အိုေသြးပိုင္ရွင္တို႔နဲ႔ လိုက္ဖက္သူမ်ား

ကိုယ္စီ ပိုင္ဆိုင္ၾကတဲ့ ေသြးအမ်ိဳးအစားအလိုက္ လုိက္ဖက္တဲ့ ခ်စ္သူစံုတြဲေလးေတြအေၾကာင္းကို Trend ပရိသတ္ႀကီးအတြက္ ေဖာ္ျပေပးလိုက္ပါတယ္။ ပရိသတ္ႀကီးတုိ႔ေကာ လိုက္ဖက္တဲ့ စံုတြဲေလးေတြ ျဖစ္ရဲ႕လားဆိုတာ ေျပာခဲ့ၾကဦးေနာ္။

အို- ေအ (၁၀၀%)
အိုေသြး ေယာကၤ်ားေလးမ်ားရဲ႕ လြတ္လြတ္လပ္လပ္ ေနတတ္တဲ့ သေဘာနဲ႕ ေအေသြးပိုင္ရွင္ မိန္းကေလးမ်ားရဲ႕ အေလးနက္ထားတတ္တဲ့ အက်င့္ေတြကို ေပါင္းစပ္လိုက္ရင္ေတာ့ သဘာ၀က်တဲ့ အတြဲကို ျဖစ္ေစပါတယ္။ ေအေသြးပိုင္ရွင္မိန္းကေလးမ်ားကေတာ့ အိုေသြးပိုင္ရွင္ ေယာကၤ်ားေလးမ်ားကို အိုေအစစ္လို ေအးျမေစခ်င္ၾကပါတယ္တဲ့။ အျမဲတမ္း ကံေကာင္းမႈကို ျဖစ္ေစပါတယ္တဲ့။ မိတ္ေဆြအဆင့္ဆိုရင္ေတာ့ အက်ိဳးရွိေစမယ့္ စကားမ်ားကို ဖလွယ္ရင္းနဲ႕ ခင္မင္မႈကို ပိုမို ျဖစ္ေစပါတယ္။ အခ်င္းခ်င္း ေနာက္ေျပာင္ေျပာဆိုတဲ့ အခါမွာလည္း အျပန္အလွန္ ဖလွယ္ႏိုင္တာေၾကာင့္ လိုက္ဖက္ညီတဲ့ အတြဲေလးလည္း ျဖစ္ႏိုင္ပါတယ္တဲ့။

အို-ဘီ (၇၅%)
မိန္းကေလးဘက္က လိုက္ကပ္ေနတတ္တဲ့ အေျခအေနမ်ိဳးေတြ ရွိပါတယ္တဲ့။ အျမဲတမ္း ဘီေသြးမိန္းကေလးမ်ားရဲ႕ စိတ္အသြားအလာကိုလည္း မခန္႕မွန္းႏိုင္ေလာက္ေအာင္ပါတဲ့။ စိတ္ကေတာ့ ၾကင္ၾကင္နာနာ ဆက္ဆံခ်င္ေပမယ့္ လုပ္လိုက္တဲ့ အလုပ္တိုင္းကေတာ့ အဆင္မေျပတာခ်ည္းပါပဲ။ ဒါေပမယ့္ မိန္းကေလးဘက္ကေတာ့ သင့္ကို ေကာင္းေကာင္း ဆံုးျဖတ္ႏိုင္စြမ္းရွိတဲ့ ေယာကၤ်ားတစ္ေယာက္လို႕ ယံုၾကည္ေနတတ္ပါတယ္။ ဒီအခ်က္ကို သတိထားျပီး သူမကို ဆြဲေဆာင္ပါတဲ့။ ဒီလိုသာ လုပ္မယ္ဆိုရင္ေတာ့ ပိုျပီးခ်စ္လာႏိုင္ပါတယ္တဲ့။ အခ်င္းခ်င္း အေလးထားတာေရာ ကတိကိုတည္ခ်င္တဲ့ စိတ္ဓါတ္ေတြအားလံုးေၾကာင့္ အခ်င္းခ်င္း သစၥာေဖာက္တာမ်ိဳး လံုး၀မရွိပါဘူး။ တကယ္ေတာ့ အိုေသြးပိုင္ရွင္ေယာကၤ်ားေလးမ်ားက ကေလးဆန္ျပီး ခၽြဲတတ္တဲ့ မိန္းကေလးမ်ိဳးကို လိုလားသလို အိုေသြးမိန္းကေလးမ်ားကလည္း ၾကင္နာျပီး ေႏြးေထြးတဲ့ ေယာကၤ်ားမ်ိဳးကို လိုလားပါတယ္တဲ့။ ဒီအခ်က္မွာေတာ့ နည္းနည္း အဆင္မသင့္တာမ်ိဳးေတာ့ ရွိတတ္ပါတယ္။

အို-အို (၄၀%)
အခ်င္းခ်င္း အရမ္းကို လိုက္ဖက္ညီတယ္လို႕ ထင္ရပါတယ္။ သာမန္ ေယာကၤ်ားေလးနဲ႕ မိန္းကေလးၾကားမွာ မေျပာႏိုင္ေလာက္တဲ့ အေၾကာင္းေတြကိုေတာင္ ေျပာႏိုင္ေလာက္ေအာင္ ရင္းႏွီးႏိုင္ပါတယ္တဲ့။ အခ်င္းခ်င္း ေယာကၤ်ားမိန္းမရယ္လို႕ မေတြးပဲ သူငယ္ခ်င္းအေနနဲ႕ ဆက္ဆံတတ္ၾကပါတယ္။ လမ္းမွာ သူေတာင္းစားမ်ား ေတြ႕ရင္ ဒီတိုင္းမသြားႏိုင္ပါဘူး။ စိတ္ထားေကာင္းတယ္လို႕ ဆိုလိုလို႕ရပါတယ္။ အိုေသြးအခ်င္းခ်င္း အားလံုး အိုေကမွာပဲလို႕ ထင္ႏိုင္ၾကေပမယ့္ တကယ္ေတာ့ အဲဒီလို မဟုတ္ပါဘူး။ လိုက္ဖက္မႈ ရာခိုင္ႏႈန္းက ၄၀%ပါ။

အို- ေအဘီ (၉၅%)
အခ်င္းခ်င္း သိပ္အဆင္မေျပဘူးလို႕ ထင္ရတဲ့ အတြဲပါ။ တစ္ကုိယ္ေကာင္းဆန္တတ္တဲ့ အက်င့္ေလးေတြေၾကာင့္ စိတ္အခန္႕မသင့္တာေလးေတြ ရွိတတ္ပါတယ္။ ရန္ျဖစ္ရာကေန သံေယာစဥ္တြယ္တတ္တဲ့ အတြဲေတြလည္း ရွိႏိုင္ပါတယ္။ အခ်င္းခ်င္း လက္ေတြ႕က်က် စဥ္းစား ကပ္သပ္ေနတတ္တဲ့ အတြက္ သူမ်ားေတြ အျမင္မွာေတာ့ နည္းနည္း စိတ္ပင္ပန္းေနရတတ္ပါတယ္။ ဒါေပမယ့္ လိုက္ဖက္ညီမယ့္ ရာခိုင္ႏႈန္းကေတာ့ ၉၅% ပါ။

[ Unicode ]

ကိုယ်စီ ပိုင်ဆိုင်ကြတဲ့ သွေးအမျိုးအစားအလိုက် လိုက်ဖက်တဲ့ ချစ်သူစုံတွဲလေးတွေအကြောင်းကို Trend ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။ ပရိသတ်ကြီးတို့ကော လိုက်ဖက်တဲ့ စုံတွဲလေးတွေ ဖြစ်ရဲ့လားဆိုတာ ပြောခဲ့ကြဦးနော်။

အို- အေ (၁၀၀%)
အိုသွေး ယောင်္ကျားလေးများရဲ့ လွတ်လွတ်လပ်လပ် နေတတ်တဲ့ သဘောနဲ့ အေသွေးပိုင်ရှင် မိန်းကလေးများရဲ့ အလေးနက်ထားတတ်တဲ့ အကျင့်တွေကို ပေါင်းစပ်လိုက်ရင်တော့ သဘာဝကျတဲ့ အတွဲကို ဖြစ်စေပါတယ်။ အေသွေးပိုင်ရှင်မိန်းကလေးများကတော့ အိုသွေးပိုင်ရှင် ယောင်္ကျားလေးများကို အိုအေစစ်လို အေးမြစေချင်ကြပါတယ်တဲ့။ အမြဲတမ်း ကံကောင်းမှုကို ဖြစ်စေပါတယ်တဲ့။ မိတ်ဆွေအဆင့်ဆိုရင်တော့ အကျိုးရှိစေမယ့် စကားများကို ဖလှယ်ရင်းနဲ့ ခင်မင်မှုကို ပိုမို ဖြစ်စေပါတယ်။ အချင်းချင်း နောက်ပြောင်ပြောဆိုတဲ့ အခါမှာလည်း အပြန်အလှန် ဖလှယ်နိုင်တာကြောင့် လိုက်ဖက်ညီတဲ့ အတွဲလေးလည်း ဖြစ်နိုင်ပါတယ်တဲ့။

အို-ဘီ (၇၅%)
မိန်းကလေးဘက်က လိုက်ကပ်နေတတ်တဲ့ အခြေအနေမျိုးတွေ ရှိပါတယ်တဲ့။ အမြဲတမ်း ဘီသွေးမိန်းကလေးများရဲ့ စိတ်အသွားအလာကိုလည်း မခန့်မှန်းနိုင်လောက်အောင်ပါတဲ့။ စိတ်ကတော့ ကြင်ကြင်နာနာ ဆက်ဆံချင်ပေမယ့် လုပ်လိုက်တဲ့ အလုပ်တိုင်းကတော့ အဆင်မပြေတာချည်းပါပဲ။ ဒါပေမယ့် မိန်းကလေးဘက်ကတော့ သင့်ကို ကောင်းကောင်း ဆုံးဖြတ်နိုင်စွမ်းရှိတဲ့ ယောင်္ကျားတစ်ယောက်လို့ ယုံကြည်နေတတ်ပါတယ်။ ဒီအချက်ကို သတိထားပြီး သူမကို ဆွဲဆောင်ပါတဲ့။ ဒီလိုသာ လုပ်မယ်ဆိုရင်တော့ ပိုပြီးချစ်လာနိုင်ပါတယ်တဲ့။ အချင်းချင်း အလေးထားတာရော ကတိကိုတည်ချင်တဲ့ စိတ်ဓါတ်တွေအားလုံးကြောင့် အချင်းချင်း သစ္စာဖောက်တာမျိုး လုံးဝမရှိပါဘူး။ တကယ်တော့ အိုသွေးပိုင်ရှင်ယောင်္ကျားလေးများက ကလေးဆန်ပြီး ချွဲတတ်တဲ့ မိန်းကလေးမျိုးကို လိုလားသလို အိုသွေးမိန်းကလေးများကလည်း ကြင်နာပြီး နွေးထွေးတဲ့ ယောင်္ကျားမျိုးကို လိုလားပါတယ်တဲ့။ ဒီအချက်မှာတော့ နည်းနည်း အဆင်မသင့်တာမျိုးတော့ ရှိတတ်ပါတယ်။

အို-အို (၄၀%)
အချင်းချင်း အရမ်းကို လိုက်ဖက်ညီတယ်လို့ ထင်ရပါတယ်။ သာမန် ယောင်္ကျားလေးနဲ့ မိန်းကလေးကြားမှာ မပြောနိုင်လောက်တဲ့ အကြောင်းတွေကိုတောင် ပြောနိုင်လောက်အောင် ရင်းနှီးနိုင်ပါတယ်တဲ့။ အချင်းချင်း ယောင်္ကျားမိန်းမရယ်လို့ မတွေးပဲ သူငယ်ချင်းအနေနဲ့ ဆက်ဆံတတ်ကြပါတယ်။ လမ်းမှာ သူတောင်းစားများ တွေ့ရင် ဒီတိုင်းမသွားနိုင်ပါဘူး။ စိတ်ထားကောင်းတယ်လို့ ဆိုလိုလို့ရပါတယ်။ အိုသွေးအချင်းချင်း အားလုံး အိုကေမှာပဲလို့ ထင်နိုင်ကြပေမယ့် တကယ်တော့ အဲဒီလို မဟုတ်ပါဘူး။ လိုက်ဖက်မှု ရာခိုင်နှုန်းက ၄၀%ပါ။

အို- အေဘီ (၉၅%)
အချင်းချင်း သိပ်အဆင်မပြေဘူးလို့ ထင်ရတဲ့ အတွဲပါ။ တစ်ကိုယ်ကောင်းဆန်တတ်တဲ့ အကျင့်လေးတွေကြောင့် စိတ်အခန့်မသင့်တာလေးတွေ ရှိတတ်ပါတယ်။ ရန်ဖြစ်ရာကနေ သံယောစဉ်တွယ်တတ်တဲ့ အတွဲတွေလည်း ရှိနိုင်ပါတယ်။ အချင်းချင်း လက်တွေ့ကျကျ စဉ်းစား ကပ်သပ်နေတတ်တဲ့ အတွက် သူများတွေ အမြင်မှာတော့ နည်းနည်း စိတ်ပင်ပန်းနေရတတ်ပါတယ်။ ဒါပေမယ့် လိုက်ဖက်ညီမယ့် ရာခိုင်နှုန်းကတော့ ၉၅% ပါ။

Ref; bloodtype

686 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.