ဝက္အူေကာက္ညွင္း အစာသြပ္ ျပဳလုပ္နည္း

ဝက္အူထုတ္ထုတ္ေလးနဲ႔ ေကာက္ညွင္းစီးစီးေလးကို ေပါင္းစပ္ခံစားခ်င္ပါတယ္ဆိုရင္ေတာ့ ဒီ ဝက္အူေကာက္ညွင္း အစာသြပ္ေလးကို လုပ္စားၾကည့္လိုက္ရေအာင္ေနာ္။

ပါဝင္ပစၥည္းမ်ား
၁။ ဝက္အဆီအူပိတ္ (လိုသေလာက္ )
၂။ ဝက္သား (သို႔မဟုတ္) ျပည္ႀကီးငါး ( ႏုပ္ႏုပ္စင္းၿပီး )
၃။ အာလူးျပဳတ္
၄။ ၾကက္သြန္ျဖဴ
၅။ ငရုတ္ေကာင္း
၆။ တရုတ္မဆလာ
၇။ ၾကက္သားမႈန္႔
၈။ နာနတ္ပြင္႔
၉။ ၾကာညွိဳ႕
၁၀။ ငရုတ္ေကာင္းေစ့
၁၁။ ရွာလကာရည္
၁၂။ ေကာက္ညွင္းေပါင္း

ျပဳလုပ္နည္း
၁။ ဝက္အဆီအူပိတ္ေတြကိုေျပာင္းျပန္လွန္ျပီး ေရေနြးေလးထဲ ဆားေလးခပ္ျပီး ေသခ်ာေဆးပါ။ ျပီးရင္ ေရေအးနဲ႔ျပန္ေဆးခ်ေပးပါ။ ေနာက္ဆံုးမွ ရွာလကာရည္ျဖင့္ စိမ္ထားေပးပါ။

၂။ အဆာလုပ္ရန္
ေကာက္ညွင္းဗရပြနဲ႔အစာသြပ္တာထက္ အာလူးနဲ႔အသားကို ေရာလိုက္ေတာ့ အရသာက ေတာ္ေတာ္ေကာင္းပါတယ္။
ျကက္သြန္ျဖဴကိုညက္ေအာင္ေထာင္း ငရုတ္ေကာင္း တရုတ္မဆလာ သျကား ျကက္သားမႈန့္ ထည့္ျပီး ေကာက္ညွင္း၊ အာလူးနဲ႔ အသားကို သမေအာင္ေရာနယ္ေပးရပါမယ္။

၃။ အဆာသြပ္မယ္
ရွာလကာရည္စိမ္ထားတဲ့ဝက္အူကို ေရတစ္ခါျပန္ေဆးထား။ အစာသြပ္ဖို့အတြက္ ထိပ္စ သို့ ထိပ္ဆံုးက အေပါက္ကို ျကိုးေလးနဲ႔ခ်ည္ေပးပါ။ ဘာလို့ျကိုးခ်ည္လဲဆိုရင္ ဟိုဘက္လည္းအေပါက္ ဒီဘက္လည္းအေပါက္ဆိုေတာ့ တစ္ဖက္ကအစာသြပ္တာနဲ႔ တစ္ဖက္ကထြက္က်မွာစိုးလို့ပါေနာ္။ ဝတုတ္ျပဲျကီးျဖစ္ေအာင္ ဖိသိပ္အစာသြပ္ဖို့မလိုပါဖူး။ ပံုမွန္ေလးဘဲ အစာသြပ္ေပးပါ။ အစာသြပ္တဲ႔အခါ လြယ္ေအာင္ ထိပ္ဝမွာ ဆီကန္ေတာ့ေလးသံုးေနာ္။ မဟုတ္ရင္ ဒီေန႔အဖို့ အစာသြပ္တာနဲ႔ တိုင္ပတ္ေနလိမ့္မယ္။

ၿပီးျပီဆို အစာသြပ္ထားတဲ႔ဝက္အူေခ်ာင္းျကီး ကို ေခ်ာင္ခ်ိေနတဲ႔ေနရာလြတ္မရွိေစရေအာင္ အရြယ္တူ ျကိုးနဲ႔ လိုက္ခ်ည္ေပးပါ။ ဝက္သားတုတ္ထိုးဆိုင္ေတြမွာ ေရာင္းေနတဲ့ ဝက္အူေကာက္ညွင္းအစာသြပ္လို အသီးအနွံေလးေတြ ပဲလံုးေတြလည္းထည့္လို့ရပါတယ္ မုန္လာဥနီအေခ်ာင္းတို့ ဘာတို့ ကိုယ္စားခ်င္တာ ကိုယ္ထည့္ျပီးအစာသြပ္နုိင္ပါတယ္

၄။ ျပဳတ္ေၾကာ္စားမယ္ဆိုရင္
အစာသြပ္လို့ျပီးျပီဆိုေတာ့ ျပဳတ္ေျကာ္ေလးလုပ္ေတာ့မယ္။ ဆီအနည္းငယ္ အိုးထဲသို့ထည့္ပါ။ ဆီဆူရင္ ျကက္သြန္ျဖဴ နာနာပြင့္ ထည့္ျပီး ဆီသပ္ ခရုဆီ ျကာညွို႕ ငရုတ္ေကာင္းေစ႔ ျကက္သားမႈန့္ ေလးထည့္ ဝက္အူေကာက္ညွင္းအစာသြပ္ထားတာေတြထည့္ ေရထည့္ အဖံုးအုပ္ျပီးတည္ေပေတာ့။ ေရခမ္းလို့ ဆီေလးျပန္ျပီဆို ဝက္အူေကာက္ညွင္းသြပ္ေလးကို ဆယ္ျပီး အေအးခံထားေပးပါ။

အခ်ို႕က အေျကာ္မႈန့္နဲ႔ နယ္ျပီး ေျကာ္တာရွိတယ္
စည္းထားတဲ႔ ျကိုးေနရာေလးကို ကတ္ေျကးေလးနဲ႔ျဖတ္ ျကိုးေတြဖယ္ျပီး ဝက္အူေကာက္ညွင္းအစာသြပ္ေခ်ာင္းေလး ရပါျပီ။ တုတ္ထိုးဆိုင္ေတြလို စားေသာက္ဆိုင္ေတြလို ပါးပါးေလးလွီးျပီးလည္း စားလို့ရပါတယ္။

၅။ အခ်ဥ္ရည္ ျပဳလုပ္နည္း
ဂ်င္းကိုသေဘၤာသီးျခစ္သလိုျခစ္ထားျပီး ရွာလကာရည္စိမ္ထားေပးပါ။ ready made ခ်ီတိုအခ်ဥ္ရည္ေလးထဲ အဲ႔ဂ်င္းဖတ္ေလးေတြဆယ္ျပီးထည့္ ျပီးေမႊ။ ဂ်င္း ငရုတ္သီးစိမ္းေလးညွပ္ထည့္ ဒါက ဂ်င္းအခ်ဥ္ရည္ေလးေပါ့ေနာ္။ ဂ်င္းမျကိုက္သူေတြအတြက္ကေတာ့ ငံျပာရည္ သံပုရာရည္ ျကက္သားမႈန့္ ငရုတ္သီးစိမ္း ျကက္သြန္ျဖဴ နံနံပင္ အဲ႔ဒါေတြေရာျပီးေမႊထားတဲ႔ ထိုင္းစတိုင္အခ်ဥ္ေဖ်ာ္နည္းေလးေဖ်ာ္ေပါ့။

ခုဆိုရင္ေတာ့ စားၿပီးရင္း စားခ်င္တဲ့ ဝက္အူေကာက္ညွင္းအဆာသြပ္ေလး ရပါၿပီေနာ္။

[ Unicode ]

ဝက်အူထုတ်ထုတ်လေးနဲ့ ကောက်ညှင်းစီးစီးလေးကို ပေါင်းစပ်ခံစားချင်ပါတယ်ဆိုရင်တော့ ဒီ ဝက်အူကောက်ညှင်း အစာသွပ်လေးကို လုပ်စားကြည့်လိုက်ရအောင်နော်။

ပါဝင်ပစ္စည်းများ
၁။ ဝက်အဆီအူပိတ် (လိုသလောက် )
၂။ ဝက်သား (သို့မဟုတ်) ပြည်ကြီးငါး ( နုပ်နုပ်စင်းပြီး )
၃။ အာလူးပြုတ်
၄။ ကြက်သွန်ဖြူ
၅။ ငရုတ်ကောင်း
၆။ တရုတ်မဆလာ
၇။ ကြက်သားမှုန့်
၈။ နာနတ်ပွင့်
၉။ ကြာညှို့
၁၀။ ငရုတ်ကောင်းစေ့
၁၁။ ရှာလကာရည်
၁၂။ ကောက်ညှင်းပေါင်း

ပြုလုပ်နည်း
၁။ ဝက်အဆီအူပိတ်တွေကိုပြောင်းပြန်လှန်ပြီး ရေနွေးလေးထဲ ဆားလေးခပ်ပြီး သေချာဆေးပါ။ ပြီးရင် ရေအေးနဲ့ပြန်ဆေးချပေးပါ။ နောက်ဆုံးမှ ရှာလကာရည်ဖြင့် စိမ်ထားပေးပါ။

၂။ အဆာလုပ်ရန်
ကောက်ညှင်းဗရပွနဲ့အစာသွပ်တာထက် အာလူးနဲ့အသားကို ရောလိုက်တော့ အရသာက တော်တော်ကောင်းပါတယ်။
ကြက်သွန်ဖြူကိုညက်အောင်ထောင်း ငရုတ်ကောင်း တရုတ်မဆလာ သကြား ကြက်သားမှုန့် ထည့်ပြီး ကောက်ညှင်း၊ အာလူးနဲ့ အသားကို သမအောင်ရောနယ်ပေးရပါမယ်။

၃။ အဆာသွပ်မယ်
ရှာလကာရည်စိမ်ထားတဲ့ဝက်အူကို ရေတစ်ခါပြန်ဆေးထား။ အစာသွပ်ဖို့အတွက် ထိပ်စ သို့ ထိပ်ဆုံးက အပေါက်ကို ကြိုးလေးနဲ့ချည်ပေးပါ။ ဘာလို့ကြိုးချည်လဲဆိုရင် ဟိုဘက်လည်းအပေါက် ဒီဘက်လည်းအပေါက်ဆိုတော့ တစ်ဖက်ကအစာသွပ်တာနဲ့ တစ်ဖက်ကထွက်ကျမှာစိုးလို့ပါနော်။ ဝတုတ်ပြဲကြီးဖြစ်အောင် ဖိသိပ်အစာသွပ်ဖို့မလိုပါဖူး။ ပုံမှန်လေးဘဲ အစာသွပ်ပေးပါ။ အစာသွပ်တဲ့အခါ လွယ်အောင် ထိပ်ဝမှာ ဆီကန်တော့လေးသုံးနော်။ မဟုတ်ရင် ဒီနေ့အဖို့ အစာသွပ်တာနဲ့ တိုင်ပတ်နေလိမ့်မယ်။

ပြီးပြီဆို အစာသွပ်ထားတဲ့ဝက်အူချောင်းကြီး ကို ချောင်ချိနေတဲ့နေရာလွတ်မရှိစေရအောင် အရွယ်တူ ကြိုးနဲ့ လိုက်ချည်ပေးပါ။ ဝက်သားတုတ်ထိုးဆိုင်တွေမှာ ရောင်းနေတဲ့ ဝက်အူကောက်ညှင်းအစာသွပ်လို အသီးအနှံလေးတွေ ပဲလုံးတွေလည်းထည့်လို့ရပါတယ် မုန်လာဥနီအချောင်းတို့ ဘာတို့ ကိုယ်စားချင်တာ ကိုယ်ထည့်ပြီးအစာသွပ်နိုင်ပါတယ်

၄။ ပြုတ်ကြော်စားမယ်ဆိုရင်
အစာသွပ်လို့ပြီးပြီဆိုတော့ ပြုတ်ကြော်လေးလုပ်တော့မယ်။ ဆီအနည်းငယ် အိုးထဲသို့ထည့်ပါ။ ဆီဆူရင် ကြက်သွန်ဖြူ နာနာပွင့် ထည့်ပြီး ဆီသပ် ခရုဆီ ကြာညှို့ ငရုတ်ကောင်းစေ့ ကြက်သားမှုန့် လေးထည့် ဝက်အူကောက်ညှင်းအစာသွပ်ထားတာတွေထည့် ရေထည့် အဖုံးအုပ်ပြီးတည်ပေတော့။ ရေခမ်းလို့ ဆီလေးပြန်ပြီဆို ဝက်အူကောက်ညှင်းသွပ်လေးကို ဆယ်ပြီး အအေးခံထားပေးပါ။

အချို့က အကြော်မှုန့်နဲ့ နယ်ပြီး ကြော်တာရှိတယ်
စည်းထားတဲ့ ကြိုးနေရာလေးကို ကတ်ကြေးလေးနဲ့ဖြတ် ကြိုးတွေဖယ်ပြီး ဝက်အူကောက်ညှင်းအစာသွပ်ချောင်းလေး ရပါပြီ။ တုတ်ထိုးဆိုင်တွေလို စားသောက်ဆိုင်တွေလို ပါးပါးလေးလှီးပြီးလည်း စားလို့ရပါတယ်။

၅။ အချဉ်ရည် ပြုလုပ်နည်း
ဂျင်းကိုသင်္ဘောသီးခြစ်သလိုခြစ်ထားပြီး ရှာလကာရည်စိမ်ထားပေးပါ။ ready made ချီတိုအချဉ်ရည်လေးထဲ အဲ့ဂျင်းဖတ်လေးတွေဆယ်ပြီးထည့် ပြီးမွှေ။ ဂျင်း ငရုတ်သီးစိမ်းလေးညှပ်ထည့် ဒါက ဂျင်းအချဉ်ရည်လေးပေါ့နော်။ ဂျင်းမကြိုက်သူတွေအတွက်ကတော့ ငံပြာရည် သံပုရာရည် ကြက်သားမှုန့် ငရုတ်သီးစိမ်း ကြက်သွန်ဖြူ နံနံပင် အဲ့ဒါတွေရောပြီးမွှေထားတဲ့ ထိုင်းစတိုင်အချဉ်ဖျော်နည်းလေးဖျော်ပေါ့။

ခုဆိုရင်တော့ စားပြီးရင်း စားချင်တဲ့ ဝက်အူကောက်ညှင်းအဆာသွပ်လေး ရပါပြီနော်။

Ref; asianfood

2K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.