ဗိုက်ချပ်နည်း ၁၀ နည်း
၁။ အငန်လျှော့စားပါ
၂။ ပီကေမစားပါနဲ့
၃။ အချိုလျော့စားပါ
၆။ ရေများများ သောက်ပါ
၇။ သစ်သီး များများစားပါ
၉။ ဝမ်းချုပ်မခံပါနဲ့
၁၀။ အိပ်ရေး ဝဝအိပ်ပါ
[ Unicode ]
ဗိုက်ချပ်ဖို့ကို အကူအညီပေးနိုင်မဲ့ နေထိုင်စားသောက်နည်း ၁၀ နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ ဗိုက်လေးချပ်သွားအောင် လုပ်ကြည့်လိုက်ရအောင်နော်။
၁။ အငန်လျှော့စားပါ
အငန်ကို လွန်ကဲစွာစားသုံးရင် ခန္ဓာကိုယ်မှာ ရေတွေကို စုဝေးစေတဲ့အတွက် ဖောရောင်လာပါလိမ့်မယ်။ အငန်လျှော့စားလိုက်မယ်ဆိုရင် ခန္ဓာကိုယ်မှာရှိတဲ့ မလိုအပ်တဲ့ရေတွေကို ဖယ်ထုတ်ပစ်နိုင်ပါတယ်။ ဒါကြောင့် ဟင်းချက်တဲ့အခါ ပုံမှန်ထက်ဆားကို လျှော့ထည့်ပါ။
၂။ ပီကေမစားပါနဲ့
အချိုဓာတ် ပါဝင်တဲ့အတွက် အဆီ ပိုတိုးစေပါတယ်။ စားမယ်ဆိုရင်တော့ Sugar free လို့ ရေးထားတာကို ရွေးစားလို့ ရပါတယ်။
၃။ အချိုလျော့စားပါ
အဆီကျအောင် ထမင်းမစားပဲနေပေမဲ့ အချိုတွေချည်းစားနေမယ်ဆိုရင် ဘာမှ မထူးပါဘူး။ အချိုစားများရင် ဆီးချိုရောဂါလည်း ဖြစ်နိုင်ပါတယ်။
၄။ ရယ်ဒီမိတ်တွေ မစားပါနဲ့
ရယ်ဒီမိတ် ထုပ်တွေမှာ ဆား အများကြီး ပါဝင်ပါတယ်။ ဆော့စ်တွေကအစ ကိတ်မုန့်အဆုံး ဆားတွေ ပါဝင်ပါတယ်။ အဲဒါကြောင့် အဆီကျချင်ရင် လတ်ဆတ်တဲ့ အသီးအရွက်၊ အသား ငါးတွေကို ကိုယ့်ဘာသာကို ချက်စားတာ အကောင်းဆုံးပါ။
၅။ ဗိုက်ချပ်ချင်ရင် အချိုရည် မသောက်ပါနဲ့
အချိုရည်အစား အားရှိအောင် မအိပ်ခင် နွားနို့ပူပူလေးသောက်လိုက်တာက ပိုအကျိုးရှိမှာပါ။
၆။ ရေများများ သောက်ပါ
အချိုရည် တော်တော်များများဟာ အဆီပိုတက်စေပါတယ်။ ရေများများသောက်မယ်ဆိုရင် ခန္ဓာကိုယ်ကို ရေဓာတ်ပြည့်ဝစေပြီး ကျန်းမာစေပါတယ်။ ရေများများ သောက်ရင် အစာစားချင်စိတ်၊ အချိုစားချင်စိတ်လည်း မရှိတော့ဘူးပေါ့။
၇။ သစ်သီး များများစားပါ
ဘယ်ရီသီး၊ ချယ်ရီသီး၊ ပန်းသီး၊ လိမ္မော်သီးတွေက ဝိတ်ကျစေပါတယ်။ ဗိုက်ဆာတိုင်းစားလို့လည်း ရပါတယ်။ ဝိတ်လည်းမတက်ဘူး၊ ဗိုက်လည်းဝစေပါတယ်။
၈။ စိတ်ဖိစီးမှု နည်းအောင်နေပါ
စိတ်ဖိစီးမှုများရင် ကော်ဒီစော လို့ခေါ်တဲ့ ဟော်မုန်းအဆင့် မြင့်တက်လာပါတယ်။ ဒီဟော်မုန်း များလာရင်ကျ ခါးတစ်ဝိုက်မှာ အဆီတွေ စုစေပါတယ်။ နေ့စဉ်ဘဝဟာ စိတ်ဖိစီးမှု များနေတယ်ဆိုရင် ယောဂလေ့ကျင့်တာ၊ လမ်းလျောက်၊ ဂျာနယ်ဖတ် အဲ့လို ပေါ့ပေါ့ပါးပါးအလုပ်လေးတွေ လုပ်ကြည့်လို့ ရပါတယ်။
၉။ ဝမ်းချုပ်မခံပါနဲ့
အထိုင်များတဲ့သူတော်တော်များများဟာ ဝမ်းချုပ်တတ်ပါတယ်။ ဥပမာ ရုံးဝန်ထမ်းတွေပေါ့။ ဝမ်းချုပ်တဲ့အတွက် လူက မအီမသာဖြစ်လာသလို ဗိုက်ကလဲပိုပူလာပါလိမ့်မယ်။ အဲ့ဒါကြောင့် ရေများများသောက်ပြီး အသီးအရွက်များများ စားပါ။
၁၀။ အိပ်ရေး ဝဝအိပ်ပါ
အိပ်ချိန် မိနစ် ၃၀ လောက် နောက်ကျရင်တောင် ဝိတ်တတ်စေနိုင်တယ်။ စောစောအိပ်ပြီး စောစောထတာကတော့ ကျန်းမာရေးအတွက် အကောင်းဆုံးပါ။
Ref; goodhealth
279 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.