မိန္းကေလးေတြ ေရွာင္ၾကဥ္သင့္တဲ့ ေယာက်ၤား ၄ မ်ိဳး

ေပ်ာ္ရႊင္ဖြယ္ေကာင္းတဲ့ အခ်စ္တစ္ခုကို တည္ေဆာက္ဖို႔ အခ်ိဳ႕ေသာ အခ်က္မ်ားလိုအပ္ပါတယ္။ အဲဒီ အခ်က္ေတြထဲက တစ္ခ်က္ကေတာ့ ကိုယ့္အေပၚမွာ အရမ္းခ်စ္ျပီး အရမ္းနားလည္ေပးတတ္တဲ့ အေဖာ္မြန္နဲ႔ ေတြ႕မိဘို႔လည္း အပါအ၀င္ပါဘဲ။ ေပ်ာ္စရာေကာင္းတဲ့ အခ်စ္တစ္ခုကို တည္ေဆာက္ဖို႔ ကိုယ့္ဘက္က ဘယ္ေလာက္ဘဲ ၾကိဳးစားၾကိဳးစား ကိုယ့္ရဲ႕ လက္တြဲေဖာ္က မေကာင္းဘူးဆိုရင္ေတာ့ အဲဒီ ၾကိဳးစားမႈေတြက သဲထဲေရသြန္ျဖစ္ျပီေပါ့။ ဒါေၾကာင့္ ဒီေန႔ေတာ့ မိန္းကေလးတို႔ ခ်စ္သူ ေရြးခ်ယ္တဲ့ အခါ သတိထားသင့္တဲ့ ေယာက်ၤားမ်ား အေၾကာင္းကို ေဖာ္ျပေပးလိုက္ပါတယ္။ မိန္းကေလးမ်ား အတြက္လို႔ ဆုိေပမယ့္ ေယာက်ၤားေလးမ်ားလည္း ဖတ္ရႈႏိုင္တဲ့ စာျဖစ္ပါတယ္။
ကိုယ့္ခ်စ္သူ အတြက္ တကယ္ အားကိုးထိုက္တဲ့ သူတေယာက္ ျဖစ္ေအာင္ ေရွာင္က်ဥ္သင့္တာကို ေရွာင္ႏိုင္ရန္ ေဖာ္ျပေပးလိုက္ပါတယ္။

၁။ ငါ့ကို မယံုလို႔လား
တခါတေလ မသကၤာစရာ ကိစၥေလးရွိလို႔ နည္းနည္းေမးမိတာနဲ႔ ဘာလဲ ငါ့ကို မယံုလို႔လားဆိုျပီး ျပန္ေမးခြန္းထုတ္တတ္တဲ့ ေယာက်ၤား အခ်ိဳ႕ရွိပါတယ္။ ခ်စ္သူမိန္းကေလးက ကိုယ့္ကို မယံုၾကည္ႏိုင္လို႕ ေမးျမန္းေနတာကို ရွင္းျပဘို႔ ေနေနသာသာ ကိုယ့္ခ်စ္သူကို ျပန္ျပီး ေအာ္ေငါက္ခ်င္တတ္တဲ့ ေယာက်ၤားမ်ိဳး။ သူ႔ကိုယံုၾကည္ဖို႔ကို အတင္းအက်ပ္လုပ္ယူခ်င္တဲ့ ေယာက်ၤားမ်ိဳးကေတာ့ လံုး၀ ယံုၾကည္လို႔ မရတဲ့ ေယာကၤ်ားမ်ိဳးထဲမွာ ပါတတ္ပါတယ္တဲ့။ ဒီလိုလူမ်ိဳးကို ယံုၾကည္မိလို႔ကေတာ့ ေနာက္ေနာင္မွာ ဒီထက္ဆိုးတဲ့ အျဖစ္မ်ိဳးေတြနဲ႔ ၾကံဳေတြ႔ႏိုင္ပါတယ္တ႔ဲ။

၂။ ခ်စ္သူမိန္းကေလးကို အျမဲတမ္း အားကိုးယံုၾကည္တယ္လို႔ေျပာတတ္သူ
အခ်ိဳ႕ေယာက်ၤားမ်ားက မိမိရဲ႕ ခ်စ္သူမိန္းကေလးကို နင္နဲ႔ တူတူရွိေနရင္ စိတ္သက္သာရာရျပီး လြတ္လပ္မႈကို ခံစားရတယ္လို႔ ေျပာတတ္ၾကပါတယ္။ ဒီလို စကားကို အေျပာခံရတဲ့ မိန္းကေလးေတြကေတာ့ သူတို႔ရဲ႕ ခ်စ္သူဟာ သူတို႔မရွိရင္ မေနႏိုင္သူပါလားဆိုျပီး အထင္မွတ္တတ္ပါတယ္။ ဒါေပမယ့္ ဒါဟာ တကယ့္ကို အထင္သတ္သတ္ပါဘဲ။ လက္ေတြမွာေတာ့ အဲဒီလို ေျပာတတ္ၾကတဲ့ ေယာက်ၤားမ်ားက သူတို႔ အမွားလုပ္ရင္လည္း ခ်စ္သူျဖစ္သူက ခြင့္လႊတ္နားလည္ႏိုင္တယ္ဆိုတဲ့ အသိနဲ႔ အျမဲတမ္း ကိုယ္ထင္ရာကိုသာ လုပ္တတ္တဲ့ တကိုယ္ေကာင္းဆန္တဲ့ ေယာက်ၤားမ်ားျဖစ္တတ္ပါသတဲ့။ ဒီ့အျပင္ သူမ်ားေျပာတာကိုလည္း နားေယာင္တတ္တဲ့ ေယာကၤ်ားမ်ိဳး ျဖစ္တတ္ပါသတဲ့။ ကေလးငယ္တစ္ေယာက္ကို လူၾကီးျဖစ္ေအာင္ ျပဳစုျပိဳးေထာင္ေပးတဲ့ စိတ္နဲ႔ မဟုတ္ဘူးဆိုရင္ေတာ့ ေစာေစာစီးစီး လမ္းခြဲတာ ေကာင္းပါသတဲ့။

၃။ ‘ငါ’ စြဲႀကီးသူ
ကိုယ့္ကုိယ္ကိုယ္သာ စိတ္၀င္စားတတ္တဲ့ ေယာကၤ်ားမ်ိဳးဟာလည္း ေရွာင္သင့္တဲ့ ေယာကၤ်ားမ်ိဳးထဲမွာ ပါ၀င္ပါတယ္တဲ့။ ဒီလိုလူမ်ားကေတာ့ စကားနည္းနည္း ေျပာၾကည့္ရင္သိႏိုင္ပါတယ္။ သူမ်ားအေၾကာင္းဆိုရင္ နားမေထာင္ခ်င္ဘဲ သူ႕အေၾကာင္းကိုသာ မျပတ္ေျပာလိုသူမ်ားျဖစ္ပါတယ္။ အဲဒီလိုေယာကၤ်ားမ်ိဳးနဲ႔ ခ်စ္ၾကိဳက္မိတယ္ဆိုရင္ေတာ့ အျမဲတမ္း သူ႔အေၾကာင္းဘဲ နားေထာင္ေနရမွာပါ။ သတိထား ေရွာင္ၾကဖို႔ေတာ့ လိုမယ္ေနာ္။

၄။ အဲဒီလို မစားနဲ႔…အဲဒီလို မထိုင္နဲ႔… အဲဒီလို …အဲဒီလို…
ဒီလိုဘဲ သိပ္ျပီး ေရးၾကီးခြင္က်ယ္ မဟုတ္တဲ့ ကိစၥေတြကအစ အဆက္မျပတ္ကိုဘဲ ပြစိပြစိေျပာတတ္သူပါ။ အဲဒီလိုလူမ်ိဳးကေတာ့ ေတာ္ေတာ္ေလးကို ေရွးဆန္ျပီး တယူသန္ သမားေတြ ျဖစ္ၾကပါတယ္။ ဒီလိုလူမ်ိဳးကေတာ့ ကိုယ့္အယူအဆကလြဲျပီး ဘယ္သူ႔ အေတြးအေခၚကိုမွ အသိအမွတ္ျပဳ လက္ခံသူမ်ား မဟုတ္ပါဘူးတဲ့။ ေပ်ာ္ရႊင္ဖြယ္ေကာင္းတဲ့ အခ်စ္တစ္ခုကို တည္ေဆာက္ဘို႔ လုိအပ္တဲ့ အခ်က္ေတြ တစ္ခ်က္မွ မရွိတဲ့ လူမ်ိဳးပါဘဲ။ ဒီလိုလူမ်ိဳးကို ခ်စ္ဖို႔လည္း နည္းနည္း စဥ္းစားဘို႔ေတာ့ လိုလိမ့္မယ္ေနာ္။

ဒီစာကို ဖတ္မိတဲ့ အမ်ိဳးသမီးတိုင္း တစ္ေယာက္ေယာက္ကို ခ်စ္ေတာ့မယ္ဆိုရင္ ဒီ အခ်က္ေလးမ်ားကို သတိရျပီး စဥ္းစားဆံုးျဖတ္ႏိုင္ပါေစ။ ဒီစာကို ဖတ္မိတဲ့ အမ်ိဳးသားမ်ားကေတာ့ ကိုယ္ကိုတိုင္ဟာ ဒီလို ေယာကၤ်ား အမ်ိဳးအစားေတြထဲမွာ ပါ၀င္ေနရင္ေတာင္ မိမိရဲ႕ အက်င့္ေလးမ်ားကို ျပဳျပင္ႏိုင္ပါေစ။ ဒီလို ေယာကၤ်ား အမ်ိဳးအစားေတြထဲမွာ မပါဘူးဆိုရင္လည္း ေနာက္ေနာင္ ဒီလို မျဖစ္ေအာင္ ၾကိဳတင္ ဆင္ျခင္ႏိုင္ရန္ ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

[ Unicode ]

ပျော်ရွှင်ဖွယ်ကောင်းတဲ့ အချစ်တစ်ခုကို တည်ဆောက်ဖို့ အချို့သော အချက်များလိုအပ်ပါတယ်။ အဲဒီ အချက်တွေထဲက တစ်ချက်ကတော့ ကိုယ့်အပေါ်မှာ အရမ်းချစ်ပြီး အရမ်းနားလည်ပေးတတ်တဲ့ အဖော်မွန်နဲ့ တွေ့မိဘို့လည်း အပါအဝင်ပါဘဲ။ ပျော်စရာကောင်းတဲ့ အချစ်တစ်ခုကို တည်ဆောက်ဖို့ ကိုယ့်ဘက်က ဘယ်လောက်ဘဲ ကြိုးစားကြိုးစား ကိုယ့်ရဲ့ လက်တွဲဖော်က မကောင်းဘူးဆိုရင်တော့ အဲဒီ ကြိုးစားမှုတွေက သဲထဲရေသွန်ဖြစ်ပြီပေါ့။ ဒါကြောင့် ဒီနေ့တော့ မိန်းကလေးတို့ ချစ်သူ ရွေးချယ်တဲ့ အခါ သတိထားသင့်တဲ့ ယောင်္ကျားများ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။ မိန်းကလေးများ အတွက်လို့ ဆိုပေမယ့် ယောင်္ကျားလေးများလည်း ဖတ်ရှုနိုင်တဲ့ စာဖြစ်ပါတယ်။
ကိုယ့်ချစ်သူ အတွက် တကယ် အားကိုးထိုက်တဲ့ သူတယောက် ဖြစ်အောင် ရှောင်ကျဉ်သင့်တာကို ရှောင်နိုင်ရန် ဖော်ပြပေးလိုက်ပါတယ်။

၁။ ငါ့ကို မယုံလို့လား
တခါတလေ မသင်္ကာစရာ ကိစ္စလေးရှိလို့ နည်းနည်းမေးမိတာနဲ့ ဘာလဲ ငါ့ကို မယုံလို့လားဆိုပြီး ပြန်မေးခွန်းထုတ်တတ်တဲ့ ယောင်္ကျား အချို့ရှိပါတယ်။ ချစ်သူမိန်းကလေးက ကိုယ့်ကို မယုံကြည်နိုင်လို့ မေးမြန်းနေတာကို ရှင်းပြဘို့ နေနေသာသာ ကိုယ့်ချစ်သူကို ပြန်ပြီး အော်ငေါက်ချင်တတ်တဲ့ ယောင်္ကျားမျိုး။ သူ့ကိုယုံကြည်ဖို့ကို အတင်းအကျပ်လုပ်ယူချင်တဲ့ ယောင်္ကျားမျိုးကတော့ လုံး၀ ယုံကြည်လို့ မရတဲ့ ယောင်္ကျားမျိုးထဲမှာ ပါတတ်ပါတယ်တဲ့။ ဒီလိုလူမျိုးကို ယုံကြည်မိလို့ကတော့ နောက်နောင်မှာ ဒီထက်ဆိုးတဲ့ အဖြစ်မျိုးတွေနဲ့ ကြုံတွေ့နိုင်ပါတယ်တဲ့။

၂။ ချစ်သူမိန်းကလေးကို အမြဲတမ်း အားကိုးယုံကြည်တယ်လို့ပြောတတ်သူ
အချို့ယောင်္ကျားများက မိမိရဲ့ ချစ်သူမိန်းကလေးကို နင်နဲ့ တူတူရှိနေရင် စိတ်သက်သာရာရပြီး လွတ်လပ်မှုကို ခံစားရတယ်လို့ ပြောတတ်ကြပါတယ်။ ဒီလို စကားကို အပြောခံရတဲ့ မိန်းကလေးတွေကတော့ သူတို့ရဲ့ ချစ်သူဟာ သူတို့မရှိရင် မနေနိုင်သူပါလားဆိုပြီး အထင်မှတ်တတ်ပါတယ်။ ဒါပေမယ့် ဒါဟာ တကယ့်ကို အထင်သတ်သတ်ပါဘဲ။ လက်တွေမှာတော့ အဲဒီလို ပြောတတ်ကြတဲ့ ယောင်္ကျားများက သူတို့ အမှားလုပ်ရင်လည်း ချစ်သူဖြစ်သူက ခွင့်လွှတ်နားလည်နိုင်တယ်ဆိုတဲ့ အသိနဲ့ အမြဲတမ်း ကိုယ်ထင်ရာကိုသာ လုပ်တတ်တဲ့ တကိုယ်ကောင်းဆန်တဲ့ ယောင်္ကျားများဖြစ်တတ်ပါသတဲ့။ ဒီ့အပြင် သူများပြောတာကိုလည်း နားယောင်တတ်တဲ့ ယောင်္ကျားမျိုး ဖြစ်တတ်ပါသတဲ့။ ကလေးငယ်တစ်ယောက်ကို လူကြီးဖြစ်အောင် ပြုစုပြိုးထောင်ပေးတဲ့ စိတ်နဲ့ မဟုတ်ဘူးဆိုရင်တော့ စောစောစီးစီး လမ်းခွဲတာ ကောင်းပါသတဲ့။

၃။ ‘ငါ’ စွဲကြီးသူ
ကိုယ့်ကိုယ်ကိုယ်သာ စိတ်ဝင်စားတတ်တဲ့ ယောင်္ကျားမျိုးဟာလည်း ရှောင်သင့်တဲ့ ယောင်္ကျားမျိုးထဲမှာ ပါဝင်ပါတယ်တဲ့။ ဒီလိုလူများကတော့ စကားနည်းနည်း ပြောကြည့်ရင်သိနိုင်ပါတယ်။ သူများအကြောင်းဆိုရင် နားမထောင်ချင်ဘဲ သူ့အကြောင်းကိုသာ မပြတ်ပြောလိုသူများဖြစ်ပါတယ်။ အဲဒီလိုယောင်္ကျားမျိုးနဲ့ ချစ်ကြိုက်မိတယ်ဆိုရင်တော့ အမြဲတမ်း သူ့အကြောင်းဘဲ နားထောင်နေရမှာပါ။ သတိထား ရှောင်ကြဖို့တော့ လိုမယ်နော်။

၄။ အဲဒီလို မစားနဲ့…အဲဒီလို မထိုင်နဲ့… အဲဒီလို …အဲဒီလို…
ဒီလိုဘဲ သိပ်ပြီး ရေးကြီးခွင်ကျယ် မဟုတ်တဲ့ ကိစ္စတွေကအစ အဆက်မပြတ်ကိုဘဲ ပွစိပွစိပြောတတ်သူပါ။ အဲဒီလိုလူမျိုးကတော့ တော်တော်လေးကို ရှေးဆန်ပြီး တယူသန် သမားတွေ ဖြစ်ကြပါတယ်။ ဒီလိုလူမျိုးကတော့ ကိုယ့်အယူအဆကလွဲပြီး ဘယ်သူ့ အတွေးအခေါ်ကိုမှ အသိအမှတ်ပြု လက်ခံသူများ မဟုတ်ပါဘူးတဲ့။ ပျော်ရွှင်ဖွယ်ကောင်းတဲ့ အချစ်တစ်ခုကို တည်ဆောက်ဘို့ လိုအပ်တဲ့ အချက်တွေ တစ်ချက်မှ မရှိတဲ့ လူမျိုးပါဘဲ။ ဒီလိုလူမျိုးကို ချစ်ဖို့လည်း နည်းနည်း စဉ်းစားဘို့တော့ လိုလိမ့်မယ်နော်။

ဒီစာကို ဖတ်မိတဲ့ အမျိုးသမီးတိုင်း တစ်ယောက်ယောက်ကို ချစ်တော့မယ်ဆိုရင် ဒီ အချက်လေးများကို သတိရပြီး စဉ်းစားဆုံးဖြတ်နိုင်ပါစေ။ ဒီစာကို ဖတ်မိတဲ့ အမျိုးသားများကတော့ ကိုယ်ကိုတိုင်ဟာ ဒီလို ယောင်္ကျား အမျိုးအစားတွေထဲမှာ ပါဝင်နေရင်တောင် မိမိရဲ့ အကျင့်လေးများကို ပြုပြင်နိုင်ပါစေ။ ဒီလို ယောင်္ကျား အမျိုးအစားတွေထဲမှာ မပါဘူးဆိုရင်လည်း နောက်နောင် ဒီလို မဖြစ်အောင် ကြိုတင် ဆင်ခြင်နိုင်ရန် ဖော်ပြပေးလိုက်ပါတယ်နော်။

Ref; rsgoals

357 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.