သင္ ဘယ္ေလာက္ အလုပ္လုပ္ခ်င္စိတ္ ရွိလဲဆိုတာ သိရွိဖုိ႔

သင္ အလုပ္လုပ္တဲ့အခါမွာပဲ ျဖစ္ျဖစ္၊ စာၾကည့္တဲ့ အခါမွာပဲ ျဖစ္ျဖစ္ ကိုယ္လုပ္တဲ့ အရာတစ္ခုခု အေပၚမွာ ၾကိဳးစားတတ္တဲ့ ပံုစံကို သိႏိုင္တဲ့ ေမးခြန္းေတြကို ေဖာ္ျပေပးလိုက္ပါတယ္။ ေမးခြန္းေလးေတြ ေျဖၿပီး သင္ဟာ ဘယ္လိုလူမ်ိဳးဆိုတာ သိႏိုင္မွာပါ။

ေမးခြန္းကေတာ့ တစ္ပတ္မွာ ၇ရက္ရွိတာကို အကယ္၍ တစ္ရက္ထပ္တိုးရမယ္ဆိုရင္ ဘယ္ရက္ကို ထပ္တိုးခ်င္ပါသလဲတဲ့။

၁. တနဂၤေႏြ
၂. တနလၤာ
၃. အဂၤါ
၄. ဗုဒၶဟူး
၅. ၾကာသပေတး
၆. ေသာၾကာ
၇. စေန

ကဲ ဒီ၇ရက္ထဲက တစ္ရက္ကို ေရြးလိုက္ၾကစို႕ေနာ္။ အေျဖကိုေရြးၿပီးမွ ဆက္ၾကည့္ေနာ္။

တနလၤာ
အထူးသျဖင့္ တနလၤာဆိုရင္ ေက်ာင္းေတြ၊ ရံုးေတြ စဖြင့္တဲ့ေန႕ ျဖစ္တာေၾကာင့္ စိတ္ဖိစီးမႈမ်ားေစတဲ့ ေန႕လို႕ေတာင္ ေျပာလို႕ရပါတယ္။ ပိတ္ရက္ကုန္ဆံုးျပီး ေနာက္ေန႕ ျဖစ္တာမို႕ အလုပ္ေတြက ပိုမ်ားေနတတ္သလို မေတာ္တဆျဖစ္မႈေတြကလည္း ပိုမ်ားေနတတ္ပါတယ္တဲ့။ ဒီလို တနလၤာေန႕ကို ထပ္တိုးခ်င္တယ္ဆိုတဲ့ လူေတြကေတာ့ အျမဲတမ္း အလုပ္နဲ႕ဘဲ လံုးပန္းေနရတဲ့ လူမ်ိဳးေတြပါတဲ့။ ဒါ့အျပင္ အလုပ္လုပ္ရတာကိုလည္း ႏွစ္သက္သလို လက္ရွိ လုပ္ေနတဲ့ အလုပ္အေပၚမွာလည္း ယံုၾကည္မႈ အျပည့္နဲ႕ ေၾကနပ္ေနပါတယ္တဲ့။

အဂၤါ၊ ၾကာသပေတး
ဒီေန႕ေတြကေတာ့ ထူးထူးျခားျခား သိပ္မရွိလွတဲ့ ေန႕ေတြပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္မို႕ ဒီရက္ ၂ရက္ကို ေရြးခ်ယ္သူမ်ားကေတာ့ ေပါင္းသင္းဆက္ဆံေရးမွာလည္း အသင့္အတင့္ရွိျပီး၊ အလုပ္လုပ္တဲ့ ေနရာမွာလည္း အသင့္အတင့္ နားတဲ့ အခါမွာလည္း အသင့္အတင့္ ရွိတဲ့ လူမ်ားပါတဲ့။

ဗုဒၶဟူး
တစ္ပတ္ရဲ႕ အလယ္ေခါင္မွာ ရွိတဲ့ ဒီေန႕ကို တိုးခ်င္တယ္ဆိုတဲ့ လူမ်ားကေတာ့ အထူးသျဖင့္ ေက်ာင္းသားမ်ား၊ အလုပ္အရမ္းမ်ားသူမ်ား ျဖစ္တတ္ပါတယ္တဲ့။ သာမာန္လူေတြအတြက္ကေတာ့ ဒီေန႕ဟာ စိတ္အသက္သာဆံုးလို႕လည္း ထင္တတ္ၾကပါတယ္။ လႈပ္ရွားေနတဲ့ စိတ္ေတြဟာ အနည္ထိုင္လာျပီး လည္ပတ္ရင္းနဲ႕ဘဲ ျဖစ္ျဖစ္၊ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ကုန္ဆံုးတတ္ၾကပါတယ္။ ဒါ့အျပင္ ဒီကေန႕က ညွဳိ႕အား အနည္းငယ္ရွိတာေၾကာင့္ လုပ္ငန္းခြင္၊ ကိုယ္နဲ႕ သက္ဆိုင္ရာ ပတ္၀န္းက်င္မွာ အခ်စ္နဲ႕ ပတ္သက္ျပီး စိတ္လႈပ္ရွားစရာေလးေတြကို ေတြ႕ရတတ္ပါတယ္။ ဒါေၾကာင့္ဒီေန႕ေလးကို ႏွစ္သက္သူမ်ားကေတာ့ အခ်စ္နဲ႕ ပတ္သက္ျပီး ရႈပ္ေထြးမႈ အနည္းငယ္ ရွိတတ္ပါတယ္တဲ့။

ေသာၾကာ
စေန၊တနဂၤေႏြ မတိုင္ခင္ ေန႕ျဖစ္လုိ႕ အလုပ္ရႈပ္ေသာ္လည္း ေပ်ာ္စရာေကာင္းတဲ့ ေန႕ေလးတစ္ေန႕ပါ။ ပိတ္ရက္ေတြမွာ လုပ္မယ့္အလုပ္ေတြကို ၾကိဳတင္ေတြးရင္း ေပ်ာ္ရႊင္ေနရတဲ့ ေန႕ေလးပါ။ ဒီေပ်ာ္ရႊင္မႈေလးေၾကာင့္လည္း ေသာၾကာေန႕မွာ လုပ္တဲ့ အလုပ္မွန္သမွ်ကို ၾကိဳးၾကိဳးစားစားနဲ႕ လုပ္ကိုင္တတ္ၾကပါတယ္တဲ့။ ဒီေန႕ေလးကို ေရြးခ်ယ္သူမ်ားကေတာ့ ယခု လက္ရွိအလုပ္ကို ႏွစ္သက္ေနျပီး အနာဂါတ္နဲ႕ ပတ္သက္တဲ့ ရည္မွန္းခ်က္လည္း အျပည့္ရွိသူမ်ား ျဖစ္ပါတယ္တဲ့။ အဲဒီ့ ရည္မွန္းခ်က္ကို အေကာင္အထည္ ေဖာ္ဘို႕လည္း စနစ္တက် လုပ္ေဆာင္ေနတဲ့ လူမ်ားပါတဲ့။

စေန၊ တနဂၤေႏြ
ဒီေန႕ေလးကေတာ့ အလုပ္ပင္ပန္းမႈေတြကေန လြတ္ေျမာက္တဲ့ ေန႕ေလးလည္း ျဖစ္ပါတယ္။ ဒီသေဘာထားအရ ၾကည့္မယ္ဆိုရင္ေတာ့ ဒီေန႕ေလးကို ေရြးခ်ယ္သူမ်ားကေတာ့ ကိုယ္ပိုင္ အခ်ိန္ေတြကို ပိုင္ဆိုင္ခ်င္ျပီး လြတ္လပ္မႈကို လိုလားသူမ်ား ျဖစ္ပါတယ္။ ေအာင္ျမင္ေက်ာ္ၾကားမႈထက္ ကိုယ့္ရဲ႕ လြတ္လပ္မႈကို အေလးထားတဲ့ လူမ်ားလည္း ျဖစ္ပါတယ္။

[ Unicode ]

သင် အလုပ်လုပ်တဲ့အခါမှာပဲ ဖြစ်ဖြစ်၊ စာကြည့်တဲ့ အခါမှာပဲ ဖြစ်ဖြစ် ကိုယ်လုပ်တဲ့ အရာတစ်ခုခု အပေါ်မှာ ကြိုးစားတတ်တဲ့ ပုံစံကို သိနိုင်တဲ့ မေးခွန်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ မေးခွန်းလေးတွေ ဖြေပြီး သင်ဟာ ဘယ်လိုလူမျိုးဆိုတာ သိနိုင်မှာပါ။

မေးခွန်းကတော့ တစ်ပတ်မှာ ၇ရက်ရှိတာကို အကယ်၍ တစ်ရက်ထပ်တိုးရမယ်ဆိုရင် ဘယ်ရက်ကို ထပ်တိုးချင်ပါသလဲတဲ့။

၁. တနင်္ဂနွေ
၂. တနင်္လာ
၃. အင်္ဂါ
၄. ဗုဒ္ဓဟူး
၅. ကြာသပတေး
၆. သောကြာ
၇. စနေ

ကဲ ဒီ၇ရက်ထဲက တစ်ရက်ကို ရွေးလိုက်ကြစို့နော်။ အဖြေကိုရွေးပြီးမှ ဆက်ကြည့်နော်။

တနင်္လာ
အထူးသဖြင့် တနင်္လာဆိုရင် ကျောင်းတွေ၊ ရုံးတွေ စဖွင့်တဲ့နေ့ ဖြစ်တာကြောင့် စိတ်ဖိစီးမှုများစေတဲ့ နေ့လို့တောင် ပြောလို့ရပါတယ်။ ပိတ်ရက်ကုန်ဆုံးပြီး နောက်နေ့ ဖြစ်တာမို့ အလုပ်တွေက ပိုများနေတတ်သလို မတော်တဆဖြစ်မှုတွေကလည်း ပိုများနေတတ်ပါတယ်တဲ့။ ဒီလို တနင်္လာနေ့ကို ထပ်တိုးချင်တယ်ဆိုတဲ့ လူတွေကတော့ အမြဲတမ်း အလုပ်နဲ့ဘဲ လုံးပန်းနေရတဲ့ လူမျိုးတွေပါတဲ့။ ဒါ့အပြင် အလုပ်လုပ်ရတာကိုလည်း နှစ်သက်သလို လက်ရှိ လုပ်နေတဲ့ အလုပ်အပေါ်မှာလည်း ယုံကြည်မှု အပြည့်နဲ့ ကြေနပ်နေပါတယ်တဲ့။

အင်္ဂါ၊ ကြာသပတေး
ဒီနေ့တွေကတော့ ထူးထူးခြားခြား သိပ်မရှိလှတဲ့ နေ့တွေပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီရက် ၂ရက်ကို ရွေးချယ်သူများကတော့ ပေါင်းသင်းဆက်ဆံရေးမှာလည်း အသင့်အတင့်ရှိပြီး၊ အလုပ်လုပ်တဲ့ နေရာမှာလည်း အသင့်အတင့် နားတဲ့ အခါမှာလည်း အသင့်အတင့် ရှိတဲ့ လူများပါတဲ့။

ဗုဒ္ဓဟူး
တစ်ပတ်ရဲ့ အလယ်ခေါင်မှာ ရှိတဲ့ ဒီနေ့ကို တိုးချင်တယ်ဆိုတဲ့ လူများကတော့ အထူးသဖြင့် ကျောင်းသားများ၊ အလုပ်အရမ်းများသူများ ဖြစ်တတ်ပါတယ်တဲ့။ သာမာန်လူတွေအတွက်ကတော့ ဒီနေ့ဟာ စိတ်အသက်သာဆုံးလို့လည်း ထင်တတ်ကြပါတယ်။ လှုပ်ရှားနေတဲ့ စိတ်တွေဟာ အနည်ထိုင်လာပြီး လည်ပတ်ရင်းနဲ့ဘဲ ဖြစ်ဖြစ်၊ ပျော်ပျော်ရွှင်ရွှင် ကုန်ဆုံးတတ်ကြပါတယ်။ ဒါ့အပြင် ဒီကနေ့က ညှို့အား အနည်းငယ်ရှိတာကြောင့် လုပ်ငန်းခွင်၊ ကိုယ်နဲ့ သက်ဆိုင်ရာ ပတ်ဝန်းကျင်မှာ အချစ်နဲ့ ပတ်သက်ပြီး စိတ်လှုပ်ရှားစရာလေးတွေကို တွေ့ရတတ်ပါတယ်။ ဒါကြောင့်ဒီနေ့လေးကို နှစ်သက်သူများကတော့ အချစ်နဲ့ ပတ်သက်ပြီး ရှုပ်ထွေးမှု အနည်းငယ် ရှိတတ်ပါတယ်တဲ့။

သောကြာ
စနေ၊တနင်္ဂနွေ မတိုင်ခင် နေ့ဖြစ်လို့ အလုပ်ရှုပ်သော်လည်း ပျော်စရာကောင်းတဲ့ နေ့လေးတစ်နေ့ပါ။ ပိတ်ရက်တွေမှာ လုပ်မယ့်အလုပ်တွေကို ကြိုတင်တွေးရင်း ပျော်ရွှင်နေရတဲ့ နေ့လေးပါ။ ဒီပျော်ရွှင်မှုလေးကြောင့်လည်း သောကြာနေ့မှာ လုပ်တဲ့ အလုပ်မှန်သမျှကို ကြိုးကြိုးစားစားနဲ့ လုပ်ကိုင်တတ်ကြပါတယ်တဲ့။ ဒီနေ့လေးကို ရွေးချယ်သူများကတော့ ယခု လက်ရှိအလုပ်ကို နှစ်သက်နေပြီး အနာဂါတ်နဲ့ ပတ်သက်တဲ့ ရည်မှန်းချက်လည်း အပြည့်ရှိသူများ ဖြစ်ပါတယ်တဲ့။ အဲဒီ့ ရည်မှန်းချက်ကို အကောင်အထည် ဖော်ဘို့လည်း စနစ်တကျ လုပ်ဆောင်နေတဲ့ လူများပါတဲ့။

စနေ၊ တနင်္ဂနွေ
ဒီနေ့လေးကတော့ အလုပ်ပင်ပန်းမှုတွေကနေ လွတ်မြောက်တဲ့ နေ့လေးလည်း ဖြစ်ပါတယ်။ ဒီသဘောထားအရ ကြည့်မယ်ဆိုရင်တော့ ဒီနေ့လေးကို ရွေးချယ်သူများကတော့ ကိုယ်ပိုင် အချိန်တွေကို ပိုင်ဆိုင်ချင်ပြီး လွတ်လပ်မှုကို လိုလားသူများ ဖြစ်ပါတယ်။ အောင်မြင်ကျော်ကြားမှုထက် ကိုယ့်ရဲ့ လွတ်လပ်မှုကို အလေးထားတဲ့ လူများလည်း ဖြစ်ပါတယ်။

Ref; weirdmind

53 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.