငယ်ချင်းတွေ ရနိုင်ပါသေးတယ်။

၁၁။ အဆိုးမြင်စိတ်တွေ ဖယ်ထုတ်ပါ
စိတ်ဆိုတာ စွမ်းအားကြီးပါတယ်။ သင့် ကိုယ် သင် ဘယ်လိုမြင်လဲဆိုတာ သင့်အပေါ်မှာ အများကြီးသက်ရောက်မှုရှိပါတယ်။ အွန်လိုင်းမှာပဲဖြစ်ဖြစ်၊ အပြင်မှာပဲဖြစ်ဖြစ် သင်နဲ့ တခြားသူတွေ နှိုင်းယှဉ်တာမျိုးမလုပ်ပါနဲ့။ ပြီးတော့ အဆိုးမြင်စိတ်တွေကို ပြောင်းလဲပစ်ပါ။ ငါ့ကို လူတိုင်းက မုန်းနေတယ်လို့ တွေးမဲ့အစား သူတို့တွေ ငါ့ကို ကောင်းကောင်းနားမလည်ပါဘူးလို့ ဖြည့်တွေးလိုက်ပါ။

၁၂။ Social Media အွန်လိုင်း သုံးကြည့်ပါ
Social လို့ပြောတာ အလကားမဟုတ်ပါဘူး။ Social Media သုံးမယ်ဆိုရင် သင်နဲ့ ဝါသနာတူသူတွေ မိသားစုတွေ သူငယ်ချင်းတွေနဲ့ အဆက်အသွယ်ပြတ်ဖို့ ခဲယဉ်းမှာပါ။ အများအားဖြင့် အိမ်မှာပဲ နေတဲ့သူတွေ၊ ကိုယ်နဲ့ သက်တူရွယ်တူတွေကို တွေ့ဖို့ အခက်အခဲ ရှိတဲ့သူတွေအတွက် ဒီနည်းက အသုံးဝင်ပါတယ်။ ဒါပေမဲ့ Social Media တွေက သင့်ကို တစ်ချိန်တည်းမှာပဲ သတင်းအမှားတွေ ပေးနိုင်တာ ကိုယ်ရေးအချက်အလက်တွေ ခိုးယူခံရနိုင်တာ စတာတွေကိုတော့ သတိထားသင့်ပါတယ်။

၁၃။ အိမ်မှာ တစ်ယောက်တည်း မနေပါနဲ့
ကိုယ်က အပျိုကြီး၊ လူပျိုကြီး တစ်ကိုယ်တည်းဆိုတိုင်း အထီးကျန်ရမယ်လို့ မဆိုလိုပါဘူး။ ဆွေမျိုးနီးစပ်တွေ တူတွေ၊ တူမတွေနဲ့ အတူနေနိုင်ပါတယ်။ အတူမဟုတ်တောင် မကြာခဏ လာလည်ခိုင်းတာမျိုးပေါ့။ အသက်ကြီးတဲ့သူတွေက တစ်ယောက်တည်းနေရတာ ကြိုက်ပေမဲ့ အများစုကတော့ တစ်ယောက်တည်းနေရတာကြာရင် အထီးကျန်လာပါလိမ့်မယ်။ ဒါကြောင့် အနည်းဆုံးတော့ ပိတ်ရက်တွေမှာ ဆွေမျိုးတွေနဲ့ ဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ် မုန့်လုပ်စားတာ စကားပြောတာ အပြင်သွားတာမျိုးတွေ လုပ်ပေးသင့်ပါတယ်။

၁၄။ ကိုယ့်အကြောင်းပဲ ကိုယ်တွေးပါ
ပြဿနာတွေကပဲ အဖော်အပေါင်းနဲ့ လာတာမဟုတ်ပါဘူး။ ပျော်ရွှင်ခြင်းကလည်း အဖော်အပေါင်းနဲ့ လာတတ်ပါတယ်။ သင် ကိုယ်တိုင်က သင့်အတွက် သူငယ်ချင်းကောင်းပါပဲ။ ဒီလိုပြောလို့ မပျော်တဲ့အချိန် စိတ်ဆိုးတဲ့အချိန်မှာတောင် အတင်းကြီးပျော်အောင် လုပ်ယူရမယ်လို့ ပြောတာမဟုတ်ပါဘူး။ ဒါပေမဲ့ အတတ်နိုင်ဆုံးတော့ ကိုယ်စိတ်မချမ်းသာစရာတွေ မတွေးပါနဲ့။ သင့်ရဲ့ လက်ရှိအခြေအနေက အကောင်းဆုံးပါပဲ။ ကိုယ့်ဟာကို စိတ်ကြည်အောင်နေမှ သူများတဲ့ ဆက်ဆံတဲ့အခါမှာလည်း စိတ်ကြည်မှာပါ။

၁၅။ စိတ်ဖြေလျှော့တဲ့ နည်းလမ်းတွေ သင်ယူပါ
ဒီနည်းလမ်းကိုတော့ တော်တော်များများ မတွေးမိကြပါဘူး။ စိတ်ရှုပ်ထွေးတာပဲဖြစ်ဖြစ်၊ အထီးကျန်တာပဲဖြစ်ဖြစ် စိတ်ခံစားချက်တွေမို့လို့ ကိုယ်တိုင်ထိန်းချုပ်လို့ ရပါတယ်။ အသက်ပြင်းပြင်းရှူတာ၊ တရားထိုင်တာ၊ လေ့ကျင့်ခန်းလုပ်တာတွေက အခုလက်ရှိမှာရော နောက်ပိုင်းမှာပါ အထီးကျန်ခြင်းကို သက်သာစေပါတယ်။

၁၆။ တစ်ခုမဟုတ်၊ တစ်ခုလုပ်နေပါ

အထီးကျန်တာကိုပဲ တွေးနေရင် အဆိုးမြင်စိတ်တွေ ပိုများလာပြီး ဒီသံသရာထဲက ထွက်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီထဲမှာပဲ နစ်မြုပ်မနေဘဲ တစ်ခုခုလုပ်နေပါ။ ဘာမှမလုပ်ဘဲ ထိုင်တွေးနေတာထက်စာရင်တော့ ပိုကောင်းပါတယ်။ လုပ်စရာမရှိရင် ပတ်ဝန်းကျင်မှာ လမ်းလျှောက်ပြီး လေကောင်းလေသန့် ရှူရှိုက်ပါ။ တခြား စိတ်ပါဝင်စားတာဖြစ်ဖြစ် မလုပ်ဖူးတာ တစ်ခုခုဖြစ်ဖြစ် စမ်းလုပ်ကြည့်ပါ။

၁၇။ အထီးကျန်တာဟာ ခံစားမှု သက်သက်ပါ

အထီးကျန်တာက မဖြစ်မနေ ကုသရမယ့် ရောဂါမဟုတ်ပါဘူး။ ဒါဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ ဒါကို သင့်ကျမှ ဖြစ်နေတာလည်း မဟုတ်ပါဘူး။ ထိန်းချုပ်လို့ရပါတယ်။ တစ်ခါတလေ အထီးကျန်တာ ပြဿနာမဟုတ်ပါဘူး။

ကဲ.. အခုလောက်ဆို အထီးကျန်တာကို အမြန်ဆုံး ပြေပျောက်စေဖို့ လွယ်ကူတဲ့ နည်းလမ်းတွေကို အတော်လေး မှတ်သားပြီးပြီလို့ ထင်ပါတယ်။ ဒါကြောင့် ဒီနေ့က စပြီး အထီးကျန်တာ မဖြစ်အောင် အတတ်နိုင်ဆုံး နေထိုင်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။

Ref; lifehacks

 

157 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.