ထမင္းၿမိန္တဲ့ ပုစြန္ဆီေမႊး ျပဳလုပ္နည္း

ေမႊးေနတဲ့ ပုစြန္ဆီေလးနဲ႔ ထမင္းေပၚပဲ ဆမ္းမလား၊ အသုပ္ပဲ သုပ္မလား၊ ထမင္းနဲ႔ပဲ ေၾကာ္စားမလား ဘယ္လိုစားစား အရသာရွိတဲ့ ပုစြန္ဆီေမႊး ျပဳလုပ္နည္းကို Trend ပရိသတ္ႀကီးအတြက္ တင္ဆက္ေပးလိုက္ပါတယ္။ လုပ္စားၾကည့္ရေအာင္ေနာ္။

ပါ၀င္ပစၥည္းမ်ား

၁။ ပုဇြန္ေခါင္းႏွင့္ ပုဇြန္အခြံမ်ား – 1500 g
၂။ ဆီ – တစ္ဆယ္သား
၃။ ဆား – လက္ဖက္ရည္ဇႊန္း ႏွစ္ဇြန္း
၄။ နႏြင္းမွဳန္႔ – လက္ဖက္ရည္ဇြန္း တစ္ဝက္သာသာ
၅။ ေရ – သံုးလီတာ

ျပင္ဆင္ျပဳလုပ္နည္း

၁။ ပုဇြန္မွ ထြက္လာေသာ ပုဇြန္အခြံမ်ားကို ဇလံုထက်ယ္က်ယ္ထဲကို ထည္႔ေပးပါ။
ျပီးတာနဲ႔ ေရမ်ားမ်ားထည္႔ျပီး အခြံမွာ ကပ္ေနေသာ သဲမ်ားကုန္သြားေအာင္ ၇ခါေလာက္ ေဆးေပးပါ။
၂။ ပုဇြန္ေခါင္းမ်ားကိုလည္း အခြံခြာကာ အထဲမွ အစာအိတ္ကို ဒုတ္ခြ်န္ေလးနဲ႔ ထိုးထုတ္ကာ ဖယ္ေပးပါ။
၃။ အားလံုးအဆင္သင္႔ ျဖစ္တာနဲ႔ ပုဇြန္အဆီႏွင့္ အသားအနည္းငယ္ပါေသာ ပုဇြန္ေခါင္းမ်ားကို အရင္ဆံုး အသားၾကိတ္တဲ႔ ဘလင္ဒါထဲ ထည္႔ေပးကာ အရင္ဆံုး မညက္တညက္ ၾကိတ္ေပးပါ
ၾကိတ္ထားေသာ ပုဇြန္ၾကိတ္ဖတ္မ်ားကို ေရအနည္းငယ္ႏွင့္ အရင္ဆံုး က်င္းေပးပါ။
၄။ အရည္က်င္းထားေသာ ပုဇြန္အဖတ္မ်ားကို ဇကာစိတ္စိတ္ေလးခံကာ လက္အားသန္သန္ႏွင့္ အရည္မ်ားကို ညွစ္ခ်ေပးပါ။
၅။ အရည္ညွစ္ခ်ထားေသာ ပုဇြန္အဖတ္မ်ားကို ေနာက္တေခါက္ ညက္ေနေအာင္ ထပ္ျပီး ၾကိတ္ေပးပါ
၆။ ဒုတိယ အၾကိမ္ၾကိတ္ထားေသာ ပုဇြန္အဖတ္မ်ားကို အရည္အနည္းငယ္ႏွင့္ ပထမ နည္းအတိုင္း အရည္က်င္ကာ အရည္ညွစ္ထားေသာ အဖတ္မ်ားကို ပစ္လိုက္ပါ။
၇။ ဘလင္ဒါနဲ႔ ၾကိတ္တာျဖစ္တဲ႔အတြက္ ႏွစ္ခါေလာက္ဘဲ ၾကိတ္ျပီး အရည္ယူလိုက္ရင္ ရပါျပီ
ပုဇြန္အခြံ ၾကိတ္သားမ်ားကို အရည္က်င္ရာမွာ ေရအမ်ားႀကီး မထည့္ဘဲ က်င္းေပးပါ။
၈။ ပုဇြန္အခြံ အရည္က်င္ရာမွာ ေရအမ်ားႀကီးထည့္ျပီး အ႐ည္က်င္ပါက ပုဇြန္ဆီခ်က္ရာမွာ အခ်ိန္ၾကာတတ္ပါတယ္။
၉။ အားလံုးအဆင္သင့္ ျဖစ္ပါက အရည္က်င္ထားေသာ ပုဇြန္ေခါင္းႏွင္႔ ပုဇြန္အခြံ ေထာင္းထားေသာ အရည္မ်ားကို အိုးတစ္လံုးထဲထည့္ကာ နႏြင္းမွဳန္႔ႏွင္႔ ဆားထည့္ျပီး က်ဳိေပးပါ။
၁၀။ ပုဇြန္အရည္ က်ဳိေနစဥ္ အိုးမကပ္ေစရန္ႏွင္႔ ေဝမက်ေစရန္ မၾကာမၾကာ ေမႊေပးပါ။
ပုဇြန္အခြံေထာင္း အရည္မ်ား ျပစ္လာျပီး အဖတ္ေလးေတြ တက္လာျပီ ဆိုတာနဲ႕ ဆီထည့္ျပီး ေမႊေပးပါ။
၁၁။ ဆီထည့္ျပီးတာနဲ႕ ပုဇြန္ဆီမ်ား ဥလာေအာင္ မီးအေနေတာ္ေလာက္ ေလ်ွာ့ကာ တည္ထားေပးပါ
၁၂။ ပုဇြန္ဆီမ်ား ပ်စ္လာျပီး ဆီထဲမွာ ပုဇြန္ဆီ အဖတ္မ်ား ဥလာျပီ ဆိုတာနဲ႕ ပုဇြန္ဆီ ေမႊးေမႊးေလး ရပါျပီ။
၁၃။ ၿပီးတာနဲ႔ မီးပိတ္ေပးျပီး အေအးခံကာ ဗူးထဲထည္႔ျပီး ေရခဲေသတၱာ ခဲတဲ႔အကန္႔ထဲမွာ ထည့္ေပးထားပါ။
ပုဇြန္ဆီ ေမႊးေမႊးေလးကို ထမင္းေၾကာ္စားရန္ေသာ္၎ ထမင္းပူပူေလးနဲ႕ေသာ္၎ အသုပ္သုပ္စားရာတြင္၎ မိမိႏွစ္သက္သေလာက္ထည့္ျပီး ေၾကာ္ေလွာ္ နယ္ဖတ္ကာ စားသံုးရန္ ျပင္ေပးႏိူင္ပါျပီေနာ္။

[ Unicode ]

မွှေးနေတဲ့ ပုစွန်ဆီလေးနဲ့ ထမင်းပေါ်ပဲ ဆမ်းမလား၊ အသုပ်ပဲ သုပ်မလား၊ ထမင်းနဲ့ပဲ ကြော်စားမလား ဘယ်လိုစားစား အရသာရှိတဲ့ ပုစွန်ဆီမွှေး ပြုလုပ်နည်းကို Trend ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ

၁။ ပုဇွန်ခေါင်းနှင့် ပုဇွန်အခွံများ – 1500 g
၂။ ဆီ – တစ်ဆယ်သား
၃။ ဆား – လက်ဖက်ရည်ဇွှန်း နှစ်ဇွန်း
၄။ နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
၅။ ရေ – သုံးလီတာ

ပြင်ဆင်ပြုလုပ်နည်း

၁။ ပုဇွန်မှ ထွက်လာသော ပုဇွန်အခွံများကို ဇလုံထကျယ်ကျယ်ထဲကို ထည့်ပေးပါ။
ပြီးတာနဲ့ ရေများများထည့်ပြီး အခွံမှာ ကပ်နေသော သဲများကုန်သွားအောင် ၇ခါလောက် ဆေးပေးပါ။
၂။ ပုဇွန်ခေါင်းများကိုလည်း အခွံခွာကာ အထဲမှ အစာအိတ်ကို ဒုတ်ချွန်လေးနဲ့ ထိုးထုတ်ကာ ဖယ်ပေးပါ။
၃။ အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပုဇွန်အဆီနှင့် အသားအနည်းငယ်ပါသော ပုဇွန်ခေါင်းများကို အရင်ဆုံး အသားကြိတ်တဲ့ ဘလင်ဒါထဲ ထည့်ပေးကာ အရင်ဆုံး မညက်တညက် ကြိတ်ပေးပါ
ကြိတ်ထားသော ပုဇွန်ကြိတ်ဖတ်များကို ရေအနည်းငယ်နှင့် အရင်ဆုံး ကျင်းပေးပါ။
၄။ အရည်ကျင်းထားသော ပုဇွန်အဖတ်များကို ဇကာစိတ်စိတ်လေးခံကာ လက်အားသန်သန်နှင့် အရည်များကို ညှစ်ချပေးပါ။
၅။ အရည်ညှစ်ချထားသော ပုဇွန်အဖတ်များကို နောက်တခေါက် ညက်နေအောင် ထပ်ပြီး ကြိတ်ပေးပါ
၆။ ဒုတိယ အကြိမ်ကြိတ်ထားသော ပုဇွန်အဖတ်များကို အရည်အနည်းငယ်နှင့် ပထမ နည်းအတိုင်း အရည်ကျင်ကာ အရည်ညှစ်ထားသော အဖတ်များကို ပစ်လိုက်ပါ။
၇။ ဘလင်ဒါနဲ့ ကြိတ်တာဖြစ်တဲ့အတွက် နှစ်ခါလောက်ဘဲ ကြိတ်ပြီး အရည်ယူလိုက်ရင် ရပါပြီ
ပုဇွန်အခွံ ကြိတ်သားများကို အရည်ကျင်ရာမှာ ရေအများကြီး မထည့်ဘဲ ကျင်းပေးပါ။
၈။ ပုဇွန်အခွံ အရည်ကျင်ရာမှာ ရေအများကြီးထည့်ပြီး အရည်ကျင်ပါက ပုဇွန်ဆီချက်ရာမှာ အချိန်ကြာတတ်ပါတယ်။
၉။ အားလုံးအဆင်သင့် ဖြစ်ပါက အရည်ကျင်ထားသော ပုဇွန်ခေါင်းနှင့် ပုဇွန်အခွံ ထောင်းထားသော အရည်များကို အိုးတစ်လုံးထဲထည့်ကာ နနွင်းမှုန့်နှင့် ဆားထည့်ပြီး ကျိုပေးပါ။
၁၀။ ပုဇွန်အရည် ကျိုနေစဉ် အိုးမကပ်စေရန်နှင့် ဝေမကျစေရန် မကြာမကြာ မွှေပေးပါ။
ပုဇွန်အခွံထောင်း အရည်များ ပြစ်လာပြီး အဖတ်လေးတွေ တက်လာပြီ ဆိုတာနဲ့ ဆီထည့်ပြီး မွှေပေးပါ။
၁၁။ ဆီထည့်ပြီးတာနဲ့ ပုဇွန်ဆီများ ဥလာအောင် မီးအနေတော်လောက် လျှော့ကာ တည်ထားပေးပါ
၁၂။ ပုဇွန်ဆီများ ပျစ်လာပြီး ဆီထဲမှာ ပုဇွန်ဆီ အဖတ်များ ဥလာပြီ ဆိုတာနဲ့ ပုဇွန်ဆီ မွှေးမွှေးလေး ရပါပြီ။
၁၃။ ပြီးတာနဲ့ မီးပိတ်ပေးပြီး အအေးခံကာ ဗူးထဲထည့်ပြီး ရေခဲသေတ္တာ ခဲတဲ့အကန့်ထဲမှာ ထည့်ပေးထားပါ။
ပုဇွန်ဆီ မွှေးမွှေးလေးကို ထမင်းကြော်စားရန်သော်၎င်း ထမင်းပူပူလေးနဲ့သော်၎င်း အသုပ်သုပ်စားရာတွင်၎င်း မိမိနှစ်သက်သလောက်ထည့်ပြီး ကြော်လှော် နယ်ဖတ်ကာ စားသုံးရန် ပြင်ပေးနိူင်ပါပြီနော်။

Ref; asianfood

427 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.