ၾကက္ဆီေမႊး ထမင္းေပါင္း ခ်က္နည္း

ၾကက္ေပါင္းအိအိေလးနဲ႔ ဘယ္အခ်ိန္စားစား မရိုးႏိုင္တဲ့ နာမည္ႀကီး ၾကက္ဆီထမင္းခ်က္နည္းကို Trend ပရိသတ္ႀကီးအတြက္ တင္ဆက္ေပးလိုက္ပါတယ္။ လုပ္စားၾကည့္ရေအာင္ေနာ္။

ပါ၀င္ပစၥည္းမ်ား ( လူ ၅ ဦးအတြက္ )
၁။ ၾကက္တေကာင္ – တစ္ကီလိုခန္႕
၂။ ဘာစမာတီဆန္ – ထမင္းေပါင္းအိုး ဆန္ခ်င္ဗူး ၄ဗူး
၃။ ၾကက္အဆီဖတ္ – ၅ခုခန္႕ သို႕မဟုတ္ ၾကက္အရည္ခြံ ၅ခုခန္႕
၄။ စပါးလင္ – ၈လက္မခန္႕
၅။ ၾကက္သြန္နီ – ခပ္ႀကီးႀကီး တစ္လံုး
၆။ ၾကက္သြန္ျဖဴ – အမႊာႀကီးႀကီး အမႊာ၂၀ခန္႕ (အခ်ဥ္စပ္ရန္ ၾကက္ျပဳတ္ရန္ႏွင့္ ဆန္ကို ဆီသတ္ရန္ ခြဲသံုးပါ)
၇။ ၾကက္သြန္မိတ္ – ၃ပင္
၈။ ခ်င္း – ႏွစ္လက္မခန္႕ (အခ်ဥ္စပ္ရန္ ၾကက္ျပဳပ္ႏွင့္ ဆန္ဆီသတ္ရန္ ခြဲသံုးပါ )
၉။ နံနံပင္ – အနည္းငယ္
၁၀။ င႐ုတ္သီးစိမ္း – ၅ေတာင့္
၁၁။ သံပုရာသီး – တစ္ျခမ္း
၁၂။ ပ်ားရည္ – ထမင္းစားဇြန္း တ၀က္ (ပ်ားရည္မ႐ွိက သၾကား ထမင္းစားဇြန္း တဇြန္းသံုးပါ)
၁၃။ ပဲငံျပာရည္အက်ဲ – ထမင္းစားဇြန္း ၃ဇြန္း
၁၄။ သခြားသီး – အနည္းငယ္
၁၅။ အခ်ဳိမွဳန္႕ – လက္ဖက္ရည္ဇြန္း ၂ဇြန္းခြဲ (ဟင္းခ်ဳိႏွင့္ ၾကက္ျပဳတ္တြင္သံုးရန္) ( မထည့္လည္း ရပါတယ္)
၁၆။ ဆား – လက္ဖက္ရည္ဇြန္း ၂ဇြန္းခြဲ ( ၾကက္ျပဳပ္ထဲ ၂ဇြန္းထည့္ရန္ႏွင္ ပိုတာကို ဟင္းခ်ဳိရည္ထဲ ထည့္ရန္)
၁၇။ ေရ – လိုသေလာက္ သံုးေပးပါ
၁၈။ ၾကက္ျပဳတ္ရည္ – ထမင္းေပါင္းအိုး ဆန္ခ်င္ဗူး ၈ဗူး (ထမင္းခ်က္ရန္)

– ၾကက္သားျပဳပ္ရန္ ပါ၀င္ပစၥည္းမ်ား

ၾကက္အေကာင္လိုက္မွ မလိုေသာ ၾကက္ေမႊးမ်ား ေျခေထာက္ႏွင့္ ဗိုက္အတြင္းမွ ကလီစာမ်ားထုတ္၍ သန္႕စင္ေအာင္ ေဆးေပးထားပါ။
ၾကက္သြန္ျဖဴ ၄မႊာကို အခြံခြာျပီး ေရေဆးကာ ဓါးျပား႐ိုက္ေပးထားပါ။
ၾကက္သြန္နီကို အခြံခြာျပီး အလံုးလိုက္ ေရေဆးကာ ေလးျခမ္း စိတ္ထားပါ။
ခ်င္းခပ္ပါးပါး ၇ျပားခန္႕ကို အခြံခြာျပီး ေရစင္ေအာင္ေဆးၿပီး ဓါးျပားရိုက္ထားပါ။
ၾကက္သြန္မိတ္ကို တလက္မ အရွည္ခန္႔လွီးထားပါ။
စပါးလင္ကို ၂လက္မအ႐ြယ္ ေလးပိုင္းပိုင္း၍ အနည္းငယ္ ထုေပးထားပါ။
ေဇာက္နက္ေသာ အိုးတလံုးထဲမွာ ၾကက္သား ခ်င္း ဆား လက္ဖက္ရည္ဇြန္း တဇြန္းခြဲ အခ်ဳိမွဳန္႕ လက္ဖက္ရည္ဇြန္း ၂ဇြန္း ၾကက္သြန္ျဖဴ ၄မႊာ ၾကက္သြန္နီ ၾကက္သြန္မိတ္တို႕ႏွင့္ ေရျမဳပ္ေအာင္ထည့္ကာ ဟင္းရည္မ်ား ေ၀မက်ေစရန္ အဖံုးမဖံုးဘဲ မီးအားေကာင္းေကာင္းနဲ႕ ျပဳပ္ေပးပါ။
ဟင္းရည္မ်ား ဆူလာျပီဆိုတာနဲ႕ မီးကိုအေနေတာ္သို႕ ေလ်ွာ့ကာ အဖံုးဖံုးျပီး ျပဳပ္ေပးပါ။
တဖက္ကို မိနစ္၂၀ခန္႕ျပဳပ္ေပးျပီး ေနာက္တဖက္ကို အရည္ခြံမ်ား လန္မထြက္ေစရန္ အသာလွန္ေပးျပီး မိနစ္၂၀ခန္႕ ဆက္ျပဳပ္ေပးပါ။
မိနစ္၄၀ခန္႕ ျပဳပ္ေပးျပီးတာနဲ႕ အေအးခံျပီး မိမိႏွစ္သက္သည့္ပံုစံ ခုတ္ေပးထားပါ။

– ထမင္းခ်က္ရန္ ျပင္ဆင္ပံု
ဆန္ကို ေရေဆးျပီး စစ္ထားပါ။
ခ်င္း လက္တဆစ္ေလာက္ကို အခြံခြာျပီး ေထာင္းထားပါ။
ၾကက္သြန္ျဖဴ ၄မႊာကို အခြံခြာျပီး ေထာင္းထားပါ။
ဆား အနည္းငယ္ကို ျပင္ထားပါ။
ၾကက္အဆီဖတ္ကို ေရေဆးထားပါ။
ဆီ ထမင္းစားဇြန္း ၂ဇြန္း
ဒယ္အိုးတလံုးကို အပူေပးပါ။
ပူလာတာနဲ႕ ဆီ ၾကက္ဆီဖတ္ ၾကက္သြန္ျဖဴ ခ်င္းတို႕ကို ထည့္ျပီးေၾကာ္ေပးပါ။
ၾကက္ဆီဖတ္မ်ား ေပ်ာ္လာျပီး ၾကက္သြန္ျဖဴႏွင့္ ခ်င္းတို႕ေမႊးလာပါက မေပ်ာ္္ေသးတဲ့ ၾကက္ဆီဖတ္မ်ားကို ဖယ္ေပးျပီး လႊင့္ပလိုက္ပါ။
ျပီးတာနဲ႕ ေရေဆးျပီး စစ္ထားေသာ ဆန္ကို ထည့္ေၾကာ္ေပးပါ။
၂မိနစ္ေလာက္ ေၾကာ္ေပးျပီး ဆန္သားၾကည္လာတာနဲ႕ ေၾကာ္ထားေသာဆန္ႏွင့္ ၾကက္ျပဳပ္႐ည္ကို ထမင္းေပါင္းအိုး ဆန္ခ်င္ဗူး ၈ဗူးထည့္ျပီး ခ်က္ေပးပါ။
သံုးေသာ ဆန္အေနအထားေပၚ မူတည္ျပီး ေရကိုထည့္ပါ။
ဆန္ေပ်ာ့ကို ခ်က္ပါက ပံုမွန္အတိုင္း ေရကိုထည့္ျပီး ဆန္မာကိုသံုးပါက ေရပိုထည့္ပါ။
ဆန္အမာ သံုးထားသည့္အတြက္ ေရကိုပိုသံုးထားပါတယ္။
ထမင္းအိုး ေရဆူလာပါက အထက္ေအာက္ သမေအာင္ ႏွစ္ခ်က္ သံုးခ်က္ေလာက္ ေမႊေပးပါ။
ထမင္းအိုး ခလုပ္တက္ပါက ၾကက္ဆီထမင္း က်က္ပါျပီ။

ထမင္းႏွင့္ တြဲစားရန္ သခြားသီးကို လွီးေပးထားပါ။

– ၾကက္ဆီထမင္းႏွင့္ တြဲစားရန္ sauce စပ္ရန္
ခ်င္း လက္တဆစ္ခန္႕ကို ညက္ေနေအာင္ ေထာင္းထားပါ။
င႐ုတ္သီးစိမ္းကို ညက္ေနေအာင္ ေထာင္းထားပါ။
ၾကက္သြန္ျဖဴကို မညက္တညက္ ေထာင္းထားပါ။
နံနံပင္ကို မညက္တညက္ ေထာင္းထားပါ။
ပဲငံျပာရည္ သံပုရာရည္ ပ်ားရည္တို႕ကိုျပင္ထားပါ။
ပ်ားရည္ သို႕မဟုတ္ သၾကားကို ျပင္ထားပါ။
ေရေႏြး အေအးခံျပီးသား ထမင္းစားဇြန္း ၃ဇြန္းကို ျပင္ေပးထားပါ။
ဇလံုထဲမွာ ပါ၀င္ပစၥည္းမ်ား အကုန္ထည့္ျပီး ေဖ်ာ္ေပးပါ။

( ငရုတ္ေဆာ့စ္နဲ႔ တြဲဖက္စားလည္း ရပါတယ္ )

– ဟင္းခ်ဳိရည္ခ်က္ရန္

ၾကက္ဆီထမင္း ခ်က္ရာတြင္ ပိုေနေသာ ၾကက္႐ိုးမ်ားကို ေရသင့္႐ံုထည့္ျပီး ဆားႏွင့္အခ်ဳိမွဳန္႕ထည့္ကာ ေရဆူေအာင္ တည္ေပးပါ။
ေရပြက္ပြက္ဆူလာပါက အ႐သာျမည္းျပီး ၾကက္သြန္မိတ္ႏွင့္ င႐ုတ္ေကာင္းကို အနည္းငယ္ ခပ္ေပးပါ။
အခုဆိုရင္ေတာ့ အရသာရွိတဲ့ ၾကက္ဆီထမင္းေပါင္းကို မိသားစု၊ အေပါင္းအသင္းေတြနဲ႔အတူ ေပ်ာ္ေပ်ာ္ပါးပါး စားလို႔ရၿပီေပါ့။

[ Unicode ]

ကြက်ပေါင်းအိအိလေးနဲ့ ဘယ်အချိန်စားစား မရိုးနိုင်တဲ့ နာမည်ကြီး ကြက်ဆီထမင်းချက်နည်းကို Trend ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ ( လူ ၅ ဦးအတွက် )
၁။ ကြက်တကောင် – တစ်ကီလိုခန့်
၂။ ဘာစမာတီဆန် – ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၄ဗူး
၃။ ကြက်အဆီဖတ် – ၅ခုခန့် သို့မဟုတ် ကြက်အရည်ခွံ ၅ခုခန့်
၄။ စပါးလင် – ၈လက်မခန့်
၅။ ကြက်သွန်နီ – ခပ်ကြီးကြီး တစ်လုံး
၆။ ကြက်သွန်ဖြူ – အမွှာကြီးကြီး အမွှာ၂၀ခန့် (အချဉ်စပ်ရန် ကြက်ပြုတ်ရန်နှင့် ဆန်ကို ဆီသတ်ရန် ခွဲသုံးပါ)
၇။ ကြက်သွန်မိတ် – ၃ပင်
၈။ ချင်း – နှစ်လက်မခန့် (အချဉ်စပ်ရန် ကြက်ပြုပ်နှင့် ဆန်ဆီသတ်ရန် ခွဲသုံးပါ )
၉။ နံနံပင် – အနည်းငယ်
၁၀။ ငရုတ်သီးစိမ်း – ၅တောင့်
၁၁။ သံပုရာသီး – တစ်ခြမ်း
၁၂။ ပျားရည် – ထမင်းစားဇွန်း တဝက် (ပျားရည်မရှိက သကြား ထမင်းစားဇွန်း တဇွန်းသုံးပါ)
၁၃။ ပဲငံပြာရည်အကျဲ – ထမင်းစားဇွန်း ၃ဇွန်း
၁၄။ သခွားသီး – အနည်းငယ်
၁၅။ အချိုမှုန့် – လက်ဖက်ရည်ဇွန်း ၂ဇွန်းခွဲ (ဟင်းချိုနှင့် ကြက်ပြုတ်တွင်သုံးရန်) ( မထည့်လည်း ရပါတယ်)
၁၆။ ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်းခွဲ ( ကြက်ပြုပ်ထဲ ၂ဇွန်းထည့်ရန်နှင် ပိုတာကို ဟင်းချိုရည်ထဲ ထည့်ရန်)
၁၇။ ရေ – လိုသလောက် သုံးပေးပါ
၁၈။ ကြက်ပြုတ်ရည် – ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၈ဗူး (ထမင်းချက်ရန်)

– ကြက်သားပြုပ်ရန် ပါဝင်ပစ္စည်းများ

ကြက်အကောင်လိုက်မှ မလိုသော ကြက်မွှေးများ ခြေထောက်နှင့် ဗိုက်အတွင်းမှ ကလီစာများထုတ်၍ သန့်စင်အောင် ဆေးပေးထားပါ။
ကြက်သွန်ဖြူ ၄မွှာကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ပေးထားပါ။
ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ လေးခြမ်း စိတ်ထားပါ။
ချင်းခပ်ပါးပါး ၇ပြားခန့်ကို အခွံခွာပြီး ရေစင်အောင်ဆေးပြီး ဓါးပြားရိုက်ထားပါ။
ကြက်သွန်မိတ်ကို တလက်မ အရှည်ခန့်လှီးထားပါ။
စပါးလင်ကို ၂လက်မအရွယ် လေးပိုင်းပိုင်း၍ အနည်းငယ် ထုပေးထားပါ။
ဇောက်နက်သော အိုးတလုံးထဲမှာ ကြက်သား ချင်း ဆား လက်ဖက်ရည်ဇွန်း တဇွန်းခွဲ အချိုမှုန့် လက်ဖက်ရည်ဇွန်း ၂ဇွန်း ကြက်သွန်ဖြူ ၄မွှာ ကြက်သွန်နီ ကြက်သွန်မိတ်တို့နှင့် ရေမြုပ်အောင်ထည့်ကာ ဟင်းရည်များ ဝေမကျစေရန် အဖုံးမဖုံးဘဲ မီးအားကောင်းကောင်းနဲ့ ပြုပ်ပေးပါ။
ဟင်းရည်များ ဆူလာပြီဆိုတာနဲ့ မီးကိုအနေတော်သို့ လျှော့ကာ အဖုံးဖုံးပြီး ပြုပ်ပေးပါ။
တဖက်ကို မိနစ်၂၀ခန့်ပြုပ်ပေးပြီး နောက်တဖက်ကို အရည်ခွံများ လန်မထွက်စေရန် အသာလှန်ပေးပြီး မိနစ်၂၀ခန့် ဆက်ပြုပ်ပေးပါ။
မိနစ်၄၀ခန့် ပြုပ်ပေးပြီးတာနဲ့ အအေးခံပြီး မိမိနှစ်သက်သည့်ပုံစံ ခုတ်ပေးထားပါ။

– ထမင်းချက်ရန် ပြင်ဆင်ပုံ
ဆန်ကို ရေဆေးပြီး စစ်ထားပါ။
ချင်း လက်တဆစ်လောက်ကို အခွံခွာပြီး ထောင်းထားပါ။
ကြက်သွန်ဖြူ ၄မွှာကို အခွံခွာပြီး ထောင်းထားပါ။
ဆား အနည်းငယ်ကို ပြင်ထားပါ။
ကြက်အဆီဖတ်ကို ရေဆေးထားပါ။
ဆီ ထမင်းစားဇွန်း ၂ဇွန်း
ဒယ်အိုးတလုံးကို အပူပေးပါ။
ပူလာတာနဲ့ ဆီ ကြက်ဆီဖတ် ကြက်သွန်ဖြူ ချင်းတို့ကို ထည့်ပြီးကြော်ပေးပါ။
ကြက်ဆီဖတ်များ ပျော်လာပြီး ကြက်သွန်ဖြူနှင့် ချင်းတို့မွှေးလာပါက မပျော်သေးတဲ့ ကြက်ဆီဖတ်များကို ဖယ်ပေးပြီး လွှင့်ပလိုက်ပါ။
ပြီးတာနဲ့ ရေဆေးပြီး စစ်ထားသော ဆန်ကို ထည့်ကြော်ပေးပါ။
၂မိနစ်လောက် ကြော်ပေးပြီး ဆန်သားကြည်လာတာနဲ့ ကြော်ထားသောဆန်နှင့် ကြက်ပြုပ်ရည်ကို ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၈ဗူးထည့်ပြီး ချက်ပေးပါ။
သုံးသော ဆန်အနေအထားပေါ် မူတည်ပြီး ရေကိုထည့်ပါ။
ဆန်ပျော့ကို ချက်ပါက ပုံမှန်အတိုင်း ရေကိုထည့်ပြီး ဆန်မာကိုသုံးပါက ရေပိုထည့်ပါ။
ဆန်အမာ သုံးထားသည့်အတွက် ရေကိုပိုသုံးထားပါတယ်။
ထမင်းအိုး ရေဆူလာပါက အထက်အောက် သမအောင် နှစ်ချက် သုံးချက်လောက် မွှေပေးပါ။
ထမင်းအိုး ခလုပ်တက်ပါက ကြက်ဆီထမင်း ကျက်ပါပြီ။

ထမင်းနှင့် တွဲစားရန် သခွားသီးကို လှီးပေးထားပါ။

– ကြက်ဆီထမင်းနှင့် တွဲစားရန် sauce စပ်ရန်
ချင်း လက်တဆစ်ခန့်ကို ညက်နေအောင် ထောင်းထားပါ။
ငရုတ်သီးစိမ်းကို ညက်နေအောင် ထောင်းထားပါ။
ကြက်သွန်ဖြူကို မညက်တညက် ထောင်းထားပါ။
နံနံပင်ကို မညက်တညက် ထောင်းထားပါ။
ပဲငံပြာရည် သံပုရာရည် ပျားရည်တို့ကိုပြင်ထားပါ။
ပျားရည် သို့မဟုတ် သကြားကို ပြင်ထားပါ။
ရေနွေး အအေးခံပြီးသား ထမင်းစားဇွန်း ၃ဇွန်းကို ပြင်ပေးထားပါ။
ဇလုံထဲမှာ ပါဝင်ပစ္စည်းများ အကုန်ထည့်ပြီး ဖျော်ပေးပါ။

( ငရုတ်ဆော့စ်နဲ့ တွဲဖက်စားလည်း ရပါတယ် )

– ဟင်းချိုရည်ချက်ရန်

ကြက်ဆီထမင်း ချက်ရာတွင် ပိုနေသော ကြက်ရိုးများကို ရေသင့်ရုံထည့်ပြီး ဆားနှင့်အချိုမှုန့်ထည့်ကာ ရေဆူအောင် တည်ပေးပါ။
ရေပွက်ပွက်ဆူလာပါက အရသာမြည်းပြီး ကြက်သွန်မိတ်နှင့် ငရုတ်ကောင်းကို အနည်းငယ် ခပ်ပေးပါ။
အခုဆိုရင်တော့ အရသာရှိတဲ့ ကြက်ဆီထမင်းပေါင်းကို မိသားစု၊ အပေါင်းအသင်းတွေနဲ့အတူ ပျော်ပျော်ပါးပါး စားလို့ရပြီပေါ့။

Ref; asianfood

1K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.