အချစ်စစ်နဲ့ ချစ်တဲ့ ချစ်သူ မိန်းကလေးကို မပြောသင့်တဲ့ စကားများ
[ Unicode ]
သင်က ယောက်ျားလေးတစ်ယောက်ဆိုရင် ဒါတွေ သင့်ချစ်သူမိန်းကလေးကို မပြောမိပါစေနဲ့။ သူတို့ မိန်းကလေးတွေက ဒါတွေကို လုံးဝ မကြိုက်ကြလို့ပါတဲ့။
၁။ သင်က စော်ကြည်တယ်ဆိုတာ မပြောပါနဲ့။ သူတို့ သဝန်တိုတတ်ပါတယ်။
၂။ သင်က အလုပ်တွေ အရမ်းရှုပ်နေတယ်လို့ မပြောပါနဲ့။ သင် အလုပ်များနေချိန် သူတို့ကို အချိန်ပေးဖို့လည်း လိုတယ်ဆိုတာ သိစေချင်ရုံလေးပါတဲ့။
၃။ သင် ချမ်းသာကြောင်း မကြွားပါနဲ့။ ချမ်းသာလို့ ချစ်တာမဟုတ်ပါဘူး။ ကြွားတတ်တဲ့ ယောက်ျားလေးတွေကိုလည်း သူတို့ အထင်မကြီးတတ်ပါဘူးနော်တဲ့။
၄။ အရင် ရည်းစားနဲ့ မနှိုင်းယှဉ်ပါနဲ့။ သူတို့က ချစ်လို့သာဆိုးနေမိတာပါ။ အရင်လူနဲ့ နှိုင်းပြီးပြောခံရရင် သင်ဆိုရင်လည်းကြိုက်မှာ မဟုတ်ဘူးမလား။
၅။ သင် ပွေတဲ့ရှုပ်တဲ့အကြောင်းတွေလည်း သူတို့ မသိချင်ပါဘူးတဲ့။ ဘယ်စော်နဲ့ ဘယ်နေရာမှာ ဘာလုပ်ခဲ့တာတွေ၊ ဘယ်လောက်သောက်နိုင်တာတွေ၊ ဖဲဘယ်လောက်ရှုံးတာတွေကို သိရရင် သူတို့ စိတ်ပျက်ပါတယ်တဲ့။
၆။ တစ်ခုခု ပြောချင်ရင် အေးအေးဆေးဆေးပြောပါ။ သူတို့ကို မအော်ပါနဲ့။ အော်ဟစ်ပြောတာမျိုးဆိုရင် သူတို့က ဝမ်းနည်းတတ်လို့ပါတဲ့။
Ref; rsgoals
702 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.