ဝက္အိုးပူတိုက္ေၾကာ္လိပ္ ျပဳလုပ္နည္း

ထမင္းမစားခ်င္တဲ႔ ရက္ေတြမွာ အခုလို ဝက္အိုးပူတိုက္ေၾကာ္လိပ္ေလးေတြ လုပ္စားရတာ စားလို႔အရမ္းေကာင္းပါတယ္။ လုပ္နည္းေလးကလဲ လြယ္ကူျမန္ဆန္တာမို႔လို႔ စားခ်င္စိတ္ေပၚလာရင္ လုပ္စားႏိုင္ေအာင္ Trend ပရိသတ္ႀကီးအတြက္ ေဝမၽွလိုက္ပါတယ္။ လုပ္စားၾကည့္ရေအာင္ေနာ္။

ပါ​၀င္ပစၥည္းမ်ား

အသားမ်ားေသာ ဝက္သား – 200 g
ဆား – လက္ဖက္ရည္ဇြန္း သံုးပံုးတစ္ပံု
နႏြင္းမွဳန္႔ လက္ဖက္ရည္ဇြန္း သံုးပံုတစ္ပံု
အရသာမွဳန္႔ – လက္ဖက္ရည္ဇြန္း တစ္ဝက္
ဆီ – ထမင္းစားဇြန္း ၂ဇြန္း
အခြံခြာျပီး ေရေဆးကာ ပံုပါအတိုင္း ျခစ္ထားေသာ မံုလာဥနီ – တစ္ဥ
ေရေဆးကာ ပံုပါအတိုင္း လွီးထားေသာ ေဂၚဖီအၾကြတ္ – တစ္ျခမ္း
ေရေဆးထားေသာ ဆလတ္ရြက္ – တစ္ပင္
အသင့္သံုးႏိူင္ေသာ မုန္႕ဟင္းခါးဖတ္ – တ႐ုတ္ဟင္းျပင္ပန္းကန္ တစ္လံုးစာ
Rice paper – ၁၂႐ြက္ ( supermarket ေတြမွာ ရပါတယ္ )

ျပင္ဆင္ပံု
ဝက္သားကို ေရေဆးျပီး လက္တလံုးသာသာ အေျမွာင္းေလးေတြ လွီးေပးပါ။
လွီးျပီးတာနဲ႔ ဆား နႏြင္း အရသာမွဳန္႔တို႔နယ္ကာ နာရီဝက္ေလာက္ႏွပ္ထားပါ။
ျပီးတာနဲ႔ ေအာက္ေျခမကပ္ေသာ ဒယ္အိုးခပ္ျပားျပားထဲမွာ ဆီအနည္းငယ္ထည္႔ျပီး ၁၅မိနစ္ေလာက္ အိုးပူတိုက္ေပးပါ။
အိုးပူတိုက္ေနစဥ္ အက်က္ညီေစရန္ မၾကာမၾကာ လွည္႔ေပးပါ။
က်က္ျပီဆိုတာနဲ႔ အေအးခံထားပါ။
ဝက္သား ေအးတာနဲ႕ ဆန္ျပား႐ြက္ကို ႐ိုး႐ိုးေရေအးႏွင့္ ပန္းကန္ျပား တခ်ပ္ထဲထဲ့ျပီး စကၠန္႕၂၀ေလာက္ဘဲ ေပ်ာ့လာတဲ့ထိ စိမ္လိုက္ပါ။
ေရစိမ္ျပီးတာနဲ႕ ပန္းကန္ျပား တခ်ပ္ေပၚျဖန္႔တင္ျပီး ခင္းေပးပါ။
ဆန္ျပား႐ြက္ေပၚမွာ မိမိႏွစ္သက္သလို ရြက္မ်ားႏွင္႔ မုန္႔ဟင္းခါးဖတ္မ်ား ခင္းထည္႔ေပးကာ ဝက္သားေခ်ာင္းကို ထည္႔ေပးပါ။
ေကာ္ျပန္႔လိပ္လို႔ လြယ္ကူေစရန္ အစာမ်ားကို အေနေတာ္ဘဲ ထည္႔ေပးပါ။
ပံုထားေသာ အစာမ်ားဧ။္ ေအာက္ဖက္မွ အစာကိုအုပ္ျပီး စလိပ္ေပးပါ။
ေဘးႏွစ္ဖက္ကို အစာအေပၚကို တစဆီ ေခါက္ေပးပါ။
ေနာက္ထပ္ေအာက္ဖက္မွ အလိပ္ပံုစံရတဲ့အထိ ဆက္တိုက္လိပ္ေပးသြားျပီးရင္ ရပါျပီ။
ေကာ္ျပန္႕စိမ္းအျပင္သား ထူထူေလးရေအာင္ လိပ္ျပီးသား အလိပ္မ်ားကို ေနာက္ထပ္ဆန္ျပားဖတ္ တ႐ြက္ဆီကို ေရစိမ္ျပီး ထပ္လိပ္ေပးပါက လွီးတဲ့အခါ လွီးလို႕ေကာင္းသလို စားလို႕လဲ ပိုျပီးေကာင္းပါတယ္။

အားလံုး လိပ္ျပီးျပီဆိုတာနဲ႔ ဝက္သား အိုးပူတိုက္ေၾကာ္ ေကာ္ျပန္႔လိပ္ကို မိမိႏွစ္သက္ေသာ အခ်ဥ္ရည္ႏွင္႔ တြဲဖက္ကာ အရသာရွိရွိသံုးေဆာင္ႏိုင္ပါၿပီေနာ္။

[ Unicode ]

ထမင်းမစားချင်တဲ့ ရက်တွေမှာ အခုလို ဝက်အိုးပူတိုက်ကြော်လိပ်လေးတွေ လုပ်စားရတာ စားလို့အရမ်းကောင်းပါတယ်။ လုပ်နည်းလေးကလဲ လွယ်ကူမြန်ဆန်တာမို့လို့ စားချင်စိတ်ပေါ်လာရင် လုပ်စားနိုင်အောင် Trend ပရိသတ်ကြီးအတွက် ဝေမျှလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ

အသားများသော ဝက်သား – 200 g
ဆား – လက်ဖက်ရည်ဇွန်း သုံးပုံးတစ်ပုံ
နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
အရသာမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဝက်
ဆီ – ထမင်းစားဇွန်း ၂ဇွန်း
အခွံခွာပြီး ရေဆေးကာ ပုံပါအတိုင်း ခြစ်ထားသော မုံလာဥနီ – တစ်ဥ
ရေဆေးကာ ပုံပါအတိုင်း လှီးထားသော ဂေါ်ဖီအကြွတ် – တစ်ခြမ်း
ရေဆေးထားသော ဆလတ်ရွက် – တစ်ပင်
အသင့်သုံးနိူင်သော မုန့်ဟင်းခါးဖတ် – တရုတ်ဟင်းပြင်ပန်းကန် တစ်လုံးစာ
Rice paper – ၁၂ရွက် ( supermarket တွေမှာ ရပါတယ် )

ပြင်ဆင်ပုံ
ဝက်သားကို ရေဆေးပြီး လက်တလုံးသာသာ အမြှောင်းလေးတွေ လှီးပေးပါ။
လှီးပြီးတာနဲ့ ဆား နနွင်း အရသာမှုန့်တို့နယ်ကာ နာရီဝက်လောက်နှပ်ထားပါ။
ပြီးတာနဲ့ အောက်ခြေမကပ်သော ဒယ်အိုးခပ်ပြားပြားထဲမှာ ဆီအနည်းငယ်ထည့်ပြီး ၁၅မိနစ်လောက် အိုးပူတိုက်ပေးပါ။
အိုးပူတိုက်နေစဉ် အကျက်ညီစေရန် မကြာမကြာ လှည့်ပေးပါ။
ကျက်ပြီဆိုတာနဲ့ အအေးခံထားပါ။
ဝက်သား အေးတာနဲ့ ဆန်ပြားရွက်ကို ရိုးရိုးရေအေးနှင့် ပန်းကန်ပြား တချပ်ထဲထဲ့ပြီး စက္ကန့်၂၀လောက်ဘဲ ပျော့လာတဲ့ထိ စိမ်လိုက်ပါ။
ရေစိမ်ပြီးတာနဲ့ ပန်းကန်ပြား တချပ်ပေါ်ဖြန့်တင်ပြီး ခင်းပေးပါ။
ဆန်ပြားရွက်ပေါ်မှာ မိမိနှစ်သက်သလို ရွက်များနှင့် မုန့်ဟင်းခါးဖတ်များ ခင်းထည့်ပေးကာ ဝက်သားချောင်းကို ထည့်ပေးပါ။
ကော်ပြန့်လိပ်လို့ လွယ်ကူစေရန် အစာများကို အနေတော်ဘဲ ထည့်ပေးပါ။
ပုံထားသော အစာများဧ။် အောက်ဖက်မှ အစာကိုအုပ်ပြီး စလိပ်ပေးပါ။
ဘေးနှစ်ဖက်ကို အစာအပေါ်ကို တစဆီ ခေါက်ပေးပါ။
နောက်ထပ်အောက်ဖက်မှ အလိပ်ပုံစံရတဲ့အထိ ဆက်တိုက်လိပ်ပေးသွားပြီးရင် ရပါပြီ။
ကော်ပြန့်စိမ်းအပြင်သား ထူထူလေးရအောင် လိပ်ပြီးသား အလိပ်များကို နောက်ထပ်ဆန်ပြားဖတ် တရွက်ဆီကို ရေစိမ်ပြီး ထပ်လိပ်ပေးပါက လှီးတဲ့အခါ လှီးလို့ကောင်းသလို စားလို့လဲ ပိုပြီးကောင်းပါတယ်။

အားလုံး လိပ်ပြီးပြီဆိုတာနဲ့ ဝက်သား အိုးပူတိုက်ကြော် ကော်ပြန့်လိပ်ကို မိမိနှစ်သက်သော အချဉ်ရည်နှင့် တွဲဖက်ကာ အရသာရှိရှိသုံးဆောင်နိုင်ပါပြီနော်။

Ref; asianfood

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.