ႏုပ်ိဳစိုေျပတဲ့ ပန္းေသြးႏုေရာင္ အသားအေရပိုင္ရွင္ျဖစ္ဖို႔ နည္းလမ္းေကာင္းမ်ား

ႏုနယ္ပ်ိဳျမစ္တဲ့ ဟန္ပန္ကို ေပးစြမ္းတဲ့ ပန္းေသြးႏုေရာင္ အသားအေရပိုင္ဆိုင္မဲ့ နည္းလမ္းေကာင္းေတြကို Trend ပရိသတ္ႀကီးအတြက္ ေဝမၽွေပးလိုက္ပါတယ္ေနာ္။

၁။ ဗီတာမင္စီ မ်ားမ်ားစားပါ
ဗီတာမင္စီက အသားအေရ ၾကည္လင္ေတာက္ပေစရံုသာမကအေရျပားရဲ႕အဓိကအရာျဖစ္တဲ့ေကာ္လဂ်င္ ကိုလည္း ေထာက္ပံ့ထိန္းထားေပးႏိုင္လို႔ အေရျပားတင္းတင္းရင္းရင္းလည္း ျဖစ္ေစပါတယ္။ ဗီတာမင္စီ ႂကြယ္ဝတဲ့အသီးအႏွံေတြကေတာ့ အရည္ရႊမ္းၿပီး ခ်ဥ္တဲ့အသီးေတြျဖစ္တဲ့ လီမြန္သီး၊ လိေမၼာ္သီး၊ ဘယ္ရီသီး၊ စေတာ္ဘယ္ရီ၊ ခရမ္းခ်ဥ္သီးန ဲ႔အသီးအရြက္ အမ်ဳိးမ်ဳိး ျဖစ္ပါတယ္။ ဗီတာမင္စီပါဝင္တဲ့အားေဆးကို တစ္ေန႔ ႏွစ္ရာ့ငါးဆယ္မီလီဂရမ္လည္း ပံုမွန္ေသာက္လို႔ရပါတယ္။

၂။ ဗီတာမင္ေအ ပိုစားပါ
အသားအေရမွာ ရက္တီေနာ္လို႔ေခၚတဲ့ ဗီတာမင္ေအ လည္း ပါဝင္ပါတယ္။ အေရျပား တင္းရင္းမႈမရွိဘဲ ေလ်ာ့တိေလ်ာ့ရဲျဖစ္ေနရတာက ဗီတာမင္ေအ ဓာတ္ ေလ်ာ့နည္းလို႔ျဖစ္ပါတယ္။ ဗီတာမင္ေအ ပါဝင္တဲ့ အစားအစာေတြက အဆီမပါတဲ့ ႏြားႏို႔၊ ကမာနဲ႔ ၾကက္ဥအႏွစ္တို႔ ျဖစ္ပါတယ္။ ေနေရာင္ျခည္ေၾကာင့္ အသားအေရ ပ်က္စီးမႈကို ေလ်ာ့နည္းေအာင္ လုပ္ေပးတဲ့ ဗီတာမင္ေအရဲ႕ ဓာတ္တစ္ခုျဖစ္တဲ့ ဘီတာကယ္ရိုတင္းပါတဲ့ မုန္လာဥနီ၊ ဖရဲသီး၊ သေဘာၤသီး၊ ခရမ္းခ်ဥ္သီးေတြစားရင္လည္း ဗီတာမင္ေအဓာတ္ကို ရရွိႏိုင္ပါတယ္။

၃။ ေနေရာင္ျခည္နဲ႔ ေလထုညစ္ညမ္းမႈကို တတ္ႏိုင္သမွ်ေရွာင္ပါ
ေနေရာင္ျခည္မွာပါတဲ့ ယဗီေအ၊ ယူဗီဘီလႈိင္းေတြက ပ်က္စီးေနတဲ့အေရျပားဆဲလ္ျပဳျပင္မႈနဲ႔ ဆဲလ္ေသ ဖယ္ရွားကို ေႏွးေစလို႔ အေရျပားအတြက္ အႏၱရာယ္ရွိပါတယ္။ အျပင္သြားတိုင္း အနည္းဆံုး ေနေရာင္ကာ အစြမ္း တစ္ဆယ့္ငါးခန္႔ ပါတဲ့ ေနေရာင္ကာ လိမ္းေဆးလိမ္းပါ။ ေလထုညစ္ညမ္းမႈကလည္း အသားအေရမြဲေျခာက္တာနဲ႔ ဝက္ၿခံေပါက္တာေတြရဲ႕ အဓိကတရားခံျဖစ္ပါတယ္။

၄။ အသားအေရၾကည္လင္ျဖဴဝင္းေစတဲ့ အလွကုန္ပစၥည္းေတြသံုးပါ
အသားအေရၾကည္လင္ေစတဲ့ အလွကုန္ပစၥည္းေတြမွာ ပါဝင္တဲ့ဓာတ္ေပါင္းေတြက မယ္လနင္ ထုတ္လုပ္မႈကို ေလ်ာ့နည္းေစလို႔အေရျပားကို ျဖဴဝင္းၾကည္လင္ေစပါတယ္။ ဒါေပမယ့္ ေနပူထဲ ေရရွည္ထြက္ရင္ အေရျပား ကင္ဆာျဖစ္ႏိုင္တဲ့ ဆိုးက်ိဳးရွိပါတယ္။ အေရာင္ခြ်တ္တဲ့နည္းလမ္းကေတာ့ အသားအေရနဲ႔ မတည့္ဘဲ ဓာတ္မတည့္တာ ျဖစ္တာ၊ အေရျပားေလာင္တာေတြ ျဖစ္ႏိုင္ပါတယ္။

၅။ ေရေသာက္ပါ
ေရကို လံုေလာက္စြာေသာက္ေပးရင္ အေရျပား အစိုဓာတ္ကိုရရွိေစပါတယ္။

၆။ ေလ့က်င့္ခန္း ပံုမွန္လုပ္ပါ
တစ္ေန႔ကို မိနစ္ သံုးဆယ္မွ ေျခာက္ဆယ္အထိ ေလ့က်င့္ခန္းပံုမွန္ လုပ္ေပးရင္ စိတ္ဖိစီးမႈကို ေလ်ာ့နည္းေစၿပီး ခႏၶာကိုယ္အညစ္အေၾကးေတြကို စြန္႔ထုတ္ေပးကာ အသားအေရ ၾကည္လင္လွပေစပါတယ္။

၇။ သဘာဝ သၾကားညိဳကို သံုးပါ
မ်က္ႏွာကို အသာအယာပြတ္ၿပီး အသားအေရ ဂ်ီးခြ်တ္ေပးႏိုင္ပါတယ္။ ပံုမွန္နဲ႔ အဆီျပန္တဲ့ အသားအေရပိုင္ရွင္ေတြအေနနဲ႔ သၾကားညိဳကို ပ်ားရည္နဲ႔ေရာၿပီး အသားေျခာက္တဲ့ သူအေနနဲ႔ ဆီအနည္းငယ္နဲ႔ ေရာၿပီးသံုးႏို္င္ပါတယ္။

၈။ လီမြန္သီးကို အသံုးျပဳပါ
လီမြန္သီးနဲ႔ ေရကိုအခ်ဳိးအဆ တူေရာၿပီး မ်က္ႏွာေပၚျဖန္းေပးရင္ အသားအေရ ၾကည္လင္လာပါလိမ့္မယ္။ ဒါေပမယ့္ ေနပူထဲ ေရရွည္ထြက္တာကိုေတာ့ ေရွာင္ပါ။ အသားအေရ ၾကည္လင္ျဖဴဝင္းေစတဲ့ပစၥည္းေတြ သံုးတိုင္းသတိထားရမယ့္အခ်က္မွာ ေနပူထဲထြက္တိုင္း ေနေရာင္ကာလိမ္းေဆး လိမ္းၿပီး အကာအကြယ္မ်ားသံုးပါ။ တစ္ပတ္ကို သံုးႀကိမ္-ေလးႀကိမ္ခန္႔ လီမြန္သီး အရည္သီးသန္႔သံုးၿပီး မ်က္ႏွာေပၚကပ္ေပးပါ။ အခ်ိန္ၾကာရင္ အသားအေရ ၾကည္လင္လာပါလိမ့္မယ္။ လီမြန္သီးအရည္က အသားအေရကို ေျခာက္ေသြ႔ေစႏိုင္လို႔ ေန႔တိုင္းမသံုးရပါ။

၉။ မ်က္ႏွာေပါင္းတင္ကပ္ခြာေတြကို ကိုယ္တိုင္လုပ္ၾကည့္ပါ

သခြားသီးတစ္လံုး၊
လီမြန္ရည္လက္ဖက္ရည္ခြက္ ေလးပံုတစ္ပံု၊
ပ်ားရည္ ငါးဇြန္း၊ ႏြားႏို႔ ငါးဇြန္းေရာၿပီး ေဖ်ာ္ရည္စက္နဲ႔ေမႊပါ။
အရည္ကို ပန္းကန္လံုးထဲမွာ ထည့္ၿပီး ေစးကပ္တဲ့အထိ ေမႊၿပီး ေရခဲေသတၱာမွာ ေျခာက္နာရီခန္႔ အေအးခံထားပါ။ေ ရခ်ိဳးၿပီးတုိင္း မ်က္ႏွာေပၚတြင္ တစ္ဆယ့္ငါးမိနစ္ကေန မိနစ္ႏွစ္ဆယ္ခန္႔ကပ္ပါ။ အခ်ိန္ျပည့္ရင္ ေရေႏြးနဲ႔မ်က္ႏွာေဆးၿပီး သန္႔ရွင္းေျခာက္ေသြ႔တဲ့ အေမႊးပြမ်က္ႏွာသုတ္ပုဝါနဲ႔သုတ္ေပးပါ။

၁၀။ တျခားအိမ္တြင္းရွိ ပစၥည္းေတြလည္း သံုးႏိုင္ပါတယ္
အိမ္မွာလြယ္တကူ ရရွိႏိုင္တဲ့ ပစၥည္းေတြသံုးၿပီးလည္း ပန္းေသြးေရာင္သန္းၿပီး ၾကည္လင္တဲ့ အသားအေရကို ရရွိေစႏိုင္ပါတယ္။

အာလူးကိုေၾကေအာင္ေထာင္းၿပီး ႏြားႏို႔အနည္းငယ္ထည့္ ေမႊကာမ်က္ႏွာေပၚတြင္ တစ္ဆယ့္ ငါးမိနစ္ခန္႔ကပ္ပါ။ အာလူးကို အစိမ္းလိုက္ ပါးပါးလွီးၿပီး အာလူးခ်ပ္်တြကိုမ်က္ႏွာတြင္ တစ္ဆယ့္ ငါးမိနစ္ခန္႔လည္း ကပ္ႏိုင္ပါတယ္။ အာလူးမွာ အေရာင္ခြ်တ္ေပးႏိုင္တဲ့ အာနိသင္ရွိလို႔ အသားအေရ ၾကည္လင္လာပါလိမ့္မယ္။
ခရမ္းခ်ဥ္သီးနဲ႔ လီမြန္ရည္အနည္းငယ္ ေရာေမႊကာမ်က္ႏွာေပၚ တစ္ဆယ့္ငါးမိနစ္ခန္႔လည္း ကပ္ႏိုင္ပါတယ္။ခရမ္းခ်ဥ္သီးမွာလည္း အေရာင္ခြ်တ္ေပးႏိုင္တဲ့ အစြမ္းရွိပါတယ္။

အားလံုးပဲပန္းေသြးေရာင္သန္းၿပီး ၾကည္လင္တဲ့အသားအေရကိုရႏိုင္ပါေစေနာ္။

[ Unicode ]

နုနယ်ပျိုမြစ်တဲ့ ဟန်ပန်ကို ပေးစွမ်းတဲ့ ပန်းသွေးနုရောင် အသားအရေပိုင်ဆိုင်မဲ့ နည်းလမ်းကောင်းတွေကို Trend ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်နော်။

၁။ ဗီတာမင်စီ များများစားပါ
ဗီတာမင်စီက အသားအရေ ကြည်လင်တောက်ပစေရုံသာမကအရေပြားရဲ့အဓိကအရာဖြစ်တဲ့ကော်လဂျင် ကိုလည်း ထောက်ပံ့ထိန်းထားပေးနိုင်လို့ အရေပြားတင်းတင်းရင်းရင်းလည်း ဖြစ်စေပါတယ်။ ဗီတာမင်စီ ကြွယ်ဝတဲ့အသီးအနှံတွေကတော့ အရည်ရွှမ်းပြီး ချဉ်တဲ့အသီးတွေဖြစ်တဲ့ လီမွန်သီး၊ လိမ္မော်သီး၊ ဘယ်ရီသီး၊ စတော်ဘယ်ရီ၊ ခရမ်းချဉ်သီးန ဲ့အသီးအရွက် အမျိုးမျိုး ဖြစ်ပါတယ်။ ဗီတာမင်စီပါဝင်တဲ့အားဆေးကို တစ်နေ့ နှစ်ရာ့ငါးဆယ်မီလီဂရမ်လည်း ပုံမှန်သောက်လို့ရပါတယ်။

၂။ ဗီတာမင်အေ ပိုစားပါ
အသားအရေမှာ ရက်တီနော်လို့ခေါ်တဲ့ ဗီတာမင်အေ လည်း ပါဝင်ပါတယ်။ အရေပြား တင်းရင်းမှုမရှိဘဲ လျော့တိလျော့ရဲဖြစ်နေရတာက ဗီတာမင်အေ ဓာတ် လျော့နည်းလို့ဖြစ်ပါတယ်။ ဗီတာမင်အေ ပါဝင်တဲ့ အစားအစာတွေက အဆီမပါတဲ့ နွားနို့၊ ကမာနဲ့ ကြက်ဥအနှစ်တို့ ဖြစ်ပါတယ်။ နေရောင်ခြည်ကြောင့် အသားအရေ ပျက်စီးမှုကို လျော့နည်းအောင် လုပ်ပေးတဲ့ ဗီတာမင်အေရဲ့ ဓာတ်တစ်ခုဖြစ်တဲ့ ဘီတာကယ်ရိုတင်းပါတဲ့ မုန်လာဥနီ၊ ဖရဲသီး၊ သဘောၤသီး၊ ခရမ်းချဉ်သီးတွေစားရင်လည်း ဗီတာမင်အေဓာတ်ကို ရရှိနိုင်ပါတယ်။

၃။ နေရောင်ခြည်နဲ့ လေထုညစ်ညမ်းမှုကို တတ်နိုင်သမျှရှောင်ပါ
နေရောင်ခြည်မှာပါတဲ့ ယဗီအေ၊ ယူဗီဘီလှိုင်းတွေက ပျက်စီးနေတဲ့အရေပြားဆဲလ်ပြုပြင်မှုနဲ့ ဆဲလ်သေ ဖယ်ရှားကို နှေးစေလို့ အရေပြားအတွက် အန္တရာယ်ရှိပါတယ်။ အပြင်သွားတိုင်း အနည်းဆုံး နေရောင်ကာ အစွမ်း တစ်ဆယ့်ငါးခန့် ပါတဲ့ နေရောင်ကာ လိမ်းဆေးလိမ်းပါ။ လေထုညစ်ညမ်းမှုကလည်း အသားအရေမွဲခြောက်တာနဲ့ ဝက်ခြံပေါက်တာတွေရဲ့ အဓိကတရားခံဖြစ်ပါတယ်။

၄။ အသားအရေကြည်လင်ဖြူဝင်းစေတဲ့ အလှကုန်ပစ္စည်းတွေသုံးပါ
အသားအရေကြည်လင်စေတဲ့ အလှကုန်ပစ္စည်းတွေမှာ ပါဝင်တဲ့ဓာတ်ပေါင်းတွေက မယ်လနင် ထုတ်လုပ်မှုကို လျော့နည်းစေလို့အရေပြားကို ဖြူဝင်းကြည်လင်စေပါတယ်။ ဒါပေမယ့် နေပူထဲ ရေရှည်ထွက်ရင် အရေပြား ကင်ဆာဖြစ်နိုင်တဲ့ ဆိုးကျိုးရှိပါတယ်။ အရောင်ချွတ်တဲ့နည်းလမ်းကတော့ အသားအရေနဲ့ မတည့်ဘဲ ဓာတ်မတည့်တာ ဖြစ်တာ၊ အရေပြားလောင်တာတွေ ဖြစ်နိုင်ပါတယ်။

၅။ ရေသောက်ပါ
ရေကို လုံလောက်စွာသောက်ပေးရင် အရေပြား အစိုဓာတ်ကိုရရှိစေပါတယ်။

၆။ လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ
တစ်နေ့ကို မိနစ် သုံးဆယ်မှ ခြောက်ဆယ်အထိ လေ့ကျင့်ခန်းပုံမှန် လုပ်ပေးရင် စိတ်ဖိစီးမှုကို လျော့နည်းစေပြီး ခန္ဓာကိုယ်အညစ်အကြေးတွေကို စွန့်ထုတ်ပေးကာ အသားအရေ ကြည်လင်လှပစေပါတယ်။

၇။ သဘာဝ သကြားညိုကို သုံးပါ
မျက်နှာကို အသာအယာပွတ်ပြီး အသားအရေ ဂျီးချွတ်ပေးနိုင်ပါတယ်။ ပုံမှန်နဲ့ အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေအနေနဲ့ သကြားညိုကို ပျားရည်နဲ့ရောပြီး အသားခြောက်တဲ့ သူအနေနဲ့ ဆီအနည်းငယ်နဲ့ ရောပြီးသုံးနိုင်ပါတယ်။

၈။ လီမွန်သီးကို အသုံးပြုပါ
လီမွန်သီးနဲ့ ရေကိုအချိုးအဆ တူရောပြီး မျက်နှာပေါ်ဖြန်းပေးရင် အသားအရေ ကြည်လင်လာပါလိမ့်မယ်။ ဒါပေမယ့် နေပူထဲ ရေရှည်ထွက်တာကိုတော့ ရှောင်ပါ။ အသားအရေ ကြည်လင်ဖြူဝင်းစေတဲ့ပစ္စည်းတွေ သုံးတိုင်းသတိထားရမယ့်အချက်မှာ နေပူထဲထွက်တိုင်း နေရောင်ကာလိမ်းဆေး လိမ်းပြီး အကာအကွယ်များသုံးပါ။ တစ်ပတ်ကို သုံးကြိမ်-လေးကြိမ်ခန့် လီမွန်သီး အရည်သီးသန့်သုံးပြီး မျက်နှာပေါ်ကပ်ပေးပါ။ အချိန်ကြာရင် အသားအရေ ကြည်လင်လာပါလိမ့်မယ်။ လီမွန်သီးအရည်က အသားအရေကို ခြောက်သွေ့စေနိုင်လို့ နေ့တိုင်းမသုံးရပါ။

၉။ မျက်နှာပေါင်းတင်ကပ်ခွာတွေကို ကိုယ်တိုင်လုပ်ကြည့်ပါ

သခွားသီးတစ်လုံး၊
လီမွန်ရည်လက်ဖက်ရည်ခွက် လေးပုံတစ်ပုံ၊
ပျားရည် ငါးဇွန်း၊ နွားနို့ ငါးဇွန်းရောပြီး ဖျော်ရည်စက်နဲ့မွှေပါ။
အရည်ကို ပန်းကန်လုံးထဲမှာ ထည့်ပြီး စေးကပ်တဲ့အထိ မွှေပြီး ရေခဲသေတ္တာမှာ ခြောက်နာရီခန့် အအေးခံထားပါ။ေ ရချိုးပြီးတိုင်း မျက်နှာပေါ်တွင် တစ်ဆယ့်ငါးမိနစ်ကနေ မိနစ်နှစ်ဆယ်ခန့်ကပ်ပါ။ အချိန်ပြည့်ရင် ရေနွေးနဲ့မျက်နှာဆေးပြီး သန့်ရှင်းခြောက်သွေ့တဲ့ အမွှေးပွမျက်နှာသုတ်ပုဝါနဲ့သုတ်ပေးပါ။

၁၀။ တခြားအိမ်တွင်းရှိ ပစ္စည်းတွေလည်း သုံးနိုင်ပါတယ်
အိမ်မှာလွယ်တကူ ရရှိနိုင်တဲ့ ပစ္စည်းတွေသုံးပြီးလည်း ပန်းသွေးရောင်သန်းပြီး ကြည်လင်တဲ့ အသားအရေကို ရရှိစေနိုင်ပါတယ်။

အာလူးကိုကြေအောင်ထောင်းပြီး နွားနို့အနည်းငယ်ထည့် မွှေကာမျက်နှာပေါ်တွင် တစ်ဆယ့် ငါးမိနစ်ခန့်ကပ်ပါ။ အာလူးကို အစိမ်းလိုက် ပါးပါးလှီးပြီး အာလူးချပ်ျတွကိုမျက်နှာတွင် တစ်ဆယ့် ငါးမိနစ်ခန့်လည်း ကပ်နိုင်ပါတယ်။ အာလူးမှာ အရောင်ချွတ်ပေးနိုင်တဲ့ အာနိသင်ရှိလို့ အသားအရေ ကြည်လင်လာပါလိမ့်မယ်။
ခရမ်းချဉ်သီးနဲ့ လီမွန်ရည်အနည်းငယ် ရောမွှေကာမျက်နှာပေါ် တစ်ဆယ့်ငါးမိနစ်ခန့်လည်း ကပ်နိုင်ပါတယ်။ခရမ်းချဉ်သီးမှာလည်း အရောင်ချွတ်ပေးနိုင်တဲ့ အစွမ်းရှိပါတယ်။

အားလုံးပဲပန်းသွေးရောင်သန်းပြီး ကြည်လင်တဲ့အသားအရေကိုရနိုင်ပါစေနော်။

Ref; goodhealth

257 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.