ငါးဖယ္ေရွာက္ရြက္ေၾကာ္ ျပဳလုပ္နည္း

ဆီျပန္ဟင္းေတြ စားရတာ ျငီးေငြ႔လာတဲ့ Trend ပရိသတ္ႀကီးေတြအတြက္ ေရွာက္န႔ံေမႊးေမႊးေလးနဲ႔ ငါးဖယ္ျခစ္ေၾကာ္ပူပူေလး ျပဳလုပ္နည္းကို ေဝမၽွေပးလိုက္ပါတယ္။ လုပ္စားၾကည့္ရေအာင္ေနာ္။

ပါဝင္ပစၥည္းမ်ား
၁။ ငါးဖယ္ျခစ္ ၆၀၀ ဂရမ္
၂။ ဟင္းခတ္မႈန္႔ ထမင္းစားဇြန္း ၁ ဇြန္း
၃။ သၾကား အနည္းငယ္
၄။ ငါးငံျပာရည္ ထမင္းစားဇြန္း ၂ ဇြန္း
၅။ ၾကက္ဥ ၁ လံုး
၆။ ပဲေတာင့္ရွည္ပါးပါးလွီး အနည္းငယ္
၇။ ေတာေရွာက္ရြက္ ၄ ရြက္ ( မၽွင္မၽွင္လွီးထားပါ )

ျပဳလုပ္နည္း
၁။ ဇလံုခပ္ႀကီးႀကီးထဲမွာ ငါးဖယ္ျခစ္၊ ၾကက္ဥ၊ သၾကား၊ ငါးငံျပာရည္တို႔ကို အရင္ထည့္နယ္ၿပီးေနာက္ ပဲေတာင့္ရွည္နဲ႔ ေတာေရွာက္ရြက္တို႔ကို ထည့္နယ္ပါ။
၂။ ဒယ္အိုးတစ္လံုးထဲမွာ ဆီမ်ားမ်ားကို ပူသည္ဆိုရံု အပူေပးပါ။
၃။ ထို႔ေနာက္ ငါးဖယ္ေတြကို အဝိုင္းပံုစံျပားကာ ဆီထဲ ထည့္ၿပီးေနာက္ မီးအပူရွိန္ကို ျမွင့္လိုက္ပါ။
၄။ ေရႊအိုေရာင္ျဖစ္တဲ့အထိေၾကာ္ယူကာ ဆီစစ္ထားလိုက္ပါ။
၅။ အခ်ဥ္ရည္အတြက္ ငရုတ္ေဆာ့စ္ထဲ ၾကက္သြန္နီ၊ သခြားသီးပါးပါးလွီးကာ ေျမပဲေထာင္းနဲ႔ နံနံပင္ထည့္ၿပီးရင္ေတာ့ ထိုင္းငါးဖယ္ေၾကာ္ေလးတို႔ၿပီး အရသာရွိရွိ သံုးေဆာင္ႏိုင္ပါၿပီေနာ္။

[ Unicode ]

ဆီပြန်ဟင်းတွေ စားရတာ ငြီးငွေ့လာတဲ့ Trend ပရိသတ်ကြီးတွေအတွက် ရှောက်နံ့မွှေးမွှေးလေးနဲ့ ငါးဖယ်ခြစ်ကြော်ပူပူလေး ပြုလုပ်နည်းကို ဝေမျှပေးလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်းများ
၁။ ငါးဖယ်ခြစ် ၆၀၀ ဂရမ်
၂။ ဟင်းခတ်မှုန့် ထမင်းစားဇွန်း ၁ ဇွန်း
၃။ သကြား အနည်းငယ်
၄။ ငါးငံပြာရည် ထမင်းစားဇွန်း ၂ ဇွန်း
၅။ ကြက်ဥ ၁ လုံး
၆။ ပဲတောင့်ရှည်ပါးပါးလှီး အနည်းငယ်
၇။ တောရှောက်ရွက် ၄ ရွက် ( မျှင်မျှင်လှီးထားပါ )

ပြုလုပ်နည်း
၁။ ဇလုံခပ်ကြီးကြီးထဲမှာ ငါးဖယ်ခြစ်၊ ကြက်ဥ၊ သကြား၊ ငါးငံပြာရည်တို့ကို အရင်ထည့်နယ်ပြီးနောက် ပဲတောင့်ရှည်နဲ့ တောရှောက်ရွက်တို့ကို ထည့်နယ်ပါ။
၂။ ဒယ်အိုးတစ်လုံးထဲမှာ ဆီများများကို ပူသည်ဆိုရုံ အပူပေးပါ။
၃။ ထို့နောက် ငါးဖယ်တွေကို အဝိုင်းပုံစံပြားကာ ဆီထဲ ထည့်ပြီးနောက် မီးအပူရှိန်ကို မြှင့်လိုက်ပါ။
၄။ ရွှေအိုရောင်ဖြစ်တဲ့အထိကြော်ယူကာ ဆီစစ်ထားလိုက်ပါ။
၅။ အချဉ်ရည်အတွက် ငရုတ်ဆော့စ်ထဲ ကြက်သွန်နီ၊ သခွားသီးပါးပါးလှီးကာ မြေပဲထောင်းနဲ့ နံနံပင်ထည့်ပြီးရင်တော့ ထိုင်းငါးဖယ်ကြော်လေးတို့ပြီး အရသာရှိရှိ သုံးဆောင်နိုင်ပါပြီနော်။

Ref; asianfood

6K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.